[Zawgyi]

ပုရိသတိုင္း မေႂကြဘဲ မေနႏိုင္တဲ့ အမ်ိဳးသမီးတို႔ရဲ႕ သဘာဝညိဳ႕ဓါတ္ေတြ

မိန္းကေလးတစ္ေယာက္ရဲ႕ ဘယ္အစိတ္အပိုင္းက အမိုက္ဆံုးျဖစ္မလဲလို႔ အမ်ိဳးသားေတြကို ေမးမိရင္ ေတာ္ေတာ္မ်ားမ်ား တိုက္႐ိုက္မဟုတ္ေတာင္ တစ္ေလသံတည္းေျဖၾကမွာက ေခ်ာေမာလွပတဲ့မ်က္ႏွာနဲ႔ အမိုက္စားခႏၶာကိုယ္အလွလို႔ပဲ အေျဖထြက္မွာပါ။ အံ့ၾသစရာေကာင္းတာက ဒီအရာေတြက မိန္းမတစ္ေယာက္ရဲ႕အလွဆိုေပမယ့္ ေတာ္ေတာ္မ်ားမ်ားသတိမထားမိလိုက္ဘဲ စြဲၿငိသြားၾကတာက မိန္းကေလးတစ္ေယာက္ရဲ႕ တျခားေသာ ပင္ကိုယ္သဘာဝစြဲေဆာင္မႈေလးေတြေၾကာင့္ပါ။ ဒါမို႔ အမ်ိဳးသားေတြေတာင္ သတိမထားမိဘဲ ေႂကြဆင္းသြားရတဲ့ အမ်ိဳးသမီးတိုင္းရဲ႕ ေမြးရာပါ ညိဳ႕ဓါတ္ေလးေတြကို သတိထားမိဖို႔ ေဖာ္ျပေပးလိုက္ပါတယ္။

(၁) အသံအားေကာင္းေကာင္း

အမ်ိဳးသမီးေတာ္ေတာ္မ်ားမ်ားကို အံ့ၾသသြားေစတာက အမ်ိဳးသားေတြအတြက္ေတာ့ အသံနက္နက္အက္အက္ေတြ၊ အသံေၫွာင္နာနာေလးေတြအစား အသံလံုးအသံအားေကာင္းေကာင္းရွိတဲ့ အမ်ိဳးသမီးေတြက ပိုဆြဲေဆာင္မႈရွိတယ္လို႔ ယူဆထားၾကတာပါ။ အသံက်ယ္တာမ်ိဳးမဟုတ္ဘဲ အသံလံုးအားေကာင္းေကာင္း မာန္ေလးတစ္ခုနဲ႔ ေျပာတတ္တာက ပိုငယ္ရြယ္သြက္လက္တဲ့အမ်ိဳးသမီးေလး အျဖစ္ကို ေဖာ္ေဆာင္ေနပါတယ္။

(၂) အျပံဳးခ်ိဳခ်ိဳေလးတစ္စံု

စိတ္လိုလက္ရျပံဳးလိုက္တဲ့ ကိုယ့္အျပံဳးေလးတစ္ပြင့္က ကိုယ့္ကိုကိုယ္ စိတ္အားတက္ႂကြေစရံုမက အမ်ိဳးသားတို႔ရင္ထဲကိုလည္း တိုက္႐ိုက္ေႂကြဆင္းသြားႏိုင္ပါသတဲ့။

(၃) မိတ္ကပ္ပါးပါးေလး

အမ်ိဳးသားေတြက မိန္းကေလးတစ္ေယာက္ ဆြဲေဆာင္မႈရွိတာကို ႀကိဳက္တတ္ၾကေပမယ့္ မိတ္ကပ္ထူထူထဲထဲႀကီးနဲ႔ ျမင္သူရင္ေမာေစမယ့္ အလွမ်ိဳးေတာ့ မဟုတ္ေသးဘူးေနာ္။ မိတ္ကပ္ပါးပါးေလးနဲ႔ သဘာဝက်က်မသိမသာလိမ္းခ်ယ္မႈေလးကသာ ရင္ထဲစြဲၿငိေစမွာပါ။

(၄) မ်က္ဝန္းဝိုင္းဝိုင္းေလးေတြ

မ်က္ဝန္း၊မ်က္လံုး ႀကီးမားဝိုင္းစက္တဲ့မိန္းကေလးေတြရဲ႕ မ်က္ႏွာသြင္ျပင္က ပိုမိန္းမဆန္ၿပီး ပိုႏူးညံ့တဲ့အသြင္ေဆာင္တာမို႔ အၾကည့္တစ္ခ်က္မွာတင္ ပုရိသအေပါင္း ေႂကြက်သြားႏိုင္ပါတယ္တဲ့ေနာ္။

(၅) သာမန္အသြင္အျပင္

ေတာ္ေတာ္ထူးဆန္းတဲ့ တခ်က္က အမ်ိဳးသားေတာ္ေတာ္မ်ားမ်ား သေဘာက်တဲ့ပံုစံက အရမ္းႀကီး ေခ်ာေမာလွပဆြဲေဆာင္မႈအျပည့္ရွိေနတဲ့ Super Gorgeous Type ေတြမဟုတ္ဘဲ သာမန္မိန္းကေလးပံုစံေလးေတြပါပဲ။ သူတို႔မွာ ပိုလက္ေတြ႕က်တဲ့ စိတ္သေဘာထားေတြ ပိုင္ဆိုင္ထားလို႔ပါတဲ့။

(၆) ကိုယ္သင္းရနံ႔

အမ်ိဳးသားတစ္ေယာက္ ဘယ္လိုမွ ကိုယ္လြတ္မ႐ုန္းႏိုင္ေအာင္ စြဲၿငိမိတဲ့အထဲမွာ ကိုယ္သင္းရနံ႔ေလးကလည္း အေရးပါတယ္ေနာ္။ ကိုယ့္ ခႏၶာကိုယ္က ထုတ္လႊတ္တဲ့ ကိုယ့္ရဲ႕ ေရေမႊးနံ႔ေလးဘဲျဖစ္ျဖစ္၊ အေမႊးနံ႔သာနံ႔ေလးတစ္ခုခုက ကိုယ့္ကို တစ္ျခားေသာမိန္းမေတြနဲ႔ မတူေစဘဲ ဒီအနံ႔ေလးရတိုင္း အၿမဲတမ္း ကိုယ္မွန္းသတိထားမိေနေစမွာပါ။

(၇) အနီေရာင္

အမ်ိဳးသားေတြရဲ႕မ်က္လံုးထဲမွာ မိန္းကေလးတစ္ေယာက္ရဲ႕ဆြဲေဆာင္မႈအားအျပင္းဆံုးအခ်ိန္က အနီေရာင္ Dress ေလးကို ဝတ္ထားတဲ့အခ်ိန္ပါပဲတဲ့။ ဆြဲေဆာင္မႈညိဳ႕ဓါတ္ျပင္းတဲ့ အနီေရာင္ရဲ႕ အလွအပကေန လြန္ဆန္ဖို႔ ခဲယဥ္းတာေၾကာင့္ အမ်ိဳးသမီးေလးေတြ အနီေရာင္ကိုယ္က်ပ္ Dress ေလး ဝတ္တဲ့ေန႔ကေတာ့ ပုရိသအမ်ိဳးသားတို႔ ၂ ခါျပန္မၾကည့္ဘဲ မေနႏိုင္တဲ့ေန႔ပါပဲ။

ဒီအခ်က္ေလးေတြက အမ်ိဳးသမီးတိုင္းအတြက္ သဘာဝကေပးတဲ့ ဆြဲေဆာင္မႈေလးေတြပါပဲ။ ဒီအရာေလးေတြကို ေကာင္းေကာင္းပိုမြမ္းမံျပင္ဆင္ၿပီး ကိုယ့္ရဲ႕အရွိကိုအရွိအတိုင္းေပါ့ေပါ့ပါးပါးေလး ေနတတ္မယ္ဆိုရင္ေတာ့ ကိုယ္ေႂကြေစခ်င္တဲ့သူေတြတင္မက တျခားသူေတြပါ တပံုႀကီးဝိုင္းဝိုင္းလည္လာေတာ့မွာ အမွန္ပါေနာ္။

EiEiKhineMinn ( Akhayar )

www.akhayar.com

[Unicode]

ပုရိသတိုင်း မကြွေဘဲ မနေနိုင်တဲ့ အမျိုးသမီးတို့ရဲ့ သဘာဝညို့ဓါတ်တွေ

မိန်းကလေးတစ်ယောက်ရဲ့ ဘယ်အစိတ်အပိုင်းက အမိုက်ဆုံးဖြစ်မလဲလို့ အမျိုးသားတွေကို မေးမိရင် တော်တော်များများ တိုက်ရိုက်မဟုတ်တောင် တစ်လေသံတည်းဖြေကြမှာက ချောမောလှပတဲ့မျက်နှာနဲ့ အမိုက်စားခန္ဓာကိုယ်အလှလို့ပဲ အဖြေထွက်မှာပါ။ အံ့သြစရာကောင်းတာက ဒီအရာတွေက မိန်းမတစ်ယောက်ရဲ့အလှဆိုပေမယ့် တော်တော်များများသတိမထားမိလိုက်ဘဲ စွဲငြိသွားကြတာက မိန်းကလေးတစ်ယောက်ရဲ့ တခြားသော ပင်ကိုယ်သဘာဝစွဲဆောင်မှုလေးတွေကြောင့်ပါ။ ဒါမို့ အမျိုးသားတွေတောင် သတိမထားမိဘဲ ကြွေဆင်းသွားရတဲ့ အမျိုးသမီးတိုင်းရဲ့ မွေးရာပါ ညို့ဓါတ်လေးတွေကို သတိထားမိဖို့ ဖော်ပြပေးလိုက်ပါတယ်။

(၁) အသံအားကောင်းကောင်း

အမျိုးသမီးတော်တော်များများကို အံ့သြသွားစေတာက အမျိုးသားတွေအတွက်တော့ အသံနက်နက်အက်အက်တွေ၊ အသံညှောင်နာနာလေးတွေအစား အသံလုံးအသံအားကောင်းကောင်းရှိတဲ့ အမျိုးသမီးတွေက ပိုဆွဲဆောင်မှုရှိတယ်လို့ ယူဆထားကြတာပါ။ အသံကျယ်တာမျိုးမဟုတ်ဘဲ အသံလုံးအားကောင်းကောင်း မာန်လေးတစ်ခုနဲ့ ပြောတတ်တာက ပိုငယ်ရွယ်သွက်လက်တဲ့အမျိုးသမီးလေး အဖြစ်ကို ဖော်ဆောင်နေပါတယ်။

(၂) အပြုံးချိုချိုလေးတစ်စုံ

စိတ်လိုလက်ရပြုံးလိုက်တဲ့ ကိုယ့်အပြုံးလေးတစ်ပွင့်က ကိုယ့်ကိုကိုယ် စိတ်အားတက်ကြွစေရုံမက အမျိုးသားတို့ရင်ထဲကိုလည်း တိုက်ရိုက်ကြွေဆင်းသွားနိုင်ပါသတဲ့။

(၃) မိတ်ကပ်ပါးပါးလေး

အမျိုးသားတွေက မိန်းကလေးတစ်ယောက် ဆွဲဆောင်မှုရှိတာကို ကြိုက်တတ်ကြပေမယ့် မိတ်ကပ်ထူထူထဲထဲကြီးနဲ့ မြင်သူရင်မောစေမယ့် အလှမျိုးတော့ မဟုတ်သေးဘူးနော်။ မိတ်ကပ်ပါးပါးလေးနဲ့ သဘာဝကျကျမသိမသာလိမ်းချယ်မှုလေးကသာ ရင်ထဲစွဲငြိစေမှာပါ။

(၄) မျက်ဝန်းဝိုင်းဝိုင်းလေးတွေ

မျက်ဝန်း၊မျက်လုံး ကြီးမားဝိုင်းစက်တဲ့မိန်းကလေးတွေရဲ့ မျက်နှာသွင်ပြင်က ပိုမိန်းမဆန်ပြီး ပိုနူးညံ့တဲ့အသွင်ဆောင်တာမို့ အကြည့်တစ်ချက်မှာတင် ပုရိသအပေါင်း ကြွေကျသွားနိုင်ပါတယ်တဲ့နော်။

(၅) သာမန်အသွင်အပြင်

တော်တော်ထူးဆန်းတဲ့ တချက်က အမျိုးသားတော်တော်များများ သဘောကျတဲ့ပုံစံက အရမ်းကြီး ချောမောလှပဆွဲဆောင်မှုအပြည့်ရှိနေတဲ့ Super Gorgeous Type တွေမဟုတ်ဘဲ သာမန်မိန်းကလေးပုံစံလေးတွေပါပဲ။ သူတို့မှာ ပိုလက်တွေ့ကျတဲ့ စိတ်သဘောထားတွေ ပိုင်ဆိုင်ထားလို့ပါတဲ့။

(၆) ကိုယ်သင်းရနံ့

အမျိုးသားတစ်ယောက် ဘယ်လိုမှ ကိုယ်လွတ်မရုန်းနိုင်အောင် စွဲငြိမိတဲ့အထဲမှာ ကိုယ်သင်းရနံ့လေးကလည်း အရေးပါတယ်နော်။ ကိုယ့် ခန္ဓာကိုယ်က ထုတ်လွှတ်တဲ့ ကိုယ့်ရဲ့ ရေမွှေးနံ့လေးဘဲဖြစ်ဖြစ်၊ အမွှေးနံ့သာနံ့လေးတစ်ခုခုက ကိုယ့်ကို တစ်ခြားသောမိန်းမတွေနဲ့ မတူစေဘဲ ဒီအနံ့လေးရတိုင်း အမြဲတမ်း ကိုယ်မှန်းသတိထားမိနေစေမှာပါ။

(၇) အနီရောင်

အမျိုးသားတွေရဲ့မျက်လုံးထဲမှာ မိန်းကလေးတစ်ယောက်ရဲ့ဆွဲဆောင်မှုအားအပြင်းဆုံးအချိန်က အနီရောင် Dress လေးကို ဝတ်ထားတဲ့အချိန်ပါပဲတဲ့။ ဆွဲဆောင်မှုညို့ဓါတ်ပြင်းတဲ့ အနီရောင်ရဲ့ အလှအပကနေ လွန်ဆန်ဖို့ ခဲယဉ်းတာကြောင့် အမျိုးသမီးလေးတွေ အနီရောင်ကိုယ်ကျပ် Dress လေး ဝတ်တဲ့နေ့ကတော့ ပုရိသအမျိုးသားတို့ ၂ ခါပြန်မကြည့်ဘဲ မနေနိုင်တဲ့နေ့ပါပဲ။

ဒီအချက်လေးတွေက အမျိုးသမီးတိုင်းအတွက် သဘာဝကပေးတဲ့ ဆွဲဆောင်မှုလေးတွေပါပဲ။ ဒီအရာလေးတွေကို ကောင်းကောင်းပိုမွမ်းမံပြင်ဆင်ပြီး ကိုယ့်ရဲ့အရှိကိုအရှိအတိုင်းပေါ့ပေါ့ပါးပါးလေး နေတတ်မယ်ဆိုရင်တော့ ကိုယ်ကြွေစေချင်တဲ့သူတွေတင်မက တခြားသူတွေပါ တပုံကြီးဝိုင်းဝိုင်းလည်လာတော့မှာ အမှန်ပါနော်။

EiEiKhineMinn ( Akhayar )

www.akhayar.com