[Zawgyi]

ငယ္စဥ္ဘ၀မွာ အသင္းႀကီးေတြရဲ႕ ျငင္းပယ္ျခင္း ခံခဲ့ရတဲ့ ၾကယ္ပြင့္မ်ား

ဆယ္ေက်ာ္သက္ကစားသမားတစ္ဦးရဲ႕ ေျခစြမ္းနဲ႔ အနာဂတ္ကုိ ခန္႔မွန္းရတာက သိပ္ေတာ့မလြယ္လွဘူး။ ေျခစြမ္းေျခစရွိေပမယ့္ အခ်ိန္တန္ရင္ အနာဂတ္ေပ်ာက္သြားတဲ့သူေတြ၊ ထင္သေလာက္ မဟုတ္ဘူးလုိ႔ ယူဆၿပီးကာမွ ကမၻာ႔အဆင့္အထိ တက္လွမ္းႏုိင္သူေတြ အမ်ားႀကီးပါပဲ။ ကလပ္အသင္းေတြအေနနဲ႔လည္း ဆယ္ေက်ာ္သက္ကစားသမားတစ္ဦးရဲ႕ အရည္အေသြးကုိ အကဲျဖတ္ဖုိ႔ကလည္း ခက္ခဲပါတယ္။ တစ္ခ်ိန္မွာ နာမည္ေက်ာ္ျဖစ္လာႏုိင္မယ့္ ကစားသမားတစ္ဦးကုိ ပုိင္ဆုိင္ဖုိ႔ အခြင့္အေရးရခ့ဲေပမယ့္ လက္လႊတ္ဆုံး႐ႈံးခဲ့ရတာေတြလည္း အမ်ားႀကီးပါ။ ဒါေၾကာင့္ ငယ္စဥ္ဘ၀မွာ အသင္းႀကီးေတြရဲ႕ ျငင္းပယ္တာကုိ ခံခဲ့ရတဲ့ လက္ရွိ ေဘာလုံးေလာကရဲ႕ ၾကယ္ပြင့္ေတြကုိ Akhayar Sports ပရိသတ္ေတြအတြက္ ေဖာ္ျပလုိက္ပါတယ္ ..

Harry Kane

Harry-Kane

Harry-Kane

အခုအခ်ိန္မွာ စပါးအသင္းနဲ႔ အဂၤလန္အသငး္တို႔ရဲ႕ တိုက္စစ္ကုိ ဦးေဆာင္ေနတဲ့ ဟယ္ရီကိန္း Harry Kane ကုိ အာဆင္နယ္အသင္း ေခၚယူခြင့္ရခဲ့ဖူးပါတယ္။ ဟယ္ရီကိန္းဟာ ငယ္ငယ္တုန္းက အာဆင္နယ္အကယ္ဒမီမွာ အစမ္းေလ့က်င့္ခန္းဆင္းခဲ့ၿပီး အာဆင္နယ္လူငယ္ကင္းေထာက္ေတြက ဖက္တီးေလးျဖစ္ေနတဲ့ ဟယ္ရီကိန္းကုိ ဘာမွျဖစ္လာမွာမဟုတ္ဘူးလုိ႔ ယူဆတာေၾကာင့္ မေခၚခဲ့ပါဘူး။ လက္ရွိအခ်ိန္မွေတာ့ အဲဒီဆုံးျဖတ္ခ်က္အတြက္ အာဆင္နယ္ ေနာင္တရေနေလာက္ပါၿပီ။

Luke Shaw

Luke-Shaw

Luke-Shaw

မန္ယူအသင္း ဘယ္ေနာက္ခံတစ္ေနရာကုိ အပုိင္စားရထားသူ လုခ္ေရွာ Luke Shaw ဟာ ေဆာက္သမ္တန္အကယ္ဒမီထြက္ ကစားသမားတစ္ဦးဆုိတာ အားလုံးအသိပါပဲ။ ဒါေပမဲ့ ကေလးဘ၀မွာ လုခ္ေရွာဟာ ခ်ယ္လ္ဆီးအကယ္ဒမီကုိ ေရာက္ဖုိ႔ အရမ္းနီးစပ္ခဲ့ဖူးပါတယ္။ ငယ္ငယ္တုန္းက ခ်ယ္လ္ဆီးအသင္းရဲ႕ အမာခံ ပရိသတ္ျဖစ္ခဲ့ၿပီး တစ္ခ်ိန္က်ရင္ ကစားခြင့္ရဖုိ႔ ေမွ်ာ္လင့္ခဲ့ေပမယ့္လည္း ခ်ယ္လ္ဆီးအကယ္ဒမီက လုခ္ေရွာကုိ လက္မခံခဲ့လုိ႔ အသက္(၈)ႏွစ္အရြယ္မွာ ေဆာက္သမ္တန္အကယ္ဒမီကုိ ေရာက္ရွိခဲ့တာပါ။

Marcus Rashford

Marcus-Rashford

Marcus-Rashford

မန္ယူအသင္းရဲ႕ ေက်ာနံပါတ္(၁၀)ပုိင္ရွင္သစ္ ရပ္ရွ္ဖုိ႔ဒ္ Marcus Rashford ဟာ ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီးအသင္းဆီ ေရာက္ဖုိ႔ နီးစပ္ခဲ့ဖူးတယ္။ ငယ္ငယ္တုန္းက မန္စီးတီးအသင္းအကယ္ဒမီမွာ တက္ေရာက္ခြင့္ရဖုိ႔ ႀကိဳးစားခဲ့ေပမယ့္ မန္စီးတီးတာ၀န္ရွိသူေတြက ခႏၶာကုိယ္ေသးေကြးေနတဲ့ ရပ္ရွ္ဖုိ႔ဒ္ကုိ သေဘာမက်ခဲ့ဘူး။ ဒါေၾကာင့္ အသက္(၇)ႏွစ္အရြယ္မွာ မန္ယူအကယ္ဒမီကုိ ေရာက္ရွိခဲ့ၿပီး ဆယ္ေက်ာ္သက္အရြယ္မွာပဲ အသင္းရဲ႕ အဓိက ကစားသမားျဖစ္လာခဲ့ပါတယ္။

Antoine Griezmann

Antoine-Griezmann

Antoine-Griezmann

ထိပ္သီးအသင္းေတြရဲ႕ ပစ္မွတ္ျဖစ္ေနတဲ့ ျပင္သစ္တိုက္စစ္မွဴး ဂရစ္ဇ္မန္း Antoine Griezmann ကုိ ျပင္သစ္ထိပ္သီးကလပ္ လုိင္ယြန္အသင္းက ေခၚယူႏုိင္ခြင့္ရွိခဲ့ေပမယ့္ အဲဒီအခြင့္အေရးကုိ လက္လႊတ္ခံခဲ့ရတယ္။ အဓိက အခ်က္ကေတာ့ ဂရစ္ဇ္မန္းရဲ႕ အရပ္အေမာင္း၊ ခႏၶာကုိယ္ေၾကာင့္ပါပဲ။ လုိင္ယြန္အသင္းအျပင္ ေအာ္ေဇး၊ စိန္႔အက္တီယန္၊ ဆုိးေခ်ာ႔အသင္းေတြကလည္း တစ္ခ်ိန္မွာ ကမၻာ႔အဆင့္စာရင္း၀င္ တိုက္စစ္မွဴးျဖစ္လာမယ့္သူကုိ လက္လႊတ္ဆုံး႐ႈံးခံခဲ့ရပါတယ္။

Mario Balotelli

Mario-Balotelli

Mario-Balotelli

၂၀၀၆ တုန္းက ဘာလုိတယ္လီ Mario Balotelli ဟာ ဘာစီလုိနာအသင္းမွာ အစမ္းေလ့က်င့္ခန္းဆင္းခဲ့ဖူးတယ္။ ဒါေပမဲ့ ဘာစီလုိနာအသင္းက ဘာလုိတယ္လီကုိ မေခၚခဲ့ပါဘူ။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ပရိသတ္ေတြ သိတ့ဲအတိုင္း ဘာလုိတယ္လီရဲ႕ အက်င့္ဆုိးေၾကာင့္ပါပဲ။ အရည္အခ်င္းရွိေပမယ့္ Attitude မွာ အႏုတ္ျပခဲ့တဲ့ ဘာလုိတယ္လီဟာ အခုအခ်ိန္မွာ ႏုိက္စ္အသင္းနဲ႔အတူ ကစားသမားဘ၀ကုိ ျဖတ္သန္းေနပါၿပီ။

Kylian Mbappe

Kylian-Mbappe

Kylian-Mbappe

လူငယ္ကစားသမားေကာင္းေတြ အမ်ားႀကီး လက္လႊတ္ခဲ့ရဖူးတဲ့ ခ်ယ္လ္ဆီးအသင္းအတြက္ ဘာေပ Kylian Mbappe ကုိ ဆုံး႐ႈံးခဲ့တာက အႀကီးမားဆုံးထုိးႏွက္ခ်က္လုိ႔ ဆုိရမယ္။ အသက္(၁၁)ႏွစ္အရြယ္တုန္းက ဘာေပဟာ ခ်ယ္လ္ဆီးအသငး္ဆီမွာ အစမ္းေလ့က်င့္ခန္းဆင္းခဲ့ၿပီး ခ်ာလ္တန္လူငယ္အသင္းနဲ႔ပဲြမွာ ပါ၀င္ကစားခဲ့တယ္။ ဒါေပမဲ့ ခ်ယ္လ္ဆီးအသင္းဟာ ဘာေပရဲ႕ေျခစြမ္းကုိ စိတ္ႀကိဳက္မေတြ႕ခဲ့လုိ႔ မေခၚခဲ့ပါဘူး။ အခုအခ်ိန္မွာ ဘာေပ ဘယ္အဆင့္အထိေရာက္ေနၿပီလဲဆုိတာေတာ့ ပရိသတ္ေတြ သိၿပီးသားပါပဲ။

Diego Costa

Diego-Costa

Diego-Costa

ဘရာဇီးလ္ႏုိင္ငံမွာ ေမြးဖြားခဲ့သူ ဒီေယဂုိေကာ္စတာ Diego Costa ကုိ ငယ္စဥ္တုန္းက ဘရာဇီးလ္ထိပ္သီးအသင္းေတြျဖစ္တဲ့ ကုိရင္သီယန္၊ ပါလ္မီးရပ္စ္၊ ဆန္းတို႔စ္အသင္းေတြဟာ ေခၚယူခြင့္ရွိခဲ့ေပမယ့္ လက္လႊတ္ခံခဲ့တယ္။ ဒါဟာ ဒီေယဂုိေကာ္စတာအတြက္ ဥေရာပေျမကုိ ေျခခ်ခြင့္ရဖုိ႔ အခြင့္အေရးျဖစ္ေစခဲ့ၿပီး အခုဆုိရင္ ခ်ယ္လ္ဆီး၊ အက္သလက္တီကုိအသင္းတို႔နဲ႔အတူ ဆုဖလားေတြ အမ်ားႀကီး ဆြတ္ခူးႏုိင္ခဲ့ပါတယ္။

REF:blamefootball.
Photo:YouTube,The Sun,LifeBogger,Daily Mail,Getty Images
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ငယ်စဉ်ဘဝမှာ အသင်းကြီးတွေရဲ့ ငြင်းပယ်ခြင်း ခံခဲ့ရတဲ့ ကြယ်ပွင့်များ

ဆယ်ကျော်သက်ကစားသမားတစ်ဦးရဲ့ ခြေစွမ်းနဲ့ အနာဂတ်ကို ခန့်မှန်းရတာက သိပ်တော့မလွယ်လှဘူး။ ခြေစွမ်းခြေစရှိပေမယ့် အချိန်တန်ရင် အနာဂတ်ပျောက်သွားတဲ့သူတွေ၊ ထင်သလောက် မဟုတ်ဘူးလို့ ယူဆပြီးကာမှ ကမ္ဘာ့အဆင့်အထိ တက်လှမ်းနိုင်သူတွေ အများကြီးပါပဲ။ ကလပ်အသင်းတွေအနေနဲ့လည်း ဆယ်ကျော်သက်ကစားသမားတစ်ဦးရဲ့ အရည်အသွေးကို အကဲဖြတ်ဖို့ကလည်း ခက်ခဲပါတယ်။ တစ်ချိန်မှာ နာမည်ကျော်ဖြစ်လာနိုင်မယ့် ကစားသမားတစ်ဦးကို ပိုင်ဆိုင်ဖို့ အခွင့်အရေးရခဲ့ပေမယ့် လက်လွှတ်ဆုံးရှုံးခဲ့ရတာတွေလည်း အများကြီးပါ။ ဒါကြောင့် ငယ်စဉ်ဘဝမှာ အသင်းကြီးတွေရဲ့ ငြင်းပယ်တာကို ခံခဲ့ရတဲ့ လက်ရှိ ဘောလုံးလောကရဲ့ ကြယ်ပွင့်တွေကို Akhayar Sports ပရိသတ်တွေအတွက် ဖော်ပြလိုက်ပါတယ် ..

Harry Kane

Harry-Kane

Harry-Kane

အခုအချိန်မှာ စပါးအသင်းနဲ့ အင်္ဂလန်အသင်းတို့ရဲ့ တိုက်စစ်ကို ဦးဆောင်နေတဲ့ ဟယ်ရီကိန်း Harry Kane ကို အာဆင်နယ်အသင်း ခေါ်ယူခွင့်ရခဲ့ဖူးပါတယ်။ ဟယ်ရီကိန်းဟာ ငယ်ငယ်တုန်းက အာဆင်နယ်အကယ်ဒမီမှာ အစမ်းလေ့ကျင့်ခန်းဆင်းခဲ့ပြီး အာဆင်နယ်လူငယ်ကင်းထောက်တွေက ဖက်တီးလေးဖြစ်နေတဲ့ ဟယ်ရီကိန်းကို ဘာမှဖြစ်လာမှာမဟုတ်ဘူးလို့ ယူဆတာကြောင့် မခေါ်ခဲ့ပါဘူး။ လက်ရှိအချိန်မှတော့ အဲဒီဆုံးဖြတ်ချက်အတွက် အာဆင်နယ် နောင်တရနေလောက်ပါပြီ။

Luke Shaw

Luke-Shaw

Luke-Shaw

မန်ယူအသင်း ဘယ်နောက်ခံတစ်နေရာကို အပိုင်စားရထားသူ လုခ်ရှော Luke Shaw ဟာ ဆောက်သမ်တန်အကယ်ဒမီထွက် ကစားသမားတစ်ဦးဆိုတာ အားလုံးအသိပါပဲ။ ဒါပေမဲ့ ကလေးဘဝမှာ လုခ်ရှောဟာ ချယ်လ်ဆီးအကယ်ဒမီကို ရောက်ဖို့ အရမ်းနီးစပ်ခဲ့ဖူးပါတယ်။ ငယ်ငယ်တုန်းက ချယ်လ်ဆီးအသင်းရဲ့ အမာခံ ပရိသတ်ဖြစ်ခဲ့ပြီး တစ်ချိန်ကျရင် ကစားခွင့်ရဖို့ မျှော်လင့်ခဲ့ပေမယ့်လည်း ချယ်လ်ဆီးအကယ်ဒမီက လုခ်ရှောကို လက်မခံခဲ့လို့ အသက်(၈)နှစ်အရွယ်မှာ ဆောက်သမ်တန်အကယ်ဒမီကို ရောက်ရှိခဲ့တာပါ။

Marcus Rashford

Marcus-Rashford

Marcus-Rashford

မန်ယူအသင်းရဲ့ ကျောနံပါတ်(၁၀)ပိုင်ရှင်သစ် ရပ်ရှ်ဖို့ဒ် Marcus Rashford ဟာ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းဆီ ရောက်ဖို့ နီးစပ်ခဲ့ဖူးတယ်။ ငယ်ငယ်တုန်းက မန်စီးတီးအသင်းအကယ်ဒမီမှာ တက်ရောက်ခွင့်ရဖို့ ကြိုးစားခဲ့ပေမယ့် မန်စီးတီးတာဝန်ရှိသူတွေက ခန္ဓာကိုယ်သေးကွေးနေတဲ့ ရပ်ရှ်ဖို့ဒ်ကို သဘောမကျခဲ့ဘူး။ ဒါကြောင့် အသက်(၇)နှစ်အရွယ်မှာ မန်ယူအကယ်ဒမီကို ရောက်ရှိခဲ့ပြီး ဆယ်ကျော်သက်အရွယ်မှာပဲ အသင်းရဲ့ အဓိက ကစားသမားဖြစ်လာခဲ့ပါတယ်။

Antoine Griezmann

Antoine-Griezmann

Antoine-Griezmann

ထိပ်သီးအသင်းတွေရဲ့ ပစ်မှတ်ဖြစ်နေတဲ့ ပြင်သစ်တိုက်စစ်မှူး ဂရစ်ဇ်မန်း Antoine Griezmann ကို ပြင်သစ်ထိပ်သီးကလပ် လိုင်ယွန်အသင်းက ခေါ်ယူနိုင်ခွင့်ရှိခဲ့ပေမယ့် အဲဒီအခွင့်အရေးကို လက်လွှတ်ခံခဲ့ရတယ်။ အဓိက အချက်ကတော့ ဂရစ်ဇ်မန်းရဲ့ အရပ်အမောင်း၊ ခန္ဓာကိုယ်ကြောင့်ပါပဲ။ လိုင်ယွန်အသင်းအပြင် အော်ဇေး၊ စိန့်အက်တီယန်၊ ဆိုးချော့အသင်းတွေကလည်း တစ်ချိန်မှာ ကမ္ဘာ့အဆင့်စာရင်းဝင် တိုက်စစ်မှူးဖြစ်လာမယ့်သူကို လက်လွှတ်ဆုံးရှုံးခံခဲ့ရပါတယ်။

Mario Balotelli

Mario-Balotelli

Mario-Balotelli

၂၀၀၆ တုန်းက ဘာလိုတယ်လီ Mario Balotelli ဟာ ဘာစီလိုနာအသင်းမှာ အစမ်းလေ့ကျင့်ခန်းဆင်းခဲ့ဖူးတယ်။ ဒါပေမဲ့ ဘာစီလိုနာအသင်းက ဘာလိုတယ်လီကို မခေါ်ခဲ့ပါဘူ။ ဘာဖြစ်လို့လဲဆိုတော့ ပရိသတ်တွေ သိတဲ့အတိုင်း ဘာလိုတယ်လီရဲ့ အကျင့်ဆိုးကြောင့်ပါပဲ။ အရည်အချင်းရှိပေမယ့် Attitude မှာ အနုတ်ပြခဲ့တဲ့ ဘာလိုတယ်လီဟာ အခုအချိန်မှာ နိုက်စ်အသင်းနဲ့အတူ ကစားသမားဘဝကို ဖြတ်သန်းနေပါပြီ။

Kylian Mbappe

Kylian-Mbappe

Kylian-Mbappe

လူငယ်ကစားသမားကောင်းတွေ အများကြီး လက်လွှတ်ခဲ့ရဖူးတဲ့ ချယ်လ်ဆီးအသင်းအတွက် ဘာပေ Kylian Mbappe ကို ဆုံးရှုံးခဲ့တာက အကြီးမားဆုံးထိုးနှက်ချက်လို့ ဆိုရမယ်။ အသက်(၁၁)နှစ်အရွယ်တုန်းက ဘာပေဟာ ချယ်လ်ဆီးအသင်းဆီမှာ အစမ်းလေ့ကျင့်ခန်းဆင်းခဲ့ပြီး ချာလ်တန်လူငယ်အသင်းနဲ့ပွဲမှာ ပါဝင်ကစားခဲ့တယ်။ ဒါပေမဲ့ ချယ်လ်ဆီးအသင်းဟာ ဘာပေရဲ့ခြေစွမ်းကို စိတ်ကြိုက်မတွေ့ခဲ့လို့ မခေါ်ခဲ့ပါဘူး။ အခုအချိန်မှာ ဘာပေ ဘယ်အဆင့်အထိရောက်နေပြီလဲဆိုတာတော့ ပရိသတ်တွေ သိပြီးသားပါပဲ။

Diego Costa

Diego-Costa

Diego-Costa

ဘရာဇီးလ်နိုင်ငံမှာ မွေးဖွားခဲ့သူ ဒီယေဂိုကော်စတာ Diego Costa ကို ငယ်စဉ်တုန်းက ဘရာဇီးလ်ထိပ်သီးအသင်းတွေဖြစ်တဲ့ ကိုရင်သီယန်၊ ပါလ်မီးရပ်စ်၊ ဆန်းတို့စ်အသင်းတွေဟာ ခေါ်ယူခွင့်ရှိခဲ့ပေမယ့် လက်လွှတ်ခံခဲ့တယ်။ ဒါဟာ ဒီယေဂိုကော်စတာအတွက် ဥရောပမြေကို ခြေချခွင့်ရဖို့ အခွင့်အရေးဖြစ်စေခဲ့ပြီး အခုဆိုရင် ချယ်လ်ဆီး၊ အက်သလက်တီကိုအသင်းတို့နဲ့အတူ ဆုဖလားတွေ အများကြီး ဆွတ်ခူးနိုင်ခဲ့ပါတယ်။

REF:blamefootball.
Photo:YouTube,The Sun,LifeBogger,Daily Mail,Getty Images
Naing Linn(Akhayar)
www.akhayar.com