လွန်ခဲ့တဲ့ ၇ နှစ်လောက်တုန်းက အဖြစ်ပျက်ဟာ အခုချိန်မှာ တချို့လူတွေအတွက် အရမ်းရင်နာစရာကောင်းပါတယ်။ ဘယ်လောက်ထိ အပြိုင်ဆိုင်ပြင်းထန်တယ်ပြောပြော Nokia လောက် အကြီးမားဆုံး ဆုံးရှုံးမှုတွေနဲ့ မရင်ဆိုင်ရဖူးဘူးလို့လည်း ထင်ပါတယ်။ ပြီးခဲ့တဲ့လတွေတုန်းက Windows ဖုန်းတွေ Microsoft ရပ်နားတော့မယ်လို့ ကျနော်ဖော်ပြခဲ့ပြီးပြီဆိုမယ့် ဘာကြောင့် Nokia စင်မြင့်ပေါ်က ဆင်းပေးလိုက်ရတဲ့အကြောင်း ထည့်မပြောဖြစ်ခဲ့ပါဘူး။

Credit: Arstechina

Nokia သမိုင်းကြောင်းလေး အစဖော်ရမယ်ဆိုရင် အရင်တခါ ဖော်ပြဖူးတဲ့ Galaxy S Legacy ကို ပစ်ပယ်ထားလို့မရပါဘူး။ ဘာလို့လဲဆိုရင် Nokia ကိုနန်းချခဲ့တာ Samsung ပဲဖြစ်တာမလို့ ၁၀ နှစ်ဝန်းကျင်က ပထဆုံး iPhone စပေါ်လာတဲ့ ၂၀၀၇ ၊ ၂၀၀၈ ဝန်းကျင်ကို ကျနော်ပြန်ဆွဲခေါ်ချင်ပါတယ်။

Credit: Phone Arena

အဲ့ဒီချိန်လောက်တုန်းကဆိုရင် Cell Phone တလုံးကို ၄ ၊ ၅ သိန်းဝန်းကျင်ပေးဝယ်ခဲ့ရလို့ အခုခေတ် အတိုင်းတာနဲ့ယှဉ်ရင် Flagship တလုံးလောက်ကို တန်ကြေးရှိပါတယ်။ ဒါပေမယ့် Steve Jobs ရဲ့ အိမ်မက်ဆိုးကြီးက Nokia ကို တိုက်စားဖို့ဖြစ်လာခဲ့ပြီး ၂၀၀၈ နောက်ပိုင်း Screen Age ပေါ်ရောက်လာတဲ့အခါ စိုးရိမ်ရေမှတ် ကျော်လာခဲ့ပါတယ်။

Credit: Nokia Museum

iOS ဆိုတဲ့ မိုဘိုင်းစနစ်တမျိုးပေါ်ထွက်လာပြီးနောက်မှာ Android ကပါ ဖုန်းလောကကို တမျိုးတဖုံ ပြောင်းလဲလိုက်ပြီး Apple နဲ့အပြိုင် HTC ၊ Samsung တို့ပါ ဝင်လာခဲ့တယ်။ ဒါပေမယ့် အနေသာကြီးပါဆိုတဲ့ ပုံစံမျိုးနဲ့ ၂ နှစ်တာကာလ ကျော်ဖြတ်လို့အပြီးမှာ Nokia အတွက်သာမက မိုဘိုင်းလောကတခုလုံးကို အသွင်ပြောင်းမယ့်သူ ပေါ်ထွက်လာခဲ့တယ်။

Credit: AllThingSD

အဲ့ဒါကတော့ Samsung ရဲ့ Galaxy S2 Apple ဖြစ်ပြီး ဘယ်သူမှ သမိုင်းကြောင်း ပြောင်းလဲပစ်မယ်လို့ ထင်မထားခဲ့ပါဘူး။ အဲ့မှာ ဆောက်တည်ရာမရ ဖြစ်နေတဲ့ Nokia တယောက် အနာဂတ်မရေရာတဲ့ Windows Phone နဲ့လက်တွဲခဲ့ပြီး Symbia OS နဲ့ အလုပ်မဖြစ်တော့ဘူးလို့ ယူဆခဲ့ပုံရပါတယ်။ ဒါပေမယ့် ဆိုးရွားလွန်းတဲ့ကံကြမ္မာလို့ပဲပြောရမလား Windows ဖုန်းတွေ ခြေမချနိုင်သေးခင် Samsung က Galaxy S3 နဲ့ တာလွတ်နှင့်ပါပြီ။

Credit: TheNextWeb

ဒါကို ထောက်ကြည့်ရင် Nokia ဆုံးဖြတ်ချက်မှားတယ်လို့ တရားသေပြောလို့မရတဲ့ အချက်တချက်ရှိပါတယ်။ အဲ့ဒါက Apple ၊ Samsung တို့ရဲ့Smartphone တွေပါ။ Galaxy တွေရောက်မလာခင် ၂၀၁၁ မှာကတည်းက iPhone 4 နဲ့ ပျားတုပ်နေခဲ့ပြီး Flagship Level နဲ့ Samsung ဝင်လာတဲ့အထိ ကြိုတင်ပြင်ဆင်မှုမရှိခဲ့ဘူးထင်ပါတယ်။

Credit: Phone Arena

ဒီလိုနဲ့ iPhone 6 နဲ့ Galaxy S4 တို့ထွက်လာတဲ့ ၂၀၁၃ နောက်ပိုင်းမှာ Microsoft လက်ထဲ ကုမ္ပဏီတခုလုံး ရောင်းချလိုက်ရပြီး Nokia ဟာ Windows ဖုန်းလုံးလုံးဖြစ်သွားခဲ့ပါတယ်။ ဒါပေမယ့် အခါနှောင်းနေတဲ့ မိုးလို သဲကြီးမဲကြီး ရွာသွန်းပေမယ့် Microsoft လက်ထဲမှာလည်း သက်ဆိုးမရှည်သွားခဲ့ပါဘူး။

Credit: Tehc Hive

၂၀၁၆ မှာ HMD Global လက်ထဲ Nokia ရောက်သွားမှသာ အလုံးရေ သန်း ၇၀ ကျော် ရောင်းချခဲ့လို့ လူရုပ်၊ သူရုပ်ပြန်ဖြစ်လာတယ်လို့ ပြောရမှာပါ။ ဒါပေမယ့်လည်း တခေတ်တခါတုန်းက ကာလနဲ့ပြန်တွေးကြည့်လိုက်ရင် Nokia အောင်မြင်မှုဆိုတာ လက်ဆုပ်ထဲက သဲမှုန့်ထက်တောင် ပိုနည်းဦးမယ်လို့ မပြောလည်း သိနေမယ်ထင်ပါတယ်။

Legends: Galaxy S LegacyMicrosoft ends Windows Phone
Credit to Scott Adam Gordon (Android Authority)
2B (Write with Passion)
www.akhayar.com