၂၀၁၉-၂၀ ရာသီ ပရီးမီးယားလိဂ်ပွဲစဉ်(၁)မှာ အင်္ဂလိပ်ကစားသမား (၈၃)ဦးအထိ ပွဲထွက်ခွင့်ရခဲ့ပြီး ဒါဟာ (၉)နှစ်အတွင်း အများဆုံးအရေအတွက်လည်းဖြစ်ခဲ့ပါတယ်။ ပျမ်းမျှအနေနဲ့ ပြောရရင် ဒီတစ်ပတ်ပရီးမီးယားလိဂ် ကလပ်အသင်းတွေ အသုံးပြုခဲ့တဲ့ ကစားသမားတွေထဲက (၃၇.၇၃)ရာခိုင်နှုန်းက အင်္ဂလိပ်ကစားသမားတွေဖြစ်ကြပါတယ်။ ဒါဟာ ၂၀၁၀-၁၁ ရာသီနောက်ပိုင်း ပရီးမီးယားလိဂ်ရာသီ အဖွင့်ပွဲမှာ အင်္ဂလိပ်ကစားသမား ပါဝင်မှုနှုန်းအများဆုံးဖြစ်ခဲ့ပြီး ၂၀၁၀-၁၁ ရာသီမှာ (၈၅)ဦးအထိ ပွဲထွက်ခွင့်ရခဲ့တာပါ။ ပရီးမီးယားလိဂ်မှာ ပြည်ပက နာမည်ကျော်ကစားသမားတွေ အများကြီးရောက်လာတဲ့အတွက် အင်္ဂလိပ်ကစားသမားတွေ ပွဲထွက်ခွင့်ရဖို့ အခွင့်အရေးနည်းပါးလာပေမယ့် ဒီရာသီမှာတော့ အင်္ဂလိပ်ကစားသမားတွေ နေရာပြန်ရလာပြီလို့ သတ်မှတ်ရမှာပါ။

ဒါ့အပြင် ပရီးမီးယားလိဂ်ထိပ်သီး (၆)သင်းကလည်း အင်္ဂလိပ်ကစားသမားတွေကို ပွဲထွက်လူစာရင်းမှာ အသုံးပြုခဲ့ပြီး (၂၂)ယောက်အထိ ပွဲထွက်ခွင့်ရခဲ့တာကြောင့် ၂၀၁၆-၁၇ ရာသီနောက်ပိုင်း အများဆုံးဖြစ်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် ထိပ်သီး(၆)သင်း အသုံးပြုခဲ့တဲ့ အင်္ဂလိပ်ကစားသမား (၂၂)ယောက်က အသက်(၃၀)အောက်တွေဖြစ်သလို ပျမ်းမျှအသက်က (၂၃)နှစ်၊ (၃၅၁)ရက်သာရှိတာဖြစ်ပါတယ်။ နယူးကာဆယ်ကို အနိုင်ရခဲ့တဲ့ပွဲမှာ အာဆင်နယ်အသင်းဟာ မစ်လန်းနိုင်းစ် Ainsley Maitland-Niles ၊ ချိန်ဘာစ် Calum Chambers ၊ ၀ီလော့ခ် Joe Willock ၊ နယ်လ်ဆင် Reiss Nelson တို့ကို အသုံးပြုခဲ့သလို၊ လီဗာပူးလ်အသင်းမှာလည်း အာနိုးလ် Trent Alexander-Arnold ၊ ဂိုးမက်ဇ် Joe Gomez ၊ ဟန်ဒါဆင် Jordan Henderson တို့ ပွဲထွက်ကစားခဲ့ပါတယ်။ အင်္ဂလိပ်ကစားသမား အများဆုံး ပွဲထွက်အသုံးပြုခဲ့တာက မန်ယူအသင်းဖြစ်ပြီး ချယ်လ်ဆီးကို (၄-၀)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ စုစုပေါင်း(၅)ယောက် အသုံးပြုခဲ့တာဖြစ်ပါတယ်။

ARSENAL

Ainsley Maitland-Niles (Aged 21), Callum Chambers (24),
Reiss Nelson (19), Joe Willock (19)

CHELSEA

Mason Mount (20), Ross Barkley (25), Tammy Abraham (21)

LIVERPOOL

Trent Alexander-Arnold (20), Joe Gomez (22), Jordan Henderson (29)

MANCHESTER CITY

Kyle Walker (29), John Stones (25), Raheem Sterling (24)

MANCHESTER UNITED

Aaron Wan-Bissaka (21), Harry Maguire (26), Luke Shaw (24),
Jesse Lingard (26), Marcus Rashford (21)

TOTTENHAM

Kyle Walker-Peters (22), Danny Rose (29), Harry Winks (23), Harry Kane (26)

REF:Daily Mail
Photo:Manchester United Facebook,Arsenal Facebook, Daily Mail
Naing Linn(Akhayar)
www.akhayar.com