[Zawgyi]

IQ အျမင္႔ဆံုးရွိတဲ့ အေမရိကန္သမၼတ (၈) ေယာက္

ႏိုင္ငံတစ္ႏုိင္ငံကို အုပ္ခ်ဳပ္ၿပီး သမၼတလုပ္ဖို႔ဆိုတာ လြယ္ကူတဲ႔အလုပ္မ်ဳိးမဟုတ္ဘဲ သမၼတတစ္ေယာက္အေနနဲ႔ဆို အဖက္ဖက္ကေန စဥ္းစားေတြးေတာႏုိင္ၿပီး အေရးပါတဲ႔ ဆံုးျဖတ္ခ်က္ေတြခ်ႏိုင္ဖို႔၊ သမာသမာက်မႈေတြရွိေနဖို႔၊ လုပ္သင္႔လုပ္ထိုက္တာကုိ လ်င္လ်င္ျမန္ျမန္ ေဝဖန္ပိုင္းျခားၿပီးလုပ္ႏိုင္ဖို႔၊ ၾသဇာအာဏာရွိဖို႔နဲ႔ စြမ္းေဆာင္ရည္ျမင္႔ ဥာဏ္ရည္ေတြ ရွိေနဖို႔ပါ လိုအပ္ပါတယ္။ သာမန္လူတစ္ေယာက္အေနနဲ႔ ပ်မ္းမွ် IQ ကေတာ့ ၁၂၀ ရွိပါတယ္။ George Washington ကေန လက္ရွိ Donald Trump အထိ အေမရိကန္ႏိုင္ငံကို အုပ္စိုးခဲ႔တဲ႕ သမၼတ ၄၅ ေယာက္ရွိတဲ႔ အနက္ ဥာဏ္ရည္အျမင္႔ဆံုးရွိတဲ့ သမၼတရွစ္ေယာက္အေၾကာင္းကို ထုတ္ႏုတ္တင္ျပလိုက္ပါတယ္။

(၁) John Quincy Adams(1825-1829)

ေျခာက္ေယာက္ေျမာက္ သမၼတျဖစ္တဲ႔ John Quincy Adams ကေတာ့ ဒီစာရင္းေတြထဲမွာ IQ Score ၁၇၅ မွတ္နဲ႔ ထိပ္ဆံုးေနရာမွာ ရပ္တည္ေနသူ ျဖစ္ပါတယ္။ လက္ရွိအခ်ိန္ထိ ဥာဏ္ႀကီးရွင္လို႔ သတ္မွတ္ထားတဲ႔  Einstein နဲ႔  Stephen Hawking ေတာင္မွ IQ Score  ၁၆၀ သာရွိပါတယ္။ John Quincy Adams ကေတာ့ ဥာဏ္ႀကီးရွင္လို႔ သတ္မွတ္ထားတဲ့ သူေတြထက္ေတာင္ ဥာဏ္ရည္ပိုျမင္႔မားသူ ျဖစ္ပါတယ္။ ဒါ့အျပင္ သူဟာ ထူးျခားတဲ႔ အေဟာအေျပာေကာင္းသူတစ္ေယာက္လည္းျဖစ္တဲ႔အတြက္ “Old Man Eloquent” ဆိုတဲ႔ Title ကိုေတာင္ ရရွိထားသူျဖစ္ပါတယ္။ ဒါ့အျပင္ Thomas က ဘာသာစကားခုနစ္မ်ဳိး ေျပာဆိုႏိုင္တဲ႔ သမၼတတစ္ဦးလည္းျဖစ္ပါတယ္။ ဥပေဒေက်ာင္းမၿပီးဘဲနဲ႔ ေရွ႕ေနျဖစ္လာကာ Harvard ကေန ဘဲြ႔ရရွိခဲ႔သူတစ္ဦး ျဖစ္ပါတယ္။ ဒါ့အျပင္ ထင္ရွားတဲ့ သံတမန္တစ္ဦးလည္းျဖစ္ၿပီး အေမရိကန္ရဲ႕ သမၼတအျဖစ္နဲ႔လည္း ေလးႏွစ္တာ ေအာင္ျမင္စြာ တာဝန္ထမ္းေဆာင္ခဲ႔သူ တစ္ဦးလည္း ျဖစ္ပါတယ္။

John Quincy Adams

John Quincy Adams

(၂) Thomas Jefferson (1801-1809)

သံုးေယာက္ေျမာက္သမၼတျဖစ္တဲ႔ Thomas Jefferson က IQ Score 160 ရွိၿပီး ဒုတိယ IQ Score အျမင့္ဆံုးရွိသူတစ္ဦး ျဖစ္ပါတယ္။ Thomas Jefferson က လြတ္လပ္ေရးေၾကျငာစာတမ္းေတြကို တာဝန္ယူေရးသားခဲ႔သူ ျဖစ္ပါတယ္။ သူဟာ ၁၈၀၃ ခုနစ္မွာ အေမရိကန္ႏိုင္ငံရဲ႕ အရြယ္အစားကို ႏွစ္ဆႀကီးမားေစဖို႔အတြက္ Louisiana ျပည္နယ္ကုိ ဝယ္ယူဖို႔ ေနာက္ကြယ္ကေန ႀကိဳးစားခဲ႔သူတစ္ဦးလည္း ျဖစ္ပါတယ္။

Thomas Jefferson

Thomas Jefferson

(၃) James Madison (1809-1817)

ေလးေယာက္ေျမာက္အေမရိကန္သမၼတျဖစ္တဲ႕ James Madison ကေတာ့ အရပ္ငါးေပေလးလက္မသာရွိၿပီး  အရပ္အပုဆံုးသမၼတျဖစ္ေပမယ့္ သူရဲ႕ IQ Score ကေတာ့ မေသးလွသူတစ္ဦးျဖစ္ပါတယ္။ သူရဲ႕ IQ Score ကေတာ့ ၁၆၀ ရွိၿပီး အခြင္႔အေရးဥပေဒၾကမ္းေတြကို ေရးသားခဲ႔သူတစ္ဦး ျဖစ္ပါတယ္။

James Madison

James Madison

(၄) John F.Kennedy (1981-1963)

၃၅ ေယာက္ေျမာက္ အေမရိကန္သမၼတျဖစ္တဲ႔ John F.Kennedy က ခြန္အားဗလနဲ႔ ျပည္႔စံုသူတစ္ဦးျဖစ္တဲ႔အျပင္ ဥာဏ္ပညာနဲ႔လည္း ျပည္႔စံုသူတစ္ဦး ျဖစ္ပါတယ္။ IQ Test စစ္ေဆးမႈအရ သူရဲ႕ IQ Score ကေတာ့ ၁၅၉.၈ ရွိပါတယ္။ ဒုတိယကမာၻစစ္အတြင္းတုန္းက ရဲစြမ္းသတိၱရွိရိွနဲ႔ ျပဳမူေဆာင္ရြက္ခဲ႔တဲ႔အတြက္ေၾကာင္႔ လက္ရုံးရည္ေကာ ႏွလံုးရည္နဲ႔ပါ ျပည္႔စံုသူအျဖစ္ အသိမွတ္ျပဳခံထားရသူ ျဖစ္ပါတယ္။ ဒါ့အျပင္ John F.Kennedy က အေမရိကန္ေတာ္ေတာ္မ်ားမ်ားရဲ႕ အသည္းႏွလုံးမွာ ေနရာယူခဲ႔သူတစ္ဦးျဖစ္ပါတယ္။ သူဟာ တိုေတာင္းလွတဲ႔ ရာထူးသက္တမ္းအတြင္းမွာ Pulitzer Prize ကို ဆြတ္ခူးရယူေပးႏိုင္ခဲ႔သူ တစ္္ဦးလည္း ျဖစ္ပါတယ္။

John F.Kennedy

John F.Kennedy

(၅) Bill Clinton (1993-2001)

၄၂ ေယာက္ေျမာက္အေမရိကန္သမၼတBill Clinton ဟာ အေမရိကန္ေျမာက္ပိုင္းမွာ လြတ္လပ္စြာ ကုန္သြယ္မႈ သေဘာတူညီခ်က္ရရွိဖို႔အတြက္ တာဝန္ယူေဆာင္ရြက္ေပးခဲ႔သူ ျဖစ္ပါတယ္။ Bill Clinton ရဲ႕ IQ Score ကေတာ့ ၁၅၉ ရွိၿပီး ႏုိင္ငံေရးလႈပ္ရွားေျပာင္းလဲသူ Monica Lewinsky နဲ႔လည္း မေကာင္းသတင္းေတြ ထြက္ရွိခဲ႔သူတစ္ဦး ျဖစ္ပါတယ္။

Bill Clinton

Bill Clinton

(၆) Jimmy Carter (1977-1981)

၃၉ ေယာက္ေျမာက္သမၼတ Jimmy Carter ဟာ IQ Score ၁၅၆.၈ ရွိၿပီး Georgia ကေန အေမရိကန္သမၼတ ေနရာကို ေရာက္ရွိလာသူ ျဖစ္ပါတယ္။ Jimmy Carter ဟာ သူ႕သမၼတသက္တမ္းအတြင္းမွာ အေကာင္းမြန္ဆံုး သံတမန္အျဖစ္နဲ႔လည္း ထမ္းရြက္ႏိုင္ခဲ႔သူတစ္ဦး ျဖစ္ပါတယ္။ သူဟာ သမၼတရာထူးကေန ႏႈတ္ထြက္ၿပီးတဲ႔ေနာက္မွာ လူလူခ်င္းစာနာေထာက္ထားမႈနဲ႔ ပက္သက္တဲ႔ အလုပ္ေတြ ဆက္လက္လုပ္ကုိင္ၿပီး Emory University မွာ သင္ၾကားျပသမႈေတြ ျပဳလုပ္ခဲ႔သူ ျဖစ္ပါတယ္။ သူဟာ သမၼတဆီကေန လြတ္လပ္မႈနဲ႔ဂုဏ္သတင္းႀကီးမားတဲ႔ Noble Peace ဆုတံဆိပ္ကို လက္ခံရရွိခဲ့သူတစ္ဦးလည္း ျဖစ္ပါတယ္။

Jimmy Carter

Jimmy Carter

(၇) Woodrow Wilson (၁၉၁၃-၁၉၂၁)

အင္အားႀကီးမားၿပီး ရႈပ္ေထြးတဲ႔ အေမရိကန္ႏိုင္ငံေရးရာမ်ားနဲ႔ ကမာၻ႔ေရးရာမ်ားတြင္ ဦးေဆာင္ခဲ႔သူတစ္ဦးျဖစ္တဲ့ ၂၈ ေယာက္ေျမာက္အေမရိကန္သမၼတ Woodrow Wilson က ပထမကမာၻ႔စစ္ကေနတစ္ဆင္႔ တုိင္းျပည္ကို ဦးေဆာင္ခဲ့သူတစ္ဦး ျဖစ္ပါတယ္။ Woodrow Wilson ရဲ႕ IQ ကေတာ့ ၁၅၅.၂ ရွိၿပီး IQ Score အျမင့္ဆံုး သတၱမေျမာက္ေနရာမွာ ရပ္တည္ေနသူ တစ္ဦးျဖစ္ပါတယ္။ ဒီလို ဥာဏ္ပညာအရည္အခ်င္းနဲ႔ ျပည္႔စံုတဲ႔သူက ကမာၻ႔ႀကီး ျငိမ္းခ်မ္းေရးလႈံ႕ေဆာ္မႈေတြကို အျခားေသာႏိုင္ငံေတြနဲ႔ ေအာင္ျမင္စြာ ပူူးေပါင္းေဖာ္ေဆာင္မယ္ဆိုၿပီး ျပည္သူလူထုကို ကတိကဝတ္ေပး ေျပာၾကားကာ ေအာင္ျမင္စြာ ေဖာ္ေဆာင္ႏိုင္ခဲ႔သူတစ္ဦးျဖစ္ပါတယ္။ ဒီလုိုၿငိမ္းခ်မ္းေရးေဖာ္ေဆာင္ခဲ႔တဲ႔အတြက္ Wilson ကို Noble ၿငိမ္းခ်မ္းေရးဆု ခ်ီးျမွင္႔ခဲ႔ပါတယ္။

Woodrow Wilson

Woodrow Wilson

(၈) John Adams (1791-1801)

ဒုတိယေျမာက္အေမရိကန္သမၼတ John Adams ဟာ IQ Score အျမင္႔ဆံုးေနရာမွာ ရပ္တည္ေနသူ John Quincy Adams ရဲ႕ ဖခင္ျဖစ္သူပါ။ ဖခင္ျဖစ္သူ John Adams က သားျဖစ္သူလိုပဲ IQ Score ျမင္႔မားသူ ျဖစ္ပါတယ္။ John Adams ရဲ႕ IQ Socre ကေတာ့ ၁၅၅ ရွိၿပီး ယေန႔တိုင္အသံုးျပဳေနတဲ႔ Massachusetts ျပည္နယ္ရဲ႕ အေျခခံဥပေဒဖဲြ႕စည္းပံုမူၾကမ္းကို တစ္ဦးတည္း ေဖာ္ေဆာင္ခဲ႔သူ ျဖစ္ပါတယ္။

John Adams

John Adams

ကဲ….ဒီေလာက္ဆိုရင္ေတာ့ IQ Score အျမင္႔ဆံုး သမၼတအခ်ဳိ႕ရဲ႕အေၾကာင္းကို ပရိသတ္ႀကီး ဗဟုသုတအေနနဲ႔ သိသြားေလာက္ၿပီလို႔ ထင္ပါတယ္။ ပရိသတ္္ႀကီးသိတဲ့ IQ Score အျမင့္ဆံုးသမၼတေတြရွိရင္လည္း အျခားသူေတြ ဗဟုသုတတိုးေစဖို႔အတြက္ ျပန္လည္မွ်ေဝေပးသြားပါအုန္းေနာ္။

H.H(Akhayar)

www.akhayar.com

[Unicode]

IQ အမြင့်ဆုံးရှိတဲ့ အမေရိကန်သမ္မတ (၈) ယောက်

နိုင်ငံတစ်နိုင်ငံကို အုပ်ချုပ်ပြီး သမ္မတလုပ်ဖို့ဆိုတာ လွယ်ကူတဲ့အလုပ်မျိုးမဟုတ်ဘဲ သမ္မတတစ်ယောက်အနေနဲ့ဆို အဖက်ဖက်ကနေ စဉ်းစားတွေးတောနိုင်ပြီး အရေးပါတဲ့ ဆုံးဖြတ်ချက်တွေချနိုင်ဖို့၊ သမာသမာကျမှုတွေရှိနေဖို့၊ လုပ်သင့်လုပ်ထိုက်တာကို လျင်လျင်မြန်မြန် ဝေဖန်ပိုင်းခြားပြီးလုပ်နိုင်ဖို့၊ သြဇာအာဏာရှိဖို့နဲ့ စွမ်းဆောင်ရည်မြင့် ဉာဏ်ရည်တွေ ရှိနေဖို့ပါ လိုအပ်ပါတယ်။ သာမန်လူတစ်ယောက်အနေနဲ့ ပျမ်းမျှ IQ ကတော့ ၁၂၀ ရှိပါတယ်။ George Washington ကနေ လက်ရှိ Donald Trump အထိ အမေရိကန်နိုင်ငံကို အုပ်စိုးခဲ့တဲ့ သမ္မတ ၄၅ ယောက်ရှိတဲ့ အနက် ဉာဏ်ရည်အမြင့်ဆုံးရှိတဲ့ သမ္မတရှစ်ယောက်အကြောင်းကို ထုတ်နုတ်တင်ပြလိုက်ပါတယ်။

(၁) John Quincy Adams(1825-1829)

ခြောက်ယောက်မြောက် သမ္မတဖြစ်တဲ့ John Quincy Adams ကတော့ ဒီစာရင်းတွေထဲမှာ IQ Score ၁၇၅ မှတ်နဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေသူ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ဉာဏ်ကြီးရှင်လို့ သတ်မှတ်ထားတဲ့  Einstein နဲ့  Stephen Hawking တောင်မှာ IQ Score  ၁၆၀ သာရှိပါတယ်။ John Quincy Adams ကတော့ ဉာဏ်ကြီးရှင်လို့ သတ်မှတ်ထားတဲ့ သူတွေထက်တောင် ဉာဏ်ရည်ပိုမြင့်မားသူ ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ထူးခြားတဲ့ အဟောအပြောကောင်းသူတစ်ယောက်လည်းဖြစ်တဲ့အတွက် “Old Man Eloquent” ဆိုတဲ့ Title ကိုတောင် ရရှိထားသူဖြစ်ပါတယ်။ ဒါ့အပြင် Thomas က ဘာသာစကားခုနစ်မျိုး ပြောဆိုနိုင်တဲ့ သမ္မတတစ်ဦးလည်းဖြစ်ပါတယ်။ ဥပဒေကျောင်းမပြီးဘဲနဲ့ ရှေ့နေဖြစ်လာကာ Harvard ကနေ ဘွဲ့ရရှိခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ဒါ့အပြင် ထင်ရှားတဲ့ သံတမန်တစ်ဦးလည်းဖြစ်ပြီး အမေရိကန်ရဲ့ သမ္မတအဖြစ်နဲ့လည်း လေးနှစ်တာ အောင်မြင်စွာ တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

John Quincy Adams

John Quincy Adams

(၂) Thomas Jefferson (1801-1809)

သုံးယောက်မြောက်သမ္မတဖြစ်တဲ့ Thomas Jefferson က IQ Score 160 ရှိပြီး ဒုတိယ IQ Score အမြင့်ဆုံးရှိသူတစ်ဦး ဖြစ်ပါတယ်။ Thomas Jefferson က လွတ်လပ်ရေးကြေငြာစာတမ်းတွေကို တာဝန်ယူရေးသားခဲ့သူ ဖြစ်ပါတယ်။ သူဟာ ၁၈၀၃ ခုနစ်မှာ အမေရိကန်နိုင်ငံရဲ့ အရွယ်အစားကို နှစ်ဆကြီးမားစေဖို့အတွက် Louisiana ပြည်နယ်ကို ဝယ်ယူဖို့ နောက်ကွယ်ကနေ ကြိုးစားခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

Thomas Jefferson

Thomas Jefferson

(၃) James Madison (1809-1817)

လေးယောက်မြောက်အမေရိကန်သမ္မတဖြစ်တဲ့ James Madison ကတော့ အရပ်ငါးပေလေးလက်မသာရှိပြီး  အရပ်အပုဆုံးသမ္မတဖြစ်ပေမယ့် သူရဲ့ IQ Score ကတော့ မသေးလှသူတစ်ဦးဖြစ်ပါတယ်။ သူရဲ့ IQ Score ကတော့ ၁၆၀ ရှိပြီး အခွင့်အရေးဥပဒေကြမ်းတွေကို ရေးသားခဲ့သူတစ်ဦး ဖြစ်ပါတယ်။

James Madison

James Madison

(၄) John F.Kennedy (1981-1963)

၃၅ ယောက်မြောက် အမေရိကန်သမ္မတဖြစ်တဲ့ John F.Kennedy က ခွန်အားဗလနဲ့ ပြည့်စုံသူတစ်ဦးဖြစ်တဲ့အပြင် ဉာဏ်ပညာနဲ့လည်း ပြည့်စုံသူတစ်ဦး ဖြစ်ပါတယ်။ IQ Test စစ်ဆေးမှုအရ သူရဲ့ IQ Score ကတော့ ၁၅၉.၈ ရှိပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းတုန်းက ရဲစွမ်းသတ္တိရှိရှိနဲ့ ပြုမူဆောင်ရွက်ခဲ့တဲ့အတွက်ကြောင့် လက်ရုံးရည်ကော နှလုံးရည်နဲ့ပါ ပြည့်စုံသူအဖြစ် အသိမှတ်ပြုခံထားရသူ ဖြစ်ပါတယ်။ ဒါ့အပြင် John F.Kennedy က အမေရိကန်တော်တော်များများရဲ့ အသည်းနှလုံးမှာ နေရာယူခဲ့သူတစ်ဦးဖြစ်ပါတယ်။ သူဟာ တိုတောင်းလှတဲ့ ရာထူးသက်တမ်းအတွင်းမှာ Pulitzer Prize ကို ဆွတ်ခူးရယူပေးနိုင်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

John F.Kennedy

John F.Kennedy

(၅) Bill Clinton (1993-2001)

၄၂ ယောက်မြောက်အမေရိကန်သမ္မတBill Clinton ဟာ အမေရိကန်မြောက်ပိုင်းမှာ လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက်ရရှိဖို့အတွက် တာဝန်ယူဆောင်ရွက်ပေးခဲ့သူ ဖြစ်ပါတယ်။ Bill Clinton ရဲ့ IQ Score ကတော့ ၁၅၉ ရှိပြီး နိုင်ငံရေးလှုပ်ရှားပြောင်းလဲသူ Monica Lewinsky နဲ့လည်း မကောင်းသတင်းတွေ ထွက်ရှိခဲ့သူတစ်ဦး ဖြစ်ပါတယ်။

Bill Clinton

Bill Clinton

(၆) Jimmy Carter (1977-1981)

၃၉ ယောက်မြောက်သမ္မတ Jimmy Carter ဟာ IQ Score ၁၅၆.၈ ရှိပြီး Georgia ကနေ အမေရိကန်သမ္မတ နေရာကို ရောက်ရှိလာသူ ဖြစ်ပါတယ်။ Jimmy Carter ဟာ သူ့သမ္မတသက်တမ်းအတွင်းမှာ အကောင်းမွန်ဆုံး သံတမန်အဖြစ်နဲ့လည်း ထမ်းရွက်နိုင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ သူဟာ သမ္မတရာထူးကနေ နှုတ်ထွက်ပြီးတဲ့နောက်မှာ လူလူချင်းစာနာထောက်ထားမှုနဲ့ ပက်သက်တဲ့ အလုပ်တွေ ဆက်လက်လုပ်ကိုင်ပြီး Emory University မှာ သင်ကြားပြသမှုတွေ ပြုလုပ်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ သမ္မတဆီကနေ လွတ်လပ်မှုနဲ့ဂုဏ်သတင်းကြီးမားတဲ့ Noble Peace ဆုတံဆိပ်ကို လက်ခံရရှိခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

Jimmy Carter

Jimmy Carter

(၇) Woodrow Wilson (၁၉၁၃-၁၉၂၁)

အင်အားကြီးမားပြီး ရှုပ်ထွေးတဲ့ အမေရိကန်နိုင်ငံရေးရာများနဲ့ ကမ္ဘာ့ရေးရာများတွင် ဦးဆောင်ခဲ့သူတစ်ဦးဖြစ်တဲ့ ၂၈ ယောက်မြောက်အမေရိကန်သမ္မတ Woodrow Wilson က ပထမကမ္ဘာ့စစ်ကနေတစ်ဆင့် တိုင်းပြည်ကို ဦးဆောင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ Woodrow Wilson ရဲ့ IQ ကတော့ ၁၅၅.၂ ရှိပြီး IQ Score အမြင့်ဆုံး သတ္တမမြောက်နေရာမှာ ရပ်တည်နေသူ တစ်ဦးဖြစ်ပါတယ်။ ဒီလို ဉာဏ်ပညာအရည်အချင်းနဲ့ ပြည့်စုံတဲ့သူက ကမ္ဘာ့ကြီး ငြိမ်းချမ်းရေးလှုံ့ဆော်မှုတွေကို အခြားသောနိုင်ငံတွေနဲ့ အောင်မြင်စွာ ပူူးပေါင်းဖော်ဆောင်မယ်ဆိုပြီး ပြည်သူလူထုကို ကတိကဝတ်ပေး ပြောကြားကာ အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ ဒီလိုငြိမ်းချမ်းရေးဖော်ဆောင်ခဲ့တဲ့အတွက် Wilson ကို Noble ငြိမ်းချမ်းရေးဆု ချီးမြှင့်ခဲ့ပါတယ်။

Woodrow Wilson

Woodrow Wilson

(၈) John Adams (1791-1801)

ဒုတိယမြောက်အမေရိကန်သမ္မတ John Adams ဟာ IQ Score အမြင့်ဆုံးနေရာမှာ ရပ်တည်နေသူ John Quincy Adams ရဲ့ ဖခင်ဖြစ်သူပါ။ ဖခင်ဖြစ်သူ John Adams က သားဖြစ်သူလိုပဲ IQ Score မြင့်မားသူ ဖြစ်ပါတယ်။ John Adams ရဲ့ IQ Socre ကတော့ ၁၅၅ ရှိပြီး ယနေ့တိုင်အသုံးပြုနေတဲ့ Massachusetts ပြည်နယ်ရဲ့ အခြေခံဥပဒေဖွဲ့စည်းပုံမူကြမ်းကို တစ်ဦးတည်း ဖော်ဆောင်ခဲ့သူ ဖြစ်ပါတယ်။

John Adams

John Adams

ကဲ….ဒီလောက်ဆိုရင်တော့ IQ Score အမြင့်ဆုံး သမ္မတအချို့ရဲ့အကြောင်းကို ပရိသတ်ကြီး ဗဟုသုတအနေနဲ့ သိသွားလောက်ပြီလို့ ထင်ပါတယ်။ ပရိသတ်ကြီးသိတဲ့ IQ Score အမြင့်ဆုံးသမ္မတတွေရှိရင်လည်း အခြားသူတွေ ဗဟုသုတတိုးစေဖို့အတွက် ပြန်လည်မျှဝေပေးသွားပါအုန်းနော်။

H.H(Akhayar)

www.akhayar.com