[Zawgyi]

လန္းဆန္းေပ်ာ္ဖြယ္ သဘာဝကို ခံစားဖို႔ Road Trip ထြက္ၾကစုိ႔

အခုတေလာ အလုပ္ေတြမ်ားလို႔ သူငယ္ခ်င္းေတြနဲ႔ Hangout မလုပ္ရတာၾကာၿပီ။

ခရီးသြားဖို႔ တိုင္ပင္ထားၾကေပမယ္႔ မိုးတြင္းခရီးေဝးသြားလို႔ အဆင္မေျပျပန္ေတာ့ ရန္ကုန္ကေန ၃နာရီေက်ာ္ေလာက္ပဲ ေမာင္းရတဲ့ ပဲခူးကို လူစုျပီး ဒိုးခဲ့ၾကတယ္။ အရမ္းအေဝးၾကီးမဟုတ္ေတာ့ ကားလည္း အၾကာၾကီး မေမာင္းရဘဲ ကားေပၚမွာ သူငယ္ခ်င္းေတြနဲ႔ သီခ်င္းေတြဆုိလုိက္၊ ရယ္စရာေတြ ေျပာလိုက္နဲ႔ သက္ေတာင့္သက္သာပဲ။

လိမ္႔ၾကမယ္ဆုိေတာ့ ရိကၡာကလိုလာျပန္ေရာ။ သြားမယ့္ကားေပၚကို ကုိယ္စားခ်င္တဲ့ စပ်စ္သီးေျခာက္လို အာလူးေၾကာ္လို Snack ေတြ၊  ကိုယ္ေသာက္ေနက် မပါမျဖစ္ Tiger Crystal ေလးေတြေကာက္ဝယ္ျပီးထြက္။ပံုမွန္ဆို ခ်ိန္းရခက္တဲ႔ေဘာ္ဒါေတြဆုိေတာ့ လူစံုျပီဆုိတာနဲ႔ ကားေပၚမွာ အာျဗဲနဲ႔ ေအာ္ဟစ္သီခ်င္းဆုိ ျမိဳ႕ျပင္ေလးေရာက္ျပီး စိမ္းစိမ္းစိုစိုေလးေတြျမင္ရတာနဲ႔တင္ ေတာ္ေတာ္ေလးေပ်ာ္ေနၾကျပီ။

ပဲခူးဆိုတာကလည္း လံုးဝကို စိမ္းစိုျပီး ငွက္သံေလးေတြ တစီစီနဲ႔ သဘာဝပတ္ဝန္းက်င္ကမာၻထဲကို ေရာက္သြားသလိုပဲ။

 

ကားလမ္းေဘးပတ္လည္မွာ  စပါးခင္းေတြ ရွိသလို ေလွ်ာက္လည္ရမယ္ဆုိရင္လည္း တန္ခိုးၾကီးဘုရားေတြ ရွိျပီး ကေမာၻဇသာဒီနန္းေတ္ာရာလည္း ရွိတယ္။ ဒါေပမယ့္ သူငယ္ခ်င္းေတြ တသေဘာတည္း စိတ္ညီတာကေတာ့ ေရႊျပည္ပဲ။ ပဲခူးလို ေတာအုပ္ေလးေတြ စိမ္းစိမ္းစိုစိုေလးရွိတဲ့ေနရာကိုမွ Shwe Pyi က ေရကန္က်ယ္ၾကီးေတြနဲ႔ ျမက္ခင္းစိမ္းေတြနဲ႔ ပိုျပီး သဘာဝဆန္တယ္။

Shwe Pyi ဆိုေတာ႔ နီးနီးနားနား ကားေမာင္းရတာလည္း သိပ္မပင္ပန္း အပင္ေလးေတြ၊ ေျမလမ္းေလးေတြ၊ သစ္သားအိမ္ေလးေတြနဲ႔ ေပ်ာ္စရာေလး။ အားလံုးကလည္း အလုပ္ေတြနဲ႔ ပင္ပန္းေနေတာ့ Refreshment ျဖစ္ေအာင္ ရန္ကုန္ျမဳိ႕ကေန အေဝးေျပးခ်င္ေနၾကတာနဲ႔ အေတာ္ပဲ။

ဘယ္လုိကဲၾကမလဲ

ဟိုေရာက္ေတာ႔ အခန္းႏွစ္ခန္းကပ္ရပ္ယူလုိက္ၾကတယ္။ ကိုယ္႔လူေတြကလည္း လူစုမိျပီဆို တစ္ညလံုးထိုင္ ဘီယာေလးေသာက္ ေရာက္တတ္ရာရာတစ္ညလံုးထိုင္ပြားၾကတာမ်ိဳးေတြ။ အဲေတာ႔ Country Style ဘန္ဂလိုေလးေတြနဲ႔အဆင္ေျပတယ္။ ဘန္ဂလိုတစ္ခုလံုးက သစ္သားေတြနဲ႔ပဲ ျပီးေတာ႔ေရကန္ဘက္ကိုမ်က္ႏွာမူထားတာဆုိေတာ႔ ကိုယ္ေတြၾကိဳက္ျပီေလ။ ကိုယ္ေတြသြားတဲ႔ညက မိုးမရြာလုိ႔ေတာ႔ ဝရန္တာထြက္ျပီး သီခ်င္းဆုိ ဂစ္တာတီး Tiger Crystal ေလးေသာက္ ေရာက္တတ္ရာရာေျပာၾကျပီး တစ္ညလံုးေအးေဆးပဲ။ အင္း ၾကယ္ေတြသာထြက္မယ္ဆုိရင္ေတာ႔ အတုိင္းထက္အလြန္ပဲ။

မနက္ပိုင္းက်ေတာ႔ေစာစာႏိုးၾကသားဗ်။ လိုက္ကာေလးကိုဖြင္႔ အခန္းထဲမွာေကာ္ဖီေလးေသာက္ရင္း မိုးရြာတာေလးကိုထိုင္ၾကည္႔ရတာ မိုးသံေလးတစ္ေျဖာက္ေျဖာက္နားေထာင္ရင္းဇိမ္နဲ႔ေနရတာ။ အမယ္ ဒီအခ်ိန္က်ေတာ႔ ကိုယ္႔ေဘာ္ဒါေတြက အလုပ္အေၾကာင္း၊ဘဝအေၾကာင္း ၊အနာဂတ္ခရီးေတြအေၾကာင္းေဆြးေႏြးလုိ႔ဗ်။ ညကလုိ ေျပာခ်င္ရာေျပာ ေအာ္ခ်င္ရာေအာ္ၾကတာနဲ႔မ်ားလံုးဝမဆုိင္။ ေသခ်ာတယ္ ဒီအခ်ိန္ေလးေတြကိုမွတ္ဥာဏ္ထဲမွာေရာ ႏွလံုးသားထဲမွာပါ ထာဝရသိမ္းဆည္းသိုေလွာင္သြားေတာ႔မယ္ဆုိတာ။

ေလွ်ာက္လည္ၾကမယ္

Resort က ေကၽြးတဲ့ မနက္္စာစားျပီးေတာ့ ဗုိက္ေလးေလးနဲ႔  Public Area မွာဆို Wifi ရေတာ႔ ဖြဘုတ္ေလးသံုး ပံုေလးတင္ေပါ႔။

ေရႊျပည္က ၁၂၀ ဧကေတာင္က်ယ္တာဆုိေတာ႔ စိတ္ၾကိဳက္ေလွ်ာက္သြားလုိ႔ေကာင္းတယ္။ Buggy ေလးစီးျပီး စံုေအာင္ေလ်ွာက္ၾကည္႔လုိ႔ရတယ္။ စက္ဘီးစီးျပီး သြားခ်င္တဲ့သူေတြလည္း စက္ဘီးငွားေပးေသးတယ္။

ေလႏုေအးေအးေလးနဲ႔ အပင္စိမ္းစိမ္းစိုစုိေလးေတြ ၾကည္႔ရတာ တကယ္႔ကို Refresh ျဖစ္တယ္။ ငွက္ကုလားအုတ္လုိအေကာင္ၾကီးေတြလည္း အလွေမြးထားေသးတယ္။ ဓာတ္ပံုရုိက္ရင္ေတာ႔ အမိုက္စားပဲ။ ေရျပင္က်ယ္ၾကီးထဲမွာလည္း ငယ္ငယ္ကလို ဘဲေလွေလးေတြ စီးလို႔ ရေသးတယ္။

Shwe Pyi ေရာက္ျပီဆုိရင္ မလည္မျဖစ္ ပန္းပုရြာကိုလည္း ခ်န္ခဲ႔လို႔မရဘူး။ ျမန္မာ႔လက္မႈပညာေတြကို ဒီမွာတစ္စုတစည္း တခမ္းတနားေလ႔လာခြင္႔ရျပန္ေတာ႔ အခုအပန္းေျဖခရီးလာရတာကို ထိုက္တန္တယ္လုိ႔ထင္တယ္ေလ။ ကိုယ္႔ေဘာ္ဒါေတြကေတာ႔ ဆယ္လ္ဖီရိုက္တဲ႔သူနဲ႔၊ ကင္မရာတစ္လံုးနဲ႔ပံုေကာင္းေတြရလို႔ေပ်ာ္တဲ႔သူနဲ႔ ၊ Video ရိုက္သူနဲ႔ အမယ္ဟုတ္ေနတာပဲ။ Shwe Pyi Resort သြားျပီး လည္စရာလည္းမရွိ ပ်င္းစရာၾကီးေနမွာလုိ႔ေျပာတဲ႔ေကာင္ေတာင္ ဟ အခ်ိန္ကုန္တာျမန္လုိက္တာ ဗိုက္ဆာလာျပီတဲ႔။

ထမင္းစားျပီးေတာ႔ ကိုယ္႔ေဘာ္ဒါေတြက Air Bus Cafe မွာ ေကာ္ဖီသြားေသာက္လုိက္ေသးတယ္ဗ်ာ။ ကိုယ္႔ေဘာ္ဒါေတြနဲ႔ေလယာဥ္စီးခရီးသြားရသလိုပါပဲ။ Air Bus Cafe ေပၚမွာဆံုးျဖတ္လုိက္တာက ငါတုိ႔ေတြ ျပည္ပခရီးသြားၾကဦးမယ္ေပါ႔။

Dinner ကိုေတာ႔ Restaurant အေပၚထပ္မွာတက္စားရင္း Resort တစ္ခုလံုးကို အေပၚစီးကေနရႈစားၾကတယ္ေလ။ နတ္ဘံုနတ္နန္းဆုိတာ ဒါကိုေခၚတာပဲလုိ႔။

ေလာကအလွတရား Crystal နဲ႔ ခံစား

ေလာကအလွတရား Crystal နဲ႔ ခံစား

ဒီတစ္ညအိပ္ျပီး မနက္ျပန္ဖို႔ေတာင္ ၾကိဳႏွေျမာသလုိလိုနဲ႔။

အခန္းျပန္ေရာခဏနား ေရခဲေသတၱာဖြင္႔ျပီး တစ္ေကာင္က ဟ… Tiger Crystal ေတြမကုန္ေသးဘူးဟတဲ႔။ ေအး…ခ်မယ္ေလဆုိေတာ႔ ေနာက္တစ္ေယာက္ကလည္း ေထာက္ခံတယ္ ဟီး…ထုတ္..ထုတ္တဲ႔။ မိုးေလးေျဖာက္ေျဖာက္က်ေနေတာ႔ ဝရန္တာမထြက္ေတာ႔ဘဲ အခန္းထဲမွာပဲ  ဘီယာေလးေမာ႔နဲ႔ဘာေျပာေကာင္းမလဲ ေပ်ာ္တာေပါ႔။ “ဒီတစ္ညေတာ႔ အိပ္ႏိုင္မယ္မထင္ဘူး” သီခ်င္းစာသားေလးေတာင္ ညည္းလိုက္ေသး…။

အျပန္ခရီးမွာလည္း ေနာက္ေန႔ေတြ အလုပ္ခြင္ျပန္ဝင္ရမယ္ဆုိေပမယ့္ အခုလို သဘာဝနဲ႔ ထိေတြ႔ျပီး သူငယ္ခ်င္းေတြနဲ႔လည္း ေပ်ာ္ေပ်ာ္ပါးပါး အခ်ိန္ကုန္ခဲ့ရေတာ့ Refresh ျဖစ္ျပီး တက္တက္ၾကြၾကြပါပဲ။ ဒါေၾကာင့္ ဘဝမွာ ဘယ္ေလာက္ပင္ပန္းပင္ပန္း ဘာအခက္အခဲေတြပဲ ရွိရွိ အခုလိုသာ သူငယ္ခ်င္းေတြစုဆံုျပီး Chill ခြင့္ရလို႔ကေတာ့ ေရွ႕ေလွ်ာက္ၾကံဳလာမယ့္ ဘယ္အခက္အခဲမဆို ေက်ာ္ျဖတ္သြားႏုိင္မယ္လို႔ ယံုၾကည္ထားတာေပ့ါဗ်ာ။

www.akhayar.com
[Unicode]

လန်းဆန်းပျော်ဖွယ် သဘာဝကို ခံစားဖို့ Road Trip ထွက်ကြစို့

အခုတလော အလုပ်တွေများလို့ သူငယ်ချင်းတွေနဲ့ Hangout မလုပ်ရတာကြာပြီ။

ခရီးသွားဖို့ တိုင်ပင်ထားကြပေမယ့် မိုးတွင်းခရီးဝေးသွားလို့ အဆင်မပြေပြန်တော့ ရန်ကုန်ကနေ ၃နာရီကျော်လောက်ပဲ မောင်းရတဲ့ ပဲခူးကို လူစုပြီး ဒိုးခဲ့ကြတယ်။ အရမ်းအဝေးကြီးမဟုတ်တော့ ကားလည်း အကြာကြီး မမောင်းရဘဲ ကားပေါ်မှာ သူငယ်ချင်းတွေနဲ့ သီချင်းတွေဆိုလိုက်၊ ရယ်စရာတွေ ပြောလိုက်နဲ့ သက်တောင့်သက်သာပဲ။

လိမ့်ကြမယ်ဆိုတော့ ရိက္ခာကလိုလာပြန်ရော။ သွားမယ့်ကားပေါ်ကို ကိုယ်စားချင်တဲ့ စပျစ်သီးခြောက်လို အာလူးကြော်လို Snack တွေ၊  ကိုယ်သောက်နေကျ မပါမဖြစ် Tiger Crystal လေးတွေကောက်ဝယ်ပြီးထွက်။ပုံမှန်ဆို ချိန်းရခက်တဲ့ဘော်ဒါတွေဆိုတော့ လူစုံပြီဆိုတာနဲ့ ကားပေါ်မှာ အာဗြဲနဲ့ အော်ဟစ်သီချင်းဆို မြို့ပြင်လေးရောက်ပြီး စိမ်းစိမ်းစိုစိုလေးတွေမြင်ရတာနဲ့တင် တော်တော်လေးပျော်နေကြပြီ။

ပဲခူးဆိုတာကလည်း လုံးဝကို စိမ်းစိုပြီး ငှက်သံလေးတွေ တစီစီနဲ့ သဘာဝပတ်ဝန်းကျင်ကမ္ဘာထဲကို ရောက်သွားသလိုပဲ။

 

ကားလမ်းဘေးပတ်လည်မှာ  စပါးခင်းတွေ ရှိသလို လျှောက်လည်ရမယ်ဆိုရင်လည်း တန်ခိုးကြီးဘုရားတွေ ရှိပြီး ကမ္ဘောဇသာဒီနန်းတေ်ာရာလည်း ရှိတယ်။ ဒါပေမယ့် သူငယ်ချင်းတွေ တသဘောတည်း စိတ်ညီတာကတော့ ရွှေပြည်ပဲ။ ပဲခူးလို တောအုပ်လေးတွေ စိမ်းစိမ်းစိုစိုလေးရှိတဲ့နေရာကိုမှ Shwe Pyi က ရေကန်ကျယ်ကြီးတွေနဲ့ မြက်ခင်းစိမ်းတွေနဲ့ ပိုပြီး သဘာဝဆန်တယ်။

Shwe Pyi ဆိုတော့ နီးနီးနားနား ကားမောင်းရတာလည်း သိပ်မပင်ပန်း အပင်လေးတွေ၊ မြေလမ်းလေးတွေ၊ သစ်သားအိမ်လေးတွေနဲ့ ပျော်စရာလေး။ အားလုံးကလည်း အလုပ်တွေနဲ့ ပင်ပန်းနေတော့ Refreshment ဖြစ်အောင် ရန်ကုန်မြို့ကနေ အဝေးပြေးချင်နေကြတာနဲ့ အတော်ပဲ။

ဘယ်လိုကဲကြမလဲ

ဟိုရောက်တော့ အခန်းနှစ်ခန်းကပ်ရပ်ယူလိုက်ကြတယ်။ ကိုယ့်လူတွေကလည်း လူစုမိပြီဆို တစ်ညလုံးထိုင် ဘီယာလေးသောက် ရောက်တတ်ရာရာတစ်ညလုံးထိုင်ပွားကြတာမျိုးတွေ။ အဲတော့ Country Style ဘန်ဂလိုလေးတွေနဲ့အဆင်ပြေတယ်။ ဘန်ဂလိုတစ်ခုလုံးက သစ်သားတွေနဲ့ပဲ ပြီးတော့ရေကန်ဘက်ကိုမျက်နှာမူထားတာဆိုတော့ ကိုယ်တွေကြိုက်ပြီလေ။ ကိုယ်တွေသွားတဲ့ညက မိုးမရွာလို့တော့ ဝရန်တာထွက်ပြီး သီချင်းဆို ဂစ်တာတီး Tiger Crystal လေးသောက် ရောက်တတ်ရာရာပြောကြပြီး တစ်ညလုံးအေးဆေးပဲ။ အင်း ကြယ်တွေသာထွက်မယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပဲ။

မနက်ပိုင်းကျတော့စောစာနိုးကြသားဗျ။ လိုက်ကာလေးကိုဖွင့် အခန်းထဲမှာကော်ဖီလေးသောက်ရင်း မိုးရွာတာလေးကိုထိုင်ကြည့်ရတာ မိုးသံလေးတစ်ဖြောက်ဖြောက်နားထောင်ရင်းဇိမ်နဲ့နေရတာ။ အမယ် ဒီအချိန်ကျတော့ ကိုယ့်ဘော်ဒါတွေက အလုပ်အကြောင်း၊ဘဝအကြောင်း ၊အနာဂတ်ခရီးတွေအကြောင်းဆွေးနွေးလို့ဗျ။ ညကလို ပြောချင်ရာပြော အော်ချင်ရာအော်ကြတာနဲ့များလုံးဝမဆိုင်။ သေချာတယ် ဒီအချိန်လေးတွေကိုမှတ်ဉာဏ်ထဲမှာရော နှလုံးသားထဲမှာပါ ထာဝရသိမ်းဆည်းသိုလှောင်သွားတော့မယ်ဆိုတာ။

လျှောက်လည်ကြမယ်

Resort က ကျွေးတဲ့ မနက်စာစားပြီးတော့ ဗိုက်လေးလေးနဲ့  Public Area မှာဆို Wifi ရတော့ ဖွဘုတ်လေးသုံး ပုံလေးတင်ပေါ့။

ရွှေပြည်က ၁၂၀ ဧကတောင်ကျယ်တာဆိုတော့ စိတ်ကြိုက်လျှောက်သွားလို့ကောင်းတယ်။ Buggy လေးစီးပြီး စုံအောင်လျှောက်ကြည့်လို့ရတယ်။ စက်ဘီးစီးပြီး သွားချင်တဲ့သူတွေလည်း စက်ဘီးငှားပေးသေးတယ်။

လေနုအေးအေးလေးနဲ့ အပင်စိမ်းစိမ်းစိုစိုလေးတွေ ကြည့်ရတာ တကယ့်ကို Refresh ဖြစ်တယ်။ ငှက်ကုလားအုတ်လိုအကောင်ကြီးတွေလည်း အလှမွေးထားသေးတယ်။ ဓာတ်ပုံရိုက်ရင်တော့ အမိုက်စားပဲ။ ရေပြင်ကျယ်ကြီးထဲမှာလည်း ငယ်ငယ်ကလို ဘဲလှေလေးတွေ စီးလို့ ရသေးတယ်။

Shwe Pyi ရောက်ပြီဆိုရင် မလည်မဖြစ် ပန်းပုရွာကိုလည်း ချန်ခဲ့လို့မရဘူး။ မြန်မာ့လက်မှုပညာတွေကို ဒီမှာတစ်စုတစည်း တခမ်းတနားလေ့လာခွင့်ရပြန်တော့ အခုအပန်းဖြေခရီးလာရတာကို ထိုက်တန်တယ်လို့ထင်တယ်လေ။ ကိုယ့်ဘော်ဒါတွေကတော့ ဆယ်လ်ဖီရိုက်တဲ့သူနဲ့၊ ကင်မရာတစ်လုံးနဲ့ပုံကောင်းတွေရလို့ပျော်တဲ့သူနဲ့ ၊ Video ရိုက်သူနဲ့ အမယ်ဟုတ်နေတာပဲ။ Shwe Pyi Resort သွားပြီး လည်စရာလည်းမရှိ ပျင်းစရာကြီးနေမှာလို့ပြောတဲ့ကောင်တောင် ဟ အချိန်ကုန်တာမြန်လိုက်တာ ဗိုက်ဆာလာပြီတဲ့။

ထမင်းစားပြီးတော့ ကိုယ့်ဘော်ဒါတွေက Air Bus Cafe မှာ ကော်ဖီသွားသောက်လိုက်သေးတယ်ဗျာ။ ကိုယ့်ဘော်ဒါတွေနဲ့လေယာဉ်စီးခရီးသွားရသလိုပါပဲ။ Air Bus Cafe ပေါ်မှာဆုံးဖြတ်လိုက်တာက ငါတို့တွေ ပြည်ပခရီးသွားကြဦးမယ်ပေါ့။

Dinner ကိုတော့ Restaurant အပေါ်ထပ်မှာတက်စားရင်း Resort တစ်ခုလုံးကို အပေါ်စီးကနေရှုစားကြတယ်လေ။ နတ်ဘုံနတ်နန်းဆိုတာ ဒါကိုခေါ်တာပဲလို့။

လောကအလှတရား Crystal နဲ့ ခံစား

လောကအလှတရား Crystal နဲ့ ခံစား

ဒီတစ်ညအိပ်ပြီး မနက်ပြန်ဖို့တောင် ကြိုနှမြောသလိုလိုနဲ့။

အခန်းပြန်ရောခဏနား ရေခဲသေတ္တာဖွင့်ပြီး တစ်ကောင်က ဟ… Tiger Crystal တွေမကုန်သေးဘူးဟတဲ့။ အေး…ချမယ်လေဆိုတော့ နောက်တစ်ယောက်ကလည်း ထောက်ခံတယ် ဟီး…ထုတ်..ထုတ်တဲ့။ မိုးလေးဖြောက်ဖြောက်ကျနေတော့ ဝရန်တာမထွက်တော့ဘဲ အခန်းထဲမှာပဲ  ဘီယာလေးမော့နဲ့ဘာပြောကောင်းမလဲ ပျော်တာပေါ့။ “ဒီတစ်ညတော့ အိပ်နိုင်မယ်မထင်ဘူး” သီချင်းစာသားလေးတောင် ညည်းလိုက်သေး…။

အပြန်ခရီးမှာလည်း နောက်နေ့တွေ အလုပ်ခွင်ပြန်ဝင်ရမယ်ဆိုပေမယ့် အခုလို သဘာဝနဲ့ ထိတွေ့ပြီး သူငယ်ချင်းတွေနဲ့လည်း ပျော်ပျော်ပါးပါး အချိန်ကုန်ခဲ့ရတော့ Refresh ဖြစ်ပြီး တက်တက်ကြွကြွပါပဲ။ ဒါကြောင့် ဘဝမှာ ဘယ်လောက်ပင်ပန်းပင်ပန်း ဘာအခက်အခဲတွေပဲ ရှိရှိ အခုလိုသာ သူငယ်ချင်းတွေစုဆုံပြီး Chill ခွင့်ရလို့ကတော့ ရှေ့လျှောက်ကြုံလာမယ့် ဘယ်အခက်အခဲမဆို ကျော်ဖြတ်သွားနိုင်မယ်လို့ ယုံကြည်ထားတာပေ့ါဗျာ။

www.akhayar.com