[Zawgyi]
































ကျော်စိုးအောင် (အခရာ)

www.akhayar.com 


[Unicode]

အနုပညာရှင်တွေနဲ့ တော်ဝင်မိသားစု တွေ့ဆုံခဲ့တဲ့ ပုံရိပ်များ

တော်ဝင်မိသားစုဟာ ကမ္ဘာ့ပေါ်မှာ အရှိန်အဝါကြီးမားတဲ့ အသိုင်းအဝိုင်းဖြစ်တာနဲ့ အညီ နာမည်ကျော်အနုပညာရှင်တွေနဲ့ တွေ့ဆုံခဲ့ကြတဲ့ အခိုက်အတန့်တွေလည်း ရှိခဲ့ကြပါတယ်။ အခုဆောင်းပါးမှာတော့ အနုပညာရှင်တွေနဲ့ တော်ဝင်မိသားစု တွေ့ဆုံခဲ့တဲ့ ပုံရိပ်တချို့ကို ဖော်ပြလိုက်ပါတယ်။

(၁) အန်ဂျလီနာ ဂျိုလီ (Angelina Jolie) နဲ့ ဘုရင်မကြီး

၂ဝ၁၄ခုနှစ် ဇွန်လတုန်းက ဘုရင်မကြီးအဲလိဇဘက် (Queen Elizabeth II) ဟာ လိင်ပိုင်းဆိုင်ရာ ထိပါးမှုတွေကို ဆန့်ကျင်မှုတွေ ပြုလုပ်နေတဲ့ Angelina Jolie ကို Honorary Dame Commander (DCMG) ဆုတံဆိပ်ကို ပေးအပ်ချီးမြှင့်တဲ့ပုံရိပ်ပဲဖြစ်ပါတယ်။

Queen Elizabeth and Angelina Jolie

Queen Elizabeth and Angelina Jolie

(၂) ဂျင်နီဖာ လိုပက်ဇ် (Jennifer Lopez) နဲ့ မင်းသားဝီလျံ (Prince William)

၂ဝ၁၁ခုနှစ်တုန်းက ကယ်လီဖိုးနီးယားပြည်နယ် (California) လော့အိန်းဂျလီးစ်မြို့ (Los Angeles) မှာ ကျင်းပတဲ့ ‘BAFTA Brits To Watch Event’ ပွဲကို တက်ရောက်လာတဲ့ မင်းသားဝီလျံ (Prince William) နဲ့ ဇနီးသည် ကိတ်မစ်ဒယ်တန် (Kate Middleton) ကို ဂျင်နီဖာ လိုပက်ဇ် (Jennifer Lopez) တို့သားအမိက တွေ့ဆုံနေတဲ့ပုံရိပ်တွေပါ။

Jennifer Lopez and Prince William

Jennifer Lopez and Prince William

(၃) တွမ်ခရူးစ် (Tom Cruise) နဲ့ မင်းသားကြီး ဖီးလစ် (Prince Philip)

၂ဝ၁၇ခုနှစ်တုန်းက ‘Outward Bound Trust’ အဖွဲ့အစည်း ၇၅နှစ်ပြည့်အထိမ်းအမှတ်ပွဲအဖြစ် Buckingham Palace မှာ ညစာစားပွဲ ကျင်းပရာမှာ တွမ်ခရူးစ် (Tom Cruise) နဲ့ မင်းသားကြီး ဖီးလစ် (Prince Philip) တို့ စကားလက်ဆုံကြနေတဲ့ အခိုက်အတန့်ပဲဖြစ်ပါတယ်။

Prince Philip and Tom Cruise

Prince Philip and Tom Cruise

(၄) ဂျင်နီဖာ ဂါနာ (Jennifer Garner) နဲ့ ကိတ်မစ်ဒယ်တန် (Kate Middleton)

ကိန်းဘရစ်မြို့စားကတော် ကိတ်မစ်ဒယ်တန် (Kate Middleton) နဲ့ ဂျင်နီဖာ ဂါနာ (Jennifer Garner) တို့ ၂ဝ၁၁ခုနှစ် ‘BAFTA Brits To Watch Event’ ပွဲမှာ တွေ့ဆုံနေတဲ့ပုံရိပ်ပါ။ တော်ဝင်မိသားစုနဲ့ တွေ့ဆုံခွင့်ရလို့ အမေရိကန် မင်းသမီးချောက ပျော်နေတယ်ထင်ပါရဲ့။

Kate Middleton and Jennifer Garner.

Kate Middleton and Jennifer Garner.

(၅) Cara Delevingne နဲ့ မင်းသားကြီး ချားလ် (Prince Charles)

၂ဝ၁၃ခုနှစ် ဇူလိုင်လ (၉) ရက်နေ့တုန်းက အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ ကျင်းပတဲ့ အလှူအတန်းအခမ်းအနားတစ်ခုမှာ မင်းသားကြီး ချားလ် (Prince Charles) နဲ့ ရယ်မောနေတဲ့ မော်ဒယ်မင်းသမီး Cara Delevingne တို့ပါ။

Prince Charles and Cara Delevingne

Prince Charles and Cara Delevingne

(၆) အန်နာ ဝင်တိုး (Anna Wintour) နဲ့ ဘုရင်မကြီး

၂ဝ၁၈ခုနှစ် ဖေဖော်ဝါရီလ (၂ဝ) ရက်နေ့တုန်းက ‘London Fashion Week’s BFC Show Space’ ပွဲမှာ ဘုရင်မကြီးနဲ့ ဘေးချင်းကပ်ထိုင်နေတဲ့ နာမည်ကျော်ဂျာနယ်လစ် အန်နာ ဝင်တိုး (Anna Wintour) တို့ပဲဖြစ်ပါတယ်။

Queen Elizabeth and Anna Wintour

Queen Elizabeth and Anna Wintour

(၇) ဟယ်ရီစတိုင် (Harry Styles) နဲ့ ကိတ်ဒစ်ဒယ်တန်

၂ဝ၁၄ခုနှစ် နိုဝင်ဘာလ (၁၄) ရက်နေ့တုန်းက ကိန်းဘရစ်မြို့စားကတော် ကိတ်မစ်ဒယ်တန် (Kate Middleton) နဲ့ နာမည်ကျော်အဆိုရှင် ဟယ်ရီစတိုင် (Harry Styles) တို့ဟာ ‘Royal Variety Performance’ ပွဲအပြီးမှာ စကားလက်ဆုံကြနေတာပါ။ ‘Britain’s Got Talent’ ရဲ့နာမည်ကျော် ဒိုင်လူကြီး ဆီမွန် ကော့ဝဲလ် (Simon Cowell) ကြီးက ပြုံးပြုံးကြီးပါပဲ။

Kate Middleton and Harry Styles

Kate Middleton and Harry Styles

ဒါတွေကတော့ နာမည်ကျော်အနုပညာရှင်တွေနဲ့ တော်ဝင်မိသားစုတို့ တွေ့ဆုံခဲ့တဲ့ ပုံရိပ်တချို့ကို စုစည်းဖော်ပြခဲ့တာဖြစ်ပါတယ်။ စာဖတ်သူတွေကို စိတ်ဝင်စားဖွယ် အကြောင်းအရာတွေကို ဖော်ပြထားလို့ ဘယ်ပုံရိပ်ကို အကြိုက်ဆုံးဖြစ်လဲဆိုတာ ရင်ဖွင့်လိုက်ပါဦး။

ကျော်စိုးအောင် (အခရာ)

www.akhayar.com 

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။