[ZawGyi]

အသက္ ၄၀ အရြယ္မွာသိလာမယ္႔ဘဝသင္ခန္းစာမ်ား

အသက္ ၂၀ ေက်ာ္အရြယ္ေတြဟာ ဘဝအတြက္စိတ္လႈပ္ရွားဖြယ္ရာ အေကာင္းဆံုးအခ်ိန္ေတြပါပဲ။ ေမွ်ာ္မွန္းခ်က္၊ ရည္မွန္းခ်က္ေတြလည္းရွိၾကတယ္။ ေဝဝါးေပ်ာ္ပါးေနတာေတြလည္းရွိမယ္။ ဘဝသင္ခန္းစာေတြကိုလည္းမ်က္ရည္လည္ရႊဲအလူးအလဲခံရႏိုင္တယ္။ အသက္ ၃၀ အရြယ္ေရာက္လာေတာ႔ တာဝန္ယူမႈ တာဝန္ခံရမႈေတြပိုမ်ားလာတယ္။ အလုပ္အတြက္ေရာ ဘဝအတြက္ေရာ ဆံုးျဖတ္ခ်က္ေတြပိုခိုင္မာလာတယ္။ အသက္ ၄၀ အရြယ္ေရာက္လာျပန္ေတာ႔ ဘဝမွာေနေပ်ာ္ေအာင္ ပိုျပီးေနတတ္ထိုင္တတ္လာမယ္။ အဓိပၸါယ္ရွိစြာျဖတ္သန္းတတ္လာမယ္။ ေသခ်ာတာကေတာ႔ ဒီအခ်က္ေတြကို မလြဲမေသြနားလည္သေဘာေပါက္လာပါလိမ္႔မယ္။

သူငယ္ခ်င္းအခ်စ္

ဒီအရြယ္မွာ တကယ္ရင္းႏွီးတဲ႔သူငယ္ခ်င္းေတြရဲ႕ အခ်စ္ကိုပိုသိလာပါလိမ္႔မယ္။ အထက္တန္းတုန္းက ရင္းႏွီးခဲ႔ၾကတဲ႔သူငယ္ခ်င္းေတြ၊ ဒုကၡသုကၡေတြကိုအတူတူျဖတ္ေက်ာ္ဖူးတဲ႔သူငယ္ခ်င္းေတြဟာ အသက္ဘယ္ေလာက္ၾကီးသြားပါေစ၊ အဆက္အသြယ္မရွိဘယ္ေလာက္ပဲေဝးကြာသြားပါေစ မေျပာင္းလဲဘူးဆုိတာကို အေသအခ်ာသိလာပါလိမ္႔မယ္။ လူကိုေတြ႔တာနဲ႔ “ယဥ္မူရာ ခင္သီတာ အစစအဆင္ေျပရဲ႕လား” “မေတြ႔တာၾကာေတာ႔ ပိုရုပ္ဆုိးသြားတယ္” စသျဖင္႔ ရာထူးအာဏာၾကည္႔မေနဘဲ ႏႈတ္ဆက္ၾကတာမ်ိဳးေတြကို တန္ဖုိးထားတတ္လာပါလိမ္႔မယ္။ သူတုိ႔ေတြနဲ႔ တစ္ခဏဆံုလိုက္တာနဲ႔ ဆယ္ႏွစ္ေလာက္ႏုပ်ိဳသြားသလုိခံစားရလာေတာ႔မွာပါ။

ဟန္ေဆာင္မႈေတြမလုပ္ခ်င္

သူက မေကာင္းဘူး ကိုယ္နဲ႔ Type မတူဘူးထင္ရင္ သည္းခံျပီးမေပါင္းခ်င္ေတာ႔တဲ႔ဖီလင္ကိုရလာပါလိမ္႔မယ္။ ဘဝမွာ အဓိပၸါယ္ရွိတာေတြလုပ္ဖုိ႔ဆံုးျဖတ္ခ်က္ခိုင္မာလာျပီး မလိုအပ္တာေတြအတြက္ ဟန္ေဆာင္မေနခ်င္ေတာ႔တာလည္းျဖစ္လာပါတယ္။ ကိုယ္နဲ႔အဟပ္မတည္႔တဲ႔ ဝန္းက်င္မွာလိုက္ပါဝင္ဆ႔ံဖုိ႔ မၾကိဳးစားေတာ႔ဘဲ ကိုယ္႔ရပ္တည္မႈအေပၚခိုင္ခိုင္မာမာနဲ႔ ယံုၾကည္ခ်က္ရွိရွိေနတတ္လာပါလိမ္႔မယ္။

ကိုယ္ခ်င္းစာတတ္လာျခင္း

ငယ္တုန္းရြယ္တုန္းမွာ လူၾကီးမိဘေတြရဲ ႔ခံစားခ်က္၊ သူတုိ႔ရဲ႕ရုပ္ပိုင္းဆုိင္ရာေဝဒနာေတြကို သိပ္သေဘာမေပါက္ခဲ႔ေပမယ္႔ အသက္ ၄၀ ေရာက္လာခ်ိန္မွာေတာ႔ ဒါေတြကိုနားလည္စာနာတတ္လာပါမယ္။ ဘဝအတြက္တန္ဖုိးရွိတဲ႔အခ်ိန္ေတြကို တြက္ဆတတ္လာျပီး လူၾကီးသူမေတြရဲ႕ဘဝအျမင္ေတြ၊ ဆံုးမစကားေတြကိုပိုၾကားနာခ်င္လာပါလိမ္႔မယ္။ မိဘေတြရဲ႕ က်န္းမာေရးကိုလည္း ပိုဂရုစိုက္ေစာင္႔ေရွာက္တတ္လာေတာ႔မွာပါ။

အကုန္အက်မ်ားတဲ႔ မဂၤလာပြဲေတြကိုႏွေျမာတတ္လာမယ္

ေသခ်ာတာက ဒီအရြယ္မွာ ေငြရဲ႕တန္ဖိုးကိုသိလာျပီး ဘဝရဲ႕အႏွစ္သာရကိုသိလာတဲ႔အတြက္ အပိုအလုပ္ေတြ၊ Romantic ျဖစ္တယ္ဆုိတာေတြကို စိတ္ပ်က္တတ္လာပါလိမ္႔မယ္။ ခမ္းနားလြန္းတဲ႔ မဂၤလာေဆာင္ေတြျမင္တုိင္း အားက်မိတာထက္ႏွေျမာစိတ္ဝင္လာႏိုင္ပါတယ္။ တန္ဖိုးရွိတဲ႔ ေနရာမွာသာေပးဆပ္ခ်င္စိတ္ျဖစ္လာတာ အေသအခ်ာပါ။

အသံုးအေဆာင္ပစၥည္းေတြနည္းေလေကာင္းေလ

အသက္ ၄၀ အရြယ္ေရာက္လာျပီဆုိရင္ တကယ္လုိအပ္တာနဲ႔ အသံုးဝင္တာကိုပဲ လုိခ်င္လာမွာေသခ်ာပါတယ္။ ပစၥည္းပစၥယေတြအမ်ားၾကီးရွိျပီး မသံုးျဖစ္တာထက္၊ ထိန္းသိမ္းေနရတာထက္စာရင္ လိုအပ္တာကိုပဲထားခ်င္လာေတာ႔မယ္။ အျမင္ရွင္းေလ ေကာင္းေလလို႔ခံစားလာရမွာပါ။

မိသားစုဘဝကိုမက္ေမာတတ္လာမယ္

အသက္ ၄၀ ေလာက္ေရာက္ျပီဆုိရင္ ေပ်ာ္ေနတတ္တဲ႔ အန္ကယ္တစ္ေယာက္ျဖစ္ေနရတာထက္ ဖခင္တစ္ေယာက္ျဖစ္ရတာပိုနက္ရိႈင္းေၾကာင္းသိလာပါလိမ္႔မယ္။ ကိုယ္ထိန္းခဲ႔တဲ႔တူေတြ တူမေတြအရြယ္ေရာက္လုိ႔ သီးသန္႔ေနတတ္လာတဲ႔အခါ ကိုယ္ကအထီးက်န္လာႏိုင္ပါတယ္။ ဒီအခ်ိန္မွာ မိသားစုဘဝကိုတန္ဖုိးထားတတ္လာမယ္၊ ဖခင္တစ္ေယာက္ျဖစ္ရျခင္းရဲ႕ေလးနက္မႈနဲ႔ နက္ရိႈင္းတဲ႔မတၱာတရားကိုနားလည္လာပါလိမ္႔မယ္။

က်န္းမာေရးနဲ႔ဘာကိုမွမလဲသင္႔

က်န္းမာေရးနဲ႔ဘာကိုမွလဲဖို႔မထိုက္တန္ဘူးဆုိတာသိလာပါလိမ္႔မယ္။ ဒါေၾကာင္႔ အလုပ္နဲ႔ဘဝမွ်ေအာင္ အလုပ္နဲ႔က်န္းမာေရးမွ်တေအာင္ ဂရုစိုက္တတ္လာေတာ႔မွာပါ။ ေဆးဖိုးကုန္ျခင္းထက္ က်န္းမာေပ်ာ္ရႊင္ျခင္းကိုႏွေျမာတတ္လာပါလိမ္႔မယ္။ ဒါေၾကာင္႔ က်န္းမာတဲ႔စားေသာက္ေနထိုင္မႈပံုစံကို ဘယ္သူ႔တိုက္တြန္းခ်က္မွမပါဘဲ ကိုယ္တုိင္ေျပာင္းလဲတတ္လာပါမွာပါ။

ဒီအခ်က္ေတြအကုန္ဟုတ္ပါရဲ႕လား…ဒီ႔ထက္မကေျပာင္းလဲသြားခဲ႔တဲ႔အရာေတြ သင္ခန္းစာေတြရွိရင္လည္း မွ်ေဝေပးခဲ႔ပါဦး။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

အသက် ၄၀ အရွယ်မှာသိလာမယ့်ဘဝသင်ခန်းစာများ

အသက် ၂၀ ကျော်အရွယ်တွေဟာ ဘဝအတွက်စိတ်လှုပ်ရှားဖွယ်ရာ အကောင်းဆုံးအချိန်တွေပါပဲ။ မျှော်မှန်းချက်၊ ရည်မှန်းချက်တွေလည်းရှိကြတယ်။ ဝေဝါးပျော်ပါးနေတာတွေလည်းရှိမယ်။ ဘဝသင်ခန်းစာတွေကိုလည်းမျက်ရည်လည်ရွှဲအလူးအလဲခံရနိုင်တယ်။ အသက် ၃၀ အရွယ်ရောက်လာတော့ တာဝန်ယူမှု တာဝန်ခံရမှုတွေပိုများလာတယ်။ အလုပ်အတွက်ရော ဘဝအတွက်ရော ဆုံးဖြတ်ချက်တွေပိုခိုင်မာလာတယ်။ အသက် ၄၀ အရွယ်ရောက်လာပြန်တော့ ဘဝမှာနေပျော်အောင် ပိုပြီးနေတတ်ထိုင်တတ်လာမယ်။ အဓိပ္ပါယ်ရှိစွာဖြတ်သန်းတတ်လာမယ်။ သေချာတာကတော့ ဒီအချက်တွေကို မလွဲမသွေနားလည်သဘောပေါက်လာပါလိမ့်မယ်။

သူငယ်ချင်းအချစ်

ဒီအရွယ်မှာ တကယ်ရင်းနှီးတဲ့သူငယ်ချင်းတွေရဲ့ အချစ်ကိုပိုသိလာပါလိမ့်မယ်။ အထက်တန်းတုန်းက ရင်းနှီးခဲ့ကြတဲ့သူငယ်ချင်းတွေ၊ ဒုက္ခသုက္ခတွေကိုအတူတူဖြတ်ကျော်ဖူးတဲ့သူငယ်ချင်းတွေဟာ အသက်ဘယ်လောက်ကြီးသွားပါစေ၊ အဆက်အသွယ်မရှိဘယ်လောက်ပဲဝေးကွာသွားပါစေ မပြောင်းလဲဘူးဆိုတာကို အသေအချာသိလာပါလိမ့်မယ်။ လူကိုတွေ့တာနဲ့ “ယဉ်မူရာ ခင်သီတာ အစစအဆင်ပြေရဲ့လား” “မတွေ့တာကြာတော့ ပိုရုပ်ဆိုးသွားတယ်” စသဖြင့် ရာထူးအာဏာကြည့်မနေဘဲ နှုတ်ဆက်ကြတာမျိုးတွေကို တန်ဖိုးထားတတ်လာပါလိမ့်မယ်။ သူတို့တွေနဲ့ တစ်ခဏဆုံလိုက်တာနဲ့ ဆယ်နှစ်လောက်နုပျိုသွားသလိုခံစားရလာတော့မှာပါ။

ဟန်ဆောင်မှုတွေမလုပ်ချင်

သူက မကောင်းဘူး ကိုယ်နဲ့ Type မတူဘူးထင်ရင် သည်းခံပြီးမပေါင်းချင်တော့တဲ့ဖီလင်ကိုရလာပါလိမ့်မယ်။ ဘဝမှာ အဓိပ္ပါယ်ရှိတာတွေလုပ်ဖို့ဆုံးဖြတ်ချက်ခိုင်မာလာပြီး မလိုအပ်တာတွေအတွက် ဟန်ဆောင်မနေချင်တော့တာလည်းဖြစ်လာပါတယ်။ ကိုယ်နဲ့အဟပ်မတည့်တဲ့ ဝန်းကျင်မှာလိုက်ပါဝင်ဆံ့ဖို့ မကြိုးစားတော့ဘဲ ကိုယ့်ရပ်တည်မှုအပေါ်ခိုင်ခိုင်မာမာနဲ့ ယုံကြည်ချက်ရှိရှိနေတတ်လာပါလိမ့်မယ်။

ကိုယ်ချင်းစာတတ်လာခြင်း

ငယ်တုန်းရွယ်တုန်းမှာ လူကြီးမိဘတွေရဲ့ခံစားချက်၊ သူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာဝေဒနာတွေကို သိပ်သဘောမပေါက်ခဲ့ပေမယ့် အသက် ၄၀ ရောက်လာချိန်မှာတော့ ဒါတွေကိုနားလည်စာနာတတ်လာပါမယ်။ ဘဝအတွက်တန်ဖိုးရှိတဲ့အချိန်တွေကို တွက်ဆတတ်လာပြီး လူကြီးသူမတွေရဲ့ဘဝအမြင်တွေ၊ ဆုံးမစကားတွေကိုပိုကြားနာချင်လာပါလိမ့်မယ်။ မိဘတွေရဲ့ ကျန်းမာရေးကိုလည်း ပိုဂရုစိုက်စောင့်ရှောက်တတ်လာတော့မှာပါ။

အကုန်အကျများတဲ့ မင်္ဂလာပွဲတွေကိုနှမြောတတ်လာမယ်

သေချာတာက ဒီအရွယ်မှာ ငွေရဲ့တန်ဖိုးကိုသိလာပြီး ဘဝရဲ့အနှစ်သာရကိုသိလာတဲ့အတွက် အပိုအလုပ်တွေ၊ Romantic ဖြစ်တယ်ဆိုတာတွေကို စိတ်ပျက်တတ်လာပါလိမ့်မယ်။ ခမ်းနားလွန်းတဲ့ မင်္ဂလာဆောင်တွေမြင်တိုင်း အားကျမိတာထက်နှမြောစိတ်ဝင်လာနိုင်ပါတယ်။ တန်ဖိုးရှိတဲ့ နေရာမှာသာပေးဆပ်ချင်စိတ်ဖြစ်လာတာ အသေအချာပါ။

အသုံးအဆောင်ပစ္စည်းတွေနည်းလေကောင်းလေ

အသက် ၄၀ အရွယ်ရောက်လာပြီဆိုရင် တကယ်လိုအပ်တာနဲ့ အသုံးဝင်တာကိုပဲ လိုချင်လာမှာသေချာပါတယ်။ ပစ္စည်းပစ္စယတွေအများကြီးရှိပြီး မသုံးဖြစ်တာထက်၊ ထိန်းသိမ်းနေရတာထက်စာရင် လိုအပ်တာကိုပဲထားချင်လာတော့မယ်။ အမြင်ရှင်းလေ ကောင်းလေလို့ခံစားလာရမှာပါ။

မိသားစုဘဝကိုမက်မောတတ်လာမယ်

အသက် ၄၀ လောက်ရောက်ပြီဆိုရင် ပျော်နေတတ်တဲ့ အန်ကယ်တစ်ယောက်ဖြစ်နေရတာထက် ဖခင်တစ်ယောက်ဖြစ်ရတာပိုနက်ရှိုင်းကြောင်းသိလာပါလိမ့်မယ်။ ကိုယ်ထိန်းခဲ့တဲ့တူတွေ တူမတွေအရွယ်ရောက်လို့ သီးသန့်နေတတ်လာတဲ့အခါ ကိုယ်ကအထီးကျန်လာနိုင်ပါတယ်။ ဒီအချိန်မှာ မိသားစုဘဝကိုတန်ဖိုးထားတတ်လာမယ်၊ ဖခင်တစ်ယောက်ဖြစ်ရခြင်းရဲ့လေးနက်မှုနဲ့ နက်ရှိုင်းတဲ့မတ္တာတရားကိုနားလည်လာပါလိမ့်မယ်။

ကျန်းမာရေးနဲ့ဘာကိုမှမလဲသင့်

ကျန်းမာရေးနဲ့ဘာကိုမှလဲဖို့မထိုက်တန်ဘူးဆိုတာသိလာပါလိမ့်မယ်။ ဒါကြောင့် အလုပ်နဲ့ဘဝမျှအောင် အလုပ်နဲ့ကျန်းမာရေးမျှတအောင် ဂရုစိုက်တတ်လာတော့မှာပါ။ ဆေးဖိုးကုန်ခြင်းထက် ကျန်းမာပျော်ရွှင်ခြင်းကိုနှမြောတတ်လာပါလိမ့်မယ်။ ဒါကြောင့် ကျန်းမာတဲ့စားသောက်နေထိုင်မှုပုံစံကို ဘယ်သူ့တိုက်တွန်းချက်မှမပါဘဲ ကိုယ်တိုင်ပြောင်းလဲတတ်လာပါမှာပါ။

ဒီအချက်တွေအကုန်ဟုတ်ပါရဲ့လား…ဒီ့ထက်မကပြောင်းလဲသွားခဲ့တဲ့အရာတွေ သင်ခန်းစာတွေရှိရင်လည်း မျှဝေပေးခဲ့ပါဦး။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။