ပထမဆံုးမုသား

ကြၽန္ေတာ္တို႔ိငယ္ငယ္တုန္းကေပ့ါ။ အရမ္းဆင္းရဲတယ္။ ကြၽန္ေတာ္တို႔ထမင္းနပ္မွန္ေအာင္ေတာင္ အႏုိင္ႏုိင္႐ုန္းကန္ခဲ့ရတယ္။ ကြၽန္ေတာ္တုိ႔ ထမင္းစားတုိင္း ေမေမဟာ သူစားဖုိ႔အထဲက ကြၽန္ေတာ္တုိ႔ကုိ ျပန္ေကြၽးေလ့ရွိခဲ့တယ္။ ဒါဟာ တစ္ႀကိမ္မကပါဘူး။ ခဏခဏပါပဲ။ ကြၽန္ေတာ့္ထမင္းပန္းကန္ထဲ ေမေမ ထမင္းထည့္ေပးတဲ့အခ်ိန္မွာ ေမေမဟာ စားလုိက္ သား။ အေမ မဆာဘူး ဆုိၿပီး ညာတယ္။ ဒါဟာ ေမေမ ကြၽန္ေတာ့္ကုိ ညာေျပာခဲ့တဲ့ ပထမဆံုးလိမ္ညာမႈပါပဲ။

ဒုတိယေျမာက္မုသား
‪‎
ကြၽန္ေတာ္အရြယ္ေရာက္လာေတာ့ ေမေမဟာ သူ႔အားလပ္ခ်ိန္ေလးမွာ အိမ္ေဘးက ေခ်ာင္းထဲမွာ ငါးမွ်ားေလ့ရွိတယ္။ ေမေမက တကယ္လုိ႔ သူငါးမွ်ားလုိ႔ရခဲ့ရင္ ကြၽန္ေတာ္တုိ႔အတြက္ အူစုိေအာင္ ခ်က္ျပဳတ္ေကြၽးႏုိင္မယ္လုိ႔ ထင္ေနခဲ့တယ္ေလ။ အဲဒီ့ရည္ရြယ္ခ်က္နဲ႔ သူငါးမွ်ားခဲ့တယ္။ တစ္ခါက ေမေမငါးမွ်ားတာ ငါးႏွစ္ေကာင္ရတယ္။ အဲဒီ့ငါးထဲက တစ္ေကာင္ကုိ ငါးစြပ္ျပဳတ္လုပ္ၿပီး ကြၽန္ေတာ္တုိ႔ကုိ ေကြၽးတယ္။ ကြၽန္ေတာ္တုိ႔ ေမေမခ်က္ေကြၽးတဲ့ ငါးစြပ္ျပဳတ္ကုိ အငမ္းမရေသာက္ေနခ်ိန္မွာ ေမေမဟာ ကြၽန္ေတာ္တုိ႔ ေဘးကေနထုိင္ၿပီး အားရ၀မ္းသာ ၾကည့္ေနခဲ့တယ္။ ငါးဟင္းကုိ ေမေမစားပါလုိ႔ေကၽြးေတာ႔ ေမေမက ကြၽန္ေတာ္ေပးတဲ့ ငါးဟင္းခြက္ကို လက္နဲ႔ကာၿပီး ကြၽန္ေတာ္တုိ႔ကို ခ်က္ခ်င္း ကပ်ာကရာ ျပန္ေျပာခဲ့တာက ဒီငါးဟင္းကုိ သားတုိ႔ပဲ စားလုိက္။ အေမက ငါးဟင္း လံုး၀မႀကိဳက္ဘူးတဲ့။ ဒါဟာ ေမေမ ကြၽန္ေတာ္တုိ႔ကုိ ဒုတိယအႀကိမ္ေျမာက္ ညာေျပာခဲ့ျခင္းပါပဲ။

တတိယေျမာက္မုသား

ဒီလုိနဲ႔ ကြၽန္ေတာ္ ေက်ာင္းပညာသင္ေနရတဲ့အခ်ိန္မွာ ကြၽန္ေတာ္တုိ႔ ပညာေရးေက်ာင္းစရိတ္အတြက္ ေမေမဟာ မီးျခစ္ဆံကုမၸဏီတစ္ခုကုိသြားၿပီး သံုးၿပီးသား မီးျခစ္ဆံအခြံေတြ ယူလာခဲ့တယ္။ အိမ္ေရာက္ေတာ့ မီးျခစ္ဆံအသစ္ေတြ ေမေမ ျပန္ျဖည့္ေနခဲ့တယ္။ ေမေမက မီးျခစ္ဆံေရာင္းၿပီး ကြၽန္ေတာ္တုိ႔ ေက်ာင္းစရိတ္အတြက္ အပုိ၀င္ေငြေလးရွာမလုိ႔ေလ။ အဲဒီ့အခ်ိန္တုန္းက ေဆာင္းရာသီပါ။ အရမ္းေအးတယ္။ ကြၽန္ေတာ္လည္း ရာသီဥတုက ေအးလြန္းတာရယ္ေၾကာင့္ လန္႔ႏုိးလာခဲ့မိတယ္။ ေမေမဟာ ဖေယာင္းတုိင္ေလးထြန္းၿပီး မီးျခစ္ဆံေတြ ထည့္ေနတာ ေတြ႕တယ္။ ေမေမ မအိပ္ေသးဘူးလား.သြားအိပ္ေတာ့ေလ။ အရမ္းညဥ႔္နက္ေနၿပီ၊ မနက္က်ရင္ ေမေမ အလုပ္လုပ္ရဦးမွာမဟုတ္လား။ ပင္ပန္းေနဦးမယ္လုိ႔ ကြၽန္ေတာ္ေျပာခဲ့တယ္။ ေမေမကၿပံဳးၿပီး အေမ မပင္ပန္းပါဘူး ငါ့သား။ သားသာ ျပန္အိပ္ေတာ့ဆုိၿပီး ေျပာခဲ့တယ္။ ဒါဟာ ေမေမ ကြၽန္ေတာ့္တုိ႔ကုိ လိမ္ေျပာခဲ့တဲ့ တတိယေျမာက္မုသားစကားပါ။

စတုတၳေျမာက္မုသား

ကြၽန္ေတာ္ စာေမးပဲြႀကီးေျဖဖုိ႔ နီးလာၿပီ။ ေမေမက ကြၽန္ေတာ္စာက်က္ေနတာကုိ အေဖာ္လုပ္ၿပီးေစာင့္ေပးတယ္။ မုိးလင္းတဲ့အထိ ကြၽန္ေတာ္ညလံုးေပါက္စာက်က္တဲ့အခ်ိန္မွာ ေမေမဟာ ကြၽန္ေတာ္နဲ႔အတူ ထုိင္ေစာင့္ေနခဲ့ေပးတယ္။ ေနေရာင္ ေမေမမ်က္ႏွာကုိ ထုိးလာတဲ့အထိေပ့ါ။ ကြၽန္ေတာ္ စာေမးပဲြေျဖၿပီးလုိ႔ အတန္းထဲက ထြက္လာတဲ့အခ်ိန္မွာ ကြၽန္ေတာ္ ေမေမဆီ ေျပးဖက္ခဲ့တယ္။ေမေမဟာ ကြၽန္ေတာ့္ကို၀မ္းသာအားရ ျပန္ဖက္ခဲ့တယ္။ ေနာက္တစ္ေန႔အတြက္ကြၽန္ေတာ္စာက်က္တဲ့အခါမွာ အားရွိေအာင္ႏြားႏို႔ပူပူေလး တုိက္ခဲ့ျပန္တယ္။ ကြၽန္ေတာ္ ႏြားႏို႔ေသာက္ရင္း စာက်က္ေနတဲ့အခ်ိန္မွာ ေမေမ႔မ်က္ႏွာျဖဴေဖ်ာ႔ေနတာေတြ႕တယ္။ ကြၽန္ေတာ္ေသာက္လက္စ ႏြားႏို႔ခြက္ကိုေမေမ့ဆီ ကမ္းေပးတဲ႔အခါ ေမေမေသာက္ျပီးျပီဆုိၿပီး ျငင္းခဲ့တယ္။ ဒါဟာ ေမေမစတုတၱေျမာက္မ်ိဳခ်ခဲ့တဲ့ မုသားလကၤာပဲ ျဖစ္ပါတယ္။

ပဥၥမေျမာက္မုသား

ေဖေဖ ဆံုးသြားတဲ့ေနာက္ ေမေမဟာ အိမ္ေထာင္စုတာ၀န္ကုိ တစ္ေယာက္တည္း ထမ္းခဲ့ရျပန္တယ္။ ကြၽန္ေတာ္တုိ႔ မိသားစုဟာ အရင္ကထက္ ပုိၿပီး စီးပြားေရးက်ပ္တည္းလာခဲ့တယ္။ ကြၽန္ေတာ္တုိ႔ ထမင္းငတ္တဲ့ေန႔ေတြ ႀကံဳလာခဲ့ရတယ္။ တစ္ေန႔ထက္တစ္ေန႔ ကြၽန္ေတာ္တုိ႔ဟာ ပုိဆုိးရြားတဲ့မနက္ျဖန္ကုိ ရင္ဆုိင္လာခဲ့ရတယ္။ အိမ္ေဘးနားမွာေနတဲ့ ဦးေလးက တတ္ႏုိင္သေလာက္ ကၽြန္ေတာ္တ႔ို႔ကိုကူညီရွာပါတယ္။ ပတ္၀န္းက်င္က အိမ္နီးနားခ်င္းေတြကေတာ့ အေမ႔ကိုအရြယ္ေကာင္းတုန္းအခ်ိန္မုိ႔ တစ္ပင္လဲရင္ ေနာက္တစ္ပင္ထူဖုိ႔ အႀကံျပဳၾကတယ္။ ဒါေပမယ့္ ေမေမဟာ ကၽြန္မဘာသာရုန္းကန္မယ္။ ကၽြန္မအတြက္ အားကိုးေဖာ္မလိုဘူးဆိုျပီး ျငင္းခဲ႔တယ္။ ဒါဟာ ပဥၥမေျမာက္ေမေမလိမ္ခဲ့တဲ့ စကားပါ။

ဆဌမေျမာက္မုသား

ကြၽန္ေတာ္ ေက်ာင္းတက္ေနရင္း ရရာအလုပ္ေလး၀င္လုပ္ၿပီး ေမေမကုိ ျပန္ၿပီး ၾကည့္ရမယ့္အခ်ိန္၊ ေက်းဇူးဆပ္ရမယ့္အခ်ိန္ေရာက္ၿပီလုိ႔ယူဆမိတယ္။ ေမေမ အရမ္းပင္ပန္းေနပါၿပီ။ ဒါေပမယ့္ ေမေမဟာ မနက္တုိင္း ေစ်းသြားၿပီး ဟင္းသီးဟင္းရြက္တစ္ခ်ိဳ႕ ေရာင္းခ်ၿပီး ေငြရွာခဲ့တယ္။ ကြၽန္ေတာ္ ေမေမ႔ကုိ ေငြတစ္ခ်ိဳ႕ ပုိ႔ခဲ့ေပမယ့္ ေမေမ မယူခဲ့ဘူး။ ကြၽန္ေတာ့္ကုိေတာင္ ေမေမက ျပန္ပုိ႔ေပးခဲ့တယ္။ ေမေမက ကြၽန္ေတာ့္ကုိ ေျပာတယ္ ေမေမ႔မွာ ေငြအလံုအေလာက္ရွိပါတယ္သားရယ္တဲ့။ ဒါဟာ ေမေမ ကြၽန္ေတာ့္ကုိ ဆ႒မအႀကိမ္ေျမာက္ ညာတဲ့စကားေပ့ါ။

သတၱမေျမာက္မုသား

ကြၽန္ေတာ္တကၠသိုလ္မွာထူးထူးခၽြန္ခၽြန္ေအာင္ျမင္ၿပီး လစာေကာင္းေကာင္းနဲ႔ အလုပ္ရခဲ့တယ္။ ကြၽန္ေတာ္ေမေမကုိ ေကာင္းေကာင္းမြန္မြန္ထားႏုိင္ဖုိ႔ ကြၽန္ေတာ္နဲ႔အတူ ျမိဳ႕မွာလုိက္ေနဖုိ႔ ေခၚခဲ့တယ္။ ေမေမက သားရယ္ . . .ေမေမအတြက္ အိမ္ေကာင္းယာေကာင္းနဲ႔ေနဖုိ႔ မလိုပါဘူး။ ေနရတာလည္း အသားမက်ပါဘူးဆုိၿပီး ေျပာခဲ့တယ္။ဒါဟာ ေမေမ ကြၽန္ေတာ့္ကုိ လိမ္ခဲ့တဲ့ သတၱမေျမာက္မုသားပါပဲ။

အဌမေျမာက္မုသား

‪တဲအုိေလးမွာေနေနတဲ့ ေမေမဟာ အခုေတာ့ကင္ဆာေရာဂါနဲ႔ ေဆး႐ံုေပၚေရာက္ေနၿပီ ျဖစ္ပါတယ္။အခုေတာ့ ေမေမနဲ႔ကြၽန္ေတာ႔္ၾကားမွာ ခရီးမိုင္ေတြျခားေနခဲ့ၿပီ ျဖစ္ပါတယ္။ ေမေမခဲြစိတ္ကုသမႈျပဳလုပ္ေနတဲ့အခ်ိန္မွာ ကြၽန္ေတာ္ဟာ လမ္းတစ္၀က္မွာပဲ ရွိေနခဲ့တယ္။ ကြၽန္ေတာ္ေရာက္တဲ့အခ်ိန္မွာ ေမေမဟာ ေဖ်ာ့ေတာ့ႏြမ္းလ်တဲ့အၿပံဳးနဲ႔အားတင္းၿပီး သားကုိ ၿပံဳးၾကည့္ရွာတယ္။ ေမေမဟာ ပိန္လွီၿပီး အ႐ုိးေပၚ အေရတင္ေနခဲ့ပါၿပီ။ ေဆး႐ံုကုတင္ေပၚမွာ ကြၽန္ေတာ့္ကုိ အားတင္းၿပီး မပီမသနဲ႔ ေျပာခဲ့တဲ့ ေနာက္ဆံုးမုသားကေတာ့ မငုိနဲ႔သား။ အေမ မနာပါဘူးတဲ႔။ ဒီမုသားဟာ ကြၽန္ေတာ္ေနာက္ဆံုးၾကားခဲ့ရတဲ့ အဌမေျမာက္မုသား ေနာက္ဆံုးမုသားပဲ ျဖစ္ပါတယ္။

8 Lies of a Mother ကိုဆီေလ်ာ္ေအာင္ ဘာသာျပန္ဆိုပါသည္။

Photo# staticflickr.com

www.akhayar.com

Unicode

ပထမဆုံးမုသား

ကျွန်တော်တိို့ငယ်ငယ်တုန်းကပေ့ါ။ အရမ်းဆင်းရဲတယ်။ ကျွန်တော်တို့ထမင်းနပ်မှန်အောင်တောင် အနိုင်နိုင်ရုန်းကန်ခဲ့ရတယ်။ ကျွန်တော်တို့ ထမင်းစားတိုင်း မေမေဟာ သူစားဖို့အထဲက ကျွန်တော်တို့ကို ပြန်ကျွေးလေ့ရှိခဲ့တယ်။ ဒါဟာ တစ်ကြိမ်မကပါဘူး။ ခဏခဏပါပဲ။ ကျွန်တော့်ထမင်းပန်းကန်ထဲ မေမေ ထမင်းထည့်ပေးတဲ့အချိန်မှာ မေမေဟာ စားလိုက် သား။ အမေ မဆာဘူး ဆိုပြီး ညာတယ်။ ဒါဟာ မေမေ ကျွန်တော့်ကို ညာပြောခဲ့တဲ့ ပထမဆုံးလိမ်ညာမှုပါပဲ။

ဒုတိယမြောက်မုသား
‪‎
ကျွန်တော်အရွယ်ရောက်လာတော့ မေမေဟာ သူ့အားလပ်ချိန်လေးမှာ အိမ်ဘေးက ချောင်းထဲမှာ ငါးမျှားလေ့ရှိတယ်။ မေမေက တကယ်လို့ သူငါးမျှားလို့ရခဲ့ရင် ကျွန်တော်တို့အတွက် အူစိုအောင် ချက်ပြုတ်ကျွေးနိုင်မယ်လို့ ထင်နေခဲ့တယ်လေ။ အဲဒီ့ရည်ရွယ်ချက်နဲ့ သူငါးမျှားခဲ့တယ်။ တစ်ခါက မေမေငါးမျှားတာ ငါးနှစ်ကောင်ရတယ်။ အဲဒီ့ငါးထဲက တစ်ကောင်ကို ငါးစွပ်ပြုတ်လုပ်ပြီး ကျွန်တော်တို့ကို ကျွေးတယ်။ ကျွန်တော်တို့ မေမေချက်ကျွေးတဲ့ ငါးစွပ်ပြုတ်ကို အငမ်းမရသောက်နေချိန်မှာ မေမေဟာ ကျွန်တော်တို့ ဘေးကနေထိုင်ပြီး အားရဝမ်းသာ ကြည့်နေခဲ့တယ်။ ငါးဟင်းကို မေမေစားပါလို့ကျွေးတော့ မေမေက ကျွန်တော်ပေးတဲ့ ငါးဟင်းခွက်ကို လက်နဲ့ကာပြီး ကျွန်တော်တို့ကို ချက်ချင်း ကပျာကရာ ပြန်ပြောခဲ့တာက ဒီငါးဟင်းကို သားတို့ပဲ စားလိုက်။ အမေက ငါးဟင်း လုံးဝမကြိုက်ဘူးတဲ့။ ဒါဟာ မေမေ ကျွန်တော်တို့ကို ဒုတိယအကြိမ်မြောက် ညာပြောခဲ့ခြင်းပါပဲ။

တတိယမြောက်မုသား

ဒီလိုနဲ့ ကျွန်တော် ကျောင်းပညာသင်နေရတဲ့အချိန်မှာ ကျွန်တော်တို့ ပညာရေးကျောင်းစရိတ်အတွက် မေမေဟာ မီးခြစ်ဆံကုမ္ပဏီတစ်ခုကိုသွားပြီး သုံးပြီးသား မီးခြစ်ဆံအခွံတွေ ယူလာခဲ့တယ်။ အိမ်ရောက်တော့ မီးခြစ်ဆံအသစ်တွေ မေမေ ပြန်ဖြည့်နေခဲ့တယ်။ မေမေက မီးခြစ်ဆံရောင်းပြီး ကျွန်တော်တို့ ကျောင်းစရိတ်အတွက် အပိုဝင်ငွေလေးရှာမလို့လေ။ အဲဒီ့အချိန်တုန်းက ဆောင်းရာသီပါ။ အရမ်းအေးတယ်။ ကျွန်တော်လည်း ရာသီဥတုက အေးလွန်းတာရယ်ကြောင့် လန့်နိုးလာခဲ့မိတယ်။ မေမေဟာ ဖယောင်းတိုင်လေးထွန်းပြီး မီးခြစ်ဆံတွေ ထည့်နေတာ တွေ့တယ်။ မေမေ မအိပ်သေးဘူးလား.သွားအိပ်တော့လေ။ အရမ်းညဥ့်နက်နေပြီ၊ မနက်ကျရင် မေမေ အလုပ်လုပ်ရဦးမှာမဟုတ်လား။ ပင်ပန်းနေဦးမယ်လို့ ကျွန်တော်ပြောခဲ့တယ်။ မေမေကပြုံးပြီး အမေ မပင်ပန်းပါဘူး ငါ့သား။ သားသာ ပြန်အိပ်တော့ဆိုပြီး ပြောခဲ့တယ်။ ဒါဟာ မေမေ ကျွန်တော့်တို့ကို လိမ်ပြောခဲ့တဲ့ တတိယမြောက်မုသားစကားပါ။

စတုတ္ထမြောက်မုသား

ကျွန်တော် စာမေးပွဲကြီးဖြေဖို့ နီးလာပြီ။ မေမေက ကျွန်တော်စာကျက်နေတာကို အဖော်လုပ်ပြီးစောင့်ပေးတယ်။ မိုးလင်းတဲ့အထိ ကျွန်တော်ညလုံးပေါက်စာကျက်တဲ့အချိန်မှာ မေမေဟာ ကျွန်တော်နဲ့အတူ ထိုင်စောင့်နေခဲ့ပေးတယ်။ နေရောင် မေမေမျက်နှာကို ထိုးလာတဲ့အထိပေ့ါ။ ကျွန်တော် စာမေးပွဲဖြေပြီးလို့ အတန်းထဲက ထွက်လာတဲ့အချိန်မှာ ကျွန်တော် မေမေဆီ ပြေးဖက်ခဲ့တယ်။မေမေဟာ ကျွန်တော့်ကိုဝမ်းသာအားရ ပြန်ဖက်ခဲ့တယ်။ နောက်တစ်နေ့အတွက်ကျွန်တော်စာကျက်တဲ့အခါမှာ အားရှိအောင်နွားနို့ပူပူလေး တိုက်ခဲ့ပြန်တယ်။ ကျွန်တော် နွားနို့သောက်ရင်း စာကျက်နေတဲ့အချိန်မှာ မေမေ့မျက်နှာဖြူဖျော့နေတာတွေ့တယ်။ ကျွန်တော်သောက်လက်စ နွားနို့ခွက်ကိုမေမေ့ဆီ ကမ်းပေးတဲ့အခါ မေမေသောက်ပြီးပြီဆိုပြီး ငြင်းခဲ့တယ်။ ဒါဟာ မေမေစတုတ္တမြောက်မျိုချခဲ့တဲ့ မုသားလင်္ကာပဲ ဖြစ်ပါတယ်။

ပဥ္စမမြောက်မုသား

ဖေဖေ ဆုံးသွားတဲ့နောက် မေမေဟာ အိမ်ထောင်စုတာဝန်ကို တစ်ယောက်တည်း ထမ်းခဲ့ရပြန်တယ်။ ကျွန်တော်တို့ မိသားစုဟာ အရင်ကထက် ပိုပြီး စီးပွားရေးကျပ်တည်းလာခဲ့တယ်။ ကျွန်တော်တို့ ထမင်းငတ်တဲ့နေ့တွေ ကြုံလာခဲ့ရတယ်။ တစ်နေ့ထက်တစ်နေ့ ကျွန်တော်တို့ဟာ ပိုဆိုးရွားတဲ့မနက်ဖြန်ကို ရင်ဆိုင်လာခဲ့ရတယ်။ အိမ်ဘေးနားမှာနေတဲ့ ဦးလေးက တတ်နိုင်သလောက် ကျွန်တော်တိ့ု့ကိုကူညီရှာပါတယ်။ ပတ်ဝန်းကျင်က အိမ်နီးနားချင်းတွေကတော့ အမေ့ကိုအရွယ်ကောင်းတုန်းအချိန်မို့ တစ်ပင်လဲရင် နောက်တစ်ပင်ထူဖို့ အကြံပြုကြတယ်။ ဒါပေမယ့် မေမေဟာ ကျွန်မဘာသာရုန်းကန်မယ်။ ကျွန်မအတွက် အားကိုးဖော်မလိုဘူးဆိုပြီး ငြင်းခဲ့တယ်။ ဒါဟာ ပဥ္စမမြောက်မေမေလိမ်ခဲ့တဲ့ စကားပါ။

ဆဌမမြောက်မုသား

ကျွန်တော် ကျောင်းတက်နေရင်း ရရာအလုပ်လေးဝင်လုပ်ပြီး မေမေကို ပြန်ပြီး ကြည့်ရမယ့်အချိန်၊ ကျေးဇူးဆပ်ရမယ့်အချိန်ရောက်ပြီလို့ယူဆမိတယ်။ မေမေ အရမ်းပင်ပန်းနေပါပြီ။ ဒါပေမယ့် မေမေဟာ မနက်တိုင်း စျေးသွားပြီး ဟင်းသီးဟင်းရွက်တစ်ချို့ ရောင်းချပြီး ငွေရှာခဲ့တယ်။ ကျွန်တော် မေမေ့ကို ငွေတစ်ချို့ ပို့ခဲ့ပေမယ့် မေမေ မယူခဲ့ဘူး။ ကျွန်တော့်ကိုတောင် မေမေက ပြန်ပို့ပေးခဲ့တယ်။ မေမေက ကျွန်တော့်ကို ပြောတယ် မေမေ့မှာ ငွေအလုံအလောက်ရှိပါတယ်သားရယ်တဲ့။ ဒါဟာ မေမေ ကျွန်တော့်ကို ဆဋ္ဌမအကြိမ်မြောက် ညာတဲ့စကားပေ့ါ။

သတ္တမမြောက်မုသား

ကျွန်တော်တက္ကသိုလ်မှာထူးထူးချွန်ချွန်အောင်မြင်ပြီး လစာကောင်းကောင်းနဲ့ အလုပ်ရခဲ့တယ်။ ကျွန်တော်မေမေကို ကောင်းကောင်းမွန်မွန်ထားနိုင်ဖို့ ကျွန်တော်နဲ့အတူ မြို့မှာလိုက်နေဖို့ ခေါ်ခဲ့တယ်။ မေမေက သားရယ် . . .မေမေအတွက် အိမ်ကောင်းယာကောင်းနဲ့နေဖို့ မလိုပါဘူး။ နေရတာလည်း အသားမကျပါဘူးဆိုပြီး ပြောခဲ့တယ်။ဒါဟာ မေမေ ကျွန်တော့်ကို လိမ်ခဲ့တဲ့ သတ္တမမြောက်မုသားပါပဲ။

အဌမမြောက်မုသား

‪တဲအိုလေးမှာနေနေတဲ့ မေမေဟာ အခုတော့ကင်ဆာရောဂါနဲ့ ဆေးရုံပေါ်ရောက်နေပြီ ဖြစ်ပါတယ်။အခုတော့ မေမေနဲ့ကျွန်တော့်ကြားမှာ ခရီးမိုင်တွေခြားနေခဲ့ပြီ ဖြစ်ပါတယ်။ မေမေခွဲစိတ်ကုသမှုပြုလုပ်နေတဲ့အချိန်မှာ ကျွန်တော်ဟာ လမ်းတစ်ဝက်မှာပဲ ရှိနေခဲ့တယ်။ ကျွန်တော်ရောက်တဲ့အချိန်မှာ မေမေဟာ ဖျော့တော့နွမ်းလျတဲ့အပြုံးနဲ့အားတင်းပြီး သားကို ပြုံးကြည့်ရှာတယ်။ မေမေဟာ ပိန်လှီပြီး အရိုးပေါ် အရေတင်နေခဲ့ပါပြီ။ ဆေးရုံကုတင်ပေါ်မှာ ကျွန်တော့်ကို အားတင်းပြီး မပီမသနဲ့ ပြောခဲ့တဲ့ နောက်ဆုံးမုသားကတော့ မငိုနဲ့သား။ အမေ မနာပါဘူးတဲ့။ ဒီမုသားဟာ ကျွန်တော်နောက်ဆုံးကြားခဲ့ရတဲ့ အဌမမြောက်မုသား နောက်ဆုံးမုသားပဲ ဖြစ်ပါတယ်။

8 Lies of a Mother ကိုဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။