[ZawGyi]

မဂၤလာပြဲျပီးတာနဲ႔မီဂန္မာကယ္စြန္႔လႊတ္လိုက္ရမယ္႔အခ်က္ ၉ ခ်က္

မင္းသားဟယ္ရီနဲ႔ မီဂန္မာကယ္တို႔ရဲ႕ေတာ္ဝင္မဂၤလာပြဲကို လာမယ္႔ေမလ ၁၉ ရက္ေန႔မွာ က်င္းပေတာ႔မွာပါ။ မီဂန္မာကယ္အေနနဲ႔ ခ်စ္ရသူနဲ႔ေပါင္းဖက္ခြင္႔ရလို႔ေပ်ာ္ရႊင္ရမွာျဖစ္သလို ေတာ္ဝင္မိသားစုထဲေရာက္ရွိေတာ႔မွာျဖစ္တဲ႔အတြက္လည္း စိတ္လႈပ္ရွားစရာေကာင္းေနပါလိမ္႔မယ္။ သူမအေနနဲ႔ တရားဝင္မဂၤလာပြဲျပီးလုိ႔ေတာ္ဝင္မိသားစုဝင္ျဖစ္သြားတာနဲ႔သူမရဲ႕နဂိုပိုင္ဆုိင္မႈေတြကို စြန္႔လႊတ္ပစ္ရေတာ႔မွာပါ။ ဒီလိုစြန္႔လႊတ္ရမယ္႔အရာေတြက ဘာေတြလဲဆုိရင္…

၁) Follower ေတြ

delete-social-account

delete-social-account

ေတာ္ဝင္မိသားစုဟာ ဆုိရွယ္မီဒီယာကိုကိုယ္ပိုင္အေကာင္႔တစ္ခုစီနဲ႔ သံုးစြဲရျခင္းမရွိပါဘူး။ အရင္ကေတာ႔ မီဂန္မာကယ္ဟာ အႏုပညာရွင္တစ္ေယာက္မို႔ Facebook ၊Twitter ၊ Instagram က Follower ေတြဟာ သူမအတြက္အေရးပါခဲ႔မွာပါ။ မင္းသားဟယ္ရီနဲ႔တရားဝင္ မဂၤလာပြဲဆင္ႏႊဲျပီးခ်ိန္မွာေတာ႔ သူမရဲ႕ Follower ေတြကိုႏႈတ္ဆက္ရပါေတာ႔မယ္။ ေတာ္ဝင္မိသားစုရဲ႕ သတင္းကိုတရားဝင္ေဖာ္ျပေပးေနတဲ႔ Kensington Palace Twitter အေကာင္႔ကေနပဲ သူမရဲ႕ပံုရိပ္ေတြကို ျမင္ေတြ႔ရေတာ႔မွာျဖစ္ပါတယ္။ ဒီအခ်က္ဟာအရမ္းေရွးရိုးဆန္လြန္းျပီး ခုေခတ္နဲ႔အံမဝင္ဘူးလုိ႔လူအမ်ားကေျပာဆုိေဝဖန္ၾကပါတယ္။ တရားဝင္ေစ႔စပ္ေၾကာင္းလမ္းသတင္းထြက္ျပီးေနာက္ရက္မွာပဲ သူမရဲ႕Twitter ၊ Instagram အေကာင္႔ေတြဖ်က္သိမ္းျပီးျဖစ္ပါတယ္။

၂) ေအာ္တုိထိုးျခင္း၊ ဆယ္လ္ဖီရိုက္ျခင္း

no-autograph-no-selfies

no-autograph-no-selfies

အရင္ကေတာ႔ သူမဟာသရုပ္ေဆာင္မင္းသမီးတစ္ေယာက္မို႔  ေအာ္တိုထိုးေပးပါ၊အမွတ္တရလက္မွတ္ထိုးေပးပါ ဆုိတဲ႔အေျခအေနေတြဟာသူမအတြက္ေတာ႔ ေအာင္ျမင္မႈရဲ႕ျပယုဂ္ျဖစ္ခဲ႔မွာပါ။ ဒါေပမဲ႔ ခုခ်ိန္မွာေတာ႔ အဲဒီလုိေအာ္တုိထိုးတာေတြ၊ အမွတ္တရစာေရးေပးရတာမ်ိဳးေတြကို စြန္႔လႊတ္ရေတာ႔မွာျဖစ္ပါတယ္။ ေတာ္ဝင္မိသားစုဝင္ျဖစ္လာတဲ႔အခါ လက္ေလးေဝွ႔ျပရံု၊ လက္ေဆာင္ေပးလာတဲ႔ ပန္းေလးေတြယူရံု၊ လက္ကေလးထိရံုေလာက္နဲ႔သာႏႈတ္ဆက္ႏိုင္ေတာ႔မွာပါ။ ျခြင္းခ်က္အေနနဲ႔ေတာ႔ ခ်ားလ္စ္မင္းသား ေရေဘးဒုကၡသည္စခန္းကိုသြားခ်ိန္မွာတစ္ၾကိမ္၊ မီဂန္႔ကို ကေလးေလးတစ္ေယာက္က ေအာ္တုိထိုးေပးပါလုိ႔ေတာင္းဆုိခ်ိန္မွာတစ္ၾကိမ္ သူတုိ႔ဟာခပ္တုိတုိစာသားေလးေရးျပီး လက္မွတ္ထိုးေပးခဲ႔ဖူးတယ္လို႔သိရပါတယ္။ ဒါဟာလည္း အေတာ္႔ကိုရွားရွားပါးပါးပါ။ သူမအေနနဲ႔ပရိသတ္နဲ႔အတူ ဆယ္လ္ဖီရိုက္ခြင္႔လည္း မရွိေတာ႔ပါဘူး။

၃) ႏိုင္ငံေရးအျမင္

meghanmarkle-political-opinions

meghanmarkle-political-opinions

မီဂန္မာကယ္ဟာအေတြးအေခၚေကာင္းေကာင္းနဲ႔ သူမရဲ႕အျမင္ေတြကို ရဲရဲဝင္႔ဝင္႔ေဖာ္ထုတ္ျပႏိုင္သူပါ။ သူမက ဟီလာရီကလင္တန္ကိုေထာက္ခံေၾကာင္း ပြင္႔ပြင္႔လင္းလင္းေျပာခဲ႔ဖူးပါတယ္။
ေတာ္ဝင္မိသားစုရဲ႕ မိသားစုဝင္ျဖစ္သြားျပီဆုိရင္ေတာ႔ သူမရဲ႕ႏိုင္ငံေရးအျမင္ေတြကိုလံုးဝေဖာ္ျပလုိ႔မရေတာ႔ပါဘူး။ ေတာ္ဝင္ေတြရဲ႕စည္းမ်ဥ္းမွာ သူတုိ႔ရဲ႕ႏိုင္ငံေရးအျမင္နဲ႔ အားေပးေထာက္ခံခ်က္ေတြကို ပြင္႔လင္းျမင္သာစြာေဖာ္ျပခြင္႔မရွိတာေၾကာင္႔ပဲျဖစ္ပါတယ္။ ဒါေပမဲ႔ေတာ္ဝင္ေတြဘယ္ဘက္ကိုတိမ္းလဲဆုိတာ သူတုိ႔ Charity လုပ္ခ်ိန္မွာသိႏိုင္ပါတယ္။ သူတုိ႔အားေပးေထာက္ခံတဲ႔အရာေတြကိုမ်ားမ်ားလွဴတာေတြ႔ရမွာပါ။

၄) အႏုပညာရွင္ဘဝ

Suits Series ထဲကသူမ

Suits Series ထဲကသူမ

ေမာ္ဒယ္လ္တစ္ေယာက္၊ အႏုပညာရွင္တစ္ေယာက္ျဖစ္တဲ႔သူမက အႏုပညာေလာကမွာေနရာရလာဖုိ႔ အမ်ားၾကီးၾကိဳးစားခဲ႔ရသူပါ။ ဒါေပမဲ႔သူမရဲ႕ Career ကိုစြန္႔လႊတ္ရေတာ႔မွာျဖစ္ပါတယ္။ ေတာ္ဝင္မိသားစုမွာမို႔ဘာမွမလုပ္ရဘဲ ေအးေအးသက္သာေနရတာမ်ိဳးေတာ႔မဟုတ္ပါဘူး။ မင္းသားဝီလ်ံဟာဆိုရင္လည္း ေလယာဥ္မွဴးတစ္ေယာက္အေနနဲ႔အခ်ိန္ျပည္႔တာဝန္ထမ္းေဆာင္ခဲ႔သူပါ။ ဒါေပမဲ႔ ပေရာ္ဖက္ရွင္နယ္တစ္ေယာက္လုိမ်ိဳး အသက္ေမြးဖို႔ေတာ႔အခြင္႔မသာပါဘူး။ ေတာ္ဝင္တို႔ရဲ႕တာဝန္ကိုထမ္းေဆာင္ဖုိ႔ ဘုရင္မၾကီးက ဝီလ်ံရဲ႕အကူအညီကိုလုိအပ္ပါတယ္။ ဒါေၾကာင္႔ သူရဲ႕ေလယာဥ္မွဴးအလုပ္ကေနႏႈတ္ထြက္လိုက္ရပါတယ္။ ဒါေၾကာင္႔ မီဂန္မာကယ္အေနနဲ႔လည္းအႏုပညာအလုပ္ကိုဆက္လုပ္ဖုိ႔ ေမွ်ာ္မွန္းလို႔မရႏိုင္ပါဘူး။

၆) ခရီးသြားဝါသနာ

she-loves-travelling

she-loves-travelling

ေတာ္ဝင္ေတြဟာ ခရီးတစ္ခုသြားဖုိ႔အတြက္ ၆ လေလာက္အခ်ိန္ယူျပင္ဆင္ရတာျဖစ္ပါတယ္။ မီဂန္မာကယ္အေနနဲ႔လည္း သာမန္လူတစ္ေယာက္လို ေကာက္ခါငင္ခါခရီးသြားလုိ႔မရဘဲ ေတာ္ဝင္ခရီးစဥ္အတိုင္းသာ ခရီးသြားရမွာပါ။ သူတုိ႔သြားမယ္႔ေနရာမွာ လံုျခံဳေရးအျပည္႔ရွိဖို႔ ၾကိဳတင္စီမံရပါတယ္။ ခရီးသြားခ်ိန္မွာေတာင္ သာမန္လူေတြလုိ ေရကူးကန္ေဘးထိုင္ျပီး ဟိုတယ္ကတည္ခင္းတဲ႔ အေဖ်ာ္ယမကာေလးနဲ႔ဇိမ္က်ခြင္႔မရွိပါ။ သူတုိ႔ေသာက္ေနက် ယမကာကိုေဘာ္ဒီဂတ္ေတြကတစ္ပါတည္းသယ္လာေပးတာျဖစ္ပါတယ္။

၇) ေမြးထားတဲ႔ေခြးေလးေတြ

her-beloved-dogs

her-beloved-dogs

မီဂန္မာကယ္က ေခြးခ်စ္တတ္သူတစ္ေယာက္ပါ။ သူမေမြးထားတဲ႔ေခြးေလးႏွစ္ေကာင္ကို သားသမီးလုိခ်စ္ခင္ျပီး အိပ္ရာထဲေတာင္ေပးအိပ္တတ္သူျဖစ္ပါတယ္။ သူမသူငယ္ခ်င္းေတြရဲ႕ေျပာစကားအရ ေခြးေလးေတြကိုေစ်းၾကီးတဲ႔ေအာ္ဂင္းနစ္အစားအစာေတြသာ ေကၽြးေလ႔ရွိျပီး ခရီးသြားခ်ိန္မွာေတာင္ စိတ္ခ်ရတဲ႔ေစာင္႔ေရွာက္ေရးေဂဟာတစ္ခုမွာ ေသေသခ်ာခ်ာအပ္ထားတတ္သူျဖစ္ပါတယ္တဲ႔။ ဒါေပမဲ႔ ဟယ္ရီနဲ႔လက္ထပ္ျပီးခ်ိန္မွာေတာ႔ သူမရဲ႕ေခြးေလးေတြကို ဆက္ေမြးထားခြင္႔မရွိႏိုင္ပါဘူး။ သူတုိ႔ကိုမိသားစုလိုေစာင္႔ေရွာက္ႏိုင္တဲ႔ တစ္ဦးဦးဆီမွာ ထားခဲ႔ရမွာျဖစ္ပါတယ္။

၈) ညစာ

meghan-markle-prepare-dinner

meghan-markle-prepare-dinner

ညစာကိုကိုယ္တုိင္ခ်က္ျပဳတ္ ျပင္ဆင္စားေသာက္ေလ႔ရွိတဲ႔ မီဂန္မာကယ္ကေတာ္ဝင္မင္းသမီးတစ္ေယာက္အေနနဲ႔ ညစာကိုအဆင္သင္႔ စည္းစနစ္က်စြာ စားေသာက္ရေတာ႔မွာျဖစ္ပါတယ္။ သူတုိ႔ေတြအတြက္ မီႏူးအမ်ားၾကီးကို ၾကိဳတင္ျပသေလ႔ရွိျပီး မိမိႏွစ္သက္ရာကို ေရြးခ်ယ္ထားႏိုင္ပါတယ္။ ညစာစားခ်ိန္မွာေတာ႔ ဘုရင္မၾကီးစားေသာက္ျပီးမွသာ သူတုိ႔ကစတင္စားေသာက္ခြင္႔ရွိတာျဖစ္ပါတယ္။ မီဂန္မာကယ္အေနနဲ႔လည္း ရာထူးေနရာအဆင္႔အလိုက္ သတ္မွတ္ထားတဲ႔ေနရာမွာသာထိုင္ရမွာပါ။

၉) အဝတ္အစား အျပင္အဆင္

dress-code

dress-code

အဝတ္အစားေရြးခ်ယ္ဝတ္ဆင္ျခင္းနဲ႔ပတ္သက္ရင္ ေတာ္ဝင္မိသားစုမွာလုိက္နာစရာ စည္းမ်ဥ္းေတြအမ်ားၾကီးပါ။ အခမ္းအနားအေပၚလုိက္ျပီး ျပင္ဆင္ေပးတာကိုသာဝတ္ရမွာျဖစ္ပါတယ္။ ဆံပင္ထံုးဖြဲ႔မႈ၊ မိတ္ကပ္အျပင္အဆင္အားလံုးဟာလည္း စည္းမ်ဥ္းနဲ႔အညီဝတ္ဆင္ရမွာမုိ႔ မီဂန္မာကယ္ရဲ႕အၾကိဳက္ဆံုးဂ်င္းေဘာင္းဘီေတြ၊ Dress ေတြအားလံုးကို စြန္႔လႊတ္ရေတာ႔မွာပါ။

အႏုပညာရွင္တစ္ေယာက္ျဖစ္ခဲ႔တဲ႔ မီဂန္မာကယ္အဖုိ႔ေတာ႔ သူမစြန္႔လႊတ္ရမယ္႔အရာေတြဟာ သာမန္အမ်ိဳးသမီးတစ္ေယာက္ထက္မ်ားျပားေနတာအမွန္ပါ။ ဒါေပမဲ႔ ရင္႔က်က္တဲ႔သူမအေနနဲ႔ေတာ႔ ေတာ္ဝင္မိသားစုဝင္တစ္ေယာက္ရဲ႕ပံုစံအတိုင္း ျပီးျပည္႔စံုစြာရွင္သန္ေနထိုင္သြားႏိုင္မွာကေတာ႔ အေသအခ်ာပါပဲ။

ဂ်ဴဂ်ဴး(Akhayar)

www.akhayar.com

[Unicode]

မင်္ဂလာပွဲပြီးတာနဲ့မီဂန်မာကယ်စွန့်လွှတ်လိုက်ရမယ့်အချက် ၉ ချက်

မင်းသားဟယ်ရီနဲ့ မီဂန်မာကယ်တို့ရဲ့တော်ဝင်မင်္ဂလာပွဲကို လာမယ့်မေလ ၁၉ ရက်နေ့မှာ ကျင်းပတော့မှာပါ။ မီဂန်မာကယ်အနေနဲ့ ချစ်ရသူနဲ့ပေါင်းဖက်ခွင့်ရလို့ပျော်ရွှင်ရမှာဖြစ်သလို တော်ဝင်မိသားစုထဲရောက်ရှိတော့မှာဖြစ်တဲ့အတွက်လည်း စိတ်လှုပ်ရှားစရာကောင်းနေပါလိမ့်မယ်။ သူမအနေနဲ့ တရားဝင်မင်္ဂလာပွဲပြီးလို့တော်ဝင်မိသားစုဝင်ဖြစ်သွားတာနဲ့သူမရဲ့နဂိုပိုင်ဆိုင်မှုတွေကို စွန့်လွှတ်ပစ်ရတော့မှာပါ။ ဒီလိုစွန့်လွှတ်ရမယ့်အရာတွေက ဘာတွေလဲဆိုရင်…

၁) Follower တွေ

delete-social-account

delete-social-account

တော်ဝင်မိသားစုဟာ ဆိုရှယ်မီဒီယာကိုကိုယ်ပိုင်အကောင့်တစ်ခုစီနဲ့ သုံးစွဲရခြင်းမရှိပါဘူး။ အရင်ကတော့ မီဂန်မာကယ်ဟာ အနုပညာရှင်တစ်ယောက်မို့ Facebook ၊Twitter ၊ Instagram က Follower တွေဟာ သူမအတွက်အရေးပါခဲ့မှာပါ။ မင်းသားဟယ်ရီနဲ့တရားဝင် မင်္ဂလာပွဲဆင်နွှဲပြီးချိန်မှာတော့ သူမရဲ့ Follower တွေကိုနှုတ်ဆက်ရပါတော့မယ်။ တော်ဝင်မိသားစုရဲ့ သတင်းကိုတရားဝင်ဖော်ပြပေးနေတဲ့ Kensington Palace Twitter အကောင့်ကနေပဲ သူမရဲ့ပုံရိပ်တွေကို မြင်တွေ့ရတော့မှာဖြစ်ပါတယ်။ ဒီအချက်ဟာအရမ်းရှေးရိုးဆန်လွန်းပြီး ခုခေတ်နဲ့အံမဝင်ဘူးလို့လူအများကပြောဆိုဝေဖန်ကြပါတယ်။ တရားဝင်စေ့စပ်ကြောင်းလမ်းသတင်းထွက်ပြီးနောက်ရက်မှာပဲ သူမရဲ့Twitter ၊ Instagram အကောင့်တွေဖျက်သိမ်းပြီးဖြစ်ပါတယ်။

၂) အော်တိုထိုးခြင်း၊ ဆယ်လ်ဖီရိုက်ခြင်း

no-autograph-no-selfies

no-autograph-no-selfies

အရင်ကတော့ သူမဟာသရုပ်ဆောင်မင်းသမီးတစ်ယောက်မို့  အော်တိုထိုးပေးပါ၊အမှတ်တရလက်မှတ်ထိုးပေးပါ ဆိုတဲ့အခြေအနေတွေဟာသူမအတွက်တော့ အောင်မြင်မှုရဲ့ပြယုဂ်ဖြစ်ခဲ့မှာပါ။ ဒါပေမဲ့ ခုချိန်မှာတော့ အဲဒီလိုအော်တိုထိုးတာတွေ၊ အမှတ်တရစာရေးပေးရတာမျိုးတွေကို စွန့်လွှတ်ရတော့မှာဖြစ်ပါတယ်။ တော်ဝင်မိသားစုဝင်ဖြစ်လာတဲ့အခါ လက်လေးဝှေ့ပြရုံ၊ လက်ဆောင်ပေးလာတဲ့ ပန်းလေးတွေယူရုံ၊ လက်ကလေးထိရုံလောက်နဲ့သာနှုတ်ဆက်နိုင်တော့မှာပါ။ ခြွင်းချက်အနေနဲ့တော့ ချားလ်စ်မင်းသား ရေဘေးဒုက္ခသည်စခန်းကိုသွားချိန်မှာတစ်ကြိမ်၊ မီဂန့်ကို ကလေးလေးတစ်ယောက်က အော်တိုထိုးပေးပါလို့တောင်းဆိုချိန်မှာတစ်ကြိမ် သူတို့ဟာခပ်တိုတိုစာသားလေးရေးပြီး လက်မှတ်ထိုးပေးခဲ့ဖူးတယ်လို့သိရပါတယ်။ ဒါဟာလည်း အတော့်ကိုရှားရှားပါးပါးပါ။ သူမအနေနဲ့ပရိသတ်နဲ့အတူ ဆယ်လ်ဖီရိုက်ခွင့်လည်း မရှိတော့ပါဘူး။

၃) နိုင်ငံရေးအမြင်

meghanmarkle-political-opinions

meghanmarkle-political-opinions

မီဂန်မာကယ်ဟာအတွေးအခေါ်ကောင်းကောင်းနဲ့ သူမရဲ့အမြင်တွေကို ရဲရဲဝင့်ဝင့်ဖော်ထုတ်ပြနိုင်သူပါ။ သူမက ဟီလာရီကလင်တန်ကိုထောက်ခံကြောင်း ပွင့်ပွင့်လင်းလင်းပြောခဲ့ဖူးပါတယ်။
တော်ဝင်မိသားစုရဲ့ မိသားစုဝင်ဖြစ်သွားပြီဆိုရင်တော့ သူမရဲ့နိုင်ငံရေးအမြင်တွေကိုလုံးဝဖော်ပြလို့မရတော့ပါဘူး။ တော်ဝင်တွေရဲ့စည်းမျဉ်းမှာ သူတို့ရဲ့နိုင်ငံရေးအမြင်နဲ့ အားပေးထောက်ခံချက်တွေကို ပွင့်လင်းမြင်သာစွာဖော်ပြခွင့်မရှိတာကြောင့်ပဲဖြစ်ပါတယ်။ ဒါပေမဲ့တော်ဝင်တွေဘယ်ဘက်ကိုတိမ်းလဲဆိုတာ သူတို့ Charity လုပ်ချိန်မှာသိနိုင်ပါတယ်။ သူတို့အားပေးထောက်ခံတဲ့အရာတွေကိုများများလှူတာတွေ့ရမှာပါ။

၄) အနုပညာရှင်ဘဝ

Suits Series ထဲကသူမ

Suits Series ထဲကသူမ

မော်ဒယ်လ်တစ်ယောက်၊ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့သူမက အနုပညာလောကမှာနေရာရလာဖို့ အများကြီးကြိုးစားခဲ့ရသူပါ။ ဒါပေမဲ့သူမရဲ့ Career ကိုစွန့်လွှတ်ရတော့မှာဖြစ်ပါတယ်။ တော်ဝင်မိသားစုမှာမို့ဘာမှမလုပ်ရဘဲ အေးအေးသက်သာနေရတာမျိုးတော့မဟုတ်ပါဘူး။ မင်းသားဝီလျံဟာဆိုရင်လည်း လေယာဉ်မှူးတစ်ယောက်အနေနဲ့အချိန်ပြည့်တာဝန်ထမ်းဆောင်ခဲ့သူပါ။ ဒါပေမဲ့ ပရော်ဖက်ရှင်နယ်တစ်ယောက်လိုမျိုး အသက်မွေးဖို့တော့အခွင့်မသာပါဘူး။ တော်ဝင်တို့ရဲ့တာဝန်ကိုထမ်းဆောင်ဖို့ ဘုရင်မကြီးက ဝီလျံရဲ့အကူအညီကိုလိုအပ်ပါတယ်။ ဒါကြောင့် သူရဲ့လေယာဉ်မှူးအလုပ်ကနေနှုတ်ထွက်လိုက်ရပါတယ်။ ဒါကြောင့် မီဂန်မာကယ်အနေနဲ့လည်းအနုပညာအလုပ်ကိုဆက်လုပ်ဖို့ မျှော်မှန်းလို့မရနိုင်ပါဘူး။

၆) ခရီးသွားဝါသနာ

she-loves-travelling

she-loves-travelling

တော်ဝင်တွေဟာ ခရီးတစ်ခုသွားဖို့အတွက် ၆ လလောက်အချိန်ယူပြင်ဆင်ရတာဖြစ်ပါတယ်။ မီဂန်မာကယ်အနေနဲ့လည်း သာမန်လူတစ်ယောက်လို ကောက်ခါငင်ခါခရီးသွားလို့မရဘဲ တော်ဝင်ခရီးစဉ်အတိုင်းသာ ခရီးသွားရမှာပါ။ သူတို့သွားမယ့်နေရာမှာ လုံခြုံရေးအပြည့်ရှိဖို့ ကြိုတင်စီမံရပါတယ်။ ခရီးသွားချိန်မှာတောင် သာမန်လူတွေလို ရေကူးကန်ဘေးထိုင်ပြီး ဟိုတယ်ကတည်ခင်းတဲ့ အဖျော်ယမကာလေးနဲ့ဇိမ်ကျခွင့်မရှိပါ။ သူတို့သောက်နေကျ ယမကာကိုဘော်ဒီဂတ်တွေကတစ်ပါတည်းသယ်လာပေးတာဖြစ်ပါတယ်။

၇) မွေးထားတဲ့ခွေးလေးတွေ

her-beloved-dogs

her-beloved-dogs

မီဂန်မာကယ်က ခွေးချစ်တတ်သူတစ်ယောက်ပါ။ သူမမွေးထားတဲ့ခွေးလေးနှစ်ကောင်ကို သားသမီးလိုချစ်ခင်ပြီး အိပ်ရာထဲတောင်ပေးအိပ်တတ်သူဖြစ်ပါတယ်။ သူမသူငယ်ချင်းတွေရဲ့ပြောစကားအရ ခွေးလေးတွေကိုဈေးကြီးတဲ့အော်ဂင်းနစ်အစားအစာတွေသာ ကျွေးလေ့ရှိပြီး ခရီးသွားချိန်မှာတောင် စိတ်ချရတဲ့စောင့်ရှောက်ရေးဂေဟာတစ်ခုမှာ သေသေချာချာအပ်ထားတတ်သူဖြစ်ပါတယ်တဲ့။ ဒါပေမဲ့ ဟယ်ရီနဲ့လက်ထပ်ပြီးချိန်မှာတော့ သူမရဲ့ခွေးလေးတွေကို ဆက်မွေးထားခွင့်မရှိနိုင်ပါဘူး။ သူတို့ကိုမိသားစုလိုစောင့်ရှောက်နိုင်တဲ့ တစ်ဦးဦးဆီမှာ ထားခဲ့ရမှာဖြစ်ပါတယ်။

၈) ညစာ

meghan-markle-prepare-dinner

meghan-markle-prepare-dinner

ညစာကိုကိုယ်တိုင်ချက်ပြုတ် ပြင်ဆင်စားသောက်လေ့ရှိတဲ့ မီဂန်မာကယ်ကတော်ဝင်မင်းသမီးတစ်ယောက်အနေနဲ့ ညစာကိုအဆင်သင့် စည်းစနစ်ကျစွာ စားသောက်ရတော့မှာဖြစ်ပါတယ်။ သူတို့တွေအတွက် မီနူးအများကြီးကို ကြိုတင်ပြသလေ့ရှိပြီး မိမိနှစ်သက်ရာကို ရွေးချယ်ထားနိုင်ပါတယ်။ ညစာစားချိန်မှာတော့ ဘုရင်မကြီးစားသောက်ပြီးမှသာ သူတို့ကစတင်စားသောက်ခွင့်ရှိတာဖြစ်ပါတယ်။ မီဂန်မာကယ်အနေနဲ့လည်း ရာထူးနေရာအဆင့်အလိုက် သတ်မှတ်ထားတဲ့နေရာမှာသာထိုင်ရမှာပါ။

၉) အဝတ်အစား အပြင်အဆင်

dress-code

dress-code

အဝတ်အစားရွေးချယ်ဝတ်ဆင်ခြင်းနဲ့ပတ်သက်ရင် တော်ဝင်မိသားစုမှာလိုက်နာစရာ စည်းမျဉ်းတွေအများကြီးပါ။ အခမ်းအနားအပေါ်လိုက်ပြီး ပြင်ဆင်ပေးတာကိုသာဝတ်ရမှာဖြစ်ပါတယ်။ ဆံပင်ထုံးဖွဲ့မှု၊ မိတ်ကပ်အပြင်အဆင်အားလုံးဟာလည်း စည်းမျဉ်းနဲ့အညီဝတ်ဆင်ရမှာမို့ မီဂန်မာကယ်ရဲ့အကြိုက်ဆုံးဂျင်းဘောင်းဘီတွေ၊ Dress တွေအားလုံးကို စွန့်လွှတ်ရတော့မှာပါ။

အနုပညာရှင်တစ်ယောက်ဖြစ်ခဲ့တဲ့ မီဂန်မာကယ်အဖို့တော့ သူမစွန့်လွှတ်ရမယ့်အရာတွေဟာ သာမန်အမျိုးသမီးတစ်ယောက်ထက်များပြားနေတာအမှန်ပါ။ ဒါပေမဲ့ ရင့်ကျက်တဲ့သူမအနေနဲ့တော့ တော်ဝင်မိသားစုဝင်တစ်ယောက်ရဲ့ပုံစံအတိုင်း ပြီးပြည့်စုံစွာရှင်သန်နေထိုင်သွားနိုင်မှာကတော့ အသေအချာပါပဲ။

ဂျူဂျူး(Akhayar)

www.akhayar.com