[Zawgyi]
Acer Swift 3
Acer Swift 3
Acer Swift 3
Acer Swift 3
ရိုးလူ (Akhayar)
www.akhayar.com
Ref : The Washington Post
[Unicode]
ဒီနှစ်အော်စကာဖက်ရှင်မှာတော့ နိုင်ငံရေး၊ အမျိုးသမီးရေးလှုပ်ရှားမှုတွေသိပ်မတွေ့ရ
အမေရိကန်နိုင်ငံမှာ မတ်လ ၄ ရက် ညနေ ၅နာရီ (ဒီမှာတော့ မတ်လ ၅ရက် မနက် ရး၃၀) ကစပြီး အကြိမ် ၉၀ မြောက် အော်စကာဆုပေးပွဲကြီး ကျင်းပနေပါပြီ။ သိတဲ့အတိုင်း အော်စကာရဲ့ ကော်ဇောနီစင်မြင့်ပေါ်မှာ ဖက်ရှင်အရောင်အသွေးစုံဟာ ဖိတ်ဖိတ်လက်လို့ပါပဲ။ ဒါပေမယ့် အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ ထိပါးမှုကိုဆန့်ကျင်တဲ့ အနက်ရောင်ဝတ်စုံတို့၊ အဖြူရောင်နှင်းဆီတို့ သိပ်မတွေ့ရဘဲ ကိုယ့်ဒီဇိုင်းနဲ့ကိုယ် ဝတ်စားလာကြတာပဲ တွေ့ရပါတယ်။
Acer Swift 3
Acer Swift 3
Acer Swift 3 အကြောင်း အသေးစိတ်ကြည့်ရန်
အနက်ရောင်ဝတ်စုံနည်းနည်း၊ အဖြူရောင်ဝတ်စုံများများ၊ အနီ ဒါမှမဟုတ် Blush Tone တွေ၊ မီးခိုးနဲ့ ငွေရောင်တွေနဲ့ Caramel အရောင်တွေ ကြီးစိုးနေတဲ့ အော်စကာညချမ်းပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲနဲ့ လန်ဒန်မှာလုပ်တဲ့ BAFTAs ပွဲမှာလို အမျိုးသား၊ အမျိုးသမီးတန်းတူညီမျှမှုအတွက်လှုံ့ဆော်တဲ့ အနက်ရောင်ဝတ်စုံဝတ်ဆင်မှုမျိုးတွေ သိပ်မတွေ့ရဘူးလို့ ဆိုလို့ ရပါတယ်။
ဒီတော့ တက်ကြွလှုပ်ရှားသူတွေဝတ်တတ်တဲ့ ရင်ထိုးတွေလည်း မတွေ့ခဲ့ရဘူးပေါ့။ တကယ်တော့ အခုချိန်ဟာ အမျိုးသမီးထုကြီးရဲ့ Time’s Up လှုပ်ရှားမှု ပြီးရင် သေနတ်ကိုင်အကြမ်းဖက်မှုနဲ့ လက်နက်ထိန်းချုပ်ရေးလှုပ်ရှားမှုတွေအတွက် ပြင်းပြင်းထန်ထန်လှုံ့ဆော်နေကြတဲ့အချိန်လည်း ဖြစ်ပါတယ်။
Acer Swift 3
Acer Swift 3
Acer Swift 3 အကြောင်း အသေးစိတ်ကြည့်ရန်
ပုံမှန်ဆို အော်စကာရဲ့ ကော်ဇော်နီလျှောက်လမ်းပေါ်က ဖက်ရှင်တွေဟာ လူအများအာရုံစိုက်လွန်းလို့ ဒီဇိုင်နာတွေကလည်း သူတို့ လက်ရာတွေနဲ့ မင်းသားမင်းသမီးကို အပြိုင်အဆိုင်ဆင်၊ တက်ကြွလှုပ်ရှားသူတွေကလည်း ပြောချင်တဲ့ သတင်းစကားတွေကိုလည်း ဝတ်စုံက တဆင့် ဖော်ပြကြပေမယ့် ဒီနှစ်အော်စကာမှာတော့ ပုံမှန်ဖက်ရှင်ကျကျဝတ်စားမှုတွေသာ တွေ့ရကြောင်းပါ။
ရိုးလူ (Akhayar)
www.akhayar.com