[Zawgyi]

အင္ဒုိနီးရွားႏုိင္ငံ (Indonesia) ႏုိင္ငံ ဆီမာရမ္ခရုိင္ (Semarang) မွာရွိတဲ့ ကန္ပန္ ပီလန္ဂီ (Kampung Pelangi) ရြာရဲ႕ လူေနအိမ္ေတြဟာ အေရာင္အေသြးစုံလင္စြာနဲ႔ သက္တန႔္သဖြယ္လွပေနတဲ့အတြက္ သက္တန္႔ရြာလုိ႔ တင္စားၾကပါတယ္။ မူလအမည္က ကန္ပန္ ဝူႏုိစာရီ (Kampung Wonosari ) ျဖစ္ေပမယ့္ ရပ္ရြာရဲ႕ အလွအပကုိ ေဖာ္က်ဴးၿပီး သက္တန္႔လုိ႔အဓိပၸာယ္ရတဲ့ အင္ဒုိနီးရွားဘာသားစကား ပီလန္ဂီ (Pelangi) ကုိေပါင္းထည့္ကာ ကန္ပန္ ပီလန္ဂီ (Kampung Pelangi) ဆုိၿပီး နာမည္ေျပာင္းခဲ့တာျဖစ္ပါတယ္။

rainbow-village-kampung-pelangi-indonesia-29

အုိေဟာင္းေနတဲ့ လူေနအိမ္ေျခေတြကုိ အသစ္ျပဳျပင္ၿပီး အေရာင္အေသြးတင္ေပးတဲ့အခါ ဦးေဆာင္လႈပ္ရွားခဲ့သူက မူလတန္းေက်ာင္းအုပ္ႀကီး ဆလာမတ္ ဝီဒုိဒုိ (Slamet Widodo) ပဲျဖစ္ပါတယ္။ သူဟာ ရုိဂ်ာကာတာၿမိဳ႕ (Yogyakarta ) မွာရွိတဲ့ ကန္ပန္ ကာလီကုဒ္ (Kampung Kali Code) ရြာရဲ႕အလွအပကုိ အားက်ၿပီး ကန္ပန္ ပီလန္ဂီရြာကုိ ဖန္တီးခဲ့တာျဖစ္ပါတယ္။ အစုိးရဆီကေန အေမရိကန္ေဒၚလာ ၂၂၄၆၇ ေထာက္ပံ့ေၾကးရတာနဲ႔ ကန္ပန္ ပီလန္ဂီရြာထဲမွာရွိတဲ့  ၂၃၂အိမ္ကုိ ေခါင္မုိးေတြပါမက်န္ အေရာင္ျခယ္ခဲ့တာျဖစ္ပါတယ္။ လူေနမႈအဆင့္အတန္းနိမ့္ေနတဲ့ ရြာေလးကုိ သစ္လြင္ဆန္းျပားတဲ့အေရာင္အေသြးေတြနဲ႔ အစားထုိးလုိက္တဲ့အခါ အလွေပါင္းစုံသြားတာျဖစ္ပါတယ္။ အိမ္တုိင္းကုိ အေရာင္သုံးမ်ိဳးနဲ႔ ျခယ္သၿပီး နံရံေတြကုိေတာ့ သုံးဖက္ျမင္ 3D ပုံစံေရးဆြဲခဲ့တာ ျဖစ္ပါတယ္။

SWNS_RAINBOW_VILLAGE_08

ကန္ပန္ ပီလန္ဂီရြာမွာ ရုိက္ထားတဲ့အလွဓာတ္ပုံေတြဟာ လူမႈကြန္ရက္ Instagram မွာ ေခတ္စားခဲ့ရုံမက #kampungpelangi ကလည္း နာမည္ႀကီးလာတာျဖစ္ပါတယ္။ ေက်းရြာရဲ႕အလွအပေတြေၾကာင့္ ခရီးသြားျပည္သူေတြ တစ္ေန႔တျခားမ်ားျပားလာခဲ့ၿပီး ျပည္သူလူထုအတြက္ အစားအေသာက္နဲ႔လက္မႈပစၥည္းေတြ ေရာင္းအားတက္ခဲ့လုိ႔ စီးပြားေရးအခြင့္အလမ္း ပြင့္လမ္းလာခဲ့တယ္လုိ႔ ဆုိႏုိင္ပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

အင်ဒိုနီးရှားနိုင်ငံ (Indonesia) နိုင်ငံ ဆီမာရမ်ခရိုင် (Semarang) မှာရှိတဲ့ ကန်ပန် ပီလန်ဂီ (Kampung Pelangi) ရွာရဲ့ လူနေအိမ်တွေဟာ အရောင်အသွေးစုံလင်စွာနဲ့ သက်တန့်သဖွယ်လှပနေတဲ့အတွက် သက်တန့်ရွာလို့ တင်စားကြပါတယ်။ မူလအမည်က ကန်ပန် ဝူနိုစာရီ (Kampung Wonosari ) ဖြစ်ပေမယ့် ရပ်ရွာရဲ့ အလှအပကို ဖော်ကျူးပြီး သက်တန့်လို့အဓိပ္ပာယ်ရတဲ့ အင်ဒိုနီးရှားဘာသားစကား ပီလန်ဂီ (Pelangi) ကိုပေါင်းထည့်ကာ ကန်ပန် ပီလန်ဂီ (Kampung Pelangi) ဆိုပြီး နာမည်ပြောင်းခဲ့တာဖြစ်ပါတယ်။

rainbow-village-kampung-pelangi-indonesia-29

အိုဟောင်းနေတဲ့ လူနေအိမ်ခြေတွေကို အသစ်ပြုပြင်ပြီး အရောင်အသွေးတင်ပေးတဲ့အခါ ဦးဆောင်လှုပ်ရှားခဲ့သူက မူလတန်းကျောင်းအုပ်ကြီး ဆလာမတ် ဝီဒိုဒို (Slamet Widodo) ပဲဖြစ်ပါတယ်။ သူဟာ ရိုဂျာကာတာမြို့ (Yogyakarta ) မှာရှိတဲ့ ကန်ပန် ကာလီကုဒ် (Kampung Kali Code) ရွာရဲ့အလှအပကို အားကျပြီး ကန်ပန် ပီလန်ဂီရွာကို ဖန်တီးခဲ့တာဖြစ်ပါတယ်။ အစိုးရဆီကနေ အမေရိကန်ဒေါ်လာ ၂၂၄၆၇ ထောက်ပံ့ကြေးရတာနဲ့ ကန်ပန် ပီလန်ဂီရွာထဲမှာရှိတဲ့ ၂၃၂အိမ်ကို ခေါင်မိုးတွေပါမကျန် အရောင်ခြယ်ခဲ့တာဖြစ်ပါတယ်။ လူနေမှုအဆင့်အတန်းနိမ့်နေတဲ့ ရွာလေးကို သစ်လွင်ဆန်းပြားတဲ့အရောင်အသွေးတွေနဲ့ အစားထိုးလိုက်တဲ့အခါ အလှပေါင်းစုံသွားတာဖြစ်ပါတယ်။ အိမ်တိုင်းကို အရောင်သုံးမျိုးနဲ့ ခြယ်သပြီး နံရံတွေကိုတော့ သုံးဖက်မြင် 3D ပုံစံရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

SWNS_RAINBOW_VILLAGE_08

ကန်ပန် ပီလန်ဂီရွာမှာ ရိုက်ထားတဲ့အလှဓာတ်ပုံတွေဟာ လူမှုကွန်ရက် Instagram မှာ ခေတ်စားခဲ့ရုံမက #kampungpelangi ကလည်း နာမည်ကြီးလာတာဖြစ်ပါတယ်။ ကျေးရွာရဲ့အလှအပတွေကြောင့် ခရီးသွားပြည်သူတွေ တစ်နေ့တခြားများပြားလာခဲ့ပြီး ပြည်သူလူထုအတွက် အစားအသောက်နဲ့လက်မှုပစ္စည်းတွေ ရောင်းအားတက်ခဲ့လို့ စီးပွားရေးအခွင့်အလမ်း ပွင့်လမ်းလာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com