[Zawgyi]

Trump ရဲ႕ လူထုစညး္ေဝးပြဲေတြမွာ သူတို႔ရဲ႕သီခ်င္းေတြကို အသံုးမျပဳခိုင္းတဲ့ အႏုပညာရွင္မ်ား

Rapper Kanye West က အေမရိကန္သမၼတၾကီး Donald Trump ကို တခဲနက္ ေထာက္ခံသလိုပဲ Eminem လို Rapper ေတြကလည္း ၾကံဳရင္ ၾကံဳသလို Donald Trump ၾကီး ကို ေဆာ္ၾက ႏွက္ၾကသူေတြပါ။ Trump ကို မေဆာ္မႏွက္ေပမယ့္လည္း သူတို႔ရဲ႕ သီခ်င္းေတြကို Trump ရဲ႕ လူထု စည္းေဝးပြဲေတြမွာ အသံုးမျပဳခုိင္းတဲ့ အႏုပညာရွင္ေတြလည္း အမ်ားၾကီး ရွိပါတယ္။ ပံုမွန္အားျဖင္ေတာ့ Trump ဟာ သူ႔ရဲ႕ လူထုစည္းေဝးပြဲေတြနဲ႔ Campaign ေတြမွာ Classic Rock Bands ေတြရဲ႕ သီခ်င္းကို အသံုးျပဳတာ မ်ားပါတယ္။ ဘယ္နာမည္ေက်ာ္အႏုပညာရွင္ေတြက သူတို႔ရဲ႕ သီခ်င္းေတြကို Trump ကို အသံုးမျပဳခုိင္းသလဲဆုိရင္ေတာ့…

Adele

Adele

Adele

Donald Trump ရဲ႕ မဲဆြယ္စည္းရုံးေရးပြဲေတြ တေလွ်ာက္ Adele ရဲ႕ ‘Rolling in the Deep’ ကို အသံုးျပဳခဲ့ပါတယ္။ Adele ကေတာ့ Trump မွ မဟုတ္ဘူး၊ ဘယ္ႏုိင္ငံေရးသမားကို မဆို သူ႔ရဲ႕ သီခ်င္းေတြကို ႏုိင္ငံေရးနဲ႔ ဆက္စပ္တဲ့ ပြဲေတြမွာ မသံုးဖို႔ တားျမစ္လုိက္ျပီး သူ႔ရဲ႕ ေျပာေရးဆိုခြင့္ရွိသူက ‘ Adele ဟာ သူ႔ရဲ႕ သီခ်င္းေတြကို ဘယ္ႏုိင္ငံေရး လႈပ္ရွားမႈမွန္သမွ်မွာ သံုးဖို႔ ခြင့္မျပဳပါဘူး” လို႔ ေျပာၾကားခဲ့ပါတယ္။

The Rolling Stones

The Rolling Stones

The Rolling Stones

ဂႏၱဝင္ Rock ဂီတ ဘိုးေအၾကီး ေတြျဖစ္တဲ့ The Rolling Stones အဖဲြဲ႔ကေတာ့ Trump ရဲ႕ Campaign ေတြမွာ သူတို႔ရဲ႕ သီခ်င္းေတြကို သုံးဖို႔ ဘယ္တုန္းကမွ ခြင့္ျပဳခ်က္မေပးပါဘူး၊ သံုးေနတာရွိရင္လည္း ခ်က္ခ်င္းရပ္စဲဖို႔ သူတို႕က ေျပာခဲ့ပါတယ္။

Twisted Sister

Twisted Sister

Twisted Sister

American Heavy Metal Band Twisted Sister ရဲ႕ အဆုိရွင္ Dee Snider နဲ႔ Donald Trump ကေတာ့ လူခ်င္းသိၾကပါတယ္တဲ့။ ဒါေၾကာင့္ပဲ Trump မဲဆြယ္ပြဲေတြ လုပ္ေဆာင္တုန္းမွာ Dee ကို ဖုန္းေခၚျပီး သီခ်င္းသံုးလို႔ ရလားေမးေတာ့ Dee ကလည္း သံုးခုိင္းလုိက္ပါတယ္။ ဒါေပမယ့္ လေပါင္းမ်ားစြာၾကာတဲ့အခါမွ Dee Snider ဟာ Trump ရဲ႕ ႏုိင္ငံေရး ယံုၾကည္မႈေတြကို သိသြားခဲ့တယ္ဆိုပါတယ္။ ဒါေၾကာင့္ပဲ Trump ကို ဖုန္းေခၚျပီး “ငါ့သီခ်င္းသံုးေနတာကို ရပ္လုိက္ပါ၊ ေတာ္ၾကာ လူေတြက ငါမင္းကို ေထာက္ခံအားေပးတယ္ထင္ေနဦးမယ္လို႔” ေျပာလိုက္တဲ့ေန႔တည္းက မသံုးေတာ့တာပါ။

Steven Tyler

Steven Tyler

Steven Tyler

Aerosmith Band ရဲ႕ ေရွ႕ေနေတြကေတာ့ Trump ကို Aerosmith ရဲ႕ သီခ်င္းေတြ အသံုးမျပဳဖို႔ စာေတာင္ ပို႔ခဲ့ပါတယ္။ Steven Tyler ရဲ႕ ဘယ္သီခ်င္းကိုမွ ခြင့္ျပဳခ်က္မပါဘဲ မသံုးဖို႔နဲ႔ ဒီလို သံုးစြဲတာဟာ Mr. Trump ရဲ႕ မဲဆြယ္ပြဲကို ေထာက္ခံတယ္လို႔ သေဘာသက္ေရာက္ေစလို႔ တားျမစ္ေၾကာင္း ေဖာ္ျပခဲ့ပါတယ္။

R.E.M

R.E.M

R.E.M

American Rock Band R.E.M ကေတာ့ “Trump ကေတာ့ Attention ရဖို႔ ဘာမဆုိလုပ္ေနမွာပဲ၊ ကၽြန္ေတာ္တို႔ကလည္း Attention ေပးရမွာကို မုန္းတာ” လို႔ Twitter မွာ တင္ခဲ့ျပီး သူတို႔ သီခ်င္းေတြကို အသံုးျပဳခြင့္မေပးပါဘူး။

Elton John

Elton John

Elton John

‘Candle in the Wind’ သီခ်င္းရဲ႕ ဖန္တီးရွင္ ဂႏၱဝင္အဆုိေတ္ာၾကီး Elton John ကေတာ့ ရွင္းပါတယ္။ “ကၽြန္ေတာ့္ရဲ႕ ဂီတကို အေမရိကန္ေရြးေကာက္ပြဲ Campaign ေတြအားလံုးနဲ႔ ပက္သက္တဲ့ ဘယ္အရာမွာမွ မပါေစခ်င္ပါဘူး။ ကၽြန္ေတာ္ဟာ ျဗိတိသွ်လူမ်ိဳးျဖစ္ပါတယ္။ ဒါ့အျပင္ Donald Trump နဲ႔ အျပင္မွာ လူခ်င္းသိေပမယ့္ သူ႔ရဲ႕ ႏုိင္ငံေရးခံယူခ်က္ေတြဟာ ကၽြန္ေတာ္နဲ႔ လံုးဝကြဲျပားျခားနားပါတယ္” လိုပ ေျပာဆုိခဲ့ပါတယ္။

Queen

Queen

Queen

Freddie Mercury ၾကီးရဲ႕ Queen အဖြဲ႕ဟာလည္း Mr.Trump ပဲ ျဖစ္ျဖစ္၊ Trump ရဲ႕ မဲဆြယ္အဖြဲ႔ကပဲ ျဖစ္ျဖစ္ သီခ်င္းေတြ သံုးဖို႔ ခြင့္ျပဳခ်က္လာေတာင္းျခင္းမရွိပါဘူး။ Queen ရဲ႕ သီခ်င္းျဖစ္တဲ့ ‘We are the Champions’ သံုးစြဲတာ ျဖစ္ျပီး တားျမစ္ထားေပမယ့္လည္း ဆက္သံုးေနတာေၾကာင့္ စိတ္ပ်က္ရပါတယ္လို႔ပါ ေျပာပါတယ္။

Queen ဟာ သူတို႔ရဲ႕ သီခ်င္းေတြကို ဘယ္ႏုိင္ငံမွာ မဆို ႏုိင္ငံေရးေဆြးေႏြးပြဲေတြမွာ မသံုးေစခ်င္ပါဘူး။ ဒါေၾကာင့္ Trump တို႔ဘက္ကလည္း ေလးစားမႈရွိရွိနဲ႔ သူတို႔ဆႏၵကို လုိက္နာေစခ်င္ပါတယ္လုိ႔ပါ ေျပာၾကားခဲ့ပါတယ္။

Pharrell Williams

Pharrell Williams

Pharrell Williams

Pharrell Williams ကေတာ့ သူ႔ရဲ႕ ေပါက္သီခ်င္း ‘Happy’ ကို မသံုးဖို႔ ေျပာခဲ့တာပါ။ ျဖစ္ပံုကလည္း ဒီလိုပါ၊ ေအာက္တုိဘာလ ၂၇ ရက္ေန႔မွာ အင္ဒီယာနာ ျပည္နယ္မွာ ပစ္ခတ္မႈျဖစ္ပြားလုိ႔ လူ ၁၁ ေယာက္ေသျပီး သိပ္မၾကာခင္နာရီပိုင္းမွာပဲ လယ္သမားထုကို စည္းရံုးပြဲလုပ္ရာမွာ ‘Happy’ သီခ်င္းကို သံုးစြဲခဲ့လို႔ပါ။ ဒါေၾကာင့္ ေအာက္တုိဘာလ ၂၉ ရက္ေန႔မွာ Pharrell က သူ႔ရဲ႕ ေရွ႕ေန႔ကေန တစ္ဆင့္ Trump ကို တားျမစ္စာ ပို႔ခဲ့ျပီး လူေတြ ဝမ္းနည္းေနတဲ့အခ်ိန္မွာ ‘Happy’ သီခ်င္းမဖြင့္သင့္ေၾကာင္းနဲ႔ ခြင့္မျပဳေၾကာင္း တားျမစ္ခဲ့ပါတယ္။

Yoe Lu (Akhayar)

www.akhayar.com

Source : independent.co.uk, vulture.com
[Unicode]

Trump ရဲ့ လူထုစည်းဝေးပွဲတွေမှာ သူတို့ရဲ့သီချင်းတွေကို အသုံးမပြုခိုင်းတဲ့ အနုပညာရှင်များ

Rapper Kanye West က အမေရိကန်သမ္မတကြီး Donald Trump ကို ထောက်ခံသလိုပဲ Eminem လို Rapper တွေကလည်း ကြုံရင် ကြုံသလို Donald Trump ကြီး ကို ဆော်ကြ နှက်ကြသူတွေပါ။ Trump ကို မဆော်မနှက်ပေမယ့်လည်း သူတို့ရဲ့ သီချင်းတွေကို Trump ရဲ့ လူထု စည်းဝေးပွဲတွေမှာ အသုံးမပြုခိုင်းတဲ့ အနုပညာရှင်တွေလည်း အများကြီး ရှိပါတယ်။ ပုံမှန်အားဖြင်တော့ Trump ဟာ သူ့ရဲ့ လူထုစည်းဝေးပွဲတွေနဲ့ Campaign တွေမှာ Classic Rock Bands တွေရဲ့ သီချင်းကို အသုံးပြုတာ များပါတယ်။ ဘယ်နာမည်ကျော်အနုပညာရှင်တွေက သူတို့ရဲ့ သီချင်းတွေကို Trump ကို အသုံးမပြုခိုင်းသလဲဆိုရင်တော့…

Adele

Adele

Adele

Donald Trump ရဲ့ မဲဆွယ်စည်းရုံးရေးပွဲတွေ တလျှောက် Adele ရဲ့ ‘Rolling in the Deep’ ကို အသုံးပြုခဲ့ပါတယ်။ Adele ကတော့ Trump မှ မဟုတ်ဘူး၊ ဘယ်နိုင်ငံရေးသမားကို မဆို သူ့ရဲ့ သီချင်းတွေကို နိုင်ငံရေးနဲ့ ဆက်စပ်တဲ့ ပွဲတွေမှာ မသုံးဖို့ တားမြစ်လိုက်ပြီး သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ‘ Adele ဟာ သူ့ရဲ့ သီချင်းတွေကို ဘယ်နိုင်ငံရေး လှုပ်ရှားမှုမှန်သမျှမှာ သုံးဖို့ ခွင့်မပြုပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

The Rolling Stones

The Rolling Stones

The Rolling Stones

ဂန္တဝင် Rock ဂီတ ဘိုးအေကြီး တွေဖြစ်တဲ့ The Rolling Stones အဖွဲ့ကတော့ Trump ရဲ့ Campaign တွေမှာ သူတို့ရဲ့ သီချင်းတွေကို သုံးဖို့ ဘယ်တုန်းကမှ ခွင့်ပြုချက်မပေးပါဘူး၊ သုံးနေတာရှိရင်လည်း ချက်ချင်းရပ်စဲဖို့ သူတို့က ပြောခဲ့ပါတယ်။

Twisted Sister

Twisted Sister

Twisted Sister

American Heavy Metal Band Twisted Sister ရဲ့ အဆိုရှင် Dee Snider နဲ့ Donald Trump ကတော့ လူချင်းသိကြပါတယ်တဲ့။ ဒါကြောင့်ပဲ Trump မဲဆွယ်ပွဲတွေ လုပ်ဆောင်တုန်းမှာ Dee ကို ဖုန်းခေါ်ပြီး သီချင်းသုံးလို့ ရလားမေးတော့ Dee ကလည်း သုံးခိုင်းလိုက်ပါတယ်။ ဒါပေမယ့် လပေါင်းများစွာကြာတဲ့အခါမှ Dee Snider ဟာ Trump ရဲ့ နိုင်ငံရေး ယုံကြည်မှုတွေကို သိသွားခဲ့တယ်ဆိုပါတယ်။ ဒါကြောင့်ပဲ Trump ကို ဖုန်းခေါ်ပြီး “ငါ့သီချင်းသုံးနေတာကို ရပ်လိုက်ပါ၊ တော်ကြာ လူတွေက ငါမင်းကို ထောက်ခံအားပေးတယ်ထင်နေဦးမယ်လို့” ပြောလိုက်တဲ့နေ့တည်းက မသုံးတော့တာပါ။

Steven Tyler

Steven Tyler

Steven Tyler

Aerosmith Band ရဲ့ ရှေ့နေတွေကတော့ Trump ကို Aerosmith ရဲ့ သီချင်းတွေ အသုံးမပြုဖို့ စာတောင် ပို့ခဲ့ပါတယ်။ Steven Tyler ရဲ့ ဘယ်သီချင်းကိုမှ ခွင့်ပြုချက်မပါဘဲ မသုံးဖို့နဲ့ ဒီလို သုံးစွဲတာဟာ Mr. Trump ရဲ့ မဲဆွယ်ပွဲကို ထောက်ခံတယ်လို့ သဘောသက်ရောက်စေလို့ တားမြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

R.E.M

R.E.M

R.E.M

American Rock Band R.E.M ကတော့ “Trump ကတော့ Attention ရဖို့ ဘာမဆိုလုပ်နေမှာပဲ၊ ကျွန်တော်တို့ကလည်း Attention ပေးရမှာကို မုန်းတာ” လို့ Twitter မှာ တင်ခဲ့ပြီး သူတို့ သီချင်းတွေကို အသုံးပြုခွင့်မပေးပါဘူး။

Elton John

Elton John

Elton John

‘Candle in the Wind’ သီချင်းရဲ့ ဖန်တီးရှင် ဂန္တဝင်အဆိုတေ်ာကြီး Elton John ကတော့ ရှင်းပါတယ်။ “ကျွန်တော့်ရဲ့ ဂီတကို အမေရိကန်ရွေးကောက်ပွဲ Campaign တွေအားလုံးနဲ့ ပက်သက်တဲ့ ဘယ်အရာမှာမှ မပါစေချင်ပါဘူး။ ကျွန်တော်ဟာ ဗြိတိသျှလူမျိုးဖြစ်ပါတယ်။ ဒါ့အပြင် Donald Trump နဲ့ အပြင်မှာ လူချင်းသိပေမယ့် သူ့ရဲ့ နိုင်ငံရေးခံယူချက်တွေဟာ ကျွန်တော်နဲ့ လုံးဝကွဲပြားခြားနားပါတယ်” လိုပ ပြောဆိုခဲ့ပါတယ်။

Queen

Queen

Queen

Freddie Mercury ကြီးရဲ့ Queen အဖွဲ့ဟာလည်း Mr.Trump ပဲ ဖြစ်ဖြစ်၊ Trump ရဲ့ မဲဆွယ်အဖွဲ့ကပဲ ဖြစ်ဖြစ် သီချင်းတွေ သုံးဖို့ ခွင့်ပြုချက်လာတောင်းခြင်းမရှိပါဘူး။ Queen ရဲ့ သီချင်းဖြစ်တဲ့ ‘We are the Champions’ သုံးစွဲတာ ဖြစ်ပြီး တားမြစ်ထားပေမယ့်လည်း ဆက်သုံးနေတာကြောင့် စိတ်ပျက်ရပါတယ်လို့ပါ ပြောပါတယ်။

Queen ဟာ သူတို့ရဲ့ သီချင်းတွေကို ဘယ်နိုင်ငံမှာ မဆို နိုင်ငံရေးဆွေးနွေးပွဲတွေမှာ မသုံးစေချင်ပါဘူး။ ဒါကြောင့် Trump တို့ဘက်ကလည်း လေးစားမှုရှိရှိနဲ့ သူတို့ဆန္ဒကို လိုက်နာစေချင်ပါတယ်လို့ပါ ပြောကြားခဲ့ပါတယ်။

Pharrell Williams

Pharrell Williams

Pharrell Williams

Pharrell Williams ကတော့ သူ့ရဲ့ ပေါက်သီချင်း ‘Happy’ ကို မသုံးဖို့ ပြောခဲ့တာပါ။ ဖြစ်ပုံကလည်း ဒီလိုပါ၊ အောက်တိုဘာလ ၂၇ ရက်နေ့မှာ အင်ဒီယာနာ ပြည်နယ်မှာ ပစ်ခတ်မှုဖြစ်ပွားလို့ လူ ၁၁ ယောက်သေပြီး သိပ်မကြာခင်နာရီပိုင်းမှာပဲ လယ်သမားထုကို စည်းရုံးပွဲလုပ်ရာမှာ ‘Happy’ သီချင်းကို သုံးစွဲခဲ့လို့ပါ။ ဒါကြောင့် အောက်တိုဘာလ ၂၉ ရက်နေ့မှာ Pharrell က သူ့ရဲ့ ရှေ့နေ့ကနေ တစ်ဆင့် Trump ကို တားမြစ်စာ ပို့ခဲ့ပြီး လူတွေ ဝမ်းနည်းနေတဲ့အချိန်မှာ ‘Happy’ သီချင်းမဖွင့်သင့်ကြောင်းနဲ့ ခွင့်မပြုကြောင်း တားမြစ်ခဲ့ပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Source : independent.co.uk, vulture.com