[Zawgyi]

ခ်စ္သူကုိ ၀ိတ္က်ေစခ်င္ရင္ ဒီနည္းလမ္းေလးေတြအတုိင္းလုပ္ေပးဖုိ႕လုိလာျပီ

“၀ိတ္မခ်ပါနဲ႕အခ်စ္” လုိ႕ စုိင္းစိုင္းသီခ်င္းထဲမွာ ထည့္ဆုိထားတုိင္း တကယ္ၾကီး ၀ိတ္မခ်ဘဲနဲ႕ေတာ့ မေနသင့္ဘူးေနာ္။ ၀ိတ္တက္ဖုိ႕က လြယ္ေပမယ့္ ၀ိတ္က်ဖုိ႕ဆုိတာကေတာ့ တကယ့္ကုိထင္သေလာက္မလြယ္ကူတဲ့ ကိစၥျဖစ္ပါတယ္။ ေလ့လာမႈေတြအရ အိမ္ေထာင္က်ျပီးသူတုိင္းဟာ အိမ္ေထာင္က်ခါစ ပထမလအတြင္းမွာပဲ (၄) ေပါင္နဲ႕ (၅)ေပါင္ခန္႕ ၀ိတ္တက္လာေခ်မ်ားတယ္လုိ႕သိရပါတယ္။ ဒါေၾကာင့္မုိ႕ ႏွစ္ေယာက္စလုံး အတူတူ ၀ိတ္ခ်မယ္ဆုိရင္ေတာ့ အစားအေသာက္စားတဲ့အပုိင္းကုိ နည္းနည္းေလးဂရုစုိက္ျပီး Diet အတူတူလုပ္သင့္ပါတယ္။ ဒါမွမဟုတ္ ကုိယ့္ရဲ႕ခ်စ္သူ၊ အိမ္ေထာင္ဖက္ကုိ အမွန္တကယ္၀ိတ္က်ေစခ်င္ရင္ေတာ့ ဒီအရာေလးေတြ လုပ္ေပးလုိက္ပါေနာ္။

(၁) ေရခဲေသတၱာထဲမွာ က်န္းမာေရးနဲ႕သင့္တင့္မွ်တဲ့ အစားအေသာက္ကုိသာ ေရြးခ်ယ္ထည့္ထားေပးပါ။ အထူးသျဖင့္ အဆီမပါတဲ့ သဘာ၀အသီးအရြက္ေတြကုိပဲ ခ်က္စားေပးပါ။ အားလပ္ခ်ိန္စားဖုိ႕အတြက္ ေထာပတ္၊အာလူးေၾကာ္ စတဲ့ ကယ္လုိရီတက္ေစတဲ့ အစားအေသာက္မ်ိဳးေတြ၀ယ္ထည့္ထားမယ့္အစား အဆီဓာတ္နဲ႕ အခ်ိဳရည္နည္းတဲ့ အသီးအႏွံေလးေတြ၊ကယ္လုိရီေလွ်ာ့ခ်ေပးျပီး ေရဓာတ္မ်ားတဲ့ အသီးအႏွံေလးေတြကုိပါ ေရခဲေသတၱာထဲ ထည့္ထားေပးသင့္ပါတယ္။

(၂) သူ႔ရဲ့ ေန႔လယ္စာကို ျပင္ဆင္ေပးပါ။
၀ိတ္ခ်မယ့္ ကိုယ့္ခ်စ္သူ၊အိမ္ေထာင္ဖက္အတြက္ သူစားမယ့္အစားအေသာက္ပုံစံကို ေသခ်ာေလးျပင္ဆင္ၿပီး ပုံမွန္ထမင္းခ်ိဳင့္ေလးလုပ္ေပးတာပဲျဖစ္ျဖစ္၊ သူနဲ႔အတူ ေန႔လယ္စာစားတာပဲျဖစ္ျဖစ္ လုပ္ေပးသင့္ပါတယ္။ အရမ္းမႀကီးလြန္းတဲ့ ထမင္းဘူးေလးေတြနဲ႔ ထည့္ေပးရင္ေတာ့ ေန႔လယ္စားတဲ့ ပမာဏက ပုံမွန္ျဖစ္သြားမွာပါ။

(၃) သူနဲ႕အတူတူ ေစ်း၀ယ္ျပီး ဟင္းကူခ်က္ေပးပါ။
ကုိယ္က အားလပ္ရက္မွာပဲျဖစ္ျဖစ္ အလုပ္နားတဲ့ေန႕မ်ဳိးမွာ မီးဖုိေခ်ာင္ထဲမ၀င္ခင္ အပတ္တုိင္း ကုိယ့္ရဲ႕အိမ္ေထာင္ဖက္နဲ႕အတူ ဘယ္လုိအစားအေသာက္မ်ိဳးစားသုံးေပးရမလဲ ဘယ္အခ်ိန္မွာ စားသုံးမလဲဆုိတာကုိ အခ်ိန္ဇယားေလးဆြဲထားေပးသင့္ပါတယ္။ သူဟင္းခ်က္တဲ့အခါမွာ ဟင္းခတ္မႈန္႕ေတြ၊ အခ်ိဳမႈန္႕ေတြအလြန္အၾကဴးထည့္တာမ်ိဳးမလုပ္မိေအာင္ ကိုယ္က ေဘးကေန လုိက္ၾကည့္ျပီး ဂရုတစုိက္ေျပာေပးပါ။

(၄)ပန္းကန္ျပားေသးေသးေလးပဲ အသုံးျပဳပါ။
ထမင္းစားတဲ့အခါမွာ ့ေန႔လယ္စာကို အရြယ္အစားေသးငယ္တဲ့ ထမင္းဘူး၊ ထမင္းပန္းကန္ျပားေလးေတြနဲ႔သာ စားသုံးတတ္ေအာင္ အေလ့အက်င့္လုပ္ေပးပါ။ အစားအေသာက္ဆိုင္ရာ စိတ္ပညာရွင္ေတြရဲ့ ေျပာၾကားခ်က္ေတြအရ ပန္းကန္ႀကီးႀကီးနဲ႔စားေလ စားခ်င္စိတ္ကပိုမ်ားေလမို႔ တကယ္ဝိတ္က်ခ်င္ရင္ေတာ့ ပန္းကန္ေသးေလးနဲ႔သာ အသုံးျပဳေပးသင့္ပါတယ္ေနာ္။

(၅)ေရသန္႕ဘူး တစ္ဘူးထဲကုိ ႏွစ္ေယာက္ထဲအတူတူမေသာက္ပါနဲ႕။
သိပၸံပညာရွင္ေတြရဲ႕ ေလ့လာမႈေတြမွာ ေရက ကယ္လုိရီက်ေစတဲ့အထဲမွာ ပါ၀င္တယ္လုိ႕ ေဖာ္ျပဖူးတာေၾကာင့္ ေရမ်ားမ်ားေသာက္ေပးသင့္ပါတယ္။ ေရေသာက္တဲ့အခါမွာ ကုိယ့္အိမ္ေထာင္နဲ႕ တစ္ေယာက္ တစ္ဘူးဆီ သီးသန္႕ ေသာက္သုံးေပးမွသာ ၀ိတ္က်ေစဖုိ႕အေထာက္အကူျပဳႏုိင္ပါတယ္။

(၆)ေလ့က်င့္ခန္းအတူတူလုပ္ပါ။
၀ိတ္ခ်တဲ့အခါ ေလ့က်င့္ခန္းလုပ္၊ Gym ေဆာ့တာက အမ်ားၾကီးအေထာက္အကူျဖစ္ေစတာမုိ႕ သူနဲ႕အတူတူ Gymေဆာ့ရင္ေဆာ့၊ မေဆာ့ခ်င္ရင္ အိမ္မွာပဲ ေယာဂက်င့္ျပီး သက္ေသာင့္သက္သာေလ့က်င့္ခန္းလုပ္ေပးသင့္ပါတယ္။ ဒါကေတာ့ အိမ္ေထာင္ဖက္ေတြ၊ခ်စ္သူရည္းစားေတြအတြက္ အတူတူ၀ိတ္က်ျပီး က်န္းမာသြယ္လ်ေစမယ့္နည္းလမ္းပါ။

(၇) ႏွစ္ေယာက္အတူအိပ္ယာ၀င္ခ်ိန္ ကုိ သတ္မွတ္ထားပါ။ တခ်ိဳ႕ေတြကေတာ့ အိပ္ေရးပ်က္တာမ်ားျပီး ပုိ၀လာတတ္ၾကပါတယ္။ အဲ့ဒီအခါ အလုပ္ေတြဘယ္ေလာက္ပဲမ်ားမ်ား သူနဲ႕ကိုယ္နဲ႕ အိပ္ခ်ိန္ကုိေတာ့အတူတူ သတ္မွတ္ေပးသင့္ပါတယ္။ အိပ္ယာ၀င္ခ်ိန္တစ္ခုထဲကုိ ပုံမွန္သတ္မွတ္ေပးထားရင္ ႏွစ္ေယာက္စလုံးရဲ႕ က်န္းမာေရးကုိစုိးရိမ္စရာမလုိေလာက္ပါဘူး။ အထူးသျဖင့္ အမ်ိဳးသား၊အမ်ိဳးသမီးတုိင္း တစ္ညကုိ အိပ္ခ်ိန္ (၇) နာရီ၊ (၈)နာရီ ခန္႕ေတာ့ အိပ္ေပးဖုိ႕လုိပါတယ္။အဲ့ဒီလုိ စည္းစနစ္က်က်ပုံမွန္ေလးသတ္မွတ္ထားတဲ့အတုိင္း အမွန္တကယ္၀ိတ္က်လာျပီဆုိရင္ေတာ့ သင့္ရဲ႕ ခ်စ္ခ်စ္ကုိ လက္ေဆာင္တစ္ခုခုနဲ႕ ဆုခ်တဲ့အစီအစဥ္ေလးထည့္ေပးလုိက္ပါေတာ့ေနာ္။

Stella(Akhayar)

www.akhayar.com

[Unicode]

ချစ်သူကို ၀ိတ်ကျစေချင်ရင် ဒီနည်းလမ်းလေးတွေအတိုင်းလုပ်ပေးဖို့လိုလာပြီ

“၀ိတ်မချပါနဲ့အချစ်” လို့ စိုင်းစိုင်းသီချင်းထဲမှာ ထည့်ဆိုထားတိုင်း တကယ်ကြီး ၀ိတ်မချဘဲနဲ့တော့ မနေသင့်ဘူးနော်။ ၀ိတ်တက်ဖို့က လွယ်ပေမယ့် ၀ိတ်ကျဖို့ဆိုတာကတော့ တကယ့်ကိုထင်သလောက်မလွယ်ကူတဲ့ ကိစ္စဖြစ်ပါတယ်။ လေ့လာမှုတွေအရ အိမ်ထောင်ကျပြီးသူတိုင်းဟာ အိမ်ထောင်ကျခါစ ပထမလအတွင်းမှာပဲ (၄) ပေါင်နဲ့ (၅)ပေါင်ခန့် ၀ိတ်တက်လာချေများတယ်လို့သိရပါတယ်။ ဒါကြောင့်မို့ နှစ်ယောက်စလုံး အတူတူ ၀ိတ်ချမယ်ဆိုရင်တော့ အစားအသောက်စားတဲ့အပိုင်းကို နည်းနည်းလေးဂရုစိုက်ပြီး Diet အတူတူလုပ်သင့်ပါတယ်။ ဒါမှမဟုတ် ကိုယ့်ရဲ့ချစ်သူ၊ အိမ်ထောင်ဖက်ကို အမှန်တကယ်ဝိတ်ကျစေချင်ရင်တော့ ဒီအရာလေးတွေ လုပ်ပေးလိုက်ပါနော်။

(၁) ရေခဲသေတ္တာထဲမှာ ကျန်းမာရေးနဲ့သင့်တင့်မျှတဲ့ အစားအသောက်ကိုသာ ရွေးချယ်ထည့်ထားပေးပါ။ အထူးသဖြင့် အဆီမပါတဲ့ သဘာဝအသီးအရွက်တွေကိုပဲ ချက်စားပေးပါ။ အားလပ်ချိန်စားဖို့အတွက် ထောပတ်၊အာလူးကြော် စတဲ့ ကယ်လိုရီတက်စေတဲ့ အစားအသောက်မျိုးတွေဝယ်ထည့်ထားမယ့်အစား အဆီဓာတ်နဲ့ အချိုရည်နည်းတဲ့ အသီးအနှံလေးတွေ၊ကယ်လိုရီလျှော့ချပေးပြီး ရေဓာတ်များတဲ့ အသီးအနှံလေးတွေကိုပါ ရေခဲသေတ္တာထဲ ထည့်ထားပေးသင့်ပါတယ်။

(၂) သူ့ရဲ့ နေ့လယ်စာကို ပြင်ဆင်ပေးပါ။
၀ိတ်ချမယ့် ကိုယ့်ချစ်သူ၊အိမ်ထောင်ဖက်အတွက် သူစားမယ့်အစားအသောက်ပုံစံကို သေချာလေးပြင်ဆင်ပြီး ပုံမှန်ထမင်းချိုင့်လေးလုပ်ပေးတာပဲဖြစ်ဖြစ်၊ သူနဲ့အတူ နေ့လယ်စာစားတာပဲဖြစ်ဖြစ် လုပ်ပေးသင့်ပါတယ်။ အရမ်းမကြီးလွန်းတဲ့ ထမင်းဘူးလေးတွေနဲ့ ထည့်ပေးရင်တော့ နေ့လယ်စားတဲ့ ပမာဏက ပုံမှန်ဖြစ်သွားမှာပါ။

(၃) သူနဲ့အတူတူ စျေးဝယ်ပြီး ဟင်းကူချက်ပေးပါ။
ကိုယ်က အားလပ်ရက်မှာပဲဖြစ်ဖြစ် အလုပ်နားတဲ့နေ့မျိုးမှာ မီးဖိုချောင်ထဲမဝင်ခင် အပတ်တိုင်း ကိုယ့်ရဲ့အိမ်ထောင်ဖက်နဲ့အတူ ဘယ်လိုအစားအသောက်မျိုးစားသုံးပေးရမလဲ ဘယ်အချိန်မှာ စားသုံးမလဲဆိုတာကို အချိန်ဇယားလေးဆွဲထားပေးသင့်ပါတယ်။ သူဟင်းချက်တဲ့အခါမှာ ဟင်းခတ်မှုန့်တွေ၊ အချိုမှုန့်တွေအလွန်အကြူးထည့်တာမျိုးမလုပ်မိအောင် ကိုယ်က ဘေးကနေ လိုက်ကြည့်ပြီး ဂရုတစိုက်ပြောပေးပါ။

(၄)ပန်းကန်ပြားသေးသေးလေးပဲ အသုံးပြုပါ။
ထမင်းစားတဲ့အခါမှာ ့နေ့လယ်စာကို အရွယ်အစားသေးငယ်တဲ့ ထမင်းဘူး၊ ထမင်းပန်းကန်ပြားလေးတွေနဲ့သာ စားသုံးတတ်အောင် အလေ့အကျင့်လုပ်ပေးပါ။ အစားအသောက်ဆိုင်ရာ စိတ်ပညာရှင်တွေရဲ့ ပြောကြားချက်တွေအရ ပန်းကန်ကြီးကြီးနဲ့စားလေ စားချင်စိတ်ကပိုများလေမို့ တကယ်ဝိတ်ကျချင်ရင်တော့ ပန်းကန်သေးလေးနဲ့သာ အသုံးပြုပေးသင့်ပါတယ်နော်။

(၅)ရေသန့်ဘူး တစ်ဘူးထဲကို နှစ်ယောက်ထဲအတူတူမသောက်ပါနဲ့။
သိပ္ပံပညာရှင်တွေရဲ့ လေ့လာမှုတွေမှာ ရေက ကယ်လိုရီကျစေတဲ့အထဲမှာ ပါဝင်တယ်လို့ ဖော်ပြဖူးတာကြောင့် ရေများများသောက်ပေးသင့်ပါတယ်။ ရေသောက်တဲ့အခါမှာ ကိုယ့်အိမ်ထောင်နဲ့ တစ်ယောက် တစ်ဘူးဆီ သီးသန့် သောက်သုံးပေးမှသာ ၀ိတ်ကျစေဖို့အထောက်အကူပြုနိုင်ပါတယ်။

(၆)လေ့ကျင့်ခန်းအတူတူလုပ်ပါ။
၀ိတ်ချတဲ့အခါ လေ့ကျင့်ခန်းလုပ်၊ Gym ဆော့တာက အများကြီးအထောက်အကူဖြစ်စေတာမို့ သူနဲ့အတူတူ Gymဆော့ရင်ဆော့၊ မဆော့ချင်ရင် အိမ်မှာပဲ ယောဂကျင့်ပြီး သက်သောင့်သက်သာလေ့ကျင့်ခန်းလုပ်ပေးသင့်ပါတယ်။ ဒါကတော့ အိမ်ထောင်ဖက်တွေ၊ချစ်သူရည်းစားတွေအတွက် အတူတူဝိတ်ကျပြီး ကျန်းမာသွယ်လျစေမယ့်နည်းလမ်းပါ။

(၇) နှစ်ယောက်အတူအိပ်ယာဝင်ချိန် ကို သတ်မှတ်ထားပါ။ အိပ်ရေးပျက်တာက လူကိုပိုပြီး ဝစေတာဖြစ်တဲ့အတွက် အိပ်ရေးဝ၀ အိပ်ပေးသင့်ပါတယ်။ တချို့တွေကတော့ အိပ်ရေးပျက်တာများပြီး ပိုဝလာတတ်ကြပါတယ်။ အဲ့ဒီအခါ အလုပ်တွေဘယ်လောက်ပဲများများ သူနဲ့ကိုယ်နဲ့ အိပ်ချိန်ကိုတော့အတူတူ သတ်မှတ်ပေးသင့်ပါတယ်။ အိပ်ယာဝင်ချိန်တစ်ခုထဲကို ပုံမှန်သတ်မှတ်ပေးထားရင် နှစ်ယောက်စလုံးရဲ့ ကျန်းမာရေးကိုစိုးရိမ်စရာမလိုလောက်ပါဘူး။ အထူးသဖြင့် အမျိုးသား၊အမျိုးသမီးတိုင်း တစ်ညကို အိပ်ချိန် (၇) နာရီ၊ (၈)နာရီ ခန့်တော့ အိပ်ပေးဖို့လိုပါတယ်။အဲ့ဒီလို စည်းစနစ်ကျကျပုံမှန်လေးသတ်မှတ်ထားတဲ့အတိုင်း အမှန်တကယ်ဝိတ်ကျလာပြီဆိုရင်တော့ သင့်ရဲ့ ချစ်ချစ်ကို လက်ဆောင်တစ်ခုခုနဲ့ ဆုချတဲ့အစီအစဉ်လေးထည့်ပေးလိုက်ပါတော့နော်။

Stella(Akhayar)

www.akhayar.com