[Zawgyi]

ပရီးမီးယားလိဂ္ တစ္လတာအေကာင္းဆုံး ကစားသမားဆုကုိ မရခဲ့ဖူးတဲ့ ဂႏၳ၀င္မ်ား (၂)

ပရီးမီးယားလိဂ္ တစ္လတာအေကာင္းဆုံး ကစားသမားဆုဆုိတာက ပရိသတ္ေတြ သိတဲ့အတိုင္း ရာသီတစ္ခုရဲ႕ လအလုိက္ ေျခစြမ္းျပႏုိင္တဲ့သူေတြကုိ ပရီးမီးယားလိဂ္အဖဲြ႕ခ်ဳပ္က ေရြးခ်ယ္ခ်ီးျမႇင့္တာျဖစ္ပါတယ္။ ဒီဆုကုိ ၁၉၉၄ ၾသဂုတ္လက စတင္ခ်ီးျမႇင့္ခဲ့တာျဖစ္ၿပီး ပရီးမီးယားလိဂ္သမုိင္းတစ္ေလွ်ာက္ နာမည္ေက်ာ္ကစားသမားေတြ ေတာ္ေတာ္မ်ားမ်ား ဆြတ္ခူးရရွိခဲ့တယ္။ အႀကိမ္အမ်ားဆုံး ရရွိခဲ့တာက လီဗာပူးလ္ဂႏၳ၀င္ စတီဗင္ဂ်ရတ္ Steven Gerrard နဲ႔ စပါးအသင္း လက္ရွိတိုက္စစ္မွဴး ဟာရီကိန္း Harry Kane တို႔ျဖစ္ၿပီး (၆)ႀကိမ္စီ ရရွိခဲ့တာပါ။ သူတို႔ေနာက္မွာ အဂြဲ႐ုိး Sergio Agüero ၊ ဗန္ပါစီ Robin van Persie ၊ ရြန္နီ Wayne Rooney တို႔က (၅)ႀကိမ္စီနဲ႔ အမ်ားဆုံးျဖစ္ေနတယ္။ ပရီးမီးယားလိဂ္တစ္လတာ အေကာင္းဆုံး ကစားသမားဆုကုိ နာမည္ႀကီး ကစားသမားေတြ ရခဲ့ေပမယ့္ ကစားသမားဘ၀တစ္ေလွ်ာက္လုံး မရခဲ့ဖူးတဲ့ ဂႏၳ၀င္ေတြ ရွိခ့ဲတာက တကယ့္ကုိ အံ့အားသင့္စရာပါ။ သူတို႔ရဲ႕ ကစားသမားဘ၀ ေအာင္ျမင္မႈေတြအရ ဒီဆုနဲ႔ ဘယ္လုိလဲြေခ်ာ္ခဲ့လဲဆုိတာ စဥ္းစားမရေအာင္ပါပဲ။ အဲဒီဂႏၳ၀င္ေတြက ဘယ္သူေတြမ်ားလဲဆုိတာ အပုိင္း(၁)အျဖစ္ ေဖာ္ျပခဲ့ၿပီး အခု အပုိင္း(၂)ကုိ ဆက္လက္ေဖာ္ျပလုိက္ပါတယ္ . . .

အက္ရွ္ေလကုိး Ashley Cole

Ashley-Cole

Ashley-Cole

ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံး ဘယ္ေနာက္ခံလူ စာရင္း၀င္ အက္ရွ္ေလကုိးအတြက္ ပရီးမီးယားလိဂ္၊ ခ်န္ပီယံလိဂ္၊ FA စတ့ဲ နာမည္ေက်ာ္ ဆုဖလားေတြရဲ႕ အရသာကုိ ျမည္းစမ္းခြင့္ရခဲ့ေပမယ့္ အဲဒီအထဲမွာ ပရီးမီးယားလိဂ္ တစ္လတာအေကာင္းဆုံးဆုေတာ့ မပါ၀င္ခဲ့ဘူး။ ၁၉၉၉ ကေန ၂၀၁၄ ခုႏွစ္အထိ အာဆင္နယ္၊ ခ်ယ္လ္ဆီးအသင္းတို႔နဲ႔အတူ ပရီးမီးယားလိဂ္မွာ (၁၄)ႏွစ္ၾကာ က်င္လည္ခဲ့ေပမယ့္ ဒီဆု မရခဲ့တာက တကယ့္ကုိ မယုံႏုိင္စရာပါပဲ။

ဂယ္ရီနဗီးလ္ Gary Neville

Gary-Neville

Gary-Neville

မန္ယူအသင္းရဲ႕ ညာေနာက္ခံလူေနရာကုိ ႏွစ္ေပါင္းမ်ားစြာ သိမ္းပုိက္ခဲ့ေပမယ့္ ဂယ္ရီနဗီးလ္ဟာ ပရီးမီးယားလိဂ္တစ္လတာ အေကာင္းဆုံးဆုကုိေတာ့ တစ္ႀကိမ္မွ မသိမ္းပုိက္ႏုိင္ခဲ့ပါဘူး။ မန္ယူအသင္းနဲ႔အတူ One Club Player ျဖစ္ခဲ့တဲ့ ဂယ္ရီနဗီးလ္ရဲ႕ ဆုဗီ႐ုိထဲမွာ ပရီးမီးယားလိဂ္တစ္လတာ အေကာင္းဆုံးဆု ထည့္သိမ္းဖု႔ိအတြက္ ေနရာ မရွိေလာက္ဘူးလုိ႔ပဲ ေျဖသိမ့္ရေတာ့မွာပါ။

ဗီအဲရာ Patrick Vieira

Patrick-Vieira

Patrick-Vieira

အာဆင္နယ္ဂႏၳ၀င္ ဗီအဲရာနဲ႔ ေခတ္ၿပိဳင္ ရြိဳင္ကိန္း Roy Keane ေတာင္ ပရီးမီးယားလိဂ္အေကာင္းဆုံးဆုကုိ (၂)ႀကိမ္ ရခဲ့ဖူးေပမယ့္ ဗီအဲရာကေတာ့ အႀကိမ္ေပါင္းမ်ားစြာ လ်စ္လ်ဴ႐ႈခံခဲ့ရတယ္။ အာဆင္နယ္ ကြင္းလယ္ဗုိလ္ခ်ဳပ္အျဖစ္ (၉)ရာသီၾကာ ျဖတ္သန္းခဲ့ၿပီး သမုိင္း၀င္ ေအာင္ျမင္မႈမွတ္တမး္ေတြ စုိက္ထူခဲ့သူ ဗီအဲရာဟာ ဒီဆုန႔ဲ မထုိက္တန္ဘူးလုိ႔ ဘယ္သူကမွ ထင္ျမင္ယူေနမွာ မဟုတ္ေလာက္ပါဘူး။

ကာေရဂါ Jamie Carragher

Jamie-Carragher

Jamie-Carragher

တစ္ေခတ္တစ္ခါက လီဗာပူးလ္အသင္း ခံစစ္တံတိုင္းျဖစ္ခဲ့သူ ကာေရဂါလုိ ကစားသမားမ်ိဳး ဒီဆုနဲ႔ လဲြေခ်ာ္ခ့ဲတာဟာ မျဖစ္သင့္တဲ့ ကိစၥလုိ႔ပဲယူဆရမယ္။ ပေရာ္ဖက္ရွင္နယ္ကစားသမားဘ၀ကုိ လီဗာပူးလ္တစ္သင္းတည္းမွာပဲ (၁၇)ႏွစ္ၾကာ ျဖတ္သန္းခဲ့သူ ကာေရဂါရဲ႕ ဆုဖလားေအာင္ျမင္မႈေတြကုိ ၾကည့္ရင္ ဒီဆုနဲ႔ လဲြေခ်ာ္ခဲ့တဲ့အတြက္ သိပ္ေတာ့ ၀မ္းနည္းေနေလာက္မွာ မဟုတ္ပါဘူး။

ပရီးမီးယားလိဂ္ တစ္လတာအေကာင္းဆုံးဆု မရခဲ့ဘူးတဲ့ ကစားသမားေတြကုိ ၾကည့္ရင္ တကယ့္ကုိ အံ့အားသင့္စရာပါပဲ။ ဒါေပမဲ့ သူတို႔ရဲ႕ ေအာင္ျမင္မႈမွတ္တမ္းအရ ဒီဆုနဲ႔လဲြေခ်ာ္ခဲ့ေပမယ့္ ပရီးမီးယားလိဂ္ရဲ႕ ဂႏၳ၀င္ကစားသမားေတြအျဖစ္ ဆက္လက္ရပ္တည္ေနမွာ အမွန္ပဲျဖစ္ပါတယ္ . .

REF:.dreamteamfc
Photo:dreamteamfc,These Football Times,Getty Images
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံး ကစားသမားဆုကို မရခဲ့ဖူးတဲ့ ဂန္ထဝင်များ (၂)

ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံး ကစားသမားဆုဆိုတာက ပရိသတ်တွေ သိတဲ့အတိုင်း ရာသီတစ်ခုရဲ့ လအလိုက် ခြေစွမ်းပြနိုင်တဲ့သူတွေကို ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ရွေးချယ်ချီးမြှင့်တာဖြစ်ပါတယ်။ ဒီဆုကို ၁၉၉၄ သြဂုတ်လက စတင်ချီးမြှင့်ခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် နာမည်ကျော်ကစားသမားတွေ တော်တော်များများ ဆွတ်ခူးရရှိခဲ့တယ်။ အကြိမ်အများဆုံး ရရှိခဲ့တာက လီဗာပူးလ်ဂန္ထဝင် စတီဗင်ဂျရတ် Steven Gerrard နဲ့ စပါးအသင်း လက်ရှိတိုက်စစ်မှူး ဟာရီကိန်း Harry Kane တို့ဖြစ်ပြီး (၆)ကြိမ်စီ ရရှိခဲ့တာပါ။ သူတို့နောက်မှာ အဂွဲရိုး Sergio Agüero ၊ ဗန်ပါစီ Robin van Persie ၊ ရွန်နီ Wayne Rooney တို့က (၅)ကြိမ်စီနဲ့ အများဆုံးဖြစ်နေတယ်။ ပရီးမီးယားလိဂ်တစ်လတာ အကောင်းဆုံး ကစားသမားဆုကို နာမည်ကြီး ကစားသမားတွေ ရခဲ့ပေမယ့် ကစားသမားဘဝတစ်လျှောက်လုံး မရခဲ့ဖူးတဲ့ ဂန္ထဝင်တွေ ရှိခဲ့တာက တကယ့်ကို အံ့အားသင့်စရာပါ။ သူတို့ရဲ့ ကစားသမားဘ၀ အောင်မြင်မှုတွေအရ ဒီဆုနဲ့ ဘယ်လိုလွဲချော်ခဲ့လဲဆိုတာ စဉ်းစားမရအောင်ပါပဲ။ အဲဒီဂန္ထဝင်တွေက ဘယ်သူတွေများလဲဆိုတာ အပိုင်း(၁)အဖြစ် ဖော်ပြခဲ့ပြီး အခု အပိုင်း(၂)ကို ဆက်လက်ဖော်ပြလိုက်ပါတယ် . . .

အက်ရှ်လေကိုး Ashley Cole

Ashley-Cole

Ashley-Cole

ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဘယ်နောက်ခံလူ စာရင်းဝင် အက်ရှ်လေကိုးအတွက် ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ FA စတဲ့ နာမည်ကျော် ဆုဖလားတွေရဲ့ အရသာကို မြည်းစမ်းခွင့်ရခဲ့ပေမယ့် အဲဒီအထဲမှာ ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးဆုတော့ မပါဝင်ခဲ့ဘူး။ ၁၉၉၉ ကနေ ၂၀၁၄ ခုနှစ်အထိ အာဆင်နယ်၊ ချယ်လ်ဆီးအသင်းတို့နဲ့အတူ ပရီးမီးယားလိဂ်မှာ (၁၄)နှစ်ကြာ ကျင်လည်ခဲ့ပေမယ့် ဒီဆု မရခဲ့တာက တကယ့်ကို မယုံနိုင်စရာပါပဲ။

ဂယ်ရီနဗီးလ် Gary Neville

Gary-Neville

Gary-Neville

မန်ယူအသင်းရဲ့ ညာနောက်ခံလူနေရာကို နှစ်ပေါင်းများစွာ သိမ်းပိုက်ခဲ့ပေမယ့် ဂယ်ရီနဗီးလ်ဟာ ပရီးမီးယားလိဂ်တစ်လတာ အကောင်းဆုံးဆုကိုတော့ တစ်ကြိမ်မှ မသိမ်းပိုက်နိုင်ခဲ့ပါဘူး။ မန်ယူအသင်းနဲ့အတူ One Club Player ဖြစ်ခဲ့တဲ့ ဂယ်ရီနဗီးလ်ရဲ့ ဆုဗီရိုထဲမှာ ပရီးမီးယားလိဂ်တစ်လတာ အကောင်းဆုံးဆု ထည့်သိမ်းဖု့ိအတွက် နေရာ မရှိလောက်ဘူးလို့ပဲ ဖြေသိမ့်ရတော့မှာပါ။

ဗီအဲရာ Patrick Vieira

Patrick-Vieira

Patrick-Vieira

အာဆင်နယ်ဂန္ထဝင် ဗီအဲရာနဲ့ ခေတ်ပြိုင် ရွိုင်ကိန်း Roy Keane တောင် ပရီးမီးယားလိဂ်အကောင်းဆုံးဆုကို (၂)ကြိမ် ရခဲ့ဖူးပေမယ့် ဗီအဲရာကတော့ အကြိမ်ပေါင်းများစွာ လျစ်လျူရှုခံခဲ့ရတယ်။ အာဆင်နယ် ကွင်းလယ်ဗိုလ်ချုပ်အဖြစ် (၉)ရာသီကြာ ဖြတ်သန်းခဲ့ပြီး သမိုင်းဝင် အောင်မြင်မှုမှတ်တမ်းတွေ စိုက်ထူခဲ့သူ ဗီအဲရာဟာ ဒီဆုနဲ့ မထိုက်တန်ဘူးလို့ ဘယ်သူကမှ ထင်မြင်ယူနေမှာ မဟုတ်လောက်ပါဘူး။

ကာရေဂါ Jamie Carragher

Jamie-Carragher

Jamie-Carragher

တစ်ခေတ်တစ်ခါက လီဗာပူးလ်အသင်း ခံစစ်တံတိုင်းဖြစ်ခဲ့သူ ကာရေဂါလို ကစားသမားမျိုး ဒီဆုနဲ့ လွဲချော်ခဲ့တာဟာ မဖြစ်သင့်တဲ့ ကိစ္စလို့ပဲယူဆရမယ်။ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို လီဗာပူးလ်တစ်သင်းတည်းမှာပဲ (၁၇)နှစ်ကြာ ဖြတ်သန်းခဲ့သူ ကာရေဂါရဲ့ ဆုဖလားအောင်မြင်မှုတွေကို ကြည့်ရင် ဒီဆုနဲ့ လွဲချော်ခဲ့တဲ့အတွက် သိပ်တော့ ဝမ်းနည်းနေလောက်မှာ မဟုတ်ပါဘူး။

ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးဆု မရခဲ့ဘူးတဲ့ ကစားသမားတွေကို ကြည့်ရင် တကယ့်ကို အံ့အားသင့်စရာပါပဲ။ ဒါပေမဲ့ သူတို့ရဲ့ အောင်မြင်မှုမှတ်တမ်းအရ ဒီဆုနဲ့လွဲချော်ခဲ့ပေမယ့် ပရီးမီးယားလိဂ်ရဲ့ ဂန္ထဝင်ကစားသမားတွေအဖြစ် ဆက်လက်ရပ်တည်နေမှာ အမှန်ပဲဖြစ်ပါတယ် . .

REF:.dreamteamfc
Photo:dreamteamfc,These Football Times,Getty Images
Naing Linn(Akhayar)
www.akhayar.com