ေက်ာက္ကပ္မေကာင္းဘူးဆိုတာ သိႏိုင္တဲ႔အခ်က္ ၇ ခ်က္

kidney-health
kidney-health

[ZawGyi]

ေက်ာက္ကပ္မေကာင္းဘူးဆိုတာ သိႏိုင္တဲ႔အခ်က္ ၇ ခ်က္

ကၽြန္မတုိ႔ရဲ႕ ဦးေႏွာက္နဲ႔စိတ္က သတင္းအခ်က္အလက္ေပါင္းမ်ားစြာ လက္ခံရရွိေနပါတယ္။ ကၽြန္မတို႔ရဲ႕ခႏၶာကိုယ္ဟာလည္း ေထာင္ေပါင္းမ်ားစြာေသာ လႈပ္ရွားမႈေတြကိုျပဳလုပ္ေနရပါတယ္။ ဒီလိုရႈပ္ေထြးလွတဲ႔ ကမၻာၾကီးမွာရွင္သန္ေနရတဲ႔ကၽြန္မတုိ႔အဖို႔ ခႏၶာကိုယ္ကပို႔လာတဲ႔ သတင္းအခ်က္အလက္တစ္ခုခုကို မသိလိုက္ဘဲလြဲေခ်ာ္သြားႏိုင္ပါတယ္။ ဒါေၾကာင္႔ ေက်ာက္ကပ္နဲ႔ပတ္သက္တဲ႔ အခ်က္အလက္ေတြကို ကိုယ္ကသတိမူျပီးသိႏိုင္ဖုိ႔ ဒီသတိေပးခ်က္ေတြကို သတိထားၾကည္႔ပါဦး။

အိပ္စက္ျခင္းမွာ ျပႆနာရွိေနရင္

ေက်ာက္ကပ္ဟာ သူ႔လုပ္ငန္းတာဝန္ကို ပံုမွန္အတုိင္းမထမ္းေဆာင္ႏိုင္တဲ႔အခါသိသာတဲ႔လကၡဏာရပ္ေတြရွိပါတယ္။ ဒါဟာ ဆီးကတဆင္႔အဆိပ္အေတာက္ေတြကိုမစြန္႔ထုတ္ဘဲ ေသြးထဲမွာအဆိပ္ေတြက်န္ေနတယ္ဆုိတဲ႔အဓိပၸါယ္ျဖစ္ပါတယ္။ ခႏၶာကိုယ္ထဲမွာရွိတဲ႔အဆိပ္အေတာက္ေတြမ်ားလာေလေလ အိပ္ေပ်ာ္ဖုိ႔ခက္ေလေလပါပဲ။ အိပ္ခ်ိန္နည္းျပန္ရင္လည္း ေက်ာက္ကပ္ရဲ႕စြမ္းေဆာင္ႏိုင္ေျခက်ဆင္းလာပါတယ္။
ေက်ာက္ကပ္မွာျပႆနာရွိတဲ႔သူေတြဟာ ေယဘုယ်အားျဖင္႔ အိပ္ေပ်ာ္ဖုိ႔ခက္တဲ႔လကၡဏာရွိတတ္ပါတယ္။ ဒါအျပင္ အိပ္ေနခ်ိန္မွာတခ်က္တခ်က္ အသက္ရွဴရပ္တဲ႔အေျခအေနကို ရင္ဆုိင္ၾကရပါတယ္။ ဒီလိုအသက္ရွဴရပ္သြားျခင္းဟာ စကၠန္႔အနည္းငယ္မွ တစ္မိနစ္ခန္႔ထိၾကာတတ္ပါတယ္။ ဒီလိုရပ္သြားျပီး မူလအေနအထားအတုိင္းအသက္ျပန္ရွဴတဲ႔အခါ ေဟာက္သံအက်ယ္ၾကီးထြက္လာတတ္တာျဖစ္ပါတယ္။ ျပင္းျပင္းထန္ထန္ဆက္တိုက္ေဟာက္ေလ႔ရွိတယ္ဆုိရင္ေတာ႔ ဆရာဝန္သြားျပၾကည္႔သင္႔ပါတယ္။
HUAWEI Nova 2i

HUAWEI nova 2i အေၾကာင္း အေသးစိတ္သိရွိရန္

 

ေခါင္းကိုက္ ေမာပန္း အားအင္ကုန္ခန္းေနရင္

ေက်ာက္ကပ္ေကာင္းတယ္ဆုိရင္ ဗီတာမင္ D ကိုထုတ္လုပ္ျပီး အရိုးသန္မာေစဖုိ႔နဲ႔ Erythropoietin (EPO) ဆိုတဲ႔ေဟာ္မုန္းကို ထုတ္လုပ္ပါတယ္။ ဒီ EPO ေဟာ္မုန္းက ေသြးနီဥထုတ္လုပ္ဖို႔အတြက္အေရးၾကီးတဲ႔ အခန္းက႑ကပါဝင္ပါတယ္။ ေက်ာက္ကပ္ကေကာင္းေကာင္းအလုပ္မလုပ္တဲ႔အခါ EPO ကိုနည္းနည္းသာထုတ္လုပ္ပါတယ္။ ဒါေၾကာင္႔လည္းေအာက္ဆီဂ်င္ကိုသယ္ေဆာင္တဲ႔ ေသြးနီဥေတြအားေပ်ာ႔လာျပီး ေမာပန္းႏြမ္းနယ္ျခင္း၊ ၾကြက္သားနာက်င္ျခင္းနဲ႔ ဦးေႏွာက္ပင္ပန္းျခင္းေတြကိုခံစားရတာျဖစ္ပါတယ္။ ေက်ာက္ကပ္မေကာင္းတဲ႔သူေတြမွာ ေသြးအားနည္းေရာဂါရွိတာကေတာ႔ သဘာဝျဖစ္ပါတယ္။ ေက်ာက္ကပ္ကအလုပ္ပံုမွန္လုပ္မယ္ဆုိရင္ ေသြးနီဥ ၂၀% ကေန ၅၀ % ထိ ထြက္ရွိလာပါတယ္။ ေကာင္းေကာင္းအိပ္ ေကာင္းေကာင္းစားေပမယ္႔ ေမာပန္းႏြမ္းနယ္ေနတုန္းပဲဆုိရင္ ဒါဟာ ေက်ာက္ကပ္ျပႆနာျဖစ္ႏိုင္တာမို႔ ဆရာဝန္နဲ႔သြားေရာက္ျပသသင္႔ပါတယ္။

အသားအေရေျခာက္ေသြ႔ယားယံေနရင္

က်န္းမာတဲ႔ေက်ာက္ကပ္ဟာ အညစ္အေၾကးေတြကိုဖယ္ရွားျပီး ေသြးနီဥဆဲလ္ေတြထုတ္လုပ္ဖုိ႔အတြက္ ေသြးထဲကိုအရည္မ်ားမ်ားစီးဆင္းေစပါတယ္။ ခႏၶာကိုယ္တစ္ခုလံုးမွာ အာဟာရဓာတ္ေတြရွိေနေစဖုိ႔အတြက္လည္း ထိန္းသိမ္းေပးပါတယ္။ အေရျပား ေျခာက္ေသြ႔ယားယံေနတယ္ဆုိတာ ခႏၶာကိုယ္ထဲ သတၱဳဓာတ္နဲ႔အာဟာရဓာတ္ေတြ မွ်မွ်တတမရွိတာေၾကာင္႔ျဖစ္ပါတယ္။ တကယ္လို႔အေရျပားကေျခာက္ေသြ႔ယားယံေနတယ္ဆုိရင္ ေရပိုေသာက္ပါ။ ခႏၶာကိုယ္ထဲေရဓာတ္ျပည္႔ဝေနဖုိ႔ ဂရုစိုက္ပါ။
တခ်ိဳ႕ေသာေဆးဝါးေတြဟာ ေက်ာက္ကပ္ကိုပ်က္စီးေစတာမို႔ ေဆးတစ္ခုခုေသာက္ေတာ႔မယ္ဆုိရင္ ဆရာဝန္နဲ႔တုိင္ပင္ေဆြးေႏြးျပီးမွေသာက္သင္႔ပါတယ္။

kidney-infection

 

ခံတြင္းန႔ံနံေနရင္

ေသြးထဲမွာအညစ္အေၾကးေတြရွိေနရင္ အစားအေသာက္ရဲ႕အရသာကိုလည္းေျပာင္းေစသလို လွ်ာရဲ႕အရသာခံႏိုင္စြမ္းကိုလည္းေျပာင္းလဲေစပါတယ္။ ဒါအျပင္ ခံတြင္းနံ႔ဆိုးလည္းထြက္ပါတယ္။ ခံတြင္းန႔ံဆိုးထြက္ျခင္းကလည္း ခႏၶာကိုယ္တြင္းအဆိပ္အေတာက္မ်ားေနျခင္းနဲ႔ ေသြးလည္ပတ္မႈမေကာင္းျခင္းလကၡဏာေတြျဖစ္ပါတယ္။ ေနာက္ထပ္သိသာတဲ႔ လကၡဏာရပ္ေတြကေတာ႔ အသားေတြမစားခ်င္ေတာ႔ဘူး အစားအေသာက္ပ်က္လာတတ္ပါတယ္။ သိသိသာသာဝိတ္က်လာတတ္ပါတယ္။ ဒီလုိ အခ်က္ေတြကိုၾကံဳေနရျပီဆုိရင္ ဆရာဝန္နဲ႔ျပသသင္႔ပါတယ္။

အသက္ရွဴမဝရင္

ေက်ာက္ကပ္မေကာင္းျခင္းနဲ႔အသက္ရွဴမဝျခင္းကဆက္စပ္ေနပါတယ္။ ေက်ာက္ကပ္စြမ္းေဆာင္ရည္က်လာတဲ႔အခါ ခႏၶာကိုယ္ထဲအရည္ေတြဟာ အဆုတ္ဆီသို႔သြားပါတယ္။ ေသြးအားနည္းတဲ႔အခါ ခႏၶာကိုယ္တြင္းေအာက္ဆီဂ်င္လွည္႔ပတ္မႈကိုပိတ္ဆုိ႔ျပီး အသက္ရွဴမဝျခင္းကိုျဖစ္ေစပါတယ္။ အသက္ရွဴမဝတဲ႔လကၡဏာရပ္ေတြဟာ ေက်ာက္ကပ္ပ်က္စီးျခင္းေၾကာင္႔သာမကပန္းနာရင္က်ပ္ ၊ အဆုတ္ကင္ဆာနဲ႔ ႏွလံုးေရာဂါေတြရဲ႕ လကၡဏာရပ္ပါျဖစ္ေနႏိုင္တာမုိ႔ ဆရာဝန္နဲ႔ျမန္ျမန္ဆန္ဆန္ျပသသင္႔ပါတယ္။

ေျခက်င္းဝတ္ ၊ ေျခဖဝါးနဲ႔ လက္မ်ားေရာင္ရမ္းလာရင္

ေက်ာက္ကပ္ကခႏၶာကိုယ္ရဲ႕ အရည္ေတြ အဆိပ္ေတြကိုမစစ္ထုတ္တဲ႔အခါ အရည္စုျခင္း Sodium Retention ကိုျဖစ္ေပၚေစျပီး ေျခက်င္းဝတ္ ၊ ေျခေထာက္နဲ႔ လက္ေတြကို ေရာင္ရမ္းလာေစပါတယ္။ ေဖာလာေစတယ္လုိ႔လည္းဆုိႏိုင္ပါတယ္။ ခႏၶာကိုယ္ေအာက္ပိုင္းမွာ အရည္စုေနျခင္း ေဖာေရာင္ေနျခင္းဟာ အသည္းနဲ႔ႏွလံုးမေကာင္းျခင္း ဒါမွမဟုတ္ ေျခေထာက္ေသြးျပန္ေၾကာမွာ ျပႆနာရွိေနျခင္းျဖစ္ပါတယ္။ အငန္ေလွ်ာ႔စားျခင္း ကိုယ္တြင္းအရည္ပိုေတြကိုဖယ္ရွားျခင္းျဖင္႔ ဒီျပႆနာကို သက္သာေစႏိုင္ပါတယ္။ တကယ္လုိ႔ မထူးျခားဘူးဆိုရင္ေတာ႔ သီးျခားကုသမႈခံယူရမွာပါ။

ခါးနာေနရင္

ခါးနာတဲ႔ေနရာမွာ ညာဘက္နံရိုးေအာက္မွာ ျပင္းျပင္းထန္ထန္နာက်င္ေနရင္ ဒါဟာေက်ာက္ကပ္ျပႆနာပါ။ ေရွ႕ျခမ္းမွာေတာ႔ ေပါင္ျခံမွာပါနာက်င္ေနတတ္ပါတယ္။ ေနမေကာင္းျဖစ္ျခင္း ၊ ေလပြျခင္း ၊ ကိုယ္အပူခ်ိန္ျမင္႔တက္ျခင္း ၊ ဆီးခဏခဏသြားျခင္း ေတြပါ ျဖစ္လာတတ္ပါတယ္။ ခါးနာတိုင္း ေက်ာက္ကပ္ျပႆနာေတာ႔မဟုတ္ပါဘူး။ ေက်ာက္ကပ္ေၾကာင္႔ျဖစ္တဲ႔ ခါးနာျခင္းက ေနရာတိတိက်က်မွာျဖစ္တတ္ပါတယ္။ ပံုမွန္ခါးနာေပ်ာက္ေဆးေတြက အလုပ္မျဖစ္ေတာ႔ဘူးဆုိရင္ ဆရာဝန္နဲ႔ျပသသင္႔ပါတယ္။

ဒီလကၡဏာေတြအျပင္ ေနာက္ထပ္ သိႏိုင္တဲ႔လကၡဏာရပ္ေတြကေတာ႔ မ်က္လံုးတစ္ဝိုက္ေဖာင္းအစ္ေနျခင္း၊ ေသြးဖိအားမ်ားျခင္း ၊ ဆီးအေရာင္ေျပာင္းလဲျခင္း တို႔ပဲျဖစ္ပါတယ္။

ဒါေၾကာင္႔ ခႏၶာကိုယ္ကျပသလာတဲ႔ အခ်က္အလက္ေတြကိုသတိထားေစာင္႔ၾကည္႔ျပီး တတ္ကၽြမ္းတဲ႔ဆရာဝန္နဲ႔ျပသဖို႔ တိုက္တြန္းလိုပါတယ္ေနာ္။

www.akhayar.com

[Unicode]

ကျောက်ကပ်မကောင်းဘူးဆိုတာ သိနိုင်တဲ့အချက် ၇ ချက်

ကျွန်မတို့ရဲ့ ဦးနှောက်နဲ့စိတ်က သတင်းအချက်အလက်ပေါင်းများစွာ လက်ခံရရှိနေပါတယ်။ ကျွန်မတို့ရဲ့ခန္ဓာကိုယ်ဟာလည်း ထောင်ပေါင်းများစွာသော လှုပ်ရှားမှုတွေကိုပြုလုပ်နေရပါတယ်။ ဒီလိုရှုပ်ထွေးလှတဲ့ ကမ္ဘာကြီးမှာရှင်သန်နေရတဲ့ကျွန်မတို့အဖို့ ခန္ဓာကိုယ်ကပို့လာတဲ့ သတင်းအချက်အလက်တစ်ခုခုကို မသိလိုက်ဘဲလွဲချော်သွားနိုင်ပါတယ်။ ဒါကြောင့် ကျောက်ကပ်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ကိုယ်ကသတိမူပြီးသိနိုင်ဖို့ ဒီသတိပေးချက်တွေကို သတိထားကြည့်ပါဦး။

အိပ်စက်ခြင်းမှာ ပြဿနာရှိနေရင်

ကျောက်ကပ်ဟာ သူ့လုပ်ငန်းတာဝန်ကို ပုံမှန်အတိုင်းမထမ်းဆောင်နိုင်တဲ့အခါသိသာတဲ့လက္ခဏာရပ်တွေရှိပါတယ်။ ဒါဟာ ဆီးကတဆင့်အဆိပ်အတောက်တွေကိုမစွန့်ထုတ်ဘဲ သွေးထဲမှာအဆိပ်တွေကျန်နေတယ်ဆိုတဲ့အဓိပ္ပါယ်ဖြစ်ပါတယ်။ ခန္ဓာကိုယ်ထဲမှာရှိတဲ့အဆိပ်အတောက်တွေများလာလေလေ အိပ်ပျော်ဖို့ခက်လေလေပါပဲ။ အိပ်ချိန်နည်းပြန်ရင်လည်း ကျောက်ကပ်ရဲ့စွမ်းဆောင်နိုင်ခြေကျဆင်းလာပါတယ်။
ကျောက်ကပ်မှာပြဿနာရှိတဲ့သူတွေဟာ ယေဘုယျအားဖြင့် အိပ်ပျော်ဖို့ခက်တဲ့လက္ခဏာရှိတတ်ပါတယ်။ ဒါအပြင် အိပ်နေချိန်မှာတချက်တချက် အသက်ရှူရပ်တဲ့အခြေအနေကို ရင်ဆိုင်ကြရပါတယ်။ ဒီလိုအသက်ရှူရပ်သွားခြင်းဟာ စက္ကန့်အနည်းငယ်မှ တစ်မိနစ်ခန့်ထိကြာတတ်ပါတယ်။ ဒီလိုရပ်သွားပြီး မူလအနေအထားအတိုင်းအသက်ပြန်ရှူတဲ့အခါ ဟောက်သံအကျယ်ကြီးထွက်လာတတ်တာဖြစ်ပါတယ်။ ပြင်းပြင်းထန်ထန်ဆက်တိုက်ဟောက်လေ့ရှိတယ်ဆိုရင်တော့ ဆရာဝန်သွားပြကြည့်သင့်ပါတယ်။
HUAWEI Nova 2i

HUAWEI nova 2i အကြောင်း အသေးစိတ်သိရှိရန်

 

ခေါင်းကိုက် မောပန်း အားအင်ကုန်ခန်းနေရင်

ကျောက်ကပ်ကောင်းတယ်ဆိုရင် ဗီတာမင် D ကိုထုတ်လုပ်ပြီး အရိုးသန်မာစေဖို့နဲ့ Erythropoietin (EPO) ဆိုတဲ့ဟော်မုန်းကို ထုတ်လုပ်ပါတယ်။ ဒီ EPO ဟော်မုန်းက သွေးနီဥထုတ်လုပ်ဖို့အတွက်အရေးကြီးတဲ့ အခန်းကဏ္ဍကပါဝင်ပါတယ်။ ကျောက်ကပ်ကကောင်းကောင်းအလုပ်မလုပ်တဲ့အခါ EPO ကိုနည်းနည်းသာထုတ်လုပ်ပါတယ်။ ဒါကြောင့်လည်းအောက်ဆီဂျင်ကိုသယ်ဆောင်တဲ့ သွေးနီဥတွေအားပျော့လာပြီး မောပန်းနွမ်းနယ်ခြင်း၊ ကြွက်သားနာကျင်ခြင်းနဲ့ ဦးနှောက်ပင်ပန်းခြင်းတွေကိုခံစားရတာဖြစ်ပါတယ်။ ကျောက်ကပ်မကောင်းတဲ့သူတွေမှာ သွေးအားနည်းရောဂါရှိတာကတော့ သဘာဝဖြစ်ပါတယ်။ ကျောက်ကပ်ကအလုပ်ပုံမှန်လုပ်မယ်ဆိုရင် သွေးနီဥ ၂၀% ကနေ ၅၀ % ထိ ထွက်ရှိလာပါတယ်။ ကောင်းကောင်းအိပ် ကောင်းကောင်းစားပေမယ့် မောပန်းနွမ်းနယ်နေတုန်းပဲဆိုရင် ဒါဟာ ကျောက်ကပ်ပြဿနာဖြစ်နိုင်တာမို့ ဆရာဝန်နဲ့သွားရောက်ပြသသင့်ပါတယ်။

အသားအရေခြောက်သွေ့ယားယံနေရင်

ကျန်းမာတဲ့ကျောက်ကပ်ဟာ အညစ်အကြေးတွေကိုဖယ်ရှားပြီး သွေးနီဥဆဲလ်တွေထုတ်လုပ်ဖို့အတွက် သွေးထဲကိုအရည်များများစီးဆင်းစေပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးမှာ အာဟာရဓာတ်တွေရှိနေစေဖို့အတွက်လည်း ထိန်းသိမ်းပေးပါတယ်။ အရေပြား ခြောက်သွေ့ယားယံနေတယ်ဆိုတာ ခန္ဓာကိုယ်ထဲ သတ္တုဓာတ်နဲ့အာဟာရဓာတ်တွေ မျှမျှတတမရှိတာကြောင့်ဖြစ်ပါတယ်။ တကယ်လို့အရေပြားကခြောက်သွေ့ယားယံနေတယ်ဆိုရင် ရေပိုသောက်ပါ။ ခန္ဓာကိုယ်ထဲရေဓာတ်ပြည့်ဝနေဖို့ ဂရုစိုက်ပါ။
တချို့သောဆေးဝါးတွေဟာ ကျောက်ကပ်ကိုပျက်စီးစေတာမို့ ဆေးတစ်ခုခုသောက်တော့မယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီးမှသောက်သင့်ပါတယ်။

ခံတွင်းနံ့နံနေရင်

သွေးထဲမှာအညစ်အကြေးတွေရှိနေရင် အစားအသောက်ရဲ့အရသာကိုလည်းပြောင်းစေသလို လျှာရဲ့အရသာခံနိုင်စွမ်းကိုလည်းပြောင်းလဲစေပါတယ်။ ဒါအပြင် ခံတွင်းနံ့ဆိုးလည်းထွက်ပါတယ်။ ခံတွင်းနံ့ဆိုးထွက်ခြင်းကလည်း ခန္ဓာကိုယ်တွင်းအဆိပ်အတောက်များနေခြင်းနဲ့ သွေးလည်ပတ်မှုမကောင်းခြင်းလက္ခဏာတွေဖြစ်ပါတယ်။ နောက်ထပ်သိသာတဲ့ လက္ခဏာရပ်တွေကတော့ အသားတွေမစားချင်တော့ဘူး အစားအသောက်ပျက်လာတတ်ပါတယ်။ သိသိသာသာဝိတ်ကျလာတတ်ပါတယ်။ ဒီလို အချက်တွေကိုကြုံနေရပြီဆိုရင် ဆရာဝန်နဲ့ပြသသင့်ပါတယ်။

အသက်ရှူမဝရင်

ကျောက်ကပ်မကောင်းခြင်းနဲ့အသက်ရှူမဝခြင်းကဆက်စပ်နေပါတယ်။ ကျောက်ကပ်စွမ်းဆောင်ရည်ကျလာတဲ့အခါ ခန္ဓာကိုယ်ထဲအရည်တွေဟာ အဆုတ်ဆီသို့သွားပါတယ်။ သွေးအားနည်းတဲ့အခါ ခန္ဓာကိုယ်တွင်းအောက်ဆီဂျင်လှည့်ပတ်မှုကိုပိတ်ဆို့ပြီး အသက်ရှူမဝခြင်းကိုဖြစ်စေပါတယ်။ အသက်ရှူမဝတဲ့လက္ခဏာရပ်တွေဟာ ကျောက်ကပ်ပျက်စီးခြင်းကြောင့်သာမကပန်းနာရင်ကျပ် ၊ အဆုတ်ကင်ဆာနဲ့ နှလုံးရောဂါတွေရဲ့ လက္ခဏာရပ်ပါဖြစ်နေနိုင်တာမို့ ဆရာဝန်နဲ့မြန်မြန်ဆန်ဆန်ပြသသင့်ပါတယ်။

ခြေကျင်းဝတ် ၊ ခြေဖဝါးနဲ့ လက်များရောင်ရမ်းလာရင်

ကျောက်ကပ်ကခန္ဓာကိုယ်ရဲ့ အရည်တွေ အဆိပ်တွေကိုမစစ်ထုတ်တဲ့အခါ အရည်စုခြင်း Sodium Retention ကိုဖြစ်ပေါ်စေပြီး ခြေကျင်းဝတ် ၊ ခြေထောက်နဲ့ လက်တွေကို ရောင်ရမ်းလာစေပါတယ်။ ဖောလာစေတယ်လို့လည်းဆိုနိုင်ပါတယ်။ ခန္ဓာကိုယ်အောက်ပိုင်းမှာ အရည်စုနေခြင်း ဖောရောင်နေခြင်းဟာ အသည်းနဲ့နှလုံးမကောင်းခြင်း ဒါမှမဟုတ် ခြေထောက်သွေးပြန်ကြောမှာ ပြဿနာရှိနေခြင်းဖြစ်ပါတယ်။ အငန်လျှော့စားခြင်း ကိုယ်တွင်းအရည်ပိုတွေကိုဖယ်ရှားခြင်းဖြင့် ဒီပြဿနာကို သက်သာစေနိုင်ပါတယ်။ တကယ်လို့ မထူးခြားဘူးဆိုရင်တော့ သီးခြားကုသမှုခံယူရမှာပါ။

ခါးနာနေရင်

ခါးနာတဲ့နေရာမှာ ညာဘက်နံရိုးအောက်မှာ ပြင်းပြင်းထန်ထန်နာကျင်နေရင် ဒါဟာကျောက်ကပ်ပြဿနာပါ။ ရှေ့ခြမ်းမှာတော့ ပေါင်ခြံမှာပါနာကျင်နေတတ်ပါတယ်။ နေမကောင်းဖြစ်ခြင်း ၊ လေပွခြင်း ၊ ကိုယ်အပူချိန်မြင့်တက်ခြင်း ၊ ဆီးခဏခဏသွားခြင်း တွေပါ ဖြစ်လာတတ်ပါတယ်။ ခါးနာတိုင်း ကျောက်ကပ်ပြဿနာတော့မဟုတ်ပါဘူး။ ကျောက်ကပ်ကြောင့်ဖြစ်တဲ့ ခါးနာခြင်းက နေရာတိတိကျကျမှာဖြစ်တတ်ပါတယ်။ ပုံမှန်ခါးနာပျောက်ဆေးတွေက အလုပ်မဖြစ်တော့ဘူးဆိုရင် ဆရာဝန်နဲ့ပြသသင့်ပါတယ်။

ဒီလက္ခဏာတွေအပြင် နောက်ထပ် သိနိုင်တဲ့လက္ခဏာရပ်တွေကတော့ မျက်လုံးတစ်ဝိုက်ဖောင်းအစ်နေခြင်း၊ သွေးဖိအားများခြင်း ၊ ဆီးအရောင်ပြောင်းလဲခြင်း တို့ပဲဖြစ်ပါတယ်။

ဒါကြောင့် ခန္ဓာကိုယ်ကပြသလာတဲ့ အချက်အလက်တွေကိုသတိထားစောင့်ကြည့်ပြီး တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ပြသဖို့ တိုက်တွန်းလိုပါတယ်နော်။

www.akhayar.com