[ZawGyi]

တစ္လအတြင္းသင္ယူတတ္ေျမာက္ႏိုင္တဲ႔ Skill ၈ ခု

လူဆုိတာက မေသမခ်င္းေလ႔လာသင္ယူေနရမွာပါ။ ဒါေပမဲ႔ အသက္အရြယ္ရလာလို႔အလုပ္ေတြမ်ားလာတဲ႔အခါ အသစ္အသစ္ေသာအရာေတြကိုသင္ယူဖုိ႔အခ်ိန္မရွိျဖစ္လာပါတယ္။ တခ်ိဳ႕ေသာပညာရပ္ေတြက ႏွစ္ရွည္လမ်ားေလ႔လာသင္ယူရတာမွန္ေပမယ္႔ တခ်ိဳ႕ေသာပညာရပ္ေတြကေတာ႔ အခ်ိန္တုိအတြင္းသင္ယူတတ္ေျမာက္ႏိုင္ျပီး ဘဝအတြက္အသံုးက်တဲ႔ပညာရပ္ေတြျဖစ္ၾကပါတယ္။ ဒီေတာ႔ တစ္လေလာက္မ်ားအခ်ိန္အားရခဲ႔တယ္ဆုိရင္ အဲဒီတစ္လအတြင္း ဘာေတြသင္ယူတတ္ေျမာက္ႏိုင္မလဲဆုိတာေလ႔လာၾကည္႔ရေအာင္။

ခ်က္ျပဳတ္ျခင္း၊ မုန္႔ဖုတ္သင္တန္း

Cooking-class

Cooking-class

အခ်က္အျပဳတ္မတတ္လို႔ ကိုယ္႔ကိုယ္ကိုယ္ယံုၾကည္မႈမရွိျဖစ္ေနရင္ ဘာလုိ႔မ်ားဒီလုိဆက္ေနေနမွာလဲေနာ္။ တစ္လေလာက္အခ်ိန္ေပးရံုနဲ႔ တရုတ္စာခ်က္မလား ရွမ္းစာခ်က္မလား အရမ္းကၽြမ္းက်င္သြားေစမယ္႔သင္တန္းေတြလည္းရွိပါတယ္။ ဒီလုိသြားမတက္ခ်င္ဘူးဆုိရင္ေတာင္ အင္တာနက္ကေနခ်က္နည္းျပဳတ္နည္းေတြၾကည္႔ျပီးခ်က္ျပဳတ္လုိ႔ရပါတယ္။ တစ္လပဲအခ်ိန္ေပးရမယ္႔ ကိတ္မုန္႔ဖုတ္သင္တန္း၊ ပန္းထိုးနည္းသင္တန္းေတြလည္း တက္လို႔ရပါတယ္။

ေရကူးျခင္း

Swimming-Class

Swimming-Class

တကယ္ေရကူးသင္မယ္ဆုိရင္ တစ္လနဲ႔တတ္ပါတယ္။ အခ်ိန္အားရတဲ႔အခ်ိန္မွာ ေရကူးသင္ထားရံုနဲ႔ကိုယ္႔အသက္ကိုကာကြယ္ေပးႏိုင္မယ္႔ Skill တစ္ခုတတ္ေျမာက္သြားမွာပဲေပါ႔။ နာရီဝက္ၾကာတဲ႔ သင္ခန္းစာ ၈ ခုေလာက္ေလ႔က်င္႔သင္ၾကားလုိက္ရံုနဲ႔တင္ ေရလမ္းခရီးသြားရတဲ႔အခါ ကိုယ္႔ကိုယ္ကိုယ္ယံုၾကည္မႈေတာ႔တုိးလာႏိုင္ပါတယ္။

ကားေမာင္းျခင္း

driving

driving

တစ္လေလာက္အခ်ိန္ေပးျပီး ကားေမာင္းသင္လုိက္ပါ။ ေၾကာက္တတ္သူဆုိရင္ေတာင္ အၾကမ္းဖ်င္းေတာ႔တတ္ကၽြမ္းနားလည္သြားမွာပါ။ နဂိုတည္းကတတ္ခ်င္စိတ္ရွိသူ မေၾကာက္တတ္သူဆုိရင္ တစ္လနဲ႔တင္တတ္ေျမာက္ႏိုင္ပါတယ္။ ဒီေတာ႔ ကားေမာင္းသင္တာက အၾကာၾကီးသင္ရမွာအဆင္မေျပပါဘူးဆုိတာမ်ိဳးမေတြးဘူး တစ္လအတြင္းငါကၽြမ္းက်င္ရမယ္ဆုိတဲ႔ ယံုၾကည္ခ်က္နဲ႔သင္ယူၾကည္႔ပါ။

Photo Editing

photo-editing

photo-editing

Photo Editing ကေတာ႔ ဆရာနဲ႔သင္မွမဟုတ္ပါဘူး။ Online Tutorial ေတြကေနတဆင္႔ေလ႔လာသင္ၾကားရံုနဲ႔ တတ္ေျမာက္ႏိုင္ပါတယ္။ Professional နီးနီးမကၽြမ္းက်င္ႏိုင္ေပမယ္႔ ကိုယ္႔ပံုေတြကိုလန္ပ်ံေနေအာင္ေတာ႔ျပင္လုိ႔ရပါတယ္။ Cropping ၊ Filters ၊ Image Correction ေတြလို အေျခခံက်တဲ႔အဆင္႔ေတြကိုေတာ႔ ကၽြမ္းက်င္သြားမွာပါ။

တံခါးေလာ႔ဖ်က္ျခင္း

lockpick

lockpick

တစ္လအတြင္း သူမ်ားအိမ္ကိုေဖာက္ထြင္းနည္းသင္ေနတယ္လုိ႔ေတာ႔ မထင္ပါနဲ႔ေနာ္။ တံခါးေလာ႔ဖ်က္တာကလည္း တစ္ခ်ိန္ခ်ိန္မွာလုိအပ္လာမွာအေသအခ်ာပါ။ အိမ္တံခါးေလာ႔က်တာ အခန္းတံခါးေလာ႔က်တာမ်ိဳးဆုိရင္ ေသာ႔ဆရာကိုေခၚစရာမလုိဘဲ ကိုယ္တုိင္ျပင္လုိ႔ရပါတယ္။ How to pick a lock ဆုိျပီး YouTube မွာရွာေဖြကာ သင္ယူႏိုင္ပါျပီ။

ပံုဆြဲျခင္း

drawing

drawing

ကိုယ္က ပန္းခ်ီဝါသနာပါတယ္ဆုိရင္ ကာတြန္း၊ပန္းခ်ီသင္တန္းေတြကို တစ္လအျပတ္နဲ႔သင္ယူႏိုင္ပါတယ္။ တခ်ိဳ႕ေတြကေတာ႔ဇာတ္ေကာင္ဆြဲနည္းေလးေတြ အဓိကသင္ၾကပါတယ္။ တကယ္လို႔တတ္ေျမာက္သြားျပီဆုိရင္ ကိုယ္႔ Stroy ေလးေတြကို ကာတြန္းဇာတ္ေကာင္နဲ႔ပံုေဖာ္ျပီး Page ေလးလုပ္ဝင္ေငြရွာႏိုင္သလုိ ဇာတ္ကားရိုက္ကူးမႈအတြက္ Storyboard ေရးေပးတာမ်ိဳးလည္း လုပ္ႏိုင္ပါတယ္။ Sketch သင္မယ္၊ ပန္းဆြဲနည္းေတြသင္မယ္ဆုိရင္လည္း ဒီဇိုင္းပိုင္းနဲ႔ဝင္ေငြရွာလုိ႔ရပါတယ္။

ကိုယ္ခံပညာသင္တန္းမ်ား

self-defense

self-defense

ကိုယ္ခံပညာကိုတစ္လအတြင္းသင္မယ္ဆုိရင္ အကြက္ေတာ္ေတာ္မ်ားမ်ားတတ္ေျမာက္ႏိုင္ျပီး ကိုယ္႔ကိုယ္ကိုယ္ယံုၾကည္မႈတုိးလာေစပါတယ္။ ကိုယ္ခံပညာတစ္ခုခုသင္ယူေနျပီဆိုတာနဲ႔ လူတစ္ေယာက္ရဲ႕စိတ္ကေျပာင္းလဲသြားျပီး ရဲရင္႔လာပါတယ္။ သြားရဲလာရဲရွိလာပါတယ္။ သတိလည္းပိုၾကီးလာပါတယ္။ အႏၱရာယ္တစ္ခုခုၾကံဳလာခဲ႔ရင္ ကိုယ္တတ္ေျမာက္ထားတဲ႔ ဒီ Skill ေတြကအစြမ္းျပပါလိမ္႔မယ္။

လက္လွည္႔အစြမ္းျပျခင္း

juggling

juggling

ေဘာလံုးေတြ၊အရာဝတၳဳေတြကို လက္ႏွစ္ဖက္နဲ႔မနားတမ္းေျမွာက္လုိက္ ဖမ္းလုိက္လုပ္ႏိုင္ျခင္းဟာလည္း လူတုိင္းမလုပ္ႏိုင္တဲ႔ပညာတစ္ခုပါပဲ။ ဒါကိုေလ႔က်င္႔မယ္ဆုိရင္ ဆပ္ကပ္ထဲမဝင္ျဖစ္ရင္ေတာင္ သင္ရဲ႕မ်က္စိနဲ႔လက္တစ္တန္းတည္းက်တဲ႔စြမ္းရည္ကိုတုိးလာေစပါတယ္။ တစ္ခုခုလုပ္ေဆာင္ေနျပီး စိတ္ျငိမ္ခ်င္တယ္၊ မ်က္စိနဲ႔လက္လႈပ္ရွားမႈကိုလည္းတုိးတက္ေစခ်င္တယ္ဆုိရင္ လက္လွည္႔ပညာရပ္ကိုတစ္လနဲ႔အတတ္ေလ႔က်င္႔ႏိုင္ပါတယ္ေနာ္။

အခရာပရိသတ္ၾကီးလည္း အခ်ိန္ပိုေတြမ်ားရခဲ႔ရင္မသိလုိက္မသိဘာသာအခ်ိန္ကုန္မခံဘဲ အခ်ိန္တိုအတြင္းတတ္ေျမာက္ႏိုင္တဲ႔၊ ကိုယ္႔ဘဝအတြက္အသံုးဝင္တဲ႔ Skills အသစ္ေတြကိုထပ္ျဖည္႔တင္းႏိုင္ၾကပါေစေနာ္။ အင္တာနက္လိုင္းေတြအရမ္းေကာင္းလာခ်ိန္မွာ ဒီအခြင္႔အေရးကိုအလကားမထားဘဲ ကိုယ္႔အတြက္တစ္ခုခုက်န္ေအာင္ အသံုးခ်သင္႔တယ္ေလေနာ္။

ဂ်ဴဂ်ဴး(Akhayar)

www.akhayar.com

[Unicode]

တစ်လအတွင်းသင်ယူတတ်မြောက်နိုင်တဲ့ Skill ၈ ခု

လူဆိုတာက မသေမချင်းလေ့လာသင်ယူနေရမှာပါ။ ဒါပေမဲ့ အသက်အရွယ်ရလာလို့အလုပ်တွေများလာတဲ့အခါ အသစ်အသစ်သောအရာတွေကိုသင်ယူဖို့အချိန်မရှိဖြစ်လာပါတယ်။ တချို့သောပညာရပ်တွေက နှစ်ရှည်လများလေ့လာသင်ယူရတာမှန်ပေမယ့် တချို့သောပညာရပ်တွေကတော့ အချိန်တိုအတွင်းသင်ယူတတ်မြောက်နိုင်ပြီး ဘဝအတွက်အသုံးကျတဲ့ပညာရပ်တွေဖြစ်ကြပါတယ်။ ဒီတော့ တစ်လလောက်များအချိန်အားရခဲ့တယ်ဆိုရင် အဲဒီတစ်လအတွင်း ဘာတွေသင်ယူတတ်မြောက်နိုင်မလဲဆိုတာလေ့လာကြည့်ရအောင်။

ချက်ပြုတ်ခြင်း၊ မုန့်ဖုတ်သင်တန်း

Cooking-class

Cooking-class

အချက်အပြုတ်မတတ်လို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိဖြစ်နေရင် ဘာလို့များဒီလိုဆက်နေနေမှာလဲနော်။ တစ်လလောက်အချိန်ပေးရုံနဲ့ တရုတ်စာချက်မလား ရှမ်းစာချက်မလား အရမ်းကျွမ်းကျင်သွားစေမယ့်သင်တန်းတွေလည်းရှိပါတယ်။ ဒီလိုသွားမတက်ချင်ဘူးဆိုရင်တောင် အင်တာနက်ကနေချက်နည်းပြုတ်နည်းတွေကြည့်ပြီးချက်ပြုတ်လို့ရပါတယ်။ တစ်လပဲအချိန်ပေးရမယ့် ကိတ်မုန့်ဖုတ်သင်တန်း၊ ပန်းထိုးနည်းသင်တန်းတွေလည်း တက်လို့ရပါတယ်။

ရေကူးခြင်း

Swimming-Class

Swimming-Class

တကယ်ရေကူးသင်မယ်ဆိုရင် တစ်လနဲ့တတ်ပါတယ်။ အချိန်အားရတဲ့အချိန်မှာ ရေကူးသင်ထားရုံနဲ့ကိုယ့်အသက်ကိုကာကွယ်ပေးနိုင်မယ့် Skill တစ်ခုတတ်မြောက်သွားမှာပဲပေါ့။ နာရီဝက်ကြာတဲ့ သင်ခန်းစာ ၈ ခုလောက်လေ့ကျင့်သင်ကြားလိုက်ရုံနဲ့တင် ရေလမ်းခရီးသွားရတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတော့တိုးလာနိုင်ပါတယ်။

ကားမောင်းခြင်း

driving

driving

တစ်လလောက်အချိန်ပေးပြီး ကားမောင်းသင်လိုက်ပါ။ ကြောက်တတ်သူဆိုရင်တောင် အကြမ်းဖျင်းတော့တတ်ကျွမ်းနားလည်သွားမှာပါ။ နဂိုတည်းကတတ်ချင်စိတ်ရှိသူ မကြောက်တတ်သူဆိုရင် တစ်လနဲ့တင်တတ်မြောက်နိုင်ပါတယ်။ ဒီတော့ ကားမောင်းသင်တာက အကြာကြီးသင်ရမှာအဆင်မပြေပါဘူးဆိုတာမျိုးမတွေးဘူး တစ်လအတွင်းငါကျွမ်းကျင်ရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့သင်ယူကြည့်ပါ။

Photo Editing

photo-editing

photo-editing

Photo Editing ကတော့ ဆရာနဲ့သင်မှမဟုတ်ပါဘူး။ Online Tutorial တွေကနေတဆင့်လေ့လာသင်ကြားရုံနဲ့ တတ်မြောက်နိုင်ပါတယ်။ Professional နီးနီးမကျွမ်းကျင်နိုင်ပေမယ့် ကိုယ့်ပုံတွေကိုလန်ပျံနေအောင်တော့ပြင်လို့ရပါတယ်။ Cropping ၊ Filters ၊ Image Correction တွေလို အခြေခံကျတဲ့အဆင့်တွေကိုတော့ ကျွမ်းကျင်သွားမှာပါ။

တံခါးလော့ဖျက်ခြင်း

lockpick

lockpick

တစ်လအတွင်း သူများအိမ်ကိုဖောက်ထွင်းနည်းသင်နေတယ်လို့တော့ မထင်ပါနဲ့နော်။ တံခါးလော့ဖျက်တာကလည်း တစ်ချိန်ချိန်မှာလိုအပ်လာမှာအသေအချာပါ။ အိမ်တံခါးလော့ကျတာ အခန်းတံခါးလော့ကျတာမျိုးဆိုရင် သော့ဆရာကိုခေါ်စရာမလိုဘဲ ကိုယ်တိုင်ပြင်လို့ရပါတယ်။ How to pick a lock ဆိုပြီး YouTube မှာရှာဖွေကာ သင်ယူနိုင်ပါပြီ။

ပုံဆွဲခြင်း

drawing

drawing

ကိုယ်က ပန်းချီဝါသနာပါတယ်ဆိုရင် ကာတွန်း၊ပန်းချီသင်တန်းတွေကို တစ်လအပြတ်နဲ့သင်ယူနိုင်ပါတယ်။ တချို့တွေကတော့ဇာတ်ကောင်ဆွဲနည်းလေးတွေ အဓိကသင်ကြပါတယ်။ တကယ်လို့တတ်မြောက်သွားပြီဆိုရင် ကိုယ့် Stroy လေးတွေကို ကာတွန်းဇာတ်ကောင်နဲ့ပုံဖော်ပြီး Page လေးလုပ်ဝင်ငွေရှာနိုင်သလို ဇာတ်ကားရိုက်ကူးမှုအတွက် Storyboard ရေးပေးတာမျိုးလည်း လုပ်နိုင်ပါတယ်။ Sketch သင်မယ်၊ ပန်းဆွဲနည်းတွေသင်မယ်ဆိုရင်လည်း ဒီဇိုင်းပိုင်းနဲ့ဝင်ငွေရှာလို့ရပါတယ်။

ကိုယ်ခံပညာသင်တန်းများ

self-defense

self-defense

ကိုယ်ခံပညာကိုတစ်လအတွင်းသင်မယ်ဆိုရင် အကွက်တော်တော်များများတတ်မြောက်နိုင်ပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတိုးလာစေပါတယ်။ ကိုယ်ခံပညာတစ်ခုခုသင်ယူနေပြီဆိုတာနဲ့ လူတစ်ယောက်ရဲ့စိတ်ကပြောင်းလဲသွားပြီး ရဲရင့်လာပါတယ်။ သွားရဲလာရဲရှိလာပါတယ်။ သတိလည်းပိုကြီးလာပါတယ်။ အန္တရာယ်တစ်ခုခုကြုံလာခဲ့ရင် ကိုယ်တတ်မြောက်ထားတဲ့ ဒီ Skill တွေကအစွမ်းပြပါလိမ့်မယ်။

လက်လှည့်အစွမ်းပြခြင်း

juggling

juggling

ဘောလုံးတွေ၊အရာဝတ္ထုတွေကို လက်နှစ်ဖက်နဲ့မနားတမ်းမြှောက်လိုက် ဖမ်းလိုက်လုပ်နိုင်ခြင်းဟာလည်း လူတိုင်းမလုပ်နိုင်တဲ့ပညာတစ်ခုပါပဲ။ ဒါကိုလေ့ကျင့်မယ်ဆိုရင် ဆပ်ကပ်ထဲမဝင်ဖြစ်ရင်တောင် သင်ရဲ့မျက်စိနဲ့လက်တစ်တန်းတည်းကျတဲ့စွမ်းရည်ကိုတိုးလာစေပါတယ်။ တစ်ခုခုလုပ်ဆောင်နေပြီး စိတ်ငြိမ်ချင်တယ်၊ မျက်စိနဲ့လက်လှုပ်ရှားမှုကိုလည်းတိုးတက်စေချင်တယ်ဆိုရင် လက်လှည့်ပညာရပ်ကိုတစ်လနဲ့အတတ်လေ့ကျင့်နိုင်ပါတယ်နော်။

အခရာပရိသတ်ကြီးလည်း အချိန်ပိုတွေများရခဲ့ရင်မသိလိုက်မသိဘာသာအချိန်ကုန်မခံဘဲ အချိန်တိုအတွင်းတတ်မြောက်နိုင်တဲ့၊ ကိုယ့်ဘဝအတွက်အသုံးဝင်တဲ့ Skills အသစ်တွေကိုထပ်ဖြည့်တင်းနိုင်ကြပါစေနော်။ အင်တာနက်လိုင်းတွေအရမ်းကောင်းလာချိန်မှာ ဒီအခွင့်အရေးကိုအလကားမထားဘဲ ကိုယ့်အတွက်တစ်ခုခုကျန်အောင် အသုံးချသင့်တယ်လေနော်။

ဂျူဂျူး(Akhayar)

www.akhayar.com