[Zawgyi]

ကမာၻ႔ေပၚရွိ အလံုျခံဳစိတ္ခ်ရဆံုး ေလေၾကာင္းလုိင္းမ်ား

ကမာၻ႔ေပၚရွိ သန္းေပါင္းမ်ားစြာေသာလူေတြက ေလယာဥ္စီးၿပီး ခရီးသြားလာရမွာကို ေၾကာက္တတ္ၾကပါတယ္။ အဲဒီလိုေၾကာက္တတ္တဲ႔သူေတြကို Aerophobia လို႔လည္း လူသိမ်ားၾကပါတယ္။ အမ်ားစုေသာလူေတြက ေလယာဥ္မစီးခင္မွာ ေလယာဥ္ပ်က္က်မႈကိုေတြးေၾကာက္ၿပီး စိုးရိမ္ပူပန္မႈေတြျဖစ္ကာမူးေဝျခင္းေတြကို ခံစားရတတ္ပါတယ္။ ဒါေပမယ္ ့ကိုယ္စီးတဲ႔ ေလေၾကာင္းလိုင္းက ယံုၾကည္စိတ္ခ်ရတဲ႔ ေလေၾကာင္းလိုင္းျဖစ္ရင္ စိတ္ပူပန္မႈေတြ အနည္းအက်ဥ္းေလ်ာ့က်ေစၿပီး သက္ေတာင္႔သက္သာနဲ႔ ခရီးသြားႏိုင္မွာ အေသအခ်ာပါပဲ။

ကမာၻ႔ေပၚရွိ အလံုျခံဳဆံုး ေလေၾကာင္းလုိင္းေတြအျဖစ္ နာမည္ေက်ာ္ၾကားေနတဲ႔ ေလေၾကာင္းလုိင္းေတြဟာ လိုက္ပါစီးနင္းသူေတြရဲ႕ ယံုၾကည္ကိုးစားမႈကို ရရွိထားၿပီး သက္ေတာင္႔သက္သာရွိတဲ့ ေလေၾကာင္းလိုင္းေတြအျဖစ္ လက္ခံထားတဲ႔ ေလေၾကာင္းလုိင္းေတြပဲ ျဖစ္ပါတယ္။ ဒီေလေၾကာင္းလိုင္းေတြကို သိရွိထားခဲ႔ရင္ ေနာက္တစ္ခါခရီးသြားျဖစ္ခဲ႔ရင္ ပိုၿပီးအဆင္ေျပ လြယ္ကူေခ်ာေမြ႔မယ္လို႔ ထင္ပါတယ္။ ဘယ္ေလေၾကာင္းလုိင္းေတြက ယံုၾကည္စိတ္အခ်ရဆံုးလဲဆိုေတာ့ ….

(၁) Virgin Australia, Australia

ဒီေလေၾကာင္းလိုင္းဟာ ၁၉၉၉ ခုနစ္မွာ စတင္တည္ေထာင္ခဲ႔တာျဖစ္ၿပီး Australia မွာ ဒုတိယအႀကီးဆံုး ေလေၾကာင္းလိုင္း ျဖစ္ပါတယ္။ ဒီေလေၾကာင္းလုိင္းဟာ စတင္ေျပးဆဲြတဲ႔အခ်ိန္ကစၿပီး တစ္ခါမွ ဆိုးဆိုးဝါးဝါး ေလယာဥ္ပ်က္က်တာမ်ဳိး မရွိခဲ႔ဘူးတဲ႔ တန္ဖုိးနည္း အလံုျခံဳဆုံး ေလေၾကာင္းလုိင္းတစ္ခု ျဖစ္ပါတယ္။

Virgin Australia

Virgin Australia

(၂) Emirates, UAE

၃၇ ႏွစ္ သက္တမ္းရွိတဲ႔ ဒီေလေၾကာင္းလိုင္းက တစ္ခါမွ ေလယာဥ္ပ်က္က်တာမ်ဳိး မရွိခဲ့ပါဘူး။ ဒီေလေၾကာင္းလိုင္းဟာ တစ္ပတ္ကို ပ်ံသန္းမႈေပါင္း ၂,၅၀၀ ေက်ာ္ပ်ံသန္းမႈလုပ္ကိုုင္ေနတ့ဲ အေရွ႕အလယ္ပိုင္းရွိ အႀကီးမားဆံုး ေလေၾကာင္းကုမၸဏီတစ္ခု ျဖစ္ပါတယ္။

Emirates

Emirates

(၃) Virgin Atlantic Airways, Great Britain

Virgin Atlantic Airways ကိုေတာ့ ၁၉၈၄ ခုနစ္မွာ စတင္တည္ေထာင္္ခဲ႔တာျဖစ္ပါတယ္။ လက္ရွိမွာေတာ့ အမ်ားစုေသာ Virgin Atlantic ေလေၾကာင္းလိုင္းေတြဟာ ႏိုင္ငံတကာ ခရီးေဝး ပ်ံသန္းမႈေတြ ျပဳလုပ္လ်က္ရွိပါတယ္။ ဒီေလေၾကာင္းလိုင္းဟာ မေတာ္တဆထိခုိက္မႈေတြ ျဖစ္ပြားဖူးေသာ္လည္း တစ္ခါမွေတာ့ ဆိုးဆိုးဝါးဝါး ေလယာဥ္ပ်က္က်မႈေတြေတာ့ မျဖစ္ဖူးပါဘူး။ ၂၀၁၃ ခုနစ္မွာ လန္ဒန္ကေန နယူးေယာက္ကို လုိက္ပါစီးနင္းတဲ႔ ပထမအတန္းကခရီးသည္ဟာ ထူးျခားတဲ့ အခြင္႔အေရးတစ္ခုကို ရရွိခဲ႔ပါတယ္။ သူရရွိခဲ႔တဲ႔ ထူးျခားအခြင္႔အေရးကေတာ့ ေလထဲကေန စီးပြားျဖစ္အႏုပညာျပခန္းကို ၾကည္႔ရႈခြင္႔ ရရွိခဲ့ျခင္း ျဖစ္ပါတယ္။

Virgin Atlantic Airways

Virgin Atlantic Airways

(၄) KLM, Netherlands

KLM ေလေၾကာင္းလိုင္းက ၁၉၁၉ ခုနစ္မွာ တည္ေထာင္ခဲ႔တ႔ဲ ေလေၾကာင္းလိုင္းျဖစ္ၿပီး ကမာၻ႔ေပၚမွာ ေရွးအက်ဆံုးေလေၾကာင္းကုမၸဏီတစ္ခု ျဖစ္ပါတယ္။ ဒီေလေၾကာင္းလိုင္းရဲ႕ စိတ္ဝင္စားစရာေကာင္းတဲ႔ ထူးျခားခ်က္တစ္ခုကေတာ့ အြန္းလိုင္းကေန ထုိင္ခံုဝယ္ယူတဲ႔အခါ ကိုယ္ေဘးနားက ထုိင္မယ္႔ခရီးသည္ကို ေရြးခ်ယ္ႏို္င္ၿပီး အဆိုပါခရီးသည္ရဲ႕ အခ်က္အလက္နဲ႔ Social Network ေတြကိုပါ ၾကည္႔ရႈလို႔ရျခင္းပဲ ျဖစ္ပါတယ္။ KLM ရဲ႕ေနာက္ဆံုးနဲ႔ အဆိုးဆံုးျဖစ္ပြားခဲ႔တဲ႔ ေလယာဥ္ပ်က္က်မႈကေတာ့ ၁၉၇၇ ခုနစ္မွာ ျဖစ္ပြားခဲ႔တာ ျဖစ္ပါတယ္။

KLM

KLM

(၅) Easy Jet, Great Britain

Easy Jet ဟာ တန္ဖိုးနည္း ေလေၾကာင္းလိုင္းစာရင္းထဲမွာ တစ္ခုအပါအဝင္ ျဖစ္ပါတယ္။ Easy Jet ကို 1995 ခုနစ္မွာ စတင္တည္ေထာင္ခဲ႔တာျဖစ္ၿပီး လက္ရွိမွာေတာ့ Great Britain မွာ အႀကီးမားဆံုးေလေၾကာင္းလိုင္းတစ္ခုအျဖစ္ ရပ္တည္ေနပါတယ္။ ဒီေလေၾကာင္းလိုင္းဟာ ဒုတိယအႀကီးဆံုး တန္ဖိုးနည္း ေလေၾကာင္းလမ္းတစ္ခု ျဖစ္ပါတယ္။ စတင္တည္ေထာင္ခ်ိန္ကတည္းက တစ္ခါမွေလယာဥ္ပ်က္က်မႈ မရွိခဲ႔တဲ့ ေလေၾကာင္းလိုင္း ျဖစ္ပါတယ္။

Easyjet

Easyjet

(၆) Finnair, Finland

လြန္ခဲ႔ေသာႏွစ္ေပါင္း ၅၀ ေက်ာ္ကတည္းက တည္ရွိလာတဲ႔ ဒီေလေၾကာင္းလိုင္းဟာ တစ္ခါမွ မေတာ္တဆမႈ မျဖစ္ဖူးတဲ႔အတြက္ ေဘးအကင္းဆုံးေလေၾကာင္းလိုင္းေတြထဲမွာ ပါဝင္လာခဲ႔ျခင္း ျဖစ္ပါတယ္။ Finland ႏိုင္ငံရဲ႕ လူဦးေရဟာ ၅ သန္းေက်ာ္ပဲရွိေသာ္လည္း Finnair နဲ႔ ႏွစ္စဥ္လိုက္ပါစီးနင္းတဲ႔ခရီးသည္ေပါင္းဟာ ၁၀ သန္းေက်ာ္ရွိ္ပါတယ္။ Finnair ဟာ ၂၀၁၆ ခုနစ္ ဇန္နဝါရီလမွာေတာ့ ကမာၻ႔ေပၚရွိ အခ်ိန္မွန္ဆံုးေလေၾကာင္းလိုင္းအျဖစ္ နာမည္တြင္လာခဲ႔ပါတယ္။

Finnair

Finnair

(၇) Etihad Airways, UAE

Etihad Airways ကိုေတာ့ ၂၀၀၃ ခုနစ္မွာ စတင္တည္ေထာင္ခဲ႔တဲ႔ ေလေၾကာင္းလိုင္းတစ္ခု ျဖစ္ပါတယ္။ စတင္တည္ေထာင္တဲ႔ ၂၀၁၃ ခုနစ္မွာ ကေလးေတြနဲ႔ ခရီးသြားတဲ႔ ခရီးသည္ေတြအတြက္ ေလယာဥ္ေပၚမွာ “Flying Nanny” လို႔ေခၚတဲ႔ ကေလးထိန္းေတြပါဝင္တဲ႔ ဝန္ေဆာင္မႈကို ေပးစြမ္းခဲ႔တဲ႔ ေလေၾကာင္းလုိင္းတစ္ခု ျဖစ္ပါတယ္။ ကေလးေတြရဲ႕အုပ္ထိန္းသူေတြ ရုပ္ရွင္ၾကည္႔ တေရးအိပ္ေနတဲ႔အခ်ိန္မွာ “Flying Nanny” ေတြက ကေလးငယ္ေတြကို ၾကည္္႔ရႈေစာင္႔ေရွာက္ေပးမွာ ျဖစ္ပါတယ္။ ဒီေလေၾကာင္းလိုင္းသက္တမ္းတစ္ေလွ်ာက္မွာ ၂၀၀၇ ခုနစ္တုန္းက မေတာ္တဆမႈ တစ္ႀကိမ္ ျဖစ္ပြားခဲ႔ဖူးပါတယ္။ ကံေကာင္းစြာနဲ႔ အဲ႔မေတာ္တဆမႈတုန္းကလည္း လူတစ္ဦးတစ္ေယာက္မွ ေသေၾကပ်က္စီးခဲ႔ျခင္း မရွိခဲ႔ပါဘူး။

Etihad Airways

Etihad Airways

(၈) Spirit Airlines, USA

Spirit Airlines ကေတာ့ တန္ဖိုးနည္းေလေၾကာင္းလိုင္းေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ ဒီေလေၾကာင္းလိုင္းဟာ ကမာၻ႔ေပၚရွိ ပထမဦးဆံုး ဘတ္ဂ်က္ေလေၾကာင္းလုိင္းလို႔ ျဖစ္ပါတယ္။ အဆိုပါေလေၾကာင္းလိုင္းဟာ အေမရိကန္ျပည္ေထာင္စုရွိ ေနရာမ်ားစြာကို ပ်ံသန္းသလို၊ Caribbean ကၽြန္းစုကုိလည္း ပ်ံသန္းကာ Latin America ႏုိင္ငံေတြျဖစ္တဲ႔ Costa Rica ၊ Mexico နဲ႔ Panama တို႔ဆီကိုလည္း ပ်ံသန္းပါတယ္။ သူတိို႔ေလေၾကာင္းလိုင္းသမုိင္းမွာ ႀကီးမားတဲ႔ မေတာ္တဆမႈ တစ္ခါမွ မျဖစ္ပြားဖူးပါဘူး။

Spirit Airlines

Spirit Airlines

(၉) Lufthansa, Germany

အႀကီးမားဆံုး Germany ေလေၾကာင္းလမ္းျဖစ္ၿပီး သက္တမ္း ၅၀ ရွိေနတဲ႔ ဒီေလေၾကာင္းလမ္းဟာ ဥေရာပရဲ႕အေကာင္းဆံုးေလေၾကာင္းလိုင္းအျဖစ္လည္း နာမည္တြင္ပါတယ္။ ဒီေလေၾကာင္းလိုင္းဟာ ေဘးကင္းၿပီးျပည္႔စံုေသာ ဝန္ေဆာင္မႈနဲ႔ ျမင္႔မားတဲ႔ လံုျခံဳစိတ္ခ်မႈကို ေပးစြမ္းႏိုင္တဲ႔အတြက္ ဒီစာရင္းထဲမွာပါဝင္တာကေတာ့ မထူးဆန္းပါဘူး။ ဒါေပမယ္႔ ဒီေလေၾကာင္းလိုင္းဟာ ၁၉၉၃ ခုနစ္မွာ ေလယာဥ္ပ်က္က်မႈ တစ္ခါျဖစ္ဖူးပါတယ္။

Lufthansa

Lufthansa

အခုေဖာ္ျပတဲ႔ ေလေၾကာင္းလုိင္းေတြဟာ ေဘးကင္းလံုျခံဳစိတ္ခ်မႈကို ေပးစြမ္းႏိုင္တဲ႔ ေလေၾကာင္းလုိုင္းတခ်ဳိ႕ျဖစ္ၿပီး တခ်ဳိ႕ေသာေဘးကင္းစိတ္ခ်ရတဲ႔ ေလေၾကာင္းလိုင္းေတြလည္း ရွိပါေသးတယ္။ပရိသတ္ႀကီးေကာ ေလယာဥ္စီးတဲ႔အခါမွာ ဘယ္လုိခံစားရေလ့ရွိၿပီး ဘယ္လုိအခ်က္ေတြနဲ႔ ေလေၾကာင္းလိုင္းေတြကို ေရြးခ်ယ္ေလ့ရွိလဲဆိုတာကို ျပန္လည္မွ်ေဝေပးခဲ့ပါဦးေနာ္။

H.H(Akhayar)
www.akhayar.com

[Unicode]

ကမ္ဘာ့ပေါ်ရှိ အလုံခြုံစိတ်ချရဆုံး လေကြောင်းလိုင်းများ

ကမ္ဘာ့ပေါ်ရှိ သန်းပေါင်းများစွာသောလူတွေက လေယာဉ်စီးပြီး ခရီးသွားလာရမှာကို ကြောက်တတ်ကြပါတယ်။ အဲဒီလိုကြောက်တတ်တဲ့သူတွေကို Aerophobia လို့လည်း လူသိများကြပါတယ်။ အများစုသောလူတွေက လေယာဉ်မစီးခင်မှာ လေယာဉ်ပျက်ကျမှုကိုတွေးကြောက်ပြီး စိုးရိမ်ပူပန်မှုတွေဖြစ်ကာမူးဝေခြင်းတွေကို ခံစားရတတ်ပါတယ်။ ဒါပေမယ့်ကိုယ်စီးတဲ့ လေကြောင်းလိုင်းက ယုံကြည်စိတ်ချရတဲ့ လေကြောင်းလိုင်းဖြစ်ရင် စိတ်ပူပန်မှုတွေ အနည်းအကျဉ်းလျော့ကျစေပြီး သက်တောင့်သက်သာနဲ့ ခရီးသွားနိုင်မှာ အသေအချာပါပဲ။

ကမ္ဘာ့ပေါ်ရှိ အလုံခြုံဆုံး လေကြောင်းလိုင်းတွေအဖြစ် နာမည်ကျော်ကြားနေတဲ့ လေကြောင်းလိုင်းတွေဟာ လိုက်ပါစီးနင်းသူတွေရဲ့ ယုံကြည်ကိုးစားမှုကို ရရှိထားပြီး သက်တောင့်သက်သာရှိတဲ့ လေကြောင်းလိုင်းတွေအဖြစ် လက်ခံထားတဲ့ လေကြောင်းလိုင်းတွေပဲ ဖြစ်ပါတယ်။ ဒီလေကြောင်းလိုင်းတွေကို သိရှိထားခဲ့ရင် နောက်တစ်ခါခရီးသွားဖြစ်ခဲ့ရင် ပိုပြီးအဆင်ပြေ လွယ်ကူချောမွေ့မယ်လို့ ထင်ပါတယ်။ ဘယ်လေကြောင်းလိုင်းတွေက ယုံကြည်စိတ်အချရဆုံးလဲဆိုတော့ ….

(၁) Virgin Australia, Australia

ဒီလေကြောင်းလိုင်းဟာ ၁၉၉၉ ခုနစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး Australia မှာ ဒုတိယအကြီးဆုံး လေကြောင်းလိုင်း ဖြစ်ပါတယ်။ ဒီလေကြောင်းလိုင်းဟာ စတင်ပြေးဆွဲတဲ့အချိန်ကစပြီး တစ်ခါမှ ဆိုးဆိုးဝါးဝါး လေယာဉ်ပျက်ကျတာမျိုး မရှိခဲ့ဘူးတဲ့ တန်ဖိုးနည်း အလုံခြုံဆုံး လေကြောင်းလိုင်းတစ်ခု ဖြစ်ပါတယ်။

Virgin Australia

Virgin Australia

(၂) Emirates, UAE

၃၇ နှစ် သက်တမ်းရှိတဲ့ ဒီလေကြောင်းလိုင်းက တစ်ခါမှ လေယာဉ်ပျက်ကျတာမျိုး မရှိခဲ့ပါဘူး။ ဒီလေကြောင်းလိုင်းဟာ တစ်ပတ်ကို ပျံသန်းမှုပေါင်း ၂,၅၀၀ ကျော်ပျံသန်းမှုလုပ်ကိုင်နေတဲ့ အရှေ့အလယ်ပိုင်းရှိ အကြီးမားဆုံး လေကြောင်းကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။

Emirates

Emirates

(၃) Virgin Atlantic Airways, Great Britain

Virgin Atlantic Airways ကိုတော့ ၁၉၈၄ ခုနစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ အများစုသော Virgin Atlantic လေကြောင်းလိုင်းတွေဟာ နိုင်ငံတကာ ခရီးဝေး ပျံသန်းမှုတွေ ပြုလုပ်လျက်ရှိပါတယ်။ ဒီလေကြောင်းလိုင်းဟာ မတော်တဆထိခိုက်မှုတွေ ဖြစ်ပွားဖူးသော်လည်း တစ်ခါမှတော့ ဆိုးဆိုးဝါးဝါး လေယာဉ်ပျက်ကျမှုတွေတော့ မဖြစ်ဖူးပါဘူး။ ၂၀၁၃ ခုနစ်မှာ လန်ဒန်ကနေ နယူးယောက်ကို လိုက်ပါစီးနင်းတဲ့ ပထမအတန်းကခရီးသည်ဟာ ထူးခြားတဲ့ အခွင့်အရေးတစ်ခုကို ရရှိခဲ့ပါတယ်။ သူရရှိခဲ့တဲ့ ထူးခြားအခွင့်အရေးကတော့ လေထဲကနေ စီးပွားဖြစ်အနုပညာပြခန်းကို ကြည့်ရှုခွင့် ရရှိခဲ့ခြင်း ဖြစ်ပါတယ်။

Virgin Atlantic Airways

Virgin Atlantic Airways

(၄) KLM, Netherlands

KLM လေကြောင်းလိုင်းက ၁၉၁၉ ခုနစ်မှာ တည်ထောင်ခဲ့တဲ့ လေကြောင်းလိုင်းဖြစ်ပြီး ကမ္ဘာ့ပေါ်မှာ ရှေးအကျဆုံးလေကြောင်းကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ ဒီလေကြောင်းလိုင်းရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ထူးခြားချက်တစ်ခုကတော့ အွန်းလိုင်းကနေ ထိုင်ခုံဝယ်ယူတဲ့အခါ ကိုယ်ဘေးနားက ထိုင်မယ့်ခရီးသည်ကို ရွေးချယ်နိုင်ပြီး အဆိုပါခရီးသည်ရဲ့ အချက်အလက်နဲ့ Social Network တွေကိုပါ ကြည့်ရှုလို့ရခြင်းပဲ ဖြစ်ပါတယ်။ KLM ရဲ့နောက်ဆုံးနဲ့ အဆိုးဆုံးဖြစ်ပွားခဲ့တဲ့ လေယာဉ်ပျက်ကျမှုကတော့ ၁၉၇၇ ခုနစ်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

KLM

KLM

(၅) Easy Jet, Great Britain

Easy Jet ဟာ တန်ဖိုးနည်း လေကြောင်းလိုင်းစာရင်းထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ Easy Jet ကို 1995 ခုနစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ Great Britain မှာ အကြီးမားဆုံးလေကြောင်းလိုင်းတစ်ခုအဖြစ် ရပ်တည်နေပါတယ်။ ဒီလေကြောင်းလိုင်းဟာ ဒုတိယအကြီးဆုံး တန်ဖိုးနည်း လေကြောင်းလမ်းတစ်ခု ဖြစ်ပါတယ်။ စတင်တည်ထောင်ချိန်ကတည်းက တစ်ခါမှလေယာဉ်ပျက်ကျမှု မရှိခဲ့တဲ့ လေကြောင်းလိုင်း ဖြစ်ပါတယ်။

Easyjet

Easyjet

(၆) Finnair, Finland

လွန်ခဲ့သောနှစ်ပေါင်း ၅၀ ကျော်ကတည်းက တည်ရှိလာတဲ့ ဒီလေကြောင်းလိုင်းဟာ တစ်ခါမှ မတော်တဆမှု မဖြစ်ဖူးတဲ့အတွက် ဘေးအကင်းဆုံးလေကြောင်းလိုင်းတွေထဲမှာ ပါဝင်လာခဲ့ခြင်း ဖြစ်ပါတယ်။ Finland နိုင်ငံရဲ့ လူဦးရေဟာ ၅ သန်းကျော်ပဲရှိသော်လည်း Finnair နဲ့ နှစ်စဉ်လိုက်ပါစီးနင်းတဲ့ခရီးသည်ပေါင်းဟာ ၁၀ သန်းကျော်ရှိပါတယ်။ Finnair ဟာ ၂၀၁၆ ခုနစ် ဇန်နဝါရီလမှာတော့ ကမ္ဘာ့ပေါ်ရှိ အချိန်မှန်ဆုံးလေကြောင်းလိုင်းအဖြစ် နာမည်တွင်လာခဲ့ပါတယ်။

Finnair

Finnair

(၇) Etihad Airways, UAE

Etihad Airways ကိုတော့ ၂၀၀၃ ခုနစ်မှာ စတင်တည်ထောင်ခဲ့တဲ့ လေကြောင်းလိုင်းတစ်ခု ဖြစ်ပါတယ်။ စတင်တည်ထောင်တဲ့ ၂၀၁၃ ခုနစ်မှာ ကလေးတွေနဲ့ ခရီးသွားတဲ့ ခရီးသည်တွေအတွက် လေယာဉ်ပေါ်မှာ “Flying Nanny” လို့ခေါ်တဲ့ ကလေးထိန်းတွေပါဝင်တဲ့ ဝန်ဆောင်မှုကို ပေးစွမ်းခဲ့တဲ့ လေကြောင်းလိုင်းတစ်ခု ဖြစ်ပါတယ်။ ကလေးတွေရဲ့အုပ်ထိန်းသူတွေ ရုပ်ရှင်ကြည့် တရေးအိပ်နေတဲ့အချိန်မှာ “Flying Nanny” တွေက ကလေးငယ်တွေကို ကြည့််ရှုစောင့်ရှောက်ပေးမှာ ဖြစ်ပါတယ်။ ဒီလေကြောင်းလိုင်းသက်တမ်းတစ်လျှောက်မှာ ၂၀၀၇ ခုနစ်တုန်းက မတော်တဆမှု တစ်ကြိမ် ဖြစ်ပွားခဲ့ဖူးပါတယ်။ ကံကောင်းစွာနဲ့ အဲ့မတော်တဆမှုတုန်းကလည်း လူတစ်ဦးတစ်ယောက်မှ သေကြေပျက်စီးခဲ့ခြင်း မရှိခဲ့ပါဘူး။

Etihad Airways

Etihad Airways

(၈) Spirit Airlines, USA

Spirit Airlines ကတော့ တန်ဖိုးနည်းလေကြောင်းလိုင်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီလေကြောင်းလိုင်းဟာ ကမ္ဘာ့ပေါ်ရှိ ပထမဦးဆုံး ဘတ်ဂျက်လေကြောင်းလိုင်းလို့ ဖြစ်ပါတယ်။ အဆိုပါလေကြောင်းလိုင်းဟာ အမေရိကန်ပြည်ထောင်စုရှိ နေရာများစွာကို ပျံသန်းသလို၊ Caribbean ကျွန်းစုကိုလည်း ပျံသန်းကာ Latin America နိုင်ငံတွေဖြစ်တဲ့ Costa Rica ၊ Mexico နဲ့ Panama တို့ဆီကိုလည်း ပျံသန်းပါတယ်။ သူတို့လေကြောင်းလိုင်းသမိုင်းမှာ ကြီးမားတဲ့ မတော်တဆမှု တစ်ခါမှ မဖြစ်ပွားဖူးပါဘူး။

Spirit Airlines

Spirit Airlines

(၉) Lufthansa, Germany

အကြီးမားဆုံး Germany လေကြောင်းလမ်းဖြစ်ပြီး သက်တမ်း ၅၀ ရှိနေတဲ့ ဒီလေကြောင်းလမ်းဟာ ဥရောပရဲ့အကောင်းဆုံးလေကြောင်းလိုင်းအဖြစ်လည်း နာမည်တွင်ပါတယ်။ ဒီလေကြောင်းလိုင်းဟာ ဘေးကင်းပြီးပြည့်စုံသော ဝန်ဆောင်မှုနဲ့ မြင့်မားတဲ့ လုံခြုံစိတ်ချမှုကို ပေးစွမ်းနိုင်တဲ့အတွက် ဒီစာရင်းထဲမှာပါဝင်တာကတော့ မထူးဆန်းပါဘူး။ ဒါပေမယ့် ဒီလေကြောင်းလိုင်းဟာ ၁၉၉၃ ခုနစ်မှာ လေယာဉ်ပျက်ကျမှု တစ်ခါဖြစ်ဖူးပါတယ်။

Lufthansa

Lufthansa

အခုဖော်ပြတဲ့ လေကြောင်းလိုင်းတွေဟာ ဘေးကင်းလုံခြုံစိတ်ချမှုကို ပေးစွမ်းနိုင်တဲ့ လေကြောင်းလိုင်းတချို့ဖြစ်ပြီး တချို့သောဘေးကင်းစိတ်ချရတဲ့ လေကြောင်းလိုင်းတွေလည်း ရှိပါသေးတယ်။ပရိသတ်ကြီးကော လေယာဉ်စီးတဲ့အခါမှာ ဘယ်လိုခံစားရလေ့ရှိပြီး ဘယ်လိုအချက်တွေနဲ့ လေကြောင်းလိုင်းတွေကို ရွေးချယ်လေ့ရှိလဲဆိုတာကို ပြန်လည်မျှဝေပေးခဲ့ပါဦးနော်။

H.H(Akhayar)
www.akhayar.com