ဂ်ပန္ႏုိင္ငံ အေနာက္ေတာင္ပုိင္း Sasebo ျမိဳ႕ေတာ္မွာရွိတဲ့ ဟုိတယ္တစ္ခုလံုးနီးပါးကို စက္ရုပ္ေတြနဲ႔႔ပဲ ဝန္ေဆာင္မႈေပးခဲ့တာ ၂ ႏွစ္ရွိေနျပီး ေအာင္ျမင္ေနတဲ့အတြက္ ဟုိတယ္ပိုင္ရွင္ေတြက ေနာက္ထပ္ ဟုိတယ္အသစ္ေတြ တိုးခ်ဲ႕ဖြင့္လွစ္ဖို႔ စိတ္အားထက္သန္ေနပါတယ္။ ဂ်ပန္ႏုိင္ငံအႏွ႔ံ ေနရာေပါင္း ၁၀၀ ေလာက္မွာ ထပ္မံဖြင့္လွစ္ဖို႔ ၾကိဳးစားေနၾကတာပါ။

ဟုိတယ္ပိုင္ရွင္ျဖစ္တဲ့ Hideo Sawada ဟာ Weird Hotel လို႔ နာမည္ေပးထားတဲ့ ဟုိတယ္ကို ကစားကြင္းတစ္ခုရဲ့ အစိတ္အပိုင္းအျဖစ္ ၂၀၁၅ ခုႏွစ္ ဇူလိုင္ထဲက ဖြင့္လွစ္ခဲ့တာပါ။ လုပ္ငန္းဟာ တျဖည္းျဖည္း အရွိန္ရအားေကာင္းလာတဲ့အတြက္ Sawada ပိုင္ ခရီးသြားေအဂ်င္စီ H.I.S ဟာ လာမယ့္ ၅ ႏွစ္အတြင္းမွာ ဂ်ပန္ႏုိင္ငံနဲ႔ ႏုိင္ငံျခားတုိင္းျပည္ေတြမွာပါ ဒီလိုဟုိတယ္မ်ိဳးေတြ ထပ္မံဖြင့္လွစ္ဖို႔ ၾကံစည္ေနပါတယ္။

Sawada က သတင္းေထာက္ေတြကို တိုက်ိဳဒစ္စေနအပန္းေျဖစခန္းအနီးမွာ ရွိတဲ့ သူ႔ရဲ့ ဒုတိယေျမာက္ဟုိတယ္ဖြင့္ပြဲမွာ ေျပာၾကားခဲ့တာကေတာ့ “ စက္ရုပ္ေတြကို ဧည့္ခံၾကိဳဆိုေရးနဲ႔ အျခားေနရာအားလံုးမွာ ေနရာခ်ထားလုပ္ေဆာင္ေစတာဟာ ကမာၻမွာ ထိေရာက္မႈအရွိဆံုး ဟုိတယ္တစ္ခုျဖစ္ေစဖို႔ ရည္ရြယ္ပါတယ္” လို႔ ဆုိပါတယ္။

ဟုိတယ္ရဲ့ အလုပ္လုပ္ေဆာင္ပံုကုိ ၾကည့္ရင္ေတာ့ ဧည့္ခံၾကိဳဆိုေရးေနရာမွာ လူသားနဲ႔တူတဲ့ ဂ်ပန္စကားေျပာႏုိင္တဲ့ စက္ရုပ္နဲ႔ အဂၤလိပ္စကားေျပာႏုိင္တဲ့ ဒိုင္ႏုိေဆာပံုစက္ရုပ္ကို ထားရွိထားပါတယ္။ ဟုိတယ္ဝန္ထမ္းစက္ရုပ္ေတြဟာ ဧည္သည့္ေတြရဲ့ Check- in လုပ္တာကိုလည္း စိတ္ရွည္ရွည္နဲ႔ ေစာင့္ၾကပါတယ္။ ဒါကေတာ့ စက္ရုပ္ေတြရဲ့ အားသာခ်က္ပါပဲ။

ပစၥည္းသယ္ေပးတဲ့ Floor  Robots ေတြကေတာ့ ဂ်ပန္ေလဆိပ္ေတြမွာ ခရီးသည္ေတြကို ကူညီဖို႔အတြက္ ေပၚထြက္လာၾကတာျဖစ္ျပီး ခရီးသည္ေတြရဲ့ ခရီးေဆာင္အိတ္ေတြကို သူတို႔ အခန္းေတြဆီအေရာက္ ပို႔ေဆာင္ေပးမွာပါ။ ဧည့္သည္ေတြရဲ့ ခရီးေဆာင္အိတ္ေတြကို သိမ္းထားေပးတဲ့ ဝန္ေဆာင္မႈရွိျပီး အဲဒီမွာ ရွိတဲ့ စက္ရုပ္ဟာ ဧည့္သည္ Check out မလုပ္မခ်င္း ခရီးေဆာင္အိတ္ေတြကို ေသခ်ာသိမ္းေပးထားႏိုင္ပါတယ္။

ဒီလိုစက္ရုပ္ေတြကို ခိုးယူျခင္းကေန ကင္းေဝးေအာင္ေတာ့ လူသားလံုျခံဳေရးေတြက ဟုိတယ္ကို ေန႔ေရာညပါ ၾကည့္ရႈစစ္ေဆးေနတာ ျဖစ္ပါတယ္။

စက္ရုပ္ေတြ အမ်ားဆံုးသံုးျပီး အလုပ္သမားခေတြ ေလွ်ာ့ခ်ႏုိင္တဲ့အတြက္လည္း Weird Hotel ဟာ စရိတ္သက္သာတဲ့ ဟုိတယ္ျဖစ္ေနတာပါ။ ဒါေၾကာင့္လည္း ေနာက္ထပ္ စက္ရုပ္ ၉၀ရာခုိင္ႏႈန္းတပ္ဆင္ထားမယ့္ ဟုိတယ္ေပါင္း ၁၀၀၀ ေလာက္ ထပ္ဖြင့္ဖို႔ ၾကံစည္ေနတာ ျဖစ္ပါတယ္။

ဒီလို စက္ရုပ္ဝန္ေဆာင္မႈေတြအျပင္ အခန္းတုိင္းမွာလည္း  အနီးဆံုး စားေသာက္ဆုိင္နဲ႔ သြားလည္သင့္တဲ့ ပြဲေတာ္ေတြကို လမ္းညႊန္ေပးတဲ့ စက္ရုပ္လည္း ထားရွိထားတာ ျဖစ္ပါတယ္။

ဒါ့အျပင္ အခန္းအပူခ်ိန္ကို ထိန္းညွိေပးႏုိင္ျပီး TV Channels ေတြကိုပါ ေျပာင္းေပးႏုိင္တဲ့ စက္ရုပ္လည္း ထားရွိထားတာပါ။

ဟုိတယ္သန္႔ရွင္းေရးအတြက္လည္း လွည့္လည္သြားလာေနတဲ႔ အမႈိက္ပံုးပုံစံစက္ရုပ္ေတြကိုလည္း ထားရွိေပးထားပါတယ္။

ဒီစက္ရုပ္ေတြနဲ႔ ဟိုတယ္မွာ တည္းခုိခ်င္ရင္ေတာ့ တစ္ညကို အေမရိကန္ေဒၚလာ ၈၀ သာ ကုန္က်မွာ ျဖစ္လို႔ ပုိက္ဆံမ်ား ရွိလို႔၊ ဂ်ပန္မ်ား သြားျဖစ္ခဲ့ရင္ တစ္ေခါက္တစ္ခါ  အေတြ႔အၾကံဳအသစ္အဆန္းအျဖစ္ သြားတည္းသင့္ပါတယ္လို႔။

ရိုးလူ (အခရာ)

www.akhayar.com

Ref : Business Insider

HGID_KV_Ads_Square-42Unicode

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း Sasebo မြို့တော်မှာရှိတဲ့ ဟိုတယ်တစ်ခုလုံးနီးပါးကို စက်ရုပ်တွေနဲ့ပဲ ဝန်ဆောင်မှုပေးခဲ့တာ ၂ နှစ်ရှိနေပြီး အောင်မြင်နေတဲ့အတွက် ဟိုတယ်ပိုင်ရှင်တွေက နောက်ထပ် ဟိုတယ်အသစ်တွေ တိုးချဲ့ဖွင့်လှစ်ဖို့ စိတ်အားထက်သန်နေပါတယ်။ ဂျပန်နိုင်ငံအနှံ့ နေရာပေါင်း ၁၀၀ လောက်မှာ ထပ်မံဖွင့်လှစ်ဖို့ ကြိုးစားနေကြတာပါ။

ဟိုတယ်ပိုင်ရှင်ဖြစ်တဲ့ Hideo Sawada ဟာ Weird Hotel လို့ နာမည်ပေးထားတဲ့ ဟိုတယ်ကို ကစားကွင်းတစ်ခုရဲ့ အစိတ်အပိုင်းအဖြစ် ၂၀၁၅ ခုနှစ် ဇူလိုင်ထဲက ဖွင့်လှစ်ခဲ့တာပါ။ လုပ်ငန်းဟာ တဖြည်းဖြည်း အရှိန်ရအားကောင်းလာတဲ့အတွက် Sawada ပိုင် ခရီးသွားအေဂျင်စီ H.I.S ဟာ လာမယ့် ၅ နှစ်အတွင်းမှာ ဂျပန်နိုင်ငံနဲ့ နိုင်ငံခြားတိုင်းပြည်တွေမှာပါ ဒီလိုဟိုတယ်မျိုးတွေ ထပ်မံဖွင့်လှစ်ဖို့ ကြံစည်နေပါတယ်။

Sawada က သတင်းထောက်တွေကို တိုကျိုဒစ်စနေအပန်းဖြေစခန်းအနီးမှာ ရှိတဲ့ သူ့ရဲ့ ဒုတိယမြောက်ဟိုတယ်ဖွင့်ပွဲမှာ ပြောကြားခဲ့တာကတော့ “ စက်ရုပ်တွေကို ဧည့်ခံကြိုဆိုရေးနဲ့ အခြားနေရာအားလုံးမှာ နေရာချထားလုပ်ဆောင်စေတာဟာ ကမ္ဘာမှာ ထိရောက်မှုအရှိဆုံး ဟိုတယ်တစ်ခုဖြစ်စေဖို့ ရည်ရွယ်ပါတယ်” လို့ ဆိုပါတယ်။

ဟိုတယ်ရဲ့ အလုပ်လုပ်ဆောင်ပုံကို ကြည့်ရင်တော့ ဧည့်ခံကြိုဆိုရေးနေရာမှာ လူသားနဲ့တူတဲ့ ဂျပန်စကားပြောနိုင်တဲ့ စက်ရုပ်နဲ့ အင်္ဂလိပ်စကားပြောနိုင်တဲ့ ဒိုင်နိုဆောပုံစက်ရုပ်ကို ထားရှိထားပါတယ်။ ဟိုတယ်ဝန်ထမ်းစက်ရုပ်တွေဟာ ဧည်သည့်တွေရဲ့ Check- in လုပ်တာကိုလည်း စိတ်ရှည်ရှည်နဲ့ စောင့်ကြပါတယ်။ ဒါကတော့ စက်ရုပ်တွေရဲ့ အားသာချက်ပါပဲ။

ပစ္စည်းသယ်ပေးတဲ့ Floor  Robots တွေကတော့ ဂျပန်လေဆိပ်တွေမှာ ခရီးသည်တွေကို ကူညီဖို့အတွက် ပေါ်ထွက်လာကြတာဖြစ်ပြီး ခရီးသည်တွေရဲ့ ခရီးဆောင်အိတ်တွေကို သူတို့ အခန်းတွေဆီအရောက် ပို့ဆောင်ပေးမှာပါ။ ဧည့်သည်တွေရဲ့ ခရီးဆောင်အိတ်တွေကို သိမ်းထားပေးတဲ့ ဝန်ဆောင်မှုရှိပြီး အဲဒီမှာ ရှိတဲ့ စက်ရုပ်ဟာ ဧည့်သည် Check out မလုပ်မချင်း ခရီးဆောင်အိတ်တွေကို သေချာသိမ်းပေးထားနိုင်ပါတယ်။

ဒီလိုစက်ရုပ်တွေကို ခိုးယူခြင်းကနေ ကင်းဝေးအောင်တော့ လူသားလုံခြုံရေးတွေက ဟိုတယ်ကို နေ့ရောညပါ ကြည့်ရှုစစ်ဆေးနေတာ ဖြစ်ပါတယ်။

က်ရုပ်တွေ အများဆုံးသုံးပြီး အလုပ်သမားခတွေ လျှော့ချနိုင်တဲ့အတွက်လည်း Weird Hotel ဟာ စရိတ်သက်သာတဲ့ ဟိုတယ်ဖြစ်နေတာပါ။ ဒါကြောင့်လည်း နောက်ထပ် စက်ရုပ် ၉၀ရာခိုင်နှုန်းတပ်ဆင်ထားမယ့် ဟိုတယ်ပေါင်း ၁၀၀၀ လောက် ထပ်ဖွင့်ဖို့ ကြံစည်နေတာ ဖြစ်ပါတယ်။

ဒီလို စက်ရုပ်ဝန်ဆောင်မှုတွေအပြင် အခန်းတိုင်းမှာလည်း  အနီးဆုံး စားသောက်ဆိုင်နဲ့ သွားလည်သင့်တဲ့ ပွဲတော်တွေကို လမ်းညွှန်ပေးတဲ့ စက်ရုပ်လည်း ထားရှိထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် အခန်းအပူချိန်ကို ထိန်းညှိပေးနိုင်ပြီး TV Channels တွေကိုပါ ပြောင်းပေးနိုင်တဲ့ စက်ရုပ်လည်း ထားရှိထားတာပါ။ ဟိုတယ်သန့်ရှင်းရေးအတွက်လည်း လှည့်လည်သွားလာနေတဲ့ အမှိုက်ပုံးပုံစံစက်ရုပ်တွေကိုလည်း ထားရှိပေးထားပါတယ်။

ဒီစက်ရုပ်တွေနဲ့ ဟိုတယ်မှာ တည်းခိုချင်ရင်တော့ တစ်ညကို အမေရိကန်ဒေါ်လာ ၈၀ သာ ကုန်ကျမှာ ဖြစ်လို့ ပိုက်ဆံများ ရှိလို့၊ ဂျပန်များ သွားဖြစ်ခဲ့ရင် တစ်ခေါက်တစ်ခါ  အတွေ့အကြုံအသစ်အဆန်းအဖြစ် သွားတည်းသင့်ပါတယ်လို့။