၂၁ ရာစုမှာ နေထိုင်နေတဲ့ ကျနော်တို့ဟာ မျက်စိနှစ်လုံးပွင့်တာနဲ့ အိပ်ရာနဘေးက စမတ်ဖုန်းကို ယူကြည့်စမြဲပါ။ အိမ်ကထွက်ရင်တောင် ဖုန်းမပါရင် မပြီးသလို LifeStyle ကအစ လုံးဝပြောင်းလဲနေတဲ့ နည်းပညာခေတ်က ၂၀ ရာစုနှောင်းပိုင်းကာလာတွေလို ပျော်စရာမကောင်းတော့တာ အမှန်ပါ။

Apple PC Forum, 1985 (Reuters)

ဒီလို iPhone မပေါ်ခင် YouTube ၊ Google တို့ လေးဖက်ထောက်သွားခါစ ၁၉၉၀ နဲ့ ၁၉၈၀ ဝန်းကျင်တုန်းက ကြိုးဖုန်းတွေနဲ့ပဲ Connect လုပ်ခဲ့ရတယ်။ စာပေး၊ စာပို့စနစ်တွေနဲ့ ကျင်လည်ခဲ့ရတဲ့ ၂၀ ရာစုဆိုတာဟာ အမှန်တိုင်းပြောရင် ပိုနွေးထွေးသလို နည်းပညာဆိုးကျိုးတွေရဲ့ ဒဏ်ကျနော်တို့ ခေတ်လူငယ်တွေပေါ် မရိုက်ခတ်သေးပါဘူး။

Young Steve (Vox-cdn)

ဆိုတော့ နည်းပညာဖခင်ကြီး Steve Jobs ဟာ အနာဂတ် နည်းပညာနဲ့ပတ်သက်လို့ ဘယ်လို ခန့်မှန်းမှုတွေပြုလုပ်ခဲ့သလဲ။ Future မှာပေါ်ပေါ်လာမယ့် Digital Assistant တွေ၊ Kingsman ရုပ်ရှင်ထဲကလို Spy Glass (အခု Smart Glass) လို နည်းပညာတွေ ခန့်မှန်းနိုင်ခဲ့တာ တော်ရုံအရည်ချင်းနဲ့ မဖြစ်နိုင်ပါဘူး။ ကဏ္ဍတစ်ခုကို နက်နက်နဲနဲသိ (ဂန္ထဝင် Genius ဖြစ်နေမှ ပြောနိုင်၊ ဆိုနိုင်တယ်၊ Logic ကျတယ်လို့ အများစု လက်ခံထားတာဆိုတော့ Jobs တယောက် လူငယ်အရွယ်မှာ ဘာတွေခန့်မှန်းခဲ့သလဲ လေ့လာကြည့်ရအောင်။

၁။ iPad သို့ သင်ပုန်းကွန်ပျူတာ

ပထမဆုံး iPad ကို ၂၀၁၀ မှာ မိတ်ဆက်ခဲ့တယ်ဆိုမယ့် Steve Jobs အနေနဲ့ ၁၉၈၃ ဝန်းကျင်ကတည်းက Tablet ထုတ်ဖို့တွေးဖူးပြီးသားပါ။ ဒါကို Audio Record တခုဖြစ်တဲ့ International Design Conference မှာ Jobs ပြောခဲ့တဲ့ “လုံးဝကို မင်သက်သွားစေရမယ့် ကွန်ပျူတာတလုံးကို မင်းတို့လက်ဖဝါးတဖက်ထဲနဲ့ သယ်သွားနိုင်တော့မယ်၊ ဒါကိုအသုံးပြုတတ်ဖို့ အချိန် ၅ မိနစ်ပဲ ပေးရမယ်ဆိုတဲ့” Recording ပါပဲ။

Image (Independent UK)

Tablet နဲ့ပတ်သက်လို့ Legend တခု ပြောရဦးမယ်ဆိုရင် “ငါလုပ်တာထက် ပိုကောင်းမယ့်ဟာတစ်ခုခု ထုတ်ပြစမ်းပါ၊ ငါတို့စထုတ်ခဲ့တုန်းက မင်းတို့ iPad လောက် မပါး၊ ပေါ့လည်းမပေါ့ဘူးဆိုပြီး Bill Gates ပြောခဲ့ဖူးသလို Tablet လောကကို Microsoft ဟာ ၂၀၀၂ ခကတည်းက အကောင်ထည်ဖော်ခဲ့တာဖြစ်ပါတယ်။

ခုချိန်မှာ Apple ဖခင်ကြီးလည်း မရှိတော့သလို CEO ရာထူးက အနားယူသွားပြီဖြစ်တဲ့ Bill Gates တို့ မဟာပြိုင်ဖက်ဖြစ်ခဲ့ပေမယ့် Steve တယောက် ကင်ဆာဝေဒနာခံစားနေရချိန်မှာ သူငယ်ချင်းပီသတဲ့ နွေးထွေးကြင်မှုတွေ မျှဝေခံစားခဲ့ပါတယ်။ ဒီမှာ Legend ကြီးပြောခဲ့တာက

Image (Cultofmac)

“ငါတို့လို နှစ် ၃၀ လုံးလုံး ကျောင်းနေဖက်၊ သူငယ်ချင်းဖြစ်နေပြီး အခုလိုယှဉ်ပြိုင်နေတာမျိုး ဒီကမ္ဘာမှာရှာတွေ့ဖို့ မဖြစ်နိုင်ပါဘူး။ ဒါမယ့်ငါတို့ရဲ့ အားပြိုင်မှုကြောင့် အနာဂတ်နည်းပညာ ပိုပြီးတောက်ပလာတယ်၊ Generation တဆက်ပြီးတဆက် ပိုကောင်းလာဦးမယ်။ မင်းနဲ့တွေ့ရတာ အရမ်းဝမ်းသာတာပဲ Steve၊ မင်းနဲ့ အလုပ်တွဲလုပ်ဖူးတဲ့လူမှန်သမျှ ဂုဏ်ယူထိုက်ပါတယ်။ မင်းကိုအမြဲအမှတ်ရနေမှာပါ I Will miss Steve Immensely ဆိုတဲ့စကားလုံးတွေက ရင်ထဲကို အပြည့်ထိစေပါတယ်။

၂။ Siri ရဲ့ မွေးသဖခင် သို့မဟုတ် Google ၊ Alexa တို့ရဲ့ အနာဂတ်

ဒီဖက်ခေတ်မှာ “Hello Google! Ok Google” လို့ Command ပေးရင်း Personal/Digital Assistant ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေပြီဖြစ်ပါတယ်။ တကယ်တမ်း ဒီနည်းပညာဟာ Program ရေးဆွဲထားတဲ့ Software တခုသာဖြစ်ပြီး Steve Jobs ကတော့ ၁၉၈၄ မှာတတည်းက Public ကိုချပြပြီးသားပါ။

“နောက်တမျိုးပြောရရင်ဗျာ၊ သေတ္တာငယ်လေးထဲမှာ မင်းနဲ့အတူစကားပြောမယ့်၊ မင်းခိုင်းသမျှလုပ်မယ့် Volunteer ရှိသလိုမျိုးပေါ့။ မင်းသွားမယ့်လမ်း မသိလို့ လိုက်ပြပေးတာထက် အဲ့နေရာကိုဘယ်လိုသွားမလည်းစသဖြင့် Information များများပေးနိုင်တာကို ငါပြောချင်တာ။ ရှင်းရှင်းပြောရင်တော့ မင်းရဲ့အချစ်ခင်ဆုံး သူငယ်ချင်းလို့ သဘောထားကြည့်ပေါ့” ဆိုပြီး The Daily Beast မှာ Publish လုပ်လိုက်တဲံ Newsweek Access မဂ္ဂဇင်း အင်တာဗျူးမှာ အခုလို ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။

Image (Apple)

Legends: အခုချိန်မှာ Google နဲ့ Alexa တို့နောက် Apple အမီလိုက်နေရပါတယ်။ ဘယ်လိုအကြောင်းတွေကြောင့် နှောင့်နှေးသွားရတာလည်းဆိုတဲ့ Legend ကို ဒီဆောင်းပါး Link မှာ လေ့လာကြည့်ပါ။ အနာဂတ်မှာ Apple ဖော်ဆောင်ချင်တဲ့ Siri ကိုတော့ ဒီဆောင်းပါး Link မှာ လေ့လာကြည့်ပါ။

၃။ Habit Tracker ဒါမှမဟုတ် ကိုယ်ပိုင် Personal App

အခုပြောချင်တာကတော့ Siri ၊ Google Assistant နဲ့ Bixby တို့မှာ သုံးနေတဲ့ Habit Tracker လို သဘောတရားမျိုး “မင်းတနေ့၊ တနေ့ ဘာလုပ်လဲ? Daily Activity နဲ့ ပတ်သက်လို့ စမတ်ဖုန်းက မင်းကို Tracking လုပ်ပြီး ဥပမာ သောကြာနေ့မှာ မင်းစားနေ့ကျ အစားစာတခု ဒါမှမဟုတ် သွားနေကျ နေရာလေးကို ဖော်ပြနေမယ်၊ ဆိုလိုတာ မင်းနဲ့ဖုန်း သဟဇာတဖြစ်လာသလို အရင်ဆုံး မင်းကိုမင်း ပြန်သင်ပြီး ဖုန်းက မင်းနဲ့ ပတ်သက်သမျှ ဖော်ပြနေမယ်” ဆိုပြီး ၁၉၈၄ တုန်းက Access Magazine အင်တာဗျူးတခုမှာ Steve ပြောခဲ့သလိုပါပဲ။

Photo: Android Authority

ဒီနည်းပညာတွေကို ဒီဖက်ခေတ် စမတ်ဖုန်းတွေမှာ အသုံးပြုနေပြီး ကိုယ့် Personality နဲ့ ပတ်သက်သမျှ အချက်လက်တွေ ဖုန်းကသိနေတယ်၊ ဘယ်ချိန်မှာ ဘာအစားစာ စားရမလဲ? တချို့အိပ်ပုတ်ကြီးတဲ့လူတွေဆိုရင် Alarm သီးသန့်လုပ်ပြီး မနိုးနိုးအောင် Password အခက်ကြီး၊ Puzzle အခက်တွေထားပြီး Wake Up လုပ်တာ စသဖြင့် ခေတ်စားနေပါပြီ။

၎။ iPhone ဟာ Steve ရဲ့ ငယ်ဘဝ အိမ်မက်ဖြစ်နေခဲ့တယ်

“ငါအမြဲတမ်း တွေးဖူးတယ်၊ အိတ်ကပ်ထဲကို စက္ကူဘူးခွံလောက်ပဲရှိတဲ့ ဖုန်းတလုံးကို ဘယ်လိုထည့်သွားမလဲ? ထည့်သွားလို့ရရင် ဘယ်လောက်များ Wonderful ဖြစ်စရာကောင်းမလဲလို့” ၁၉၈၄ လောက်မှာ ဖုန်း (iPhone) ထုတ်ဖို့ စိတ်ကူးယဉ်နေခဲ့တာဖြစ်ပါတယ်။

Credit: Days of the year

၁၆ နှစ်အကြာမှာတော့ လူတကာ နှစ်သက်တန်ဖိုးထားရတဲ့ iPhone အဖြစ် လောက စတိတ်ဆင်ပေါ်ရောက်လာခဲ့ပြီး Steve ထွက်ခွာသွားတဲ့ ၂၀၁၁ နောက်ပိုင်း iPhone တွေ တဆစ်ချိုး ပြောင်းလဲသွားခဲ့ပါတယ်။

၅။ အသက် ၁၀ နှစ်ဆိုတာနဲ့ ဖုန်းသုံးတတ်နေလိမ့်မယ်

ဒီအဆိုပြုချက်က တဖက်ကကြည့်ရင် ကောင်းသလို နောက်တမျိုး တွေးကြည့်ပြန်ရင်လည်း လူမှုအသိုင်းဝိုင်းနဲ့ မသင့်တော်ဘူးလို့ ထင်ချင်ထင်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ “မင်းအသက် ၁၀ နှစ်ရောက်တာနဲ့ ပထမဆုံး မင်းလုပ်ချင်ဆုံးဖြစ်မယ့်အရာက ဖုန်းထုတ်ကြည့်ပြီး တခုခုမေးလိုက်မယ်၊ အဲ့မှာ Personal Assistant က Oh! How are You ဆိုတဲ့ ပုံစံမျိုးနဲ့ Greeting လုပ်မယ်လို့” အင်တာဗျူးတခုမှာ အနာဂတ် ဖုန်းနည်းပညာနဲ့ ပတ်သက်လို့” ထုတ်ပြောခဲ့ဖူးပါတယ်။

တကယ်ပဲ နည်းပညာ Adaption ဖြစ်လာတဲ့ ၂၁ ရာစုကာလမှာ စမတ်ဖုန်းတွေ အဆင့်မြင့်လာပြီး Influence Central ကောက်ယူခဲ့တဲ့ ၂၀၁၆ စစ်တမ်းတခုမှာ ၁၀ နှစ်ဝန်းကျင်ကတည်းက ကလေးငယ်တွေ စမတ်ဖုန်းသုံးတတ်နေကြပြီလို့ ဖော်ပြထားပါတယ်။ တချို့ကတော့ Used to ဖြစ်ရုံလောက်ပဲရှိပေမယ့် ၂၀၁၇ လောက်မှ မိဘတွေရဲ့ ၄၅ ရာခိုင်နှုန်းလောက် လိုက်လိုက်လျောလျောကိုပဲ အသက် ၁၀ နှစ်နဲ့ ၁၂ ကြားကလေးငယ်တွေကို ခေတ်မီ စမတ်ဖုန်းပေးသုံးနေပြီဖြစ်ပါတယ်။ တမျိုးတွေးကြည့်ပြန်ရင် မဆိုစလောက်ပဲ ထွက်တယ်ဆိုတဲ့ ဖုန်း Radiation က ကလေးငယ်တွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို သွားထိခိုက်နေမလား။

၆။ အင်တာနက်စီးပွားရေး အဖြစ်ပြောင်းလဲလာမယ်

အရင်တချိန်က အင်တာနက်သုံးတယ်ဆိုတာ ကိုယ်ပြောချင်တဲ့ Information ရောက်ဖို့၊ ကဏ္ဍတခုမှာ ကြော်ငြာဖို့နဲ့ လေ့လာဖို့အတွက်ပဲဖြစ်ခဲ့တယ်ဆိုမယ့် Steve ပြောခဲ့တာက Global အင်တာနက်ကြီး ပြောင်းလဲလာလိမ့်မယ်။ အဲ့ဒါကတော့ ငါတို့ရဲ့ စီးပွားရေးနယ်ပယ်ကို တဆစ်ချိုးပြောင်းလဲပစ်မယ့် အင်တာနက်ခေတ်နဲ့ကြုံလိမ့်မယ်၊ ဘာဖြစ်မလဲဆိုရင် တကယ့်နေရာကောင်းဖြစ်လာစေမယ့် Marketplace ကို ကုမ္ပဏီငယ်တွေ စတင်နိုင်လိမ့်မယ်၊ ဘယ်လိုစတင်နိုင်မလဲဆိုရင် ကုမ္ပဏီကြီးနေရာကဝင်ပါသလိုမျိုးပေါ့လို့ ၁၉၉၅ မှာ ကျင်းပခဲ့တဲ့ Computer World Information Technology Awards Foundation မှာ ပြောဆိုခဲ့တာပါ။

ခုချိန်မှာဆိုရင်တော့ Casper Website ကနေ မွေ့ယာတွေ တိုက်ရိုက်ရောင်းချပေးနေတယ်၊ ဒီလိုပဲ Warby Parker ကနေလည်း မျက်မှန်အတွက် ကိုယ်လိုချင်တဲ့ Frame တွေကို လက်ကားရောင်းချပေးနေတယ်ဆိုတော့ တကူးတက သွားဝယ်စရာမလိုတော့သလို အချိန်ကုန်သက်သာစေပါတယ်။

၇။ ကြားခံလူမလိုတဲ့ စီးပွားရေးစနစ်

ဒါကတော့ အထူးတလည် ပြောနေစရာမလိုဘဲ အင်တာနက်စီးပွားရေးကနေပဲ ဆင်းသက်လာတယ်လို့ ပြောရမှာပါ။ အခုချိန် Amazon ကနေ ဘာပစ္စည်းပဲမှာမှာ ပြဿနာထွေထူးမရှိ၊ ကြားခံဘာမှမလိုဘဲ ကိုယ်လိုချင်တာ Order တင်၊ ငွေချေလိုက်တာနဲ့ အိမ်ရှေ့ထိ ရောက်လာမှာပါ။ ဒါကို ၁၉၉၆ မှာ Steve ဘယ်လိုပြောခဲ့လိုဆိုရင်

“အကောင်းဆုံးနည်းလမ်း မင်းစဉ်းစားကြည့်မယ်ဆိုရင်တော့ Website ကို Direct to Consumer Channel လို့ သဘောထားကြည့်ပေါ့တဲ့။ သူ့ဘာသူ ဘာပဲဖြစ်နေဖြစ်နေ မင်းမှာချင်တဲ့ အရာတခုခုကို ကြားခံမလိုဘဲ ရောက်လာမယ်ဆိုရင် ဘာပြောမလဲ၊ အခုမင့်ကြည့်လေ စီးပွားရေးလောကမှာ ဟိုလူဖုန်းဆက်ရင်၊ ပြောရနဲ့ အချိန်ကြန့်ကြာမှုလည်းဖြစ်တယ်၊ အဆင်ပြေရင်တောင် ကုန်ကျစရိတ်ပိုများဦးမယ်လေးလို့” ခန့်မှန်းခဲ့တာပါပဲ။

၈။ Google Drive ဒါမှမဟုတ် iCloud တို့ရဲ့ အနာဂတ်

ဒါကတော့ Steve တယောက် email အသုံးပြုနေရင်း ပြောဆိုခဲ့တဲ့ Storage Management လို့လည်း ပြောနိုင်ပါတယ်။ သူဆိုလိုခဲ့တာကတော့ “အင်တာနက်ရှိနေရုံနဲ့ ဘာ Storage Management မှ လုပ်စရာမလိုဘူး၊ အဲ့ဒါကို ငါပိုသဘောကျတယ်၊ ပြောရမယ်ဆိုရင်တော့ ငါ့ email ကငါ့ရဲ့ Storage Library ကြီးပဲလို့” ယေဘူယျသဘောတရား အနေနဲ့ ၁၉၉၆ ကတည်းက စိတ်ကူးနေခဲ့တာလို့လည်းပြောနိုင်ပါတယ်။

Photo: iMore

အခုချိန်မှာတော့ လစဉ်ကြေးပေးသုံးနိုင်မယ့် Google နဲ့ One Drive တို့ပေါ်နေပါပြီ၊ Apple Device တွေအတွက်လည်း iCloud ရှိနေပြီဆိုတော့ အင်တာနက်ဝန်ဆောင်မှုက ခန့်မှန်းခဲ့တဲ့အတိုင်း ကြီးထွားနေပါပြီ။

၉။ ကွန်ပျူတာတွေ ပိုသေးလာသလို အဆိပ်လည်းပိုပြင်းလာမယ်

Intel ဘိုးအေကြီး Gordon Moore ပြောခဲ့သလို အနာဂတ်ကွန်ပျူတာတွေရဲ့ Processor Transistors တွေဟာ တဆက်ပြီးတဆက် ၂ ဆနှုန်း ပိုများလာပြီး ပိုလည်းသေးလာမယ်လို့ ပြောခဲ့လို Steve Jobs ကလည်း ပိစိကွေးကွန်ပျူတာတွေ ထွက်လာမယ်လို့ ၁၉၈၀ ဝန်းကျင်ကတည်းက ပြောခဲ့တာပါ။

Photo: Apple

သူပြောခဲ့သလိုပဲ ၂၀၀၈ မှာ အပါးလွာဆုံး MacBook Air ကို မိတ်ဆက်ခဲ့ပြီး ခုချိန်မှာတော့ Windows ကွန်ပျူတာနဲ့ Mac တွေအားလုံး ပါးပါးလေးနဲ့ စွမ်းဆောင်ရည်မြင့်တဲ့အဆင့်ကိုရောက်ရှိနေပါပြီ။

Credit: Lisa Eadicicco and Kif Lewswing
2B (Akhayar)
www.akhayar.com