[Zawgyi]

မခ်စ္သင့္သူနွစ္ေယာက္ ခ်စ္မိခဲ့ၾကတဲ့ ဇာတ္လမ္း A Man and A Woman (2016)

မိန္းမတစ္ေယာက္နဲ႔ေယာက္က်ားတစ္ေယာက္ရဲ ႔အခ်စ္ကို ေဖာ္ျပထားတဲ့ ဇာတ္လမ္းတစ္ခုပါပဲ ။ ဒါေပမယ့္လည္း ပံုမွန္လူပ်ိဳလူလြတ္မဟုတ္တဲ့ မိန္းမတစ္ေယာက္နဲ႔ေယာက္က်ားတစ္ေယာက္ရဲ ႔ခ်စ္ျခင္းကို ရိုက္ကူးထားတဲ့ ဇာတ္လမ္းပဲျဖစ္ပါတယ္။ ကိုရီးယား နာမည္ေက်ာ္သရုပ္ေဆာင္ေတြျဖစ္ၾကတဲ့ မင္းသား Gong Yoo နဲ႔ မင္းသမီး Jeon Do-yeon တို႔နွစ္ေယာက္က အေကာင္းဆံုးသရုပ္ေဆာင္ထားၾကတဲ့ အိမ္ေထာင္ေရးပညာေပး ဇာတ္လမ္းတစ္ခုလည္း ျဖစ္ပါတယ္။

A Man and A Woman(2016) ကိုဒါရိုက္တာ Lee Yoon-ki ကရိုက္ကူးထားတာလည္း ျဖစ္ပါတယ္။ ေယာက္က်ားတစ္ေယာက္နဲ႔ မိန္းမတစ္ေယာက္ခ်စ္ခင္နွစ္သက္ၾကတာဟာ အပစ္မရွိေပမယ့္လို႕လည္း အိမ္ေထာင္ရွိၿပီးသား အမ်ိဳးသားတစ္ဦး နဲ႔ အမ်ိဳးသမီးတစ္ဦးတို႔ခ်စ္မိၾကတယ္ဆိုရင္ေတာ့ ျပႆနာတစ္ခုျဖစ္လာပါတယ္။

သူတို႕ေတြဘာေၾကာင့္ခ်စ္မိခဲ့ၾကတာလည္း ဆိုတဲ့ အေၾကာင္းကလည္း ရွိလို႔ေနျပန္ပါတယ္။ လူရယ္လို႔ျဖစ္လာရင္ ဝမ္းနည္းအထီးက်န္ျခင္းေတြကို မိသားစုရွိေနေပမယ့္လည္း ရင္ဆိုင္လာရတဲ့အခါ အားေပးနွစ္သိမ့္ေပးတက္သူေတြကို စိတ္ထဲကေနဦးညႊတ္တတ္ၾကပါတယ္။ ဒီလိုေတြျဖစ္လာၾကၿပီဆိုရင္ေတာ့ ေနာက္ဆက္တြဲ သံေယာဇဥ္ ၊ ၾကင္နာယုယျခင္း အစရွိတဲ့ အရာေတြကဝင္ေရာက္တတ္လို႔ လာျပန္ပါတယ္။

သူတို႕နွစ္ေယာက္စလံုးမွာ တူညီတဲ့ အားငယ္မႈေတြရွိခဲ့တဲ့ ခဏစိတ္ခ်င္းနီးစပ္လို႔ တစ္ေယာက္နဲ႔တစ္ေယာက္ စြဲလမ္းမႈဆိုတဲ့ အရာတစ္ခုုျဖစ္လာရာမွာေတာ့ ျဖတ္ေတာက္ဖို႔ခက္လာတဲ့ အခါ ဘာေတြဆက္ျဖစ္ၾကမလဲ ဆိုတာကေတာ့ ဒီဇာတ္လမ္းေလးကို ၾကည့္လိုက္ရင္သိနိုင္ပါတယ္။

အရြယ္ေရာက္ၿပီးသားသူေတြအေနနဲ႔သာပိုၾကည့္သင့္တဲ့ ဇာတ္ကားတစ္ခုလည္းျဖစ္ပါတယ္။ မိန္းမတစ္ေယာက္နဲ႔ေယာက္က်ားတစ္ေယာက္ရဲ ႔ဆံုးျဖတ္ခ်က္ေတြ ၊ မိန္းကေလးတစ္ေယာက္ စြဲလမ္းတာနဲ႔ ေယာက္က်ားေလးတစ္ေယာက္ရဲ ႔စြဲလမ္းမႈေတြ ဘယ္လုိကြာျခားသလဲဆိုတာကိုလည္း ဒီဇာတ္ကားေလးကို ၾကည့္လိုက္တဲ့ အခါသိရွိနိုင္ပါတယ္။

လူတိုင္းေတာ့ ဒီလိုအရာေတြကို ေတြ႔ၾကံဳ ဖို႔လို႔ခက္ခဲတယ္ဆိုေပမယ့္လည္း တကယ္လို႔ကိုယ္သာဆိုရင္ ဒီအရာေတြကိုဘယ္လိုေက်ာ္ျဖတ္မလဲ ဆိုတာကေတာ့ အသက္အရြယ္ေရာက္ၿပီးသား မိန္းကေလးတိုင္း ေယာက္က်ားေလးတိုင္း ေတြးသင့္တဲ့ အရာျဖစ္လို႔ အိမ္ေထာင္ေရးပညာေပးဇာတ္လမ္းတစ္ခု ကို အားလပ္ရက္ေတြမွာ ၾကည့္ရႈနိုင္ရန္အတြက္ေဖာ္ျပေပးလိုက္တာလည္း ျဖစ္ပါတယ္။

Photo Credit: Pinterest

ၾကည္သာ (Akhayar)

www.akhayar.com
[Unicode]

မချစ်သင့်သူနှစ်ယောက် ချစ်မိခဲ့ကြတဲ့ ဇာတ်လမ်း A Man and A Woman (2016)

မိန်းမတစ်ယောက်နဲ့ယောက်ကျားတစ်ယောက်ရဲ့အချစ်ကို ဖော်ပြထားတဲ့ ဇာတ်လမ်းတစ်ခုပါပဲ ။ ဒါပေမယ့်လည်း ပုံမှန်လူပျိုလူလွတ်မဟုတ်တဲ့ မိန်းမတစ်ယောက်နဲ့ယောက်ကျားတစ်ယောက်ရဲ့ချစ်ခြင်းကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်။ ကိုရီးယား နာမည်ကျော်သရုပ်ဆောင်တွေဖြစ်ကြတဲ့ မင်းသား Gong Yoo နဲ့ မင်းသမီး Jeon Do-yeon တို့နှစ်ယောက်က အကောင်းဆုံးသရုပ်ဆောင်ထားကြတဲ့ အိမ်ထောင်ရေးပညာပေး ဇာတ်လမ်းတစ်ခုလည်း ဖြစ်ပါတယ်။

A Man and A Woman(2016) ကိုဒါရိုက်တာ Lee Yoon-ki ကရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ ယောက်ကျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ချစ်ခင်နှစ်သက်ကြတာဟာ အပစ်မရှိပေမယ့်လို့လည်း အိမ်ထောင်ရှိပြီးသား အမျိုးသားတစ်ဦး နဲ့ အမျိုးသမီးတစ်ဦးတို့ချစ်မိကြတယ်ဆိုရင်တော့ ပြဿနာတစ်ခုဖြစ်လာပါတယ်။

သူတို့တွေဘာကြောင့်ချစ်မိခဲ့ကြတာလည်း ဆိုတဲ့ အကြောင်းကလည်း ရှိလို့နေပြန်ပါတယ်။ လူရယ်လို့ဖြစ်လာရင် ဝမ်းနည်းအထီးကျန်ခြင်းတွေကို မိသားစုရှိနေပေမယ့်လည်း ရင်ဆိုင်လာရတဲ့အခါ အားပေးနှစ်သိမ့်ပေးတက်သူတွေကို စိတ်ထဲကနေဦးညွှတ်တတ်ကြပါတယ်။ ဒီလိုတွေဖြစ်လာကြပြီဆိုရင်တော့ နောက်ဆက်တွဲ သံယောဇဉ် ၊ ကြင်နာယုယခြင်း အစရှိတဲ့ အရာတွေကဝင်ရောက်တတ်လို့ လာပြန်ပါတယ်။

သူတို့နှစ်ယောက်စလုံးမှာ တူညီတဲ့ အားငယ်မှုတွေရှိခဲ့တဲ့ ခဏစိတ်ချင်းနီးစပ်လို့ တစ်ယောက်နဲ့တစ်ယောက် စွဲလမ်းမှုဆိုတဲ့ အရာတစ်ခုဖြစ်လာရာမှာတော့ ဖြတ်တောက်ဖို့ခက်လာတဲ့ အခါ ဘာတွေဆက်ဖြစ်ကြမလဲ ဆိုတာကတော့ ဒီဇာတ်လမ်းလေးကို ကြည့်လိုက်ရင်သိနိုင်ပါတယ်။

အရွယ်ရောက်ပြီးသားသူတွေအနေနဲ့သာပိုကြည့်သင့်တဲ့ ဇာတ်ကားတစ်ခုလည်းဖြစ်ပါတယ်။ မိန်းမတစ်ယောက်နဲ့ယောက်ကျားတစ်ယောက်ရဲ့ဆုံးဖြတ်ချက်တွေ ၊ မိန်းကလေးတစ်ယောက် စွဲလမ်းတာနဲ့ ယောက်ကျားလေးတစ်ယောက်ရဲ့စွဲလမ်းမှုတွေ ဘယ်လိုကွာခြားသလဲဆိုတာကိုလည်း ဒီဇာတ်ကားလေးကို ကြည့်လိုက်တဲ့ အခါသိရှိနိုင်ပါတယ်။

လူတိုင်းတော့ ဒီလိုအရာတွေကို တွေ့ကြုံ ဖို့လို့ခက်ခဲတယ်ဆိုပေမယ့်လည်း တကယ်လို့ကိုယ်သာဆိုရင် ဒီအရာတွေကိုဘယ်လိုကျော်ဖြတ်မလဲ ဆိုတာကတော့ အသက်အရွယ်ရောက်ပြီးသား မိန်းကလေးတိုင်း ယောက်ကျားလေးတိုင်း တွေးသင့်တဲ့ အရာဖြစ်လို့ အိမ်ထောင်ရေးပညာပေးဇာတ်လမ်းတစ်ခု ကို အားလပ်ရက်တွေမှာ ကြည့်ရှုနိုင်ရန်အတွက်ဖော်ပြပေးလိုက်တာလည်း ဖြစ်ပါတယ်။

Photo Credit: Pinterest

ကြည်သာ (Akhayar)

www.akhayar.com