[Zawgyi]

ၿပီးျပည့္စံုတဲ့သူေတြမွာသာ ေတြ႕ရတတ္တဲ့ လ်ိဳ႕ဝွက္ခ်က္မ်ား

လူတစ္ေယာက္ၿပီးျပည့္စံုတယ္လို႔ သတ္မွတ္ခံရဖို႔ဘာေတြလိုတာပါလိမ့္? ေငြေၾကးဥစၥာေတြလား၊ ဂုဏ္ျဒပ္ေတြလား၊ ႐ုပ္ရည္ေခ်ာေမာမႈေတြလား၊ အေပါင္းအသင္းဝင္ဆန္႔လို႔၊ Social က်လို႔မ်ားလား?

အဲ့ဒီအခ်က္ေတြအားလံုးထက္ ၿပီးျပည့္စံုတယ္လို႔ အမ်ားတညီတၫြတ္တည္းသတ္မွတ္တဲ့ စံႏႈန္းေတြကေတာ့ အၿမဲတမ္း ခြန္အားအျပည့္နဲ႔ ယံုၾကည္မႈရွိရွိ ေနထိုင္ရွင္သန္ျခင္းလို႔ ဆိုရမွာပါ။

အဲ့လိုလူေတြက ဘဝမွာေဒါင္က်က်၊ ၿပားက်က် ရွင္သန္တတ္တယ္။ အကူအညီလိုတဲ့အခ်ိန္၊ အၾကံဉာဏ္လိုတဲ့အခ်ိန္တိုင္း အၿမဲတမ္း ကူညီဖို႔အဆင္သင့္ျဖစ္ေနတတ္တယ္။ အၿမဲတမ္း အေကာင္းျမင္စိတ္နဲ႔ျဖတ္သန္းေနေလ့ရွိတဲ့သူေတြပါ။

အဲ့လို ၿပီးျပည့္စံုတဲ့လူ တစ္ေယာက္ျဖစ္ဖို႔ ဒီလိုအခ်က္ေလးေတြက ဖန္တီးေပးႏိုင္ပါတယ္တဲ့။ တနည္းဆို သူတို႔ ၿပီးျပည့္စံုရျခင္းရဲ႕ လ်ိဳ႕ဝွက္ခ်က္ေတြေပါ့။

(၁) သူတို႔ဟာ လူတိုင္းကို ေလးစားသမႈနဲ႔ဆက္ဆံတတ္တယ္။

သာမန္လူေတြဆိုတာက ကိုယ္နဲ႔ရာထူးတူတဲ့သူျဖစ္ျဖစ္၊ ကိုယ့္ထက္အငယ္ပဲျဖစ္ျဖစ္ ေပါင္းသင္းဆက္ဆံေရးမွာ၊ အလုပ္ကိစၥေတြေတြ႕ဆံုေျပာဆိုတဲ့အခါ “ငါ”ဆိုတဲ့ မသိစိတ္က မာန္နဲ႔ ဆက္ဆံတတ္ပါတယ္။ ဒါေပမယ့္ ၿပီးျပည့္စံုသူေတြက်ေတာ့ အသက္၊ ရာထူး ႀကီးႀကီးငယ္ငယ္ လူတိုင္းကိုယ့္ထက္သာလြန္ထက္ျမက္ႏိုင္တယ္ဆိုတဲ့စိတ္နဲ႔ အၿမဲေလးေလးစားစားဆက္ဆံတတ္တာ ေတြ႕ႏိုင္ပါတယ္။

(၂) သူတို႔ဟာ Platinum Rule အတိုင္းလိုက္နာၾကပါတယ္။

လူတိုင္းေတာ္ေတာ္မ်ားမ်ားသိၾကတဲ့ Golden Rule ဆိုတာက လူတိုင္းကို ကိုယ့္ကိုသူတို႔ဆက္ဆံေစခ်င္တဲ့ပံုစံအတိုင္းဆက္ဆံပါ ဆိုတဲ့ နည္းလမ္းပဲျဖစ္ပါတယ္။ ဒါေပမယ့္ လူတိုင္းလူတိုင္းရဲ႕တူညီတဲ့အခ်က္က အေရးေပးခံခ်င္တယ္၊ဂ႐ုစိုက္ခံခ်င္တယ္၊ ဦးစားေပးခံခ်င္တယ္။ အဲ့ဒါမို႔ Platinum Rule ျဖစ္တဲ့ လူတိုင္းကို သူတို႔ဆက္ဆံေစခ်င္တဲ့ပံုအတိုင္းဆက္ဆံပါဆိုတဲ့ နည္းလမ္းကိုသာ ၿပီးျပည့္စံုသူေတြက က်င့္ၾကံၾကပါတယ္တဲ့။ တနည္းေျပာရရင္ ကိုယ့္စိတ္သေဘာထားထက္ တပါးသူကို ဦးစားေပးတတ္တဲ့အမူအက်င့္ေလးပါပဲ။ ဒါကလူမႈဆက္ဆံေရးမွာ အမ်ားႀကီးအေရးပါပါတယ္။

(၃) သူတို႔ဟာ တျခားအရာေတြထက္ လူေတြအေပၚပိုအာရံုစိုက္ေပးတတ္ပါတယ္။

ၿပီးျပည့္စံုသူေတြဟာ ကိုယ့္ကိုကိုယ္ထက္ ကိုယ့္နားပတ္ဝန္းက်င္က ကိုယ္နဲ႔ေပါင္းသင္းဆက္ဆံေနသူေတြအေပၚ ပိုအေလးေပး၊အာရံုစိုက္ေလ့ရွိပါတယ္။ အဲ့ဒီတဖက္သားကို ဦးစားေပးတဲ့အခ်က္ကိုက သူတို႔ကို လူပိုသတိထားမိေစၿပီး အေကာင္းၿမင္လာေစတဲ့အခ်က္ပါပဲ။

(၄) သူတို႔ေတြကို အထင္အျမင္ႀကီးလာေစဖို႔ အမ်ားႀကီးမႀကိဳးစားတတ္ၾကဘူး။

ၿပီးျပည့္စံုသူအမ်ားစုမွာရွိတတ္တဲ့အခ်က္က သူတို႔ဘယ္ေလာက္ေတာ္ေနပါတယ္၊ သူတို႔ဘယ္ေလာက္ေအာင္ျမင္ေနပါတယ္ဆိုတာမ်ိဳး တကူးတကထုတ္ၿပီးကိုယ္ရည္ေသြးတာမ်ိဳးေတြ မလုပ္တာပဲျဖစ္ပါတယ္။

(၅) သူတို႔ေတြက ႐ိုးသားမႈကိုလက္ကိုင္ထားတယ္။

ၿပီးျပည့္စံုတဲ့သူေတြဟာ ကိုယ့္ဘဝေအာင္ျမင္မႈလမ္းေၾကာင္းဆီ ႐ိုး႐ိုးသားသားစစ္မွန္စြာနဲ႔ ေလွ်ာက္လွမ္းေနၾကသူေတြျဖစ္ပါတယ္။ ႐ိုးသားမႈဆိုတာ ေျပာရတာ လြယ္သေလာက္တကယ္က်င့္ၾကံဖို႔မျဖစ္ႏိုင္တဲ့အရာပါ။ သူတို႔ကေတာ့ တျခားသူေတြကိုနင္းျဖတ္ၿပီးမွ တက္လွမ္းရတာမ်ိဳးကို စက္ဆုပ္တတ္ၾကပါတယ္။ ကိုယ္မွန္တယ္ထင္တဲ့လမ္းေၾကာင္း အတိုင္း မွန္မွန္ကန္ကန္ပဲ သြားတတ္ၾကပါတယ္။

(၆) သူတို႔ ျပံဳးတတ္ၾကပါတယ္။

ၿပီးျပည့္စံုတဲ့သူတစ္ေယာက္ဆိုတာ ကိုယ့္ကိုကိုယ္ သတ္မွတ္တာထက္ အမ်ားက တညီတၫြတ္တည္းလက္ခံသတ္မွတ္ေပးၾကတဲ့ဂုဏ္တစ္ရပ္ပါ။ တကယ့္ၿပီးျပည့္စံုေတြကေတာ့ လူတိုင္းနဲ႔ေတြ႕ရင္ စျပံဳးဖို႔၊ စေႏြးေထြးဖို႔ ဝန္မေလးတတ္ပါဘူး။ အဲ့လိုကေန ပတ္ဝန္းက်င္ရဲ႕ အေကာင္းျမင္မႈေတြရရွိလာတာျဖစ္ပါတယ္။

(၇) ဘဝကို ခ်စ္တတ္ဖို႔သင္ယူၾကတယ္။

သူတို႔ေသြးထဲမွာ အမ်ားဆံုးစီးဆင္းေနတာ အေကာင္းျမင္စိတ္နဲ႔ စိတ္အားထက္သန္မႈေတြပါပဲ။ ဘဝဟာ အၿမဲတမ္း မထင္မွတ္ထားတဲ့ ကံေကာင္းမႈေတြနဲ႔ ျပည့္ႏွက္ေနတာလို႔ ယံုၾကည္တတ္သူပါ။ အဲ့ဒါမို႔လည္း ေတာ္ရံုစိတ္မညစ္တတ္ဘဲ အေပ်ာ္နဲ႔သာ ျဖတ္သန္းေလ့ရွိၾကပါတယ္။ ဒီလိုနည္းနဲ႔ သူတို႔ေပါင္းသင္းတဲ့ ပတ္ဝန္းက်င္ကလူေတြကိုပါ အေကာင္းျမင္စိတ္ပ်ံ႕ႏွံ့ေစၿပီး ဘဝကို ပိုခ်စ္တတ္လာေစပါတယ္။

တကယ္ေတာ့ အစစအရာရာ ေအာင္ျမင္ၿပီးျပည့္စံုေနဖို႔ဆိုတာ ခက္ခဲတဲ့အရာပါ။ ဒါေပမယ့္ ကိုယ္ကိုယ္တိုင္က သတ္မွတ္ထားတာမဟုတ္ဘဲ အမ်ားက ကိုယ့္ကိုသတ္မွတ္ေပးထားတဲ့ ၿပီးျပည့္စံုမႈကေတာ့ စိန္၊ ေရႊ၊ ေငြေတြနဲ႔မလဲႏိုင္တဲ့ရတနာပါ။ အဲ့လိုလူေတြဟာလည္း ဘဝမွာဘယ္ေတာ့မွ အခက္အခဲမေတြ႕တတ္ပါဘူး။

အဲ့ဒါမို႔ လူတိုင္းအတြက္ ၿပီးျပည့္စံုတဲ့လူတစ္ေယာက္ျဖစ္ေအာင္ ဒီအခ်က္ေလးေတြအတိုင္း လိုက္နာက်င့္ၾကံႏိုင္ပါၿပီေနာ္။

EiEiKhineMinn (Akhayar)

[Unicode]

ပြီးပြည့်စုံတဲ့သူတွေမှာသာ တွေ့ရတတ်တဲ့ လျို့ဝှက်ချက်များ
လူတစ်ယောက်ပြီးပြည့်စုံတယ်လို့ သတ်မှတ်ခံရဖို့ဘာတွေလိုတာပါလိမ့်? ငွေကြေးဥစ္စာတွေလား၊ ဂုဏ်ဒြပ်တွေလား၊ ရုပ်ရည်ချောမောမှုတွေလား၊ အပေါင်းအသင်းဝင်ဆန့်လို့၊ Social ကျလို့များလား?

အဲ့ဒီအချက်တွေအားလုံးထက် ပြီးပြည့်စုံတယ်လို့ အများတညီတညွတ်တည်းသတ်မှတ်တဲ့ စံနှုန်းတွေကတော့ အမြဲတမ်း ခွန်အားအပြည့်နဲ့ ယုံကြည်မှုရှိရှိ နေထိုင်ရှင်သန်ခြင်းလို့ ဆိုရမှာပါ။

အဲ့လိုလူတွေက ဘဝမှာဒေါင်ကျကျ၊ ပြားကျကျ ရှင်သန်တတ်တယ်။ အကူအညီလိုတဲ့အချိန်၊ အကြံဉာဏ်လိုတဲ့အချိန်တိုင်း အမြဲတမ်း ကူညီဖို့အဆင်သင့်ဖြစ်နေတတ်တယ်။ အမြဲတမ်း အကောင်းမြင်စိတ်နဲ့ဖြတ်သန်းနေလေ့ရှိတဲ့သူတွေပါ။

အဲ့လို ပြီးပြည့်စုံတဲ့လူ တစ်ယောက်ဖြစ်ဖို့ ဒီလိုအချက်လေးတွေက ဖန်တီးပေးနိုင်ပါတယ်တဲ့။ တနည်းဆို သူတို့ ပြီးပြည့်စုံရခြင်းရဲ့ လျို့ဝှက်ချက်တွေပေါ့။

(၁) သူတို့ဟာ လူတိုင်းကို လေးစားသမှုနဲ့ဆက်ဆံတတ်တယ်။
သာမန်လူတွေဆိုတာက ကိုယ်နဲ့ရာထူးတူတဲ့သူဖြစ်ဖြစ်၊ ကိုယ့်ထက်အငယ်ပဲဖြစ်ဖြစ် ပေါင်းသင်းဆက်ဆံရေးမှာ၊ အလုပ်ကိစ္စတွေတွေ့ဆုံပြောဆိုတဲ့အခါ “ငါ”ဆိုတဲ့ မသိစိတ်က မာန်နဲ့ ဆက်ဆံတတ်ပါတယ်။ ဒါပေမယ့် ပြီးပြည့်စုံသူတွေကျတော့ အသက်၊ ရာထူး ကြီးကြီးငယ်ငယ် လူတိုင်းကိုယ့်ထက်သာလွန်ထက်မြက်နိုင်တယ်ဆိုတဲ့စိတ်နဲ့ အမြဲလေးလေးစားစားဆက်ဆံတတ်တာ တွေ့နိုင်ပါတယ်။

(၂) သူတို့ဟာ Platinum Rule အတိုင်းလိုက်နာကြပါတယ်။
လူတိုင်းတော်တော်များများသိကြတဲ့ Golden Rule ဆိုတာက လူတိုင်းကို ကိုယ့်ကိုသူတို့ဆက်ဆံစေချင်တဲ့ပုံစံအတိုင်းဆက်ဆံပါ ဆိုတဲ့ နည်းလမ်းပဲဖြစ်ပါတယ်။ ဒါပေမယ့် လူတိုင်းလူတိုင်းရဲ့တူညီတဲ့အချက်က အရေးပေးခံချင်တယ်၊ဂရုစိုက်ခံချင်တယ်၊ ဦးစားပေးခံချင်တယ်။ အဲ့ဒါမို့ Platinum Rule ဖြစ်တဲ့ လူတိုင်းကို သူတို့ဆက်ဆံစေချင်တဲ့ပုံအတိုင်းဆက်ဆံပါဆိုတဲ့ နည်းလမ်းကိုသာ ပြီးပြည့်စုံသူတွေက ကျင့်ကြံကြပါတယ်တဲ့။ တနည်းပြောရရင် ကိုယ့်စိတ်သဘောထားထက် တပါးသူကို ဦးစားပေးတတ်တဲ့အမူအကျင့်လေးပါပဲ။ ဒါကလူမှုဆက်ဆံရေးမှာ အများကြီးအရေးပါပါတယ်။

(၃) သူတို့ဟာ တခြားအရာတွေထက် လူတွေအပေါ်ပိုအာရုံစိုက်ပေးတတ်ပါတယ်။
ပြီးပြည့်စုံသူတွေဟာ ကိုယ့်ကိုကိုယ်ထက် ကိုယ့်နားပတ်ဝန်းကျင်က ကိုယ်နဲ့ပေါင်းသင်းဆက်ဆံနေသူတွေအပေါ် ပိုအလေးပေး၊အာရုံစိုက်လေ့ရှိပါတယ်။ အဲ့ဒီတဖက်သားကို ဦးစားပေးတဲ့အချက်ကိုက သူတို့ကို လူပိုသတိထားမိစေပြီး အကောင်းမြင်လာစေတဲ့အချက်ပါပဲ။

(၄) သူတို့တွေကို အထင်အမြင်ကြီးလာစေဖို့ အများကြီးမကြိုးစားတတ်ကြဘူး။
ပြီးပြည့်စုံသူအများစုမှာရှိတတ်တဲ့အချက်က သူတို့ဘယ်လောက်တော်နေပါတယ်၊ သူတို့ဘယ်လောက်အောင်မြင်နေပါတယ်ဆိုတာမျိုး တကူးတကထုတ်ပြီးကိုယ်ရည်သွေးတာမျိုးတွေ မလုပ်တာပဲဖြစ်ပါတယ်။

(၅) သူတို့တွေက ရိုးသားမှုကိုလက်ကိုင်ထားတယ်။
ပြီးပြည့်စုံတဲ့သူတွေဟာ ကိုယ့်ဘဝအောင်မြင်မှုလမ်းကြောင်းဆီ ရိုးရိုးသားသားစစ်မှန်စွာနဲ့ လျှောက်လှမ်းနေကြသူတွေဖြစ်ပါတယ်။ ရိုးသားမှုဆိုတာ ပြောရတာ လွယ်သလောက်တကယ်ကျင့်ကြံဖို့မဖြစ်နိုင်တဲ့အရာပါ။ သူတို့ကတော့ တခြားသူတွေကိုနင်းဖြတ်ပြီးမှ တက်လှမ်းရတာမျိုးကို စက်ဆုပ်တတ်ကြပါတယ်။ ကိုယ်မှန်တယ်ထင်တဲ့လမ်းကြောင်း အတိုင်း မှန်မှန်ကန်ကန်ပဲ သွားတတ်ကြပါတယ်။

(၆) သူတို့ ပြုံးတတ်ကြပါတယ်။
ပြီးပြည့်စုံတဲ့သူတစ်ယောက်ဆိုတာ ကိုယ့်ကိုကိုယ် သတ်မှတ်တာထက် အများက တညီတညွတ်တည်းလက်ခံသတ်မှတ်ပေးကြတဲ့ဂုဏ်တစ်ရပ်ပါ။ တကယ့်ပြီးပြည့်စုံတွေကတော့ လူတိုင်းနဲ့တွေ့ရင် စပြုံးဖို့၊ စနွေးထွေးဖို့ ဝန်မလေးတတ်ပါဘူး။ အဲ့လိုကနေ ပတ်ဝန်းကျင်ရဲ့ အကောင်းမြင်မှုတွေရရှိလာတာဖြစ်ပါတယ်။

(၇) ဘဝကို ချစ်တတ်ဖို့သင်ယူကြတယ်။
သူတို့သွေးထဲမှာ အများဆုံးစီးဆင်းနေတာ အကောင်းမြင်စိတ်နဲ့ စိတ်အားထက်သန်မှုတွေပါပဲ။ ဘဝဟာ အမြဲတမ်း မထင်မှတ်ထားတဲ့ ကံကောင်းမှုတွေနဲ့ ပြည့်နှက်နေတာလို့ ယုံကြည်တတ်သူပါ။ အဲ့ဒါမို့လည်း တော်ရုံစိတ်မညစ်တတ်ဘဲ အပျော်နဲ့သာ ဖြတ်သန်းလေ့ရှိကြပါတယ်။ ဒီလိုနည်းနဲ့ သူတို့ပေါင်းသင်းတဲ့ ပတ်ဝန်းကျင်ကလူတွေကိုပါ အကောင်းမြင်စိတ်ပျံ့နှံ့စေပြီး ဘဝကို ပိုချစ်တတ်လာစေပါတယ်။

တကယ်တော့ အစစအရာရာ အောင်မြင်ပြီးပြည့်စုံနေဖို့ဆိုတာ ခက်ခဲတဲ့အရာပါ။ ဒါပေမယ့် ကိုယ်ကိုယ်တိုင်က သတ်မှတ်ထားတာမဟုတ်ဘဲ အများက ကိုယ့်ကိုသတ်မှတ်ပေးထားတဲ့ ပြီးပြည့်စုံမှုကတော့ စိန်၊ ရွှေ၊ ငွေတွေနဲ့မလဲနိုင်တဲ့ရတနာပါ။ အဲ့လိုလူတွေဟာလည်း ဘဝမှာဘယ်တော့မှ အခက်အခဲမတွေ့တတ်ပါဘူး။

အဲ့ဒါမို့ လူတိုင်းအတွက် ပြီးပြည့်စုံတဲ့လူတစ်ယောက်ဖြစ်အောင် ဒီအချက်လေးတွေအတိုင်း လိုက်နာကျင့်ကြံနိုင်ပါပြီနော်။

EiEiKhineMinn (Akhayar)