PUBG ကစားမယ့်သူတွေ သိထားသင့်၊ ရှောင်ရှားသင့်တဲ့အချက် 8 ချက်

PUBG ကစားတဲ့ပုံစံက ရိုးရှင်းတယ်ဆိုပေမယ့်လို့ စကစားမယ့်သူ၊ First Person/ Third Person Shooter နဲ့ မရင်းနှီးသေးသူ Beginner အများစုကတော့ စိတ်ကူးတည့်ရာ ပစ်ခတ်၊ ဆော့ကစားတတ်ကြပါတယ်။ ဒီလိုဆိုတော့ အမြဲ သေနေရင်စိတ်ညစ်မယ်၊ Rush ကစားမယ်ဆိုရင် အစဉ်မပြေတာမလို့  သိထားသင့်တဲ့ Tips လေးတွေကို ဖော်ပြပေးထားပါတယ်။

1. လက်နက် Accessories တွေကို သေချာစီစစ်ရွေးချယ်ပါ

ဂိမ်းအစပိုင်းမှာပဲဖြစ်ဖြစ် Late Game ရောက်ရာလို့ လက်ရည်ချင်းယှဉ်ပြီဟေ့ဆိုရင် လမ်းမှာကောက်လာတဲ့ Accessories တွေက စကားပြောပါပြီ။ Pistol ပဲကိုင်ထား၊ ကိုင်ထား Sniper ၊ Rifle လက်နက်တခုခုရဲ့ Suppressor ၊ Scope ၊ Recoil Reducer စသဖြင့် တွဲထားမိပါစေ။ Suppressor မပါပဲ ပစ်မိမယ်ဆိုရင် ပြန်အပစ်ခံဖို့ရာခိုင်နှုန်းများပြီး Scope မပါဘဲ အဝေးက ရန်သူကိုလှမ်းဆော်ဖို့ စိတ်မကူးမိပါစေနဲ့။ ချထားခဲ့တဲ့ လက်နက်ကျည်ဆန်နဲ့ Accessories တွေကိုလည်း ယူမသွားမိပါစေနဲ့။

Accessories Showcase Example

2. Grenade ၊ Molotov စတဲ့ Throwables တွေကို Timing ကိုက် စက်ကွင်းမိအောင်ပစ်ပါ

ဆိုလိုတာ အိမ်ထဲပုန်းနေတဲ့ ရန်သူဖြစ်ဖြစ်၊ အကာကွယ်နောက်မှာပုန်းနေတဲ့လူကို Flush Out လုပ်ချင်တယ်၊ Grenade နဲ့ သတ်ချင်တယ်ဆိုရင် ဗုန်းမပစ်ခင် Position သေချာရွေးချယ်ပါ၊ နောက်ပြီး ၅ စက္ကန့်လောက် စနက်တံဖြုတ်ပြီးကိုင်ထားနိုင်သေးလို့ ဗုန်းကျတာနဲ့ ပြေးချိန်မရအောင်ပစ်ပါ၊

Hold & Release

3. Vision

မြင်ကွင်းနဲ့ ပတ်သက်လို့ ပြောရရင် အခြေနေ ၃ မျိုးရှိနိုင်ပါတယ်။ ပထမ ၁ မျိုးက လက်နက်ကောက်တဲ့အခါမျိုး၊ Supply ယူနေတဲ့အခါမျိုးမှာ ဘေးပတ်ဝန်းကျင်ကို မမြင်လွယ်ပါဘူး။ နောက်တစ်မျိုးက Scope နဲ့ အဝေးကရန်သူလှမ်းပစ်တဲ့အခါမျိုးမှာ အနီးဝန်းကျင်ကို မမြင်နိုင်ပါဘူး။ နောက်ဆုံးတစ်ခုက Safe Zone ထဲ ဝင်ပြေးတဲ့အခါမျိုးမှာ နောက်ကလိုက်လာမယ့် ရန်သူကို မမြင်နိုင်ပါဘူး။ ဒီပြဿနာကို PC Version မှာ Alt ခလုတ်နှိပ်ပြီး ဘေးပတ်ပတ်လည်ကြည့်နိုင်ပေမယ့် Mobile Player တွေတော့ ဒီအခြေနေ ၃ မျိုးစလုံးမှာ သတိရှိနေဖို့ ပြောချင်ပါတယ်။

Aware your enemy location

4. ပစ်လို့မမီနိုင်တဲ့ရန်သူကို သတ်ချင်ဇောမပြင်းထန်ပါနဲ့

Early Game မှာပဲဖြစ်ဖြစ်၊ Late Game ရောက်လာလို့ တောင်ကုန်း၊ တောင်ကြားက ပြေးနေတဲ့ရန်သူ၊ ကားစီးနေတဲ့ကောင်တွေတွေ့သွားလို့ Sniper ကိုင်ထားတယ်၊ Scope လည်းရှိနေတယ်၊ ဒီအချက်တွေပြည့်စုံနေပြီဆိုရင် Engage လုပ်နိုင်ပါတယ်။ ဒါပေမယ့် Out of Range ဖြစ်နေမယ်၊ Scope နဲ့လည်း သေသေချာချာမမြင်ရနိုင်ဘူးဆိုရင်တော့ လွှတ်ပေးလိုက်ပါ။ ဒီနေရာမှာ ဖြည့်စွက်ပြောချင်တာက Rifle လည်း ထိုနည်းလည်းကောင်းပါပဲ၊ Close နဲ့ Mid-range လောက်ပဲ အသုံးတည့်တာမလို့ မသေချာရင် မပစ်မိပါစေနဲ့လို့ အသိပေးချင်ပါတယ်။

Dun Shoot! when it’s out of range

5. Safe Zone Circle ဘယ်မှာရှိမလဲ အမြဲတမ်း မြေပုံကြည့်ပြီးစမ်းစစ်နေပါ

ဒီအချက်က Late Game ရောက်လာလို့ Safe Zone လည်းကျဉ်းလာနေပြီ၊ ရန်သူလည်း အများကြီးမကျန်တော့တဲ့အချိန် Position ကောင်းကောင်းရထားဖို့ပါ။ နောက်ပြီး လမ်းမှာအချိန်ကုန်ခံပြီး Supply ရှာဖို့ပဲ မစဉ်းစားပါနဲ့၊ နေရာကောင်းရဖို့ Safe Zone ထဲ သူများထက် အရင်ရောက်အောင်သွားပါ။ ဘာလို့လဲဆိုရင် အချိန်နဲ့တပြေးညီ ကစားတတ်တဲ့ Player တချို့က နေရာကောင်းယူထားတတ်ပြီး ဝင်လာတဲ့ကောင်မှန်သမျှချောင်းဆောမယ်၊ ဒါကို အဌာမနပ်သေးတဲ့ Player အများစု Safe Zone ထဲဝင်ပြေး၊ ပစ်ကွင်းထဲသွားအသေခံကြသလိုပါပဲ နောက်ပြီး Safe Zone Circle ဆိုတာလည်း ကျောပေးထားရင် ၁၈၀ ဒီဂရီစိတ်ချရတဲ့ အနေထားမှာ ရှိနေတယ်၊ နောက် Zone တစ်ခုပြောင်းရင်လည်း Vision ကောင်းရထားတာမလို့ Safe Zone ထဲမှာ ရှိနေတဲ့ မြေအနိမ့်၊ အမြင့်၊ ချောင်းပစ်ကောင်းတဲ့ နေရာတွေကို ရွေးချယ်တတ်ပါစေ။

Check Safe Zone very often

6. အပစ်ခံရရင် ဝပ်ချပြီး ရန်သူရှာပစ်မယ် မကြံမိပါစေနဲ့

ဒီအချက်က Safe Zone ကျဉ်းလာတဲ့အချိန်ကစလို့ သတိထားသင့်တဲ့အချက်ဖြစ်ပြီး အပစ်ခံရရင် ဝပ်မချလိုက်ပါနဲ့၊ နီးစပ်ရာ အကာကွယ်၊ အိမ်ထဲကို မြန်မြန်ပြေးလို့ရရင်ပြေး၊ ကွင်းပြင်ထဲရောက်နေရင် မြွေလိမ်မြွေကောက်ပုံစံ လွတ်အောင်ပြေးဖို့ကြိုးစားသင့်ပါတယ်။ ပြေးတယ်ဆိုတိုင်းလည်း ကျည်ဆန်ထိမှန်တဲ့ Alert Icon ကို ပထမဆုံး သတိထား၊ ဆန့်ကျင်ဖက်ပြေးပြီးမှ ပြန်ပစ်ဖို့ကြိုးစားပါ။

Run to Cover

7. Peek & Fire

အကာကွယ်နောက်ရောက်လို့ Cover Fire လုပ်ချင်လား? ဒီလိုပစ်ဖို့ Peek & Fire Mode နဲ့ အကျိုးရှိရှိ အသုံးချတတ်ပါစေ။

Peek & Fire from cover

8. အသံလာရာ နားစွင့်ထားပြီး ဆုံးဖြတ်ချက်ချတတ်ပါစေ

PUBG မှာ မြင်ကွင်းပဓာနကျတယ်ဆိုပေမယ့်လို့ အသံကလည်း အရေးပါတဲ့ အနေထားမှာရှိပါတယ်။ အိမ်ထဲမှာဖြစ်ဖြစ်၊ တစ်နေရာရာမှာ Item ကောက်နေလို့ဆိုရင် အနားကပ်လာတဲ့ ရန်သူခြေသံကို ကြားရနိုင်ပါတယ်။ နောက်ပြီး Late Game ရောက်လာလို့ တစ်ယောက်နဲ့ တစ်ယောက်ပစ်ခတ်သံကြားနေမယ်၊ ဒီအချက်က ဘယ် ၂ ယောက်ပစ်နေသလဲဆိုတာ သေနတ်သံအလိုက် ခန့်မှန်းနိုင်ပြီး Alive ဖြစ်နေတဲ့ Survivor အလိုက် ကိုယ့်မှာအခွင့်ရေးဘယ်လောက်ရှိမလဲဆိုတာ သိရှိနိုင်ပါမယ်။

2B (akhayar)
www.akhayar.com