[Zawgyi]

ခ်န္ပီယံလိဂ္ဖလားကုိ ကစားသမား/နည္းျပအျဖစ္ပါ ရယူခဲ့သူမ်ား (၂)

ခ်န္ပီယံလိဂ္ဖလားကုိ ကစားသမားအျဖစ္သာမက နည္းျပအျဖစ္ပါ ရယူခဲ့တဲ့ (၇)ဦးထဲက (၄)ဦးကုိ အပုိင္း(၁)အျဖစ္ ေဖာ္ျပခဲ့ၿပီး အခုက အပုိင္း(၂)ကုိ ဆက္လက္ေဖာ္ျပထားတာျဖစ္ပါတယ္ . . .

၅. ထရာပတ္တိုနီ Trapattoni

Trapattoni

Trapattoni

ဒီေန႔ေခတ္မွာေတာ့ ထရာပတ္တိုနီရဲ႕ နာမည္က သိပ္ၿပီး မထင္ရွားေတာ့ေပမယ့္ တစ္ခ်ိန္တုန္းက သူဟာ အီတလီေဘာလုံးေလာကမွာ ေလးစားခံရတဲ့ သူတစ္ဦးပါပဲ။ ေနာက္ခံလူတစ္ဦးျဖစ္တ့ဲ ထရာပတ္တိုနီဟာ ေအစီမီလန္အသငး္မွာ (၁၂)ရာသီၾကာ ကစားခ့ဲၿပီး ၁၉၆၃၊ ၁၉၆၉ ခုႏွစ္ေတြမွာ ဥေရာပဖလား(ခ်န္ပီယံလိဂ္) ဆြတ္ခူးခဲ့တယ္။ နည္းျပဘ၀မွာေတာ့ ဂ်ဴဗင္တပ္စ္အသင္းနဲ႔ ၁၉၈၄-၈၅ ရာသီမွာ ခ်န္ပီယံဆုဖလား ရရွိခဲ့ပါတယ္။

Player – European Cup: 1963, 1969 (A.C. Milan)
Coach – European Cup: 1984–85 (Juventus)

၆.ဂြါဒီယုိလာ Pep Guardiola

Guardiola

Guardiola

ေမာ္ဒန္ေဘာလုံးေလာကမွာ ေအာင္ျမင္မႈ အမ်ားဆုံး နည္းျပတစ္ဦးလုိ႔ေတာင္ သတ္မွတ္ရမယ္။ ဘာစီလုိနာအသင္းနဲ႔အတူ Tiki-Taka ကစားဟန္ကုိ ခ်ျပခဲ့သူ ဂြါဒီယုိလာဟာ ၂၀၀၉ ခုႏွစ္တုနး္က (၁)ႏွစ္အတြင္း ဆုဖလား(၉)ခုအထိ ရယူခဲ့ၿပီး အဲဒီမွတ္တမ္းကုိ ဘယ္နည္းျပကမွ မယူႏုိင္ေသးဘူး။ ၁၉၉၁-၉၂ ရာသီမွာ ဘာစီလုိနာအသင္း သမုိင္းတစ္ေလွ်ာက္ ပထမဆုံး ဥေရာပဖလား(ခ်န္ပီယံလိဂ္)ကုိ ရယူခဲ့စဥ္က ဂြါဒီယုိလာဟာ အဓိက ကစားသမားအျဖစ္ ပါ၀င္ခဲ့သလုိ နည္းျပဘ၀မွာလည္း ဘာစီလုိနာအသင္းအတြက္ ခ်န္ပီယံလိဂ္ဖလား (၂)ႀကိမ္ ရယူေပးခဲ့တယ္။

Player – European Cup: 1991–92 (Barcelona)
Coach – UEFA Champions League: 2008–09, 2010–11 (Barcelona)

၇ . ယုိဟန္ခ႐ုိက္ဖ္ Johan Cruyff

Johan-Cruyff

Johan-Cruyff

နယ္သာလန္အသင္းနဲ႔ ဘာစီလုိနာအသင္းအတြက္ ထာ၀ရ သူရဲေကာင္းတစ္ဦးအျဖစ္ သတ္မွတ္ခံထားရသူပါ။ တစ္ခုရွိတာက ယုိဟန္ခ႐ုိက္ဖ္မွာ ကစားသမားဘ၀တုန္းက ဘာစီလုိနာအသင္းနဲ႔ ေအာင္ျမင္မႈ သိပ္မရေပမယ့္ နည္းျပဘ၀မွာေတာ့ သမုိင္း၀င္ေအာင္ျမင္မႈေတြ ရယူႏုိင္ခဲ့တယ္။ ကစားသမားဘ၀မွာ ေအဂ်က္စ္အသင္းနဲ႔အတူ ဥေရာပဖလား(ခ်န္ပီယံလိဂ္) (၃)ႀကိမ္ရရွိခဲ့ၿပီး နညး္ျပဘ၀မွာေတာ့ ဘာစီလုိနာအသင္းအတြက္ ပထမဆုံး ဥေရာပဖလားကုိ ရယူေပးခဲ့ပါတယ္။

Player -European Cup: 1970–71, 1971–72, 1972–73 (Ajax)
Coach – European Cup 1991–92 (Barcelona)

REF:sportskeeda
Photo:squawka, football or whatever
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ချန်ပီယံလိဂ်ဖလားကို ကစားသမား/နည်းပြအဖြစ်ပါ ရယူခဲ့သူများ (၂)

ချန်ပီယံလိဂ်ဖလားကို ကစားသမားအဖြစ်သာမက နည်းပြအဖြစ်ပါ ရယူခဲ့တဲ့ (၇)ဦးထဲက (၄)ဦးကို အပိုင်း(၁)အဖြစ် ဖော်ပြခဲ့ပြီး အခုက အပိုင်း(၂)ကို ဆက်လက်ဖော်ပြထားတာဖြစ်ပါတယ် . . .

၅. ထရာပတ်တိုနီ Trapattoni

Trapattoni

Trapattoni

ဒီနေ့ခေတ်မှာတော့ ထရာပတ်တိုနီရဲ့ နာမည်က သိပ်ပြီး မထင်ရှားတော့ပေမယ့် တစ်ချိန်တုန်းက သူဟာ အီတလီဘောလုံးလောကမှာ လေးစားခံရတဲ့ သူတစ်ဦးပါပဲ။ နောက်ခံလူတစ်ဦးဖြစ်တဲ့ ထရာပတ်တိုနီဟာ အေစီမီလန်အသင်းမှာ (၁၂)ရာသီကြာ ကစားခဲ့ပြီး ၁၉၆၃၊ ၁၉၆၉ ခုနှစ်တွေမှာ ဥရောပဖလား(ချန်ပီယံလိဂ်) ဆွတ်ခူးခဲ့တယ်။ နည်းပြဘဝမှာတော့ ဂျူဗင်တပ်စ်အသင်းနဲ့ ၁၉၈၄-၈၅ ရာသီမှာ ချန်ပီယံဆုဖလား ရရှိခဲ့ပါတယ်။

Player – European Cup: 1963, 1969 (A.C. Milan)
Coach – European Cup: 1984–85 (Juventus)

၆.ဂွါဒီယိုလာ Pep Guardiola

Guardiola

Guardiola

မော်ဒန်ဘောလုံးလောကမှာ အောင်မြင်မှု အများဆုံး နည်းပြတစ်ဦးလို့တောင် သတ်မှတ်ရမယ်။ ဘာစီလိုနာအသင်းနဲ့အတူ Tiki-Taka ကစားဟန်ကို ချပြခဲ့သူ ဂွါဒီယိုလာဟာ ၂၀၀၉ ခုနှစ်တုန်းက (၁)နှစ်အတွင်း ဆုဖလား(၉)ခုအထိ ရယူခဲ့ပြီး အဲဒီမှတ်တမ်းကို ဘယ်နည်းပြကမှ မယူနိုင်သေးဘူး။ ၁၉၉၁-၉၂ ရာသီမှာ ဘာစီလိုနာအသင်း သမိုင်းတစ်လျှောက် ပထမဆုံး ဥရောပဖလား(ချန်ပီယံလိဂ်)ကို ရယူခဲ့စဉ်က ဂွါဒီယိုလာဟာ အဓိက ကစားသမားအဖြစ် ပါဝင်ခဲ့သလို နည်းပြဘဝမှာလည်း ဘာစီလိုနာအသင်းအတွက် ချန်ပီယံလိဂ်ဖလား (၂)ကြိမ် ရယူပေးခဲ့တယ်။

Player – European Cup: 1991–92 (Barcelona)
Coach – UEFA Champions League: 2008–09, 2010–11 (Barcelona)

၇ . ယိုဟန်ခရိုက်ဖ် Johan Cruyff

Johan-Cruyff

Johan-Cruyff

နယ်သာလန်အသင်းနဲ့ ဘာစီလိုနာအသင်းအတွက် ထာဝရ သူရဲကောင်းတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူပါ။ တစ်ခုရှိတာက ယိုဟန်ခရိုက်ဖ်မှာ ကစားသမားဘဝတုန်းက ဘာစီလိုနာအသင်းနဲ့ အောင်မြင်မှု သိပ်မရပေမယ့် နည်းပြဘဝမှာတော့ သမိုင်းဝင်အောင်မြင်မှုတွေ ရယူနိုင်ခဲ့တယ်။ ကစားသမားဘဝမှာ အေဂျက်စ်အသင်းနဲ့အတူ ဥရောပဖလား(ချန်ပီယံလိဂ်) (၃)ကြိမ်ရရှိခဲ့ပြီး နည်းပြဘဝမှာတော့ ဘာစီလိုနာအသင်းအတွက် ပထမဆုံး ဥရောပဖလားကို ရယူပေးခဲ့ပါတယ်။

Player -European Cup: 1970–71, 1971–72, 1972–73 (Ajax)
Coach – European Cup 1991–92 (Barcelona)

REF:sportskeeda
Photo:squawka, football or whatever
Naing Linn(Akhayar)
www.akhayar.com