[Zawgyi]




www.akhayar.com

[Unicode]

ပုဂံရောက် ဧငြိမ်းဖြူရဲ့ အလှပုံရိပ်လေးများ

အခုခေတ်မှာတော့ ပုဂံဘုရားဖူးတယ်ဆိုတာဟာ ဘုရားဖူးခရီးစဉ်သက်သက်မဟုတ်တော့ဘဲ အမှတ်တရဓာတ်ပုံရိုက်ဖို့ ခရီးစဉ်တစ်ခုလည်း ဖြစ်နေပါပြီ။ သာမန်အရပ်သူအရပ်သားတွေကအစ နာမည်ကျော် မင်းသား ၊ မင်းသမီးတွေအထိ ဒီနှစ်ပိုင်းတွေမှာ ပုဂံကို ခရီးတစ်ရပ်အဖြစ် ရွေးချယ်ကြပါတယ်။ အခုလည်း မင်းသမီးလေး ဧငြိမ်းဖြူက မြန်မာတို့ရဲ့ နှလုံးသည်းပွတ် ပုဂံမြေမှာ မြန်မာဝတ်စုံလေးနဲ့ ရိုးရှင်းပြီး ချစ်စရာကောင်းတဲ့ ဓာတ်ပုံလေးတွေ အခုလို ရိုက်ကူးခဲ့ပါတယ်။

ဒီပုံလေးတွေကိုတော့ ဧငြိမ်းဖြူက ” ပုဂံအနှံပုံတွေ အများကြီးရိုက်ချင်တဲ့ ဆန္ဒလေး
ပြည့်ခဲ့ပြီ …… Ag Naing ” ဆိုပြီး တင်ထားခဲ့တာ ဖြစ်ပါတယ်။ ဟိုရက်ပိုင်းကလည်း အေးမြတ်သူတစ်ယောက် ပုဂံမှာ ရိုက်တဲ့ အလှဓာတ်ပုံတွေတက်လာသလို အခုလည်း ရိုက်ချက်အမိုက်စားနဲ့ ဧငြိမ်းဖြူပုံလေးတွေ တက်လာတော့ ပုဂံကို ပြေးသွားပြီး ဓာတ်ပုံတွေ ရိုက်ချင်နေကြပြီမလား အခရာပရိသတ်အချောလေးတို့။

www.akhayar.com

Photo Credit : Ag Naing & A Nyein Phyu