၂၁ ရာစုမှာ နေထိုင်နေတဲ့ ကျနော်တို့ဟာ မျက်စိနှစ်လုံးပွင့်တာနဲ့ အိပ်ရာနဘေးက စမတ်ဖုန်းကို ယူကြည့်စမြဲပါ။ အိမ်ကထွက်ရင်တောင် ဖုန်းမပါရင် မပြီးသလို LifeStyle ကအစ လုံးဝပြောင်းလဲနေတဲ့ နည်းပညာခေတ်က ၂၀ ရာစုနှောင်းပိုင်းကာလာတွေလို ပျော်စရာမကောင်းတော့တာ အမှန်ပါ။

Apple PC Forum, 1985 (Reuters)

ဒီလို iPhone မပေါ်ခင် YouTube ၊ Google တို့ လေးဖက်ထောက်သွားခါစ ၁၉၉၀ နဲ့ ၁၉၈၀ ဝန်းကျင်တုန်းက ကြိုးဖုန်းတွေနဲ့ပဲ Connect လုပ်ခဲ့ရတယ်။ စာပေး၊ စာပို့စနစ်တွေနဲ့ ကျင်လည်ခဲ့ရတဲ့ ၂၀ ရာစုဆိုတာဟာ အမှန်တိုင်းပြောရင် ပိုနွေးထွေးသလို နည်းပညာဆိုးကျိုးတွေရဲ့ ဒဏ်ကျနော်တို့ ခေတ်လူငယ်တွေပေါ် မရိုက်ခတ်သေးပါဘူး။

Young Steve (Vox-cdn)

ဆိုတော့ နည်းပညာဖခင်ကြီး Steve Jobs ဟာ အနာဂတ် နည်းပညာနဲ့ပတ်သက်လို့ ဘယ်လို ခန့်မှန်းမှုတွေပြုလုပ်ခဲ့သလဲ။ Future မှာပေါ်ပေါ်လာမယ့် Digital Assistant တွေ၊ Kingsman ရုပ်ရှင်ထဲကလို Spy Glass (အခု Smart Glass) လို နည်းပညာတွေ ခန့်မှန်းနိုင်ခဲ့တာ တော်ရုံအရည်ချင်းနဲ့ မဖြစ်နိုင်ပါဘူး။ ကဏ္ဍတစ်ခုကို နက်နက်နဲနဲသိ (ဂန္ထဝင် Genius ဖြစ်နေမှ ပြောနိုင်၊ ဆိုနိုင်တယ်၊ Logic ကျတယ်လို့ အများစု လက်ခံထားတာဆိုတော့ Jobs တယောက် လူငယ်အရွယ်မှာ ဘာတွေခန့်မှန်းခဲ့သလဲ လေ့လာကြည့်ရအောင်။

၁. iPad သို့ သင်ပုန်းကွန်ပျူတာ

ပထမဆုံး iPad ကို ၂၀၁၀ မှာ မိတ်ဆက်ခဲ့တယ်ဆိုမယ့် Steve Jobs အနေနဲ့ ၁၉၈၃ ဝန်းကျင်ကတည်းက Tablet ထုတ်ဖို့တွေးဖူးပြီးသားပါ။ ဒါကို Audio Record တခုဖြစ်တဲ့ International Design Conference မှာ Jobs ပြောခဲ့တဲ့ “လုံးဝကို မင်သက်သွားစေရမယ့် ကွန်ပျူတာတလုံးကို မင်းတို့လက်ဖဝါးတဖက်ထဲနဲ့ သယ်သွားနိုင်တော့မယ်၊ ဒါကိုအသုံးပြုတတ်ဖို့ အချိန် ၅ မိနစ်ပဲ ပေးရမယ်ဆိုတဲ့” Recording ပါပဲ။

Image (Independent UK)

Tablet နဲ့ပတ်သက်လို့ Legend တခု ပြောရဦးမယ်ဆိုရင် “ငါလုပ်တာထက် ပိုကောင်းမယ့်ဟာတစ်ခုခု ထုတ်ပြစမ်းပါ၊ ငါတို့စထုတ်ခဲ့တုန်းက မင်းတို့ iPad လောက် မပါး၊ ပေါ့လည်းမပေါ့ဘူးဆိုပြီး Bill Gates ပြောခဲ့ဖူးသလို Tablet လောကကို Microsoft ဟာ ၂၀၀၂ ခကတည်းက အကောင်ထည်ဖော်ခဲ့တာဖြစ်ပါတယ်။

ခုချိန်မှာ Apple ဖခင်ကြီးလည်း မရှိတော့သလို CEO ရာထူးက အနားယူသွားပြီဖြစ်တဲ့ Bill Gates တို့ မဟာပြိုင်ဖက်ဖြစ်ခဲ့ပေမယ့် Steve တယောက် ကင်ဆာဝေဒနာခံစားနေရချိန်မှာ သူငယ်ချင်းပီသတဲ့ နွေးထွေးကြင်မှုတွေ မျှဝေခံစားခဲ့ပါတယ်။ ဒီမှာ Legend ကြီးပြောခဲ့တာက

Image (Cultofmac)

“ငါတို့လို နှစ် ၃၀ လုံးလုံး ကျောင်းနေဖက်၊ သူငယ်ချင်းဖြစ်နေပြီး အခုလိုယှဉ်ပြိုင်နေတာမျိုး ဒီကမ္ဘာမှာရှာတွေ့ဖို့ မဖြစ်နိုင်ပါဘူး။ ဒါမယ့်ငါတို့ရဲ့ အားပြိုင်မှုကြောင့် အနာဂတ်နည်းပညာ ပိုပြီးတောက်ပလာတယ်၊ Generation တဆက်ပြီးတဆက် ပိုကောင်းလာဦးမယ်။ မင်းနဲ့တွေ့ရတာ အရမ်းဝမ်းသာတာပဲ Steve၊ မင်းနဲ့ အလုပ်တွဲလုပ်ဖူးတဲ့လူမှန်သမျှ ဂုဏ်ယူထိုက်ပါတယ်။ မင်းကိုအမြဲအမှတ်ရနေမှာပါ I Will miss Steve Immensely ဆိုတဲ့စကားလုံးတွေက ရင်ထဲကို အပြည့်ထိစေပါတယ်။

၂. Siri ရဲ့ မွေးသဖခင် သို့မဟုတ် Google ၊ Alexa တို့ရဲ့ အနာဂတ်

ဒီဖက်ခေတ်မှာ “Hello Google! Ok Google” လို့ Command ပေးရင်း Personal/Digital Assistant ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေပြီဖြစ်ပါတယ်။ တကယ်တမ်း ဒီနည်းပညာဟာ Program ရေးဆွဲထားတဲ့ Software တခုသာဖြစ်ပြီး Steve Jobs ကတော့ ၁၉၈၄ မှာတတည်းက Public ကိုချပြပြီးသားပါ။

“နောက်တမျိုးပြောရရင်ဗျာ၊ သေတ္တာငယ်လေးထဲမှာ မင်းနဲ့အတူစကားပြောမယ့်၊ မင်းခိုင်းသမျှလုပ်မယ့် Volunteer ရှိသလိုမျိုးပေါ့။ မင်းသွားမယ့်လမ်း မသိလို့ လိုက်ပြပေးတာထက် အဲ့နေရာကိုဘယ်လိုသွားမလည်းစသဖြင့် Information များများပေးနိုင်တာကို ငါပြောချင်တာ။ ရှင်းရှင်းပြောရင်တော့ မင်းရဲ့အချစ်ခင်ဆုံး သူငယ်ချင်းလို့ သဘောထားကြည့်ပေါ့” ဆိုပြီး The Daily Beast မှာ Publish လုပ်လိုက်တဲံ Newsweek Access မဂ္ဂဇင်း အင်တာဗျူးမှာ အခုလို ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။

Image (Apple)

Legends: အခုချိန်မှာ Google နဲ့ Alexa တို့နောက် Apple အမီလိုက်နေရပါတယ်။ ဘယ်လိုအကြောင်းတွေကြောင့် နှောင့်နှေးသွားရတာလည်းဆိုတဲ့ Legend ကို ဒီဆောင်းပါး Link မှာ လေ့လာကြည့်ပါ။ အနာဂတ်မှာ Apple ဖော်ဆောင်ချင်တဲ့ Siri ကိုတော့ ဒီဆောင်းပါး Link မှာ လေ့လာကြည့်ပါ။

ဆက်လက်ဖော်ပြပါဦးမည်
Credit: Lisa Eadicicco and Kif Lewswing
2B (Akhayar)