[Zawgyi]

ပ်ဳိတိုင္္းခိုိက္တဲ့ ၾကည္လင္ရွင္းသန္႔ အသားအေရကို ေယာက်ာ္သားတိုင္းပိုင္ဆုိင္ႏိုင္ေစဖို႔

ယေန႔ခတ္မွာ Skin Care ျပဳလုပ္ျခင္းကို အမ်ဳိးသမီးေတြသာမက အမ်ဳိးသားေတြပါ ဂရုတစိုက္ေလး ျပဳလုပ္လာၾကပါတယ္။ မျဖစ္မေနသြားရမယ့္ အလုပ္အင္တာဗ်ဴးေတြ၊ လူႀကီးမိဘေတြနဲ႔ ေတြ႕ဆံုဖို႔ေတြ၊ အေရးႀကီးေတြ႔ဆံုပဲြေတြရွိတဲ႔အခါက်မွ Breakout ေတြျဖစ္လာရင္ သူသူငါငါ အနည္းအက်ဥ္းေတာ့ စိတ္အေႏွာင့္အယွက္ျဖစ္ၾကပါတယ္။ အဲဒီလိုရုတ္တရက္ႀကီး ဝက္ျခံေပါက္တာမ်ဳိးနဲ႔ အသားေရျပႆနာမျဖစ္ေစဖို႔အတြက္ ဒီအေျခခံ အသားအေရ ထိန္းသိမ္းနည္းနဲ႔ ပံုမွန္ေလးထိန္းသိမ္းထားမယ္ဆိုရင္ ေခ်ာေမြ႕ၾကည္လင္တဲ႔အသားအေရကို ရရွိၿပီး ေတာ္ရုံတန္ရုံ အေရးျပားျပႆနာမျဖစ္ေတာ့ပါဘူး။ အဲဒီလို ထိန္းသိမ္းတဲ႔အခါ မျဖစ္မေနသတိျပဳသင့္တာကေတာ့ ကိုယ္နဲ႔ကိုက္ညီတဲ့ Skin Care Product ေတြကိုေတာ့ ေရြးခ်ယ္ၿပီး သံုးေပးဖို႔ေတာ့မေမ့ပါနဲ႔။ အေျခခံက်တဲ့ ထိန္းသိမ္းပံု ထိန္းသိမ္းနည္းလမ္းေလးေတြကေတာ့……

(၁) မ်က္ႏွာသစ္ပါ

ေယာက်ာ္ေလးေတြဟာ အပ်င္းႀကီးတယ္ဆိုေပမယ့္လည္း မ်က္ႏွာသစ္ဖို႔ေလာက္ကိုေတာ့ မပ်င္းသင့္ပါဘူးေနာ္။ မ်က္ႏွာသစ္ဖို႔ အပ်င္းတစ္မေနဘဲ တစ္ေန႔ႏွစ္ႀကိမ္ေလာက္ေတာ့ သစ္ျဖစ္ေအာင္ သစ္ေပးပါ။ မ်က္ႏွာသစ္တဲ႔အခါ ေယာက်ာ္းေလးအမ်ားစုဟာ ေတြ႔ကရာ ေရခ်ဳိးဆပ္ျပာေတြနဲ႔လည္း သစ္တတ္ၾကပါေသးတယ္။ အဲဒီလိုသစ္မယ့္အစား ကိုယ့္အသားအေရနဲ႔ ကိုက္ညီတ့ဲ မ်က္ႏွာသစ္ဆပ္ျပာေကာင္းေကာင္းတစ္ခုကို ဝယ္ယူၿပီး သစ္တာပိုေကာင္းပါတယ္။ မ်က္ႏွာသစ္ၿပီးရင္ မ်က္ႏွာသုတ္ပဝါနဲ႔ ေျခာက္ေသြ႔ေအာင္ ဖြဖြေလးသုတ္ေပးပါ။ ပြတ္ဆဲြၿပီး သုတ္တာမ်ဳိး လံုးဝမလုပ္ပါနဲဲ႔ေနာ္။

(၂) မုတ္ဆိတ္ရိတ္ပါ

မုတ္ဆိတ္ရိတ္တာဟာ တစ္ကိုယ္ေရသန္႔ရွင္းေရးအတြက္ အေရးႀကီးသလို အသားအေရ ထိန္းသိမ္းတဲ႔ေနရာမွာလည္း အေရးႀကီးပါတယ္။ မုုတ္ဆိတ္ရိတ္တဲ႔အခါမွာ အေရးႀကီးဆံုးက အသံုးျပဳတဲ႔ ဓားပဲျဖစ္ပါတယ္။ အသံုးျပဳတဲ႔ဓားက မေကာင္းတဲ႔အခါ မ်က္ႏွာကို ေရာင္ရမ္းျခင္းေတြ ျဖစ္ေပၚေစသလို Breakout ေတြလည္း ျဖစ္လာေစႏိုင္ပါတယ္။ ဒါေၾကာင့္မို႔ မုတ္ဆိတ္မရိတ္ခင္ ရိတ္ရတာလြယ္ကူ ေခ်ာေမြ႔ေစဖို႔အတြက္နဲ႔ အသားအေရကို မထိခုိ္က္ေစဖို႔အတြက္ ေကာင္းမြန္တဲ႔ Shaving Cream (သို႔) Moisturise ေကာင္းေကာင္း တစ္ခုခုကို လိမ္းေပးသင့္ပါတယ္။ အဲဒီလိုလိမ္းေပးဖို႔အတြက္ Shaving Cream ေကာင္းေကာင္းေလးတစ္ခုကိုေတာ့ ေငြကုန္ေၾကးက်ခံၿပီး ရင္ႏွီးျမွဳပ္ႏွံလိုက္ပါ။ ၾကည္႔ေကာင္းတဲ႔ အသားအေရကို ရရွိပိုင္ဆိုင္ဖို႔အတြက္ မုတ္ဆိတ္မရိတ္ခင္မွာ မ်က္ႏွာေပၚရွိ ဆဲလ္ေသေတြကို ဖယ္ရွားဖို႔အတြက္ကလည္း အေရးႀကီးပါတယ္။ ဒါေၾကာင့္မို႔ ဆဲလ္ေသဖယ္ရွားျခင္းအဆင့္ကို မျဖစ္မေနျပဳလုပ္ဖို႔ တိုက္တြန္းခ်င္ပါတယ္။

(၃) ဆဲလ္ေသဖယ္ရွားျခင္း

ေယာက်ာ္းေလးေတြဟာ ဆဲလ္္ေသဖယ္ရွားျခင္းျပဳလုပ္တာဟာ သူတို႔နဲ႔သက္ဆိုင္တဲ႔ကိစၥမဟုတ္ဘူးလို႔ ထင္တတ္ၾကပါတယ္။ အမွန္ေတာ့ ဆဲလ္ေသဖယ္ရွားျခင္းဟာ ေယာက်ာ္းေလးမွ ျပဳလုပ္ရမယ္ မိန္းကေလးမွ ျပဳလုပ္ရမယ္ဆိုၿပီး ကန္႔သတ္ထားတာမ်ဳိးမရွိပါဘူး။ က်န္းမာၾကည္႔ေကာင္းတဲ့ အသားအေရ ပိုင္ဆိုင္ဖို႔ ျပဳလုပ္ရမယ့္အေျခခံအခ်က္ေတြထဲမွာ ဆဲလ္ေသဖယ္ရွားျခင္းကလည္း တစ္ခုအပါအဝင္ျဖစ္တဲ့အတြက္ လုပ္ေပးသင့္ပါတယ္။ ဒါေၾကာင့္မို႔ ေယာက်ာ္းေလးတိုင္း ဆဲလ္ေသဖယ္ရွားျခင္းကို အသားအေရထိန္းသိမ္းတဲ႔ အဆင့္တစ္ခုအေနနဲ႔ ထည့္သြင္းျပဳလုပ္သင့္ပါတယ္။ အစပိုုင္းမွာေတာ့ တစ္ပတ္တစ္ႀကိမ္ အက်င့္ျပဳလုပ္ၾကည့္ၿပီး ေနာက္ပိုင္းအက်င့္ျဖစ္သြားတဲ့အခါ ဆဲလ္ေသဖယ္ရွားတာဟာ ခက္ခဲတဲ႔ကိစၥမဟုတ္ဘဲ ပံုမွန္ေန႔တဓူဝ လုပ္တဲ႔ကိစၥလို ျဖစ္သြားမွာပါ။ ဆဲလ္ေသဖယ္ရွားျခင္းဟာ အသားအေရရွိ ဆဲလ္ေသေတြကိုသာ ကြာက်ေစရုံမက အဆီနဲ႔အညစ္အေၾကးေတြကိုပါ ဖယ္ရွားၿပီးသား ျဖစ္ေစပါတယ္။ ဆဲလ္ေသဖယ္ရွားၿပီးရင္ေတာ့ Characoal Face Mask လိုမ်ဳိး ေရဓာတ္ျပည္႔ေစတဲ႔ မ်က္ႏွာေပါင္းတင္ Mask တစ္မ်ဳိးမ်ဳိးကို ကပ္ေပးသင့္ပါတယ္။ ဆဲလ္ေသဖယ္ရွားတဲ႔အဆင့္ေတြ ျပဳလုပ္ရတာ မ်ားတယ္လို႔ ထင္ရေသာ္လည္း ဒီလိုျပဳလုပ္ေပးျခင္းက မ်က္ႏွာေပၚရွိ မလိုလားအပ္တဲ႔ အဆီပိုေတြနဲ႔ ဆဲလ္ေသေတြကို ဖယ္ရွားၿပီးသားျဖစ္ကာ သန္႔ရွင္းၾကည္လင္ ဝင္းဖန္႔တဲ႔ အသားအေရကို ရရွိပိုင္ဆိုင္ႏိုင္ေစပါတယ္။

(၄) ေရဓာတ္ျဖည္႔ေပးပါ

ၾကည္လင္ဝင္းဖန္႔တဲ႔ အသားအေရကို ရရွိၿပီးဆိုရင္ေတာ့ ေရဓာတ္ျဖည္႔ရမယ့္အဆင့္ကို ေရာက္ရွိလုိ႔လာပါၿပီ။ ေရဓာတ္ျဖည့္မယ္ဆိုရင္ေတာ့ ကိုယ့္အသားအေရနဲ႔ ကိုက္ညီတဲ႔ ေရဓာတ္ျဖည္႔ခရင္မ္အမ်ဳိးအစားကို ေရြးခ်ယ္သံုးေပးသင့္ပါတယ္။ ဘယ္္လို ေရဓာတ္ျဖည္႔ခရင္မ္ကို ေရြးခ်ယ္ရမလဲ မသိခဲ့ရင္ Gel-Based အမ်ဳိးအစား ေရဓာတ္ျဖည္႔ခရင္မ္ကိုသာ ေရြးခ်ယ္သံုးစဲြလိုက္ပါ။ တခ်ဳိ႕ေသာ Gel-Based အမ်ဳိးအစား ေရဓာတ္ျဖည့္ခရင္မ္က အသားအေရကို ေစးကပ္ကပ္မျဖစ္ေစတဲ႔အတြက္ လိမ္းရတာလည္း လြယ္ကူေခ်ာေမြ႔ေစတဲ႔အျပင္ SPF 20 (သို႔) 20 အထက္ ပါဝင္တဲ႔အတြက္ ေနေလာင္ဒဏ္ကိုလည္း ကာကြယ္ၿပီးသားျဖစ္ေစပါတယ္။ Gel-Based အမ်ဳိးအစားကို လိမ္းလိုက္ရင္ ေနေလာင္ဒဏ္ခရင္မ္ကို သီးသန္႔ေငြကုန္ေၾကးက်ခံၿပီး လိမ္းေနစရာ မလိုေတာ့ပါဘူး။

(၅) ေရမ်ားမ်ားေသာက္ပါ

ေနာက္ဆံုးအဆင့္ကေတာ့ ပိုက္ဆံအကုန္အက်အနည္းဆုံးနဲ႔ အသားအေရထိန္းသိမ္းႏုိင္တဲ့ နည္းလမ္းတစ္ခုကေတာ့ ေရေသာက္ျခင္းပဲ ျဖစ္ပါသည္။ မ်က္ႏွာအသားအေရ စိုျပည္ေစရန္ အစိုဓာတ္ထိန္းခရင္မ္တစ္ခုတည္းကို အားကိုးလို႔မရဘဲ ေရမ်ားမ်ားေသာက္တဲ့ အေလ့အထကိုပါ တဲြၿပီးျပဳလုပ္ေပးသင့္ပါတယ္။ တစ္ေန႔ကို အနည္းဆံုး ေရႏွစ္လီတာ ေသာက္သံုးေပးသင့္ပါတယ္္။ ထိုကဲ့သို႔ ေရမ်ားမ်ား ေသာက္သုံးေပးျခင္းက ခႏၶာကိုယ္အတြင္းရွိ ဆဲလ္ေတြကို သန္႔ရွင္းေစရုံသာမက အသားအေရ အေပၚယံလႊာကိုလည္း ၾကည္လင္ေတာက္ပလာေစပါတယ္။

အထက္မွာ ေဖာ္ျပေပးခဲ့တဲ့ အဆင့္ငါးဆင့္ကိုျပဳလုပ္ေနရင္နဲ႔ေတာင္ အသားအေရက က်န္းမာတဲ႔ အသားအေရမ်ဳိး မျဖစ္ေသးဘဲ တျခားေသာျပႆနာမ်ား ရွိေနေသးတယ္ဆိုရင္ေတာ့ ကၽြမ္းက်င္တဲ႔ သက္ဆိုင္ရာအေရျပားဆရာ၀န္ႏွင့္ အျမန္ဆံုးျပသတိုင္ပင္္ ေဆြးေႏြးသင့္ပါတယ္။

H.H(Akhayar)

www.akhayar.com

[Unicode]

ပျိုတိုင်းခိုက်တဲ့ ကြည်လင်ရှင်းသန့် အသားအရေကို ယောကျာ်သားတိုင်းပိုင်ဆိုင်နိုင်စေဖို့

ယနေ့ခတ်မှာ Skin Care ပြုလုပ်ခြင်းကို အမျိုးသမီးတွေသာမက အမျိုးသားတွေပါ ဂရုတစိုက်လေး ပြုလုပ်လာကြပါတယ်။ မဖြစ်မနေသွားရမယ့် အလုပ်အင်တာဗျူးတွေ၊ လူကြီးမိဘတွေနဲ့ တွေ့ဆုံဖို့တွေ၊ အရေးကြီးတွေ့ဆုံပွဲတွေရှိတဲ့အခါကျမှ Breakout တွေဖြစ်လာရင် သူသူငါငါ အနည်းအကျဉ်းတော့ စိတ်အနှောင့်အယှက်ဖြစ်ကြပါတယ်။ အဲဒီလိုရုတ်တရက်ကြီး ဝက်ခြံပေါက်တာမျိုးနဲ့ အသားရေပြဿနာမဖြစ်စေဖို့အတွက် ဒီအခြေခံ အသားအရေ ထိန်းသိမ်းနည်းနဲ့ ပုံမှန်လေးထိန်းသိမ်းထားမယ်ဆိုရင် ချောမွေ့ကြည်လင်တဲ့အသားအရေကို ရရှိပြီး တော်ရုံတန်ရုံ အရေးပြားပြဿနာမဖြစ်တော့ပါဘူး။ အဲဒီလို ထိန်းသိမ်းတဲ့အခါ မဖြစ်မနေသတိပြုသင့်တာကတော့ ကိုယ်နဲ့ကိုက်ညီတဲ့ Skin Care Product တွေကိုတော့ ရွေးချယ်ပြီး သုံးပေးဖို့တော့မမေ့ပါနဲ့။ အခြေခံကျတဲ့ ထိန်းသိမ်းပုံ ထိန်းသိမ်းနည်းလမ်းလေးတွေကတော့……

(၁) မျက်နှာသစ်ပါ

ယောကျာ်လေးတွေဟာ အပျင်းကြီးတယ်ဆိုပေမယ့်လည်း မျက်နှာသစ်ဖို့လောက်ကိုတော့ မပျင်းသင့်ပါဘူးနော်။ မျက်နှာသစ်ဖို့ အပျင်းတစ်မနေဘဲ တစ်နေ့နှစ်ကြိမ်လောက်တော့ သစ်ဖြစ်အောင် သစ်ပေးပါ။ မျက်နှာသစ်တဲ့အခါ ယောကျာ်းလေးအများစုဟာ တွေ့ကရာ ရေချိုးဆပ်ပြာတွေနဲ့လည်း သစ်တတ်ကြပါသေးတယ်။ အဲဒီလိုသစ်မယ့်အစား ကိုယ့်အသားအရေနဲ့ ကိုက်ညီတဲ့ မျက်နှာသစ်ဆပ်ပြာကောင်းကောင်းတစ်ခုကို ဝယ်ယူပြီး သစ်တာပိုကောင်းပါတယ်။ မျက်နှာသစ်ပြီးရင် မျက်နှာသုတ်ပဝါနဲ့ ခြောက်သွေ့အောင် ဖွဖွလေးသုတ်ပေးပါ။ ပွတ်ဆွဲပြီး သုတ်တာမျိုး လုံးဝမလုပ်ပါနဲ့နော်။

(၂) မုတ်ဆိတ်ရိတ်ပါ

မုတ်ဆိတ်ရိတ်တာဟာ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် အရေးကြီးသလို အသားအရေ ထိန်းသိမ်းတဲ့နေရာမှာလည်း အရေးကြီးပါတယ်။ မုတ်ဆိတ်ရိတ်တဲ့အခါမှာ အရေးကြီးဆုံးက အသုံးပြုတဲ့ ဓားပဲဖြစ်ပါတယ်။ အသုံးပြုတဲ့ဓားက မကောင်းတဲ့အခါ မျက်နှာကို ရောင်ရမ်းခြင်းတွေ ဖြစ်ပေါ်စေသလို Breakout တွေလည်း ဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့်မို့ မုတ်ဆိတ်မရိတ်ခင် ရိတ်ရတာလွယ်ကူ ချောမွေ့စေဖို့အတွက်နဲ့ အသားအရေကို မထိခိုက်စေဖို့အတွက် ကောင်းမွန်တဲ့ Shaving Cream (သို့) Moisturise ကောင်းကောင်း တစ်ခုခုကို လိမ်းပေးသင့်ပါတယ်။ အဲဒီလိုလိမ်းပေးဖို့အတွက် Shaving Cream ကောင်းကောင်းလေးတစ်ခုကိုတော့ ငွေကုန်ကြေးကျခံပြီး ရင်နှီးမြှုပ်နှံလိုက်ပါ။ ကြည့်ကောင်းတဲ့ အသားအရေကို ရရှိပိုင်ဆိုင်ဖို့အတွက် မုတ်ဆိတ်မရိတ်ခင်မှာ မျက်နှာပေါ်ရှိ ဆဲလ်သေတွေကို ဖယ်ရှားဖို့အတွက်ကလည်း အရေးကြီးပါတယ်။ ဒါကြောင့်မို့ ဆဲလ်သေဖယ်ရှားခြင်းအဆင့်ကို မဖြစ်မနေပြုလုပ်ဖို့ တိုက်တွန်းချင်ပါတယ်။

(၃) ဆဲလ်သေဖယ်ရှားခြင်း

ယောကျာ်းလေးတွေဟာ ဆဲလ်သေဖယ်ရှားခြင်းပြုလုပ်တာဟာ သူတို့နဲ့သက်ဆိုင်တဲ့ကိစ္စမဟုတ်ဘူးလို့ ထင်တတ်ကြပါတယ်။ အမှန်တော့ ဆဲလ်သေဖယ်ရှားခြင်းဟာ ယောကျာ်းလေးမှ ပြုလုပ်ရမယ် မိန်းကလေးမှ ပြုလုပ်ရမယ်ဆိုပြီး ကန့်သတ်ထားတာမျိုးမရှိပါဘူး။ ကျန်းမာကြည့်ကောင်းတဲ့ အသားအရေ ပိုင်ဆိုင်ဖို့ ပြုလုပ်ရမယ့်အခြေခံအချက်တွေထဲမှာ ဆဲလ်သေဖယ်ရှားခြင်းကလည်း တစ်ခုအပါအဝင်ဖြစ်တဲ့အတွက် လုပ်ပေးသင့်ပါတယ်။ ဒါကြောင့်မို့ ယောကျာ်းလေးတိုင်း ဆဲလ်သေဖယ်ရှားခြင်းကို အသားအရေထိန်းသိမ်းတဲ့ အဆင့်တစ်ခုအနေနဲ့ ထည့်သွင်းပြုလုပ်သင့်ပါတယ်။ အစပိုင်းမှာတော့ တစ်ပတ်တစ်ကြိမ် အကျင့်ပြုလုပ်ကြည့်ပြီး နောက်ပိုင်းအကျင့်ဖြစ်သွားတဲ့အခါ ဆဲလ်သေဖယ်ရှားတာဟာ ခက်ခဲတဲ့ကိစ္စမဟုတ်ဘဲ ပုံမှန်နေ့တဓူဝ လုပ်တဲ့ကိစ္စလို ဖြစ်သွားမှာပါ။ ဆဲလ်သေဖယ်ရှားခြင်းဟာ အသားအရေရှိ ဆဲလ်သေတွေကိုသာ ကွာကျစေရုံမက အဆီနဲ့အညစ်အကြေးတွေကိုပါ ဖယ်ရှားပြီးသား ဖြစ်စေပါတယ်။ ဆဲလ်သေဖယ်ရှားပြီးရင်တော့ Characoal Face Mask လိုမျိုး ရေဓာတ်ပြည့်စေတဲ့ မျက်နှာပေါင်းတင် Mask တစ်မျိုးမျိုးကို ကပ်ပေးသင့်ပါတယ်။ ဆဲလ်သေဖယ်ရှားတဲ့အဆင့်တွေ ပြုလုပ်ရတာ များတယ်လို့ ထင်ရသော်လည်း ဒီလိုပြုလုပ်ပေးခြင်းက မျက်နှာပေါ်ရှိ မလိုလားအပ်တဲ့ အဆီပိုတွေနဲ့ ဆဲလ်သေတွေကို ဖယ်ရှားပြီးသားဖြစ်ကာ သန့်ရှင်းကြည်လင် ဝင်းဖန့်တဲ့ အသားအရေကို ရရှိပိုင်ဆိုင်နိုင်စေပါတယ်။

(၄) ရေဓာတ်ဖြည့်ပေးပါ

ကြည်လင်ဝင်းဖန့်တဲ့ အသားအရေကို ရရှိပြီးဆိုရင်တော့ ရေဓာတ်ဖြည့်ရမယ့်အဆင့်ကို ရောက်ရှိလို့လာပါပြီ။ ရေဓာတ်ဖြည့်မယ်ဆိုရင်တော့ ကိုယ့်အသားအရေနဲ့ ကိုက်ညီတဲ့ ရေဓာတ်ဖြည့်ခရင်မ်အမျိုးအစားကို ရွေးချယ်သုံးပေးသင့်ပါတယ်။ ဘယ်လို ရေဓာတ်ဖြည့်ခရင်မ်ကို ရွေးချယ်ရမလဲ မသိခဲ့ရင် Gel-Based အမျိုးအစား ရေဓာတ်ဖြည့်ခရင်မ်ကိုသာ ရွေးချယ်သုံးစွဲလိုက်ပါ။ တချို့သော Gel-Based အမျိုးအစား ရေဓာတ်ဖြည့်ခရင်မ်က အသားအရေကို စေးကပ်ကပ်မဖြစ်စေတဲ့အတွက် လိမ်းရတာလည်း လွယ်ကူချောမွေ့စေတဲ့အပြင် SPF 20 (သို့) 20 အထက် ပါဝင်တဲ့အတွက် နေလောင်ဒဏ်ကိုလည်း ကာကွယ်ပြီးသားဖြစ်စေပါတယ်။ Gel-Based အမျိုးအစားကို လိမ်းလိုက်ရင် နေလောင်ဒဏ်ခရင်မ်ကို သီးသန့်ငွေကုန်ကြေးကျခံပြီး လိမ်းနေစရာ မလိုတော့ပါဘူး။

(၅) ရေများများသောက်ပါ

နောက်ဆုံးအဆင့်ကတော့ ပိုက်ဆံအကုန်အကျအနည်းဆုံးနဲ့ အသားအရေထိန်းသိမ်းနိုင်တဲ့ နည်းလမ်းတစ်ခုကတော့ ရေသောက်ခြင်းပဲ ဖြစ်ပါသည်။ မျက်နှာအသားအရေ စိုပြည်စေရန် အစိုဓာတ်ထိန်းခရင်မ်တစ်ခုတည်းကို အားကိုးလို့မရဘဲ ရေများများသောက်တဲ့ အလေ့အထကိုပါ တွဲပြီးပြုလုပ်ပေးသင့်ပါတယ်။ တစ်နေ့ကို အနည်းဆုံး ရေနှစ်လီတာ သောက်သုံးပေးသင့်ပါတယ်။ ထိုကဲ့သို့ ရေများများ သောက်သုံးပေးခြင်းက ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်တွေကို သန့်ရှင်းစေရုံသာမက အသားအရေ အပေါ်ယံလွှာကိုလည်း ကြည်လင်တောက်ပလာစေပါတယ်။

အထက်မှာ ဖော်ပြပေးခဲ့တဲ့ အဆင့်ငါးဆင့်ကိုပြုလုပ်နေရင်နဲ့တောင် အသားအရေက ကျန်းမာတဲ့ အသားအရေမျိုး မဖြစ်သေးဘဲ တခြားသောပြဿနာများ ရှိနေသေးတယ်ဆိုရင်တော့ ကျွမ်းကျင်တဲ့ သက်ဆိုင်ရာအရေပြားဆရာဝန်နှင့် အမြန်ဆုံးပြသတိုင်ပင် ဆွေးနွေးသင့်ပါတယ်။

H.H(Akhayar)

www.akhayar.com