ေဆာင္းရာသီအေျပာင္းအေရႊ႕ၿပီးဆံုးၿပီးေနာက္ ပရီးမီးယားလိဂ္မွာ ဘယ္အသင္းအက်ဳိးျဖစ္ခဲ့သလဲ

Premier League Transfer Business Rating
[Zawgyi]

ေဆာင္းရာသီအေျပာင္းအေရႊ႕ၿပီးဆံုးခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္မွာ ဘယ္အသင္း အက်ဳိးျဖစ္ခဲ့သလဲ

အေျပာင္းအေရႊ႕ကာလဆိုတာ ေဘာလံုးေလာကရဲ႕ ဇာတ္လမ္းတြဲမ်ားလို႔ ဆိုရမလားပဲ။ ၂၀၁၈ အေျပာင္းအေရႊ႕ ဇာတ္လမ္းတြဲမွာ ပရီးမီးယားလိဂ္အသင္းေတြရဲ႕ အသံုးစရိတ္ဟာ ေပါင္ (၄၁၉ .၅)သန္းရွိခဲ့ၿပီး စံခ်ိန္တင္ခဲ့ျပန္ၿပီ။ ၿပီးခဲ့ေသာေဆာင္းရာသီအေျပာင္းအေရႊ႕ရဲ႕ အဓိကဇာတ္ေဆာင္ေတြဟာ အလက္ဆစ္ဆန္းခ်က္ဇ္ (Alexis Sanchez)၊ အူဘာမီယန္း (Aubameyang)၊ လာေပၚေတး (Laporte) တို႔လို႔ဆိုရမယ္။ ဒါဆုိ ရက္ေပါင္း(၃၁)ရက္ၾကာ ေဆာင္းရာသီအေျပာင္းအေရႊ႕ဇာတ္လမ္းတြဲတစ္ခုကုန္လြန္ခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္မွာ ဘယ္အသင္းအက်ဳိးျဖစ္ခဲ့သလဲ။ ပရီးမီးယားလိဂ္ Big Six အသင္းေတြရဲ႕ ၂၀၁၈ ေဆာင္းရာသီအေျပာင္းအေရႊ႕က ရုိက္ခတ္လာမယ့္ အေကာင္းအဆိုးကို သံုးသပ္လိုက္ရပါတယ္။

အာဆင္နယ္

အလက္ဆစ္ဆန္းခ်က္ဇ္ (Alexis Sanchez) ထြက္ခြာသြားတယ္။ သူဟာ အာဆင္နယ္ရဲ႕ အထင္ကရကစားသမားတစ္ဦးျဖစ္လို႔ အသင္းပုံရိပ္ကို ထိခိုက္ႏုိင္တာအမွန္ပဲ။ ဒါေပမဲ့ ရာထူးေနရာမၾကာခဏ လႈပ္ခတ္ေနၿပီး ပရိသတ္တခ်ဳိ႕ရဲ႕ ၿငိဳျငင္မႈကို ခံေနရသူ အာဆင္နယ္နည္းျပ ၀င္းဂါး (Wenger)က အူဘာမီယန္း(Aubameyang) ကို ျပန္လည္တင္သြင္းၿပီး ပရိသတ္ကို ႏွစ္သိမ့္ခဲ့တယ္။ အူဘာမီယန္း(Aubameyang)ဟာ အာဆင္နယ္အတြက္ မဂၤလာတစ္ပါးပဲ။ ပံုရိပ္ကို ျမွင့္တင္ေပးမယ့္သူလည္း ျဖစ္ပါတယ္။ ၿပီးေတာ့ အူဘာမီယန္း(Aubameyang) ရဲ႕ မိတ္ေဆြေဟာင္း ကို ပုိင္ဆုိင္ထားတာကလည္း အာဆင္နယ္ရဲ႕ ေမွ်ာ္လင့္ျခင္းေကာင္းကင္ကို အေရာင္ပိုလင္းလက္ေစလိမ့္မယ္။ Super Sub မစ္ခီတာရီယန္ (Mkhitaryan) ဂ်ရူး (Giroud) မရွိေတာ့တာ အာဆင္နယ္ပရိသတ္ေတြအတြက္ လြမ္းစရာျဖစ္ေနေပမယ့္ အူဘာမီယန္း(Aubameyang)၊ မစ္ခီတာရီယန္ (Mkhitaryan) အတြဲအဖက္ဟာ ရင္ခုန္သံအသစ္ေတြကို ေဆာင္ယူလာလိမ့္မယ္။ အသင္းနဲ႔ ကာလရွည္စာခ်ဳပ္သက္တမ္းတိုးႏုိင္ခဲ့တဲ့ အိုေဇးလ္(Ozil) ရဲ႕ သတင္းကလည္း အာဆင္နယ္ရဲ႕ ေဆာင္းရာသီကို ပိုၿပီးၿပီးျပည့္စံုေစတယ္။

အာဆင္နယ္အသင္း၏ စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးရွင္ အူဘာမီယန္း (Aubameyang)
အာဆင္နယ္အသင္း၏ စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးရွင္ အူဘာမီယန္း (Aubameyang)

ခ်ယ္လ္ဆီး

ဒီေယဂိုေကာ္စတာ (Diego Costa) ထြက္ခြာခန္းဟာ ခ်ယ္လ္ဆီးတုိက္စစ္ကို သံပတ္ေလ်ာ့ေစခဲ့တယ္။ မိုရာတာ (Morata)ဟာ ေခါင္းတုိက္သြင္းဂိုးမ်ားနဲ႔ ခ်ယ္လ္ဆီးကို ကူညီေနပမယ့္ ပရီးမီးယားလိဂ္ရဲ႕ Physical Game မွာ ရုန္းကန္ေနရတာမ်ဳိး ျမင္ရတယ္။ ခ်ယ္လ္ဆီးအသင္းနည္းျပ ကြန္တီ (Conte)ဟာ လူငယ္တုိက္စစ္မွဴး ဘတ္ရွဴအာယီ (Batshuayi) ကုိလည္း သိပ္မယံုၾကည္ခဲ့ဘူး။ ဒီေတာ့ ေဆာင္းရာသီအေျပာင္းအေရႊ႕မွာ ခ်ယ္လ္ဆီးဟာ Target Man ဆန္ဆန္ကစားသမားမ်ဳိးေတြကို ဦးစားေပးခ်ဥ္းကပ္လာပါတယ္။ ခေရာ့ခ်္(Crouch) ၊ ကာရိုးလ္ (Carroll) တို႔လို အရြယ္လြန္စဒုတိယတန္းစား ကစားသမားမ်ဳိးေတြ ခ်ယ္လ္ဆီးရဲ႕ ပစ္မွတ္ထဲပါ၀င္ခဲ့တယ္။ ဒီသတင္းဟာ ခ်ယ္လ္ဆီးပရိသတ္ေတြအတြက္ အလံုးစံုစိတ္ခ်မ္းေျမ့စရာမဟုတ္ခဲ့ပါဘူး။ ရိုးမားက ဂ်က္ကို (Dzeko) ကိုမရခဲ့တာကလည္း စိတ္ပ်က္စရာဆုိေပမယ့္ ခ်ယ္လ္ဆီးက အေျပာင္းအေရႊ႕ေနာက္ဆံုးရက္မွာ ဂ်ရူး (Giroud) ကို တုိက္စစ္ဖြဲ႕စည္းပံုအသစ္အတြက္ ေခၚယူႏုိင္ခဲ့သလို၊ ဘာကေလ (Barkley) ၊ အီမာဆင္ (Emerson)တို႔ကို ရခဲ့တာကလည္း ေက်နပ္စရာပါပဲ။

လီဗာပူးလ္

လီဗာပူးလ္က သူတို႔ရဲ႕ ခံစစ္ယိုေပါက္ႀကီးကို ဖာေထးဖို႔ ဇန္န၀ါရီမွာ အႀကီးစားျပင္ဆင္ခဲ့ျပန္တယ္။  ေနာက္ပိုင္းႏွစ္ေတြအတြင္း သူတုိ႔ပင္တုိင္ကစားသမာေခၚယူေနတဲ့ ေဆာက္သမ္တန္အသင္းေနာက္ခံလူ  ဗန္ဒုိက္ (Van Dijk)ကို အသင္းစံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္ (၇၅)သန္းနဲ႔ ေခၚယူခဲ့တာပါပဲ။ ေကာ္တင္ဟုိ (Coutinho) ကိုဆံုးရႈံးခဲ့ရေပမယ့္ သူ႕ရဲ႕ အေျပာင္းအေရႊ႕ကေန ေပါင္ (၁၄၅)သန္းေလာက္ လီဗာပူးလ္ရခဲ့တာ၊  ေကာ္တင္ဟို (Coutinho) မရွိေပမယ့္ မာေနး (Mane)၊ ေဖမီႏုိ (Firmino)၊ ဆာလာ (Salah) တုိ႔က လီဗာပူးလ္ တုိက္စစ္ကို ထက္ျမက္ေစခဲ့ပါတယ္။ ျပႆနာက ဗန္ဒုိက္ (Van Dijk)ေရာက္လာေပမယ့္ လီဗာပူးလ္ရဲ႕ ခံစစ္လံုၿခံဳေရးစည္း စိတ္မခ်ရေသးတာပါပဲ။

ေျပာင္းေရႊ႕ေၾကးအျမင့္မားဆံုး ေနာက္ခံလူ ဗန္ဒုိက္ (Van Dijk)
ေျပာင္းေရႊ႕ေၾကးအျမင့္မားဆံုး ေနာက္ခံလူ ဗန္ဒုိက္ (Van Dijk)

မန္စီးတီး

အလက္ဆစ္ဆန္းခ်က္ဇ္ (Alexis Sanchez)ကို မန္စီးတီးစိတ္၀င္စားခဲ့ေပမယ့္ ၿမိဳ႕ခံၿပိဳင္ဘက္ မန္ခ်က္စတာယူႏုိက္တက္ေၾကာင့္ အဆင္မေျပခဲ့ပါဘူး။ အဲဒီေနာက္မွာ မန္စီးတီးဟာ အံ့အားသင့္ဖြယ္ေခၚယူမႈ  ျပဳလုပ္လုိက္ပါတယ္။ ဘီလ္ဘာအိုက လာေပၚေတး (Laporte) ကို အသင္းစံခ်ိန္တင္ေျပာင္းေရႊၾကးနဲ႔ မန္စီးတီးေခၚယူခဲ့တာပါပဲ။ လာေပၚေတး (Laporte) ေရာက္လာၿပီးေနာက္ မန္စီးတီးရဲ႕ ခံစစ္ကာကြယ္ေရးအတြက္ဘ႑ာေငြ အသံုးစရိတ္ဟာ ကမၻာ့ႏုိင္ငံတခ်ဳိ႕ရဲ႕ကာကြယ္ေရးအသံုးစရိတ္ထက္ ပိုမ်ားေနတယ္ဆုိၿပီး ၿဗိတိန္သတင္းစာ Daily Mail က ေရးသားခဲ့ပါတယ္။ ေဆာင္းရာသီအေျပာင္းအေရႊ႕  ေနာက္ဆံုးကာလမွာ ေတာင္ပံကစားသမားတခ်ဳိ႕ကို မန္စီးတီး စိတ္၀င္စားေယာင္ျပခဲ့ေပမယ့္ တကယ္ျဖစ္မလာခဲ့ပါဘူး။

မန္ခ်က္စတာယူႏုိက္တက္

မန္ခ်က္စတာယူႏုိက္တက္ရဲ႕ ေဆာင္းရာသီအေျပာင္းအေရႊ႕ကာလက အလက္ဆစ္ဆန္းခ်က္ဇ္ (Alexis Sanchez) ဇာတ္လမ္းနဲ႔ပဲ တစ္ခန္းရပ္ခဲ့တယ္။ သူေရာက္လာတာ မန္ခ်က္စတာယူႏုိက္တက္ရဲ႕ တုိက္စစ္ဟန္ခ်က္ကို ပိုၿပီးညီညြတ္ေစမယ္လို႔ သံုးသပ္မႈေတြရွိိေနေပမယ့္ လတ္တေလာမွာ အမ်ားႀကီးထူးျခားမလားေသးဘူး။ ျပႆနာလို႔ ရႈျမင္ႏုိင္တာက အလက္ဆစ္ဆန္းခ်က္ဇ္ (Alexis Sanchez)နဲ႔ ေျခစြမ္းျပေနတဲ့ မာစီယဲလ္ (Martial) ကို နည္းျပေမာ္ရင္ဟို (Mourinho) အခ်ဳိးညီညီဘယ္လုိေပါင္းစပ္မလဲ ဆုိတာပဲ။ ဒီေမးခြန္းကို မန္ခ်က္စတာယူႏုိက္တက္ ေျဖဆိုႏုိင္ရင္ ပိုၿပီးေကာင္းလာပါလိမ့္မယ္။

စပါး

စပါးအတြက္ အေျပာင္းအေရႊ႕ရာသီေရာက္တုိင္း ၾကယ္ပြင့္ကစားသမားေတြ ေခၚယူဖို႔ထက္ ၾကယ္ပြင့္ကစားသမားေတြ မဆံုးရႈံးေရးဟာ ပိုၿပီးအေရးပါေနသလိုပဲ။ ဟာရီိကိန္း (Harry Kane)ကို မဆံုးရႈံးရေသးတာက စပါးအတြက္ ေပ်ာ္ရႊင္စရာလုိ႔ဆိုရမွာျဖစ္ၿပီး ကြင္းလယ္အတြက္ လူးကပ္စ္ေမာ္ရာ(Lucas Moura) ကိုရခဲ့တာဟာ ေအာင္ျမင္မႈတစ္ခုလို႔ ဆုိရမယ္။ ကြင္းလယ္လုပ္ငန္းေတြအျပင္ လုိအပ္ရင္ဂိုးပါသြင္းယူႏုိင္တဲ့ လူးကပ္စ္ေမာ္ရာ (Lucas Moura)ဟာ စပါအတြက္ အဖိုးတန္အင္ဂ်င္ျဖစ္လာပါလိမ့္မယ္။

August(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

 

 

[Unicode]

ဆောင်းရာသီအပြောင်းအရွှေ့ပြီးဆုံးခဲ့ပြီးနောက် ပရီးမီးယားလိဂ်မှာ ဘယ်အသင်း အကျိုးဖြစ်ခဲ့သလဲ

အပြောင်းအရွှေ့ကာလဆိုတာ ဘောလုံးလောကရဲ့ ဇာတ်လမ်းတွဲများလို့ ဆိုရမလားပဲ။ ၂၀၁၈ အပြောင်းအရွှေ့ ဇာတ်လမ်းတွဲမှာ ပရီးမီးယားလိဂ်အသင်းတွေရဲ့ အသုံးစရိတ်ဟာ ပေါင် (၄၁၉ .၅)သန်းရှိခဲ့ပြီး စံချိန်တင်ခဲ့ပြန်ပြီ။ ပြီးခဲ့သောဆောင်းရာသီအပြောင်းအရွှေ့ရဲ့ အဓိကဇာတ်ဆောင်တွေဟာ အလက်ဆစ်ဆန်းချက်ဇ် (Alexis Sanchez)၊ အူဘာမီယန်း (Aubameyang)၊ လာပေါ်တေး (Laporte) တို့လို့ဆိုရမယ်။ ဒါဆို ရက်ပေါင်း(၃၁)ရက်ကြာ ဆောင်းရာသီအပြောင်းအရွှေ့ဇာတ်လမ်းတွဲတစ်ခုကုန်လွန်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်မှာ ဘယ်အသင်းအကျိုးဖြစ်ခဲ့သလဲ။ ပရီးမီးယားလိဂ် Big Six အသင်းတွေရဲ့ ၂၀၁၈ ဆောင်းရာသီအပြောင်းအရွှေ့က ရိုက်ခတ်လာမယ့် အကောင်းအဆိုးကို သုံးသပ်လိုက်ရပါတယ်။

အာဆင်နယ်

အလက်ဆစ်ဆန်းချက်ဇ် (Alexis Sanchez) ထွက်ခွာသွားတယ်။ သူဟာ အာဆင်နယ်ရဲ့ အထင်ကရကစားသမားတစ်ဦးဖြစ်လို့ အသင်းပုံရိပ်ကို ထိခိုက်နိုင်တာအမှန်ပဲ။ ဒါပေမဲ့ ရာထူးနေရာမကြာခဏ လှုပ်ခတ်နေပြီး ပရိသတ်တချို့ရဲ့ ငြိုငြင်မှုကို ခံနေရသူ အာဆင်နယ်နည်းပြ ဝင်းဂါး (Wenger)က အူဘာမီယန်း(Aubameyang) ကို ပြန်လည်တင်သွင်းပြီး ပရိသတ်ကို နှစ်သိမ့်ခဲ့တယ်။ အူဘာမီယန်း(Aubameyang)ဟာ အာဆင်နယ်အတွက် မင်္ဂလာတစ်ပါးပဲ။ ပုံရိပ်ကို မြှင့်တင်ပေးမယ့်သူလည်း ဖြစ်ပါတယ်။ ပြီးတော့ အူဘာမီယန်း(Aubameyang) ရဲ့ မိတ်ဆွေဟောင်း ကို ပိုင်ဆိုင်ထားတာကလည်း အာဆင်နယ်ရဲ့ မျှော်လင့်ခြင်းကောင်းကင်ကို အရောင်ပိုလင်းလက်စေလိမ့်မယ်။ Super Sub မစ်ခီတာရီယန် (Mkhitaryan) ဂျရူး (Giroud) မရှိတော့တာ အာဆင်နယ်ပရိသတ်တွေအတွက် လွမ်းစရာဖြစ်နေပေမယ့် အူဘာမီယန်း(Aubameyang)၊ မစ်ခီတာရီယန် (Mkhitaryan) အတွဲအဖက်ဟာ ရင်ခုန်သံအသစ်တွေကို ဆောင်ယူလာလိမ့်မယ်။ အသင်းနဲ့ ကာလရှည်စာချုပ်သက်တမ်းတိုးနိုင်ခဲ့တဲ့ အိုဇေးလ်(Ozil) ရဲ့ သတင်းကလည်း အာဆင်နယ်ရဲ့ ဆောင်းရာသီကို ပိုပြီးပြီးပြည့်စုံစေတယ်။

အာဆင်နယ်အသင်း၏ စံချိန်တင်ပြောင်းရွှေ့ကြေးရှင် အူဘာမီယန်း (Aubameyang)
အာဆင်နယ်အသင်း၏ စံချိန်တင်ပြောင်းရွှေ့ကြေးရှင် အူဘာမီယန်း (Aubameyang)

ချယ်လ်ဆီး

ဒီယေဂိုကော်စတာ (Diego Costa) ထွက်ခွာခန်းဟာ ချယ်လ်ဆီးတိုက်စစ်ကို သံပတ်လျော့စေခဲ့တယ်။ မိုရာတာ (Morata)ဟာ ခေါင်းတိုက်သွင်းဂိုးများနဲ့ ချယ်လ်ဆီးကို ကူညီနေပမယ့် ပရီးမီးယားလိဂ်ရဲ့ Physical Game မှာ ရုန်းကန်နေရတာမျိုး မြင်ရတယ်။ ချယ်လ်ဆီးအသင်းနည်းပြ ကွန်တီ (Conte)ဟာ လူငယ်တိုက်စစ်မှူး ဘတ်ရှူအာယီ (Batshuayi) ကိုလည်း သိပ်မယုံကြည်ခဲ့ဘူး။ ဒီတော့ ဆောင်းရာသီအပြောင်းအရွှေ့မှာ ချယ်လ်ဆီးဟာ Target Man ဆန်ဆန်ကစားသမားမျိုးတွေကို ဦးစားပေးချဉ်းကပ်လာပါတယ်။ ခရော့ချ်(Crouch) ၊ ကာရိုးလ် (Carroll) တို့လို အရွယ်လွန်စဒုတိယတန်းစား ကစားသမားမျိုးတွေ ချယ်လ်ဆီးရဲ့ ပစ်မှတ်ထဲပါဝင်ခဲ့တယ်။ ဒီသတင်းဟာ ချယ်လ်ဆီးပရိသတ်တွေအတွက် အလုံးစုံစိတ်ချမ်းမြေ့စရာမဟုတ်ခဲ့ပါဘူး။ ရိုးမားက ဂျက်ကို (Dzeko) ကိုမရခဲ့တာကလည်း စိတ်ပျက်စရာဆိုပေမယ့် ချယ်လ်ဆီးက အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ဂျရူး (Giroud) ကို တိုက်စစ်ဖွဲ့စည်းပုံအသစ်အတွက် ခေါ်ယူနိုင်ခဲ့သလို၊ ဘာကလေ (Barkley) ၊ အီမာဆင် (Emerson)တို့ကို ရခဲ့တာကလည်း ကျေနပ်စရာပါပဲ။

လီဗာပူးလ်

လီဗာပူးလ်က သူတို့ရဲ့ ခံစစ်ယိုပေါက်ကြီးကို ဖာထေးဖို့ ဇန်နဝါရီမှာ အကြီးစားပြင်ဆင်ခဲ့ပြန်တယ်။  နောက်ပိုင်းနှစ်တွေအတွင်း သူတို့ပင်တိုင်ကစားသမာခေါ်ယူနေတဲ့ ဆောက်သမ်တန်အသင်းနောက်ခံလူ  ဗန်ဒိုက် (Van Dijk)ကို အသင်းစံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၇၅)သန်းနဲ့ ခေါ်ယူခဲ့တာပါပဲ။ ကော်တင်ဟို (Coutinho) ကိုဆုံးရှုံးခဲ့ရပေမယ့် သူ့ရဲ့ အပြောင်းအရွှေ့ကနေ ပေါင် (၁၄၅)သန်းလောက် လီဗာပူးလ်ရခဲ့တာ၊  ကော်တင်ဟို (Coutinho) မရှိပေမယ့် မာနေး (Mane)၊ ဖေမီနို (Firmino)၊ ဆာလာ (Salah) တို့က လီဗာပူးလ် တိုက်စစ်ကို ထက်မြက်စေခဲ့ပါတယ်။ ပြဿနာက ဗန်ဒိုက် (Van Dijk)ရောက်လာပေမယ့် လီဗာပူးလ်ရဲ့ ခံစစ်လုံခြုံရေးစည်း စိတ်မချရသေးတာပါပဲ။

ပြောင်းရွှေ့ကြေးအမြင့်မားဆုံး နောက်ခံလူ ဗန်ဒိုက် (Van Dijk)
ပြောင်းရွှေ့ကြေးအမြင့်မားဆုံး နောက်ခံလူ ဗန်ဒိုက် (Van Dijk)

မန်စီးတီး

အလက်ဆစ်ဆန်းချက်ဇ် (Alexis Sanchez)ကို မန်စီးတီးစိတ်ဝင်စားခဲ့ပေမယ့် မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်ကြောင့် အဆင်မပြေခဲ့ပါဘူး။ အဲဒီနောက်မှာ မန်စီးတီးဟာ အံ့အားသင့်ဖွယ်ခေါ်ယူမှု  ပြုလုပ်လိုက်ပါတယ်။ ဘီလ်ဘာအိုက လာပေါ်တေး (Laporte) ကို အသင်းစံချိန်တင်ပြောင်းရွှေကြးနဲ့ မန်စီးတီးခေါ်ယူခဲ့တာပါပဲ။ လာပေါ်တေး (Laporte) ရောက်လာပြီးနောက် မန်စီးတီးရဲ့ ခံစစ်ကာကွယ်ရေးအတွက်ဘဏ္ဍာငွေ အသုံးစရိတ်ဟာ ကမ္ဘာ့နိုင်ငံတချို့ရဲ့ကာကွယ်ရေးအသုံးစရိတ်ထက် ပိုများနေတယ်ဆိုပြီး ဗြိတိန်သတင်းစာ Daily Mail က ရေးသားခဲ့ပါတယ်။ ဆောင်းရာသီအပြောင်းအရွှေ့  နောက်ဆုံးကာလမှာ တောင်ပံကစားသမားတချို့ကို မန်စီးတီး စိတ်ဝင်စားယောင်ပြခဲ့ပေမယ့် တကယ်ဖြစ်မလာခဲ့ပါဘူး။

မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ရဲ့ ဆောင်းရာသီအပြောင်းအရွှေ့ကာလက အလက်ဆစ်ဆန်းချက်ဇ် (Alexis Sanchez) ဇာတ်လမ်းနဲ့ပဲ တစ်ခန်းရပ်ခဲ့တယ်။ သူရောက်လာတာ မန်ချက်စတာယူနိုက်တက်ရဲ့ တိုက်စစ်ဟန်ချက်ကို ပိုပြီးညီညွတ်စေမယ်လို့ သုံးသပ်မှုတွေရှိနေပေမယ့် လတ်တလောမှာ အများကြီးထူးခြားမလားသေးဘူး။ ပြဿနာလို့ ရှုမြင်နိုင်တာက အလက်ဆစ်ဆန်းချက်ဇ် (Alexis Sanchez)နဲ့ ခြေစွမ်းပြနေတဲ့ မာစီယဲလ် (Martial) ကို နည်းပြမော်ရင်ဟို (Mourinho) အချိုးညီညီဘယ်လိုပေါင်းစပ်မလဲ ဆိုတာပဲ။ ဒီမေးခွန်းကို မန်ချက်စတာယူနိုက်တက် ဖြေဆိုနိုင်ရင် ပိုပြီးကောင်းလာပါလိမ့်မယ်။

စပါး

စပါးအတွက် အပြောင်းအရွှေ့ရာသီရောက်တိုင်း ကြယ်ပွင့်ကစားသမားတွေ ခေါ်ယူဖို့ထက် ကြယ်ပွင့်ကစားသမားတွေ မဆုံးရှုံးရေးဟာ ပိုပြီးအရေးပါနေသလိုပဲ။ ဟာရီကိန်း (Harry Kane)ကို မဆုံးရှုံးရသေးတာက စပါးအတွက် ပျော်ရွှင်စရာလို့ဆိုရမှာဖြစ်ပြီး ကွင်းလယ်အတွက် လူးကပ်စ်မော်ရာ(Lucas Moura) ကိုရခဲ့တာဟာ အောင်မြင်မှုတစ်ခုလို့ ဆိုရမယ်။ ကွင်းလယ်လုပ်ငန်းတွေအပြင် လိုအပ်ရင်ဂိုးပါသွင်းယူနိုင်တဲ့ လူးကပ်စ်မော်ရာ (Lucas Moura)ဟာ စပါအတွက် အဖိုးတန်အင်ဂျင်ဖြစ်လာပါလိမ့်မယ်။

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။