[Zawgyi]

မာလီဘူးက ကမာၻေက်ာ္ေတြရဲ႕ အိမ္အထိျခိမ္းေျခာက္လာတဲ့ ကယ္လီဖိုးနီးယား ေတာမီးၾကီး

အေမရိကန္ႏုိင္ငံ၊ ကယ္လီဖုိးနီယားျပည္နယ္ေတာင္ပိုင္းမွာ အရွိန္အဟုန္ျပင္းျပင္းျဖစ္ပြားေနတဲ့ ေတာမီးၾကီးဟာ တျဖည္းျဖည္းနဲ႔ မာလီဘူးကမ္းေျခကို ေရြ႕လ်ားလာျပီျဖစ္ပါတယ္။ မာလီဘူးကမ္းေျခမွာ နာမည္ေက်ာ္ေဟာလီးဝုဒ္ၾကယ္ပြင့္ေတြရဲ႕ အိမ္ေတြ ရွိေနျပီး သူတို႔ေတြဟာလည္း အိမ္ကို စြန္႔ခြာျပီး ေရွာင္ေနၾကရပါတယ္။

တကယ္ေတာ့ ျပည္နယ္တစ္ခုလံုးမွာ ေတာမီးၾကီး ၃ ခုလံုးက ပတ္ေလာင္ေနတာလည္း ျဖစ္ပါတယ္။ အာဏာပုိင္ေတြရဲ႕အဆုိအရ ေျမာက္ဘက္မွာ Camp Fire နဲ႔ Woolsey Fire၊ ေတာင္ဘက္မွာေတာ့ Hill Fire က ေလာင္ကၽြမ္းေနျပီး ေလကလည္း အရွိန္ျပင္းျပင္းတုိက္ခတ္ေနပါတယ္။

ဒီလို ေလာင္ကၽြမ္းေနတဲ့အတြက္ လူေပါင္း ၂ သိန္းခြဲေလာက္ကို ေဘးလြတ္ရာကို ေရႊ႕ေပးထားရတာလည္း ျဖစ္ပါတယ္။

Woolsey Fire ကေတာ့ Thousand Oaks ျမိဳ႕နားမွာ ျပီးခဲ့တဲ့ ၾကာသပေတးေန႔က စတင္တာ ျဖစ္ျပီး Hill Fire ကလည္း အဲဒီအခ်ိန္မွာပဲ စတင္ခဲ့တာ ျဖစ္ပါတယ္။ ေသာၾကာေန႔မွာေတာ့ မီးေတာက္ေတြဟာ အမွတ္ ၁၀၁ အေဝးေျပးလမ္းမၾကီးကို ခုန္ေက်ာ္သြားျပီး ကမ္းရိုးတန္းဧရိယေတြဆီကုိ ဦးတည္သြားခဲ့ပါတယ္။

ျမိဳ႕အာဏာပိုင္ေတြကေတာ့ “မီးေတြ ဆက္လက္ေလာင္ကၽြမ္းျပီး လူေနထူထပ္တဲ့ မာလီဘူးနယ္ေျမကို ဦးတည္ေနတဲ့အတြက္ ေနထုိင္သူအားလံုး ခ်က္ခ်င္း ေျပာင္းေရႊ႕ရမယ္”လို႔ ေၾကညာခဲ့ပါတယ္။ ေျပာခဲ့တဲ့အတိုိင္း မာလီဘူးရယ္၊ သူနဲ႔ အနီးတစ္ဝုိုက္ Calabasas ဟာ နာမည္ေက်ာ္ေတြ ေနထိုင္တဲ့အတြက္ သူတို႔ကလည္း အခုလို Social media ေတြမွာ ေျပာဆုိခဲ့ပါတယ္။

Instagram မွာဆုိရင္ Kim Kardashian ဟာ “Pray for Calabasa” လို႔ အစခ်ီခဲ့ျပီး “အခုပဲ အိမ္ကို ျပန္ေရာက္တာ၊ ထုပ္ပိုးခ်ိန္တစ္နာရီပဲ ရျပီး အခုပဲ အိမ္ကို စြန္႔ခြာခဲ့ရတယ္၊အားလံုးလည္း ေဘးကင္းၾကပါေစ” လို႔ ေရးသားခဲ့ပါတယ္။ သူ႔ရဲ႕ ခင္ပြန္း Rapper Kanye West ကလညး္ ကၽြန္ေတာ္တို႔ မိသားစု ေဘးကင္းပါတယ္လို႔ ဆိုပါတယ္။

အဆိုေတာ္ၾကီးတစ္ေယာက္ျဖစ္တဲ့ Cher ကေတာ့ Las Vegas မွာ ေဖ်ာ္ေျဖေနရင္း သူ႔အိမ္ကို စိုးရိမ္တဲ့အေၾကာင္းတင္ခဲ့ပါေသးတယ္။

အဆိုေတာ္ Lady Gaga ကေတာ့ မာလီဘူးက သူ႔အိမ္ကို စြန္႔ခြာခဲ့ျပီ ျဖစ္ျပီး IG မွာ မီးခုိးလံုးေတြ ဖံုးလႊမ္းေနတဲ့ ပံုကို တင္ခဲ့ပါတယ္။

ေအာ္စကာဆုရွင္ဒါရိုက္တာ Guillermo del Toro ကလည္း သူအိမ္စြန္႔ခြာခဲ့ရျပီျဖစ္ေၾကာင္းကို Tweet လုပ္ခဲ့ပါတယ္။

အခုေတာ့ မီးေတာက္ပတ္လည္ဝုိင္းေနတဲ့ေနရာကို ကယ္လီဖိုးနီးယားလို႔ ေခၚျပီး အဲဒီမွာ ေနထုိင္သူျပည္သူအမ်ားစုဟာ ေပ်ာက္ဆံုးေနသူေတြကို ရွာဖို႔၊ တစ္ေယာက္နဲ႔ တစ္ေယာက္ခ်ိတ္ဆက္ေဆာင္ရြက္ဖို႔ လူမႈကြန္ရက္ကို အသံုးျပဳဆက္သြယ္ေနၾကပါတယ္။

Yoe Lu (Akhayar)

www.akhayar.com
[Unicode]

မာလီဘူးက ကမ္ဘာကျော်တွေရဲ့ အိမ်အထိခြိမ်းခြောက်လာတဲ့ ကယ်လီဖိုးနီးယား တောမီးကြီး

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီယားပြည်နယ်တောင်ပိုင်းမှာ အရှိန်အဟုန်ပြင်းပြင်းဖြစ်ပွားနေတဲ့ တောမီးကြီးဟာ တဖြည်းဖြည်းနဲ့ မာလီဘူးကမ်းခြေကို ရွေ့လျားလာပြီဖြစ်ပါတယ်။ မာလီဘူးကမ်းခြေမှာ နာမည်ကျော်ဟောလီးဝုဒ်ကြယ်ပွင့်တွေရဲ့ အိမ်တွေ ရှိနေပြီး သူတို့တွေဟာလည်း အိမ်ကို စွန့်ခွာပြီး ရှောင်နေကြရပါတယ်။

တကယ်တော့ ပြည်နယ်တစ်ခုလုံးမှာ တောမီးကြီး ၃ ခုလုံးက ပတ်လောင်နေတာလည်း ဖြစ်ပါတယ်။ အာဏာပိုင်တွေရဲ့အဆိုအရ မြောက်ဘက်မှာ Camp Fire နဲ့ Woolsey Fire၊ တောင်ဘက်မှာတော့ Hill Fire က လောင်ကျွမ်းနေပြီး လေကလည်း အရှိန်ပြင်းပြင်းတိုက်ခတ်နေပါတယ်။

ဒီလို လောင်ကျွမ်းနေတဲ့အတွက် လူပေါင်း ၂ သိန်းခွဲလောက်ကို ဘေးလွတ်ရာကို ရွှေ့ပေးထားရတာလည်း ဖြစ်ပါတယ်။

Woolsey Fire ကတော့ Thousand Oaks မြို့နားမှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က စတင်တာ ဖြစ်ပြီး Hill Fire ကလည်း အဲဒီအချိန်မှာပဲ စတင်ခဲ့တာ ဖြစ်ပါတယ်။ သောကြာနေ့မှာတော့ မီးတောက်တွေဟာ အမှတ် ၁၀၁ အဝေးပြေးလမ်းမကြီးကို ခုန်ကျော်သွားပြီး ကမ်းရိုးတန်းဧရိယတွေဆီကို ဦးတည်သွားခဲ့ပါတယ်။

မြို့အာဏာပိုင်တွေကတော့ “မီးတွေ ဆက်လက်လောင်ကျွမ်းပြီး လူနေထူထပ်တဲ့ မာလီဘူးနယ်မြေကို ဦးတည်နေတဲ့အတွက် နေထိုင်သူအားလုံး ချက်ချင်း ပြောင်းရွှေ့ရမယ်”လို့ ကြေညာခဲ့ပါတယ်။ ပြောခဲ့တဲ့အတိုင်း မာလီဘူးရယ်၊ သူနဲ့ အနီးတစ်ဝိုက် Calabasas ဟာ နာမည်ကျော်တွေ နေထိုင်တဲ့အတွက် သူတို့ကလည်း အခုလို Social media တွေမှာ ပြောဆိုခဲ့ပါတယ်။

Instagram မှာဆိုရင် Kim Kardashian ဟာ “Pray for Calabasa” လို့ အစချီခဲ့ပြီး “အခုပဲ အိမ်ကို ပြန်ရောက်တာ၊ ထုပ်ပိုးချိန်တစ်နာရီပဲ ရပြီး အခုပဲ အိမ်ကို စွန့်ခွာခဲ့ရတယ်၊အားလုံးလည်း ဘေးကင်းကြပါစေ” လို့ ရေးသားခဲ့ပါတယ်။ သူ့ရဲ့ ခင်ပွန်း Rapper Kanye West ကလည်း ကျွန်တော်တို့ မိသားစု ဘေးကင်းပါတယ်လို့ ဆိုပါတယ်။

အဆိုတော်ကြီးတစ်ယောက်ဖြစ်တဲ့ Cher ကတော့ Las Vegas မှာ ဖျော်ဖြေနေရင်း သူ့အိမ်ကို စိုးရိမ်တဲ့အကြောင်းတင်ခဲ့ပါသေးတယ်။

အဆိုတော် Lady Gaga ကတော့ မာလီဘူးက သူ့အိမ်ကို စွန့်ခွာခဲ့ပြီ ဖြစ်ပြီး IG မှာ မီးခိုးလုံးတွေ ဖုံးလွှမ်းနေတဲ့ ပုံကို တင်ခဲ့ပါတယ်။

အော်စကာဆုရှင်ဒါရိုက်တာ Guillermo del Toro ကလည်း သူအိမ်စွန့်ခွာခဲ့ရပြီဖြစ်ကြောင်းကို Tweet လုပ်ခဲ့ပါတယ်။

အခုတော့ မီးတောက်ပတ်လည်ဝိုင်းနေတဲ့နေရာကို ကယ်လီဖိုးနီးယားလို့ ခေါ်ပြီး အဲဒီမှာ နေထိုင်သူပြည်သူအများစုဟာ ပျောက်ဆုံးနေသူတွေကို ရှာဖို့၊ တစ်ယောက်နဲ့ တစ်ယောက်ချိတ်ဆက်ဆောင်ရွက်ဖို့ လူမှုကွန်ရက်ကို အသုံးပြုဆက်သွယ်နေကြပါတယ်။

Yoe Lu (Akhayar)

www.akhayar.com