[Zawgyi]



 









ကြည်သာ (Akhayar)

www.akhayar.com


[Unicode]

ရွှေကြာနဲ့အကယ်ဒမီမမှန်းပါဘူးလို့ ပြောပြတဲ့အလင်းရောင်

၂၀၁၈ ခုနှစ်အကယ်ဒမီစာရင်းမှာ ပါဝင်မယ့် ရွှေကြာနဲ့ပတ်သတ်လို့ အကယ်ဒမီမှန်းထားတာတော့မရှိသေးပါဘူး လို့ အလင်းရောင်ကပြောပါတယ်။ ဒီကားမှာကျွန်တော့ အနေနဲ့က အရမ်းကြီးလည်းလုပ်ကွက်မရသလို ကျွန်တော့အနေနဲ့ လိုအပ်ချက်တွေလည်းအများကြီးရှိနေပါသေးတယ်။ ကျွန်တော် ပြန်ကြည့်တဲ့ အချိန်မှာလည်း လိုအပ်ချက်တွေ အကုန်လုံးကိုပြင်ဆင်ပြီးနောက်ထပ်ကြိုးစားဖို့အများကြီးတွေ့ပါတယ်။

 

အလင်းရောင် မန္တလေးကို ရောက်ရှိခဲ့စဉ်က

အလင်းရောင် မန္တလေးကို ရောက်ရှိခဲ့စဉ်က

မန္တလေး က ပရိသတ်တွေရွှေကြာကို ကြိတ်ကြိတ်တိုးအားပတ်ကြတဲ့ အပေါ်အလင်းရောင်က အခုလိုပြောပါသေးတယ်။

ဒီကားဟာ ကျွန်တော့ရုပ်ရှင်ကားအနေနဲ့ ကြည့်မယ်ဆိုရင် ၄ ကားမြောက်ဖြစ်ပါတယ်။ ၄ ကားမြောက်မှာ ဒါပထမဦးဆုံးတွေ့ခြင်းဖြစ်ပါတယ်။ မဖွေးရဲ့ အိုက်တင်တွေကြောင့် မဖွေးရဲ့ ပရိသတ်တွေ ကလည်းတခဲနက်အားပေးကြတာကိုတွေ့ရပါတယ်။ ဒါကြောင့်ဝမ်းလည်း ဝမ်းသာတယ် ပျော်လည်းပျော်ရွှင်တယ်။ ဒီလိုကားကောင်းတစ်ကားမှာ ပါဝင်ရတဲ့ အတွက် ကိုယ့်ကိုယ်ကိုယ် လည်းအများကြီးဂုဏ်ယူမိပါတယ်။

ရွှေကြာပရိသတ်တွေနဲ့အတူတွေ့ရတဲ့ အလင်းရောင်

ရွှေကြာပရိသတ်တွေနဲ့အတူတွေ့ရတဲ့ အလင်းရောင်

ဒီနှစ်အကယ်ဒမီပေးပွဲတက်ဖြစ်မှာပါ။ လက်ဝတ်ရတနာကိုတော့ စိန်နန်းတော် က ပြင်ဆင်ပေးမှာ ဖြစ်ပြီး ဝတ်စုံ ဒီဇိုင်နာ က တော့ ကိုကောင်းမြတ်ဖြစ်ပါတယ်။

Photo Credit- A lingyaung Light’s Facebook

ကြည်သာ (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။