[Zawgyi]

ခ်န္ပီယံလိဂ္ဖလားကုိ ကစားသမား/နည္းျပအျဖစ္ပါ ရယူခဲ့သူမ်ား (၁)

ခ်န္ပီယံလိဂ္ဖလား ဆြတ္ခူးႏုိင္ခဲ့ရင္ ကစားသမားတစ္ဦးအတြက္ ႀကီးမားတဲ့ ေအာင္ျမင္မႈ၊ တစ္ႀကိမ္မက ရယူႏုိင္ခဲ့ရင္ ဂႏၳ၀င္အျဖစ္ သတ္မွတ္ခံရမယ္။ ကစားသမားဘ၀မွာသာမက နည္းျပဘ၀မွာပါ ခ်န္ပီယံလိဂ္ ဖလား ရခဲ့ရင္ေတာ့ Greatest စာရင္းထဲမွာ ထည့္ရေတာ့မယ္။ ခ်န္ပီယံလိဂ္ကုိ ကစားသမားဘ၀မွာသာမက နည္းျပအျဖစ္ ရယူႏုိင္ခဲ့သူေတြဆုိတာက လက္ခ်ိဳးေရလုိ႔ရၿပီး စုစုေပါင္း (၇)ေယာက္သာ ရွိပါေသးတယ္။ အဲဒီလုိ သမုိင္း၀င္ မွတ္တိုင္ စုိက္ထူခဲ့သူေတြက ဘယ္သူေတြမ်ားလဲ . .

၁. ဇီဒန္း Zidane

Zidane

Zidane

သူ႔ေခတ္သူ႔အခါမွေတာ့ အေကာင္းဆုံးလုိ႔ ေျပာရမယ့္သူက ဇီဒန္းပါပဲ။ ၂၀၀၁-၀၂ ရာသီ ခ်န္ပီယံလိဂ္ဗုိလ္လုပဲြမွာ လွပတဲ့ Volley ကန္ခ်က္နဲ႔ ရီးယဲလ္အသငး္အတြက္ အႏုိင္ဂုိးသြငး္ခဲ့သူ ဇီဒန္းဟာ ခ်န္ပီယံလိဂ္ဖလားကုိ ကစားသမားဘ၀မွာ (၁)ႀကိမ္၊ နည္းျပဘ၀မွာ (၃)ႀကိမ္ဆက္ ရယူခဲ့ၿပီး ခ်န္ပီယံလိဂ္သမုိင္းတစ္ေလွ်ာက္ စံခ်ိန္ျဖစ္ခဲ့တယ္။

Player – UEFA Champions League: 2001–02 (Real Madrid)
Coach – UEFA Champions League: 2015–16, 2016–17, 2017–18 (Real Madrid)

၂. အန္ဆယ္ေလာ့တီ Ancelotti

Ancelotti

Ancelotti

ခ်န္ပီယံလိဂ္ဖလားကုိ ကစားသမား/နည္းျပဘ၀မွာ (၅)ႀကိမ္အထိ ရယူခဲ့သူျဖစ္ပါတယ္။ ေအစီမီလန္အသင္းရဲ႕ ဂႏၳ၀င္ ကြင္းလယ္လူအျဖစ္သာမက ဂႏၳ၀င္နည္းျပအျဖစ္ မွတ္တမ္း၀င္ထားတ့ဲ အန္ဆယ္ေလာ့တီဟာ ခ်န္ပီယံလိဂ္ (ဥေရာပဖလား)ကုိ ေအစီမီလန္ကစားသမားဘ၀မွာ (၂)ႀကိမ္၊ နည္းျပဘ၀မွာ ေအစီမီလန္နဲ႔ (၂)ႀကိမ္၊ ရီးယဲလ္အသင္းနဲ႔(၁)ႀကိမ္ ရရွိခဲ့တယ္။

Player – European Cup: 1988–89, 1989–90 (AC Milan)
Coach – UEFA Champions League: 2002–03, 2006–07 (AC Milan)

၃. မီဂြယ္လ္မူေနာ႔ဇ္ Miguel Munoz

Miguel-Munoz

Miguel-Munoz

ဥေရာပေဘာလုံးေလာကကုိ ရီးယဲလ္အသငး္ စတင္လႊမ္းမုိးခဲ့တဲ့ ၁၉၅၀ ကာလေတြမွာ မီဂြယ္လ္မူေနာ႔ဇ္က ရီးယဲလ္အသင္းရဲ႕ အဓိက အခန္းက႑မွာ ပါ၀င္ခဲ့တယ္။ ဥေရာပဖလား(ခ်န္ပီယံလိဂ္)မွာ ၿပိဳင္ပဲြရဲ႕ပထမဆုံးဂုိးကုိ သြင္းယူခဲ့သူအျဖစ္ မွတ္တမ္း၀င္ခဲ့တဲ့ မီဂြယ္လ္မူေနာ႔ဇ္ဟာ ကစားသမားဘမွာ ရီးယဲလ္အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ဖလားကုိ (၃)ႀကိမ္ဆက္ ရယူခဲ့သလုိ နည္းျပဘ၀မွာလည္း ရီးယဲလ္အသင္းနဲ႔ (၂)ႀကိမ္ ရယူခဲ့တယ္။

Player – European Cup: 1955–56, 1956–57, 1957–58 (Real Madrid)
Coach – European Cup: 1959–60, 1965–66 (Real Madrid)

၄. ရီကတ္ Rijkaard

Rijkaard

Rijkaard

ရီကတ္ဟာ ဒတ္ခ်္ေဘာလုံးသမုိင္းမွာ ေအာင္ျမင္မႈ အမ်ားဆုံးကစားသမားတစ္ဦးအျဖစ္ သတ္မွတ္ခံခ့ဲရၿပီး ကစားသမားဘ၀မွွာ ေအဂ်က္စ္၊ ေအစီမီလန္အသင္းေတြနဲ႔အတူ ခ်န္ပီယံလိဂ္(ဥေရာပဖလား) (၃)ႀကိမ္အပါအ၀င္ ဆုဖလား(၂၂)ခုအထိ ရယူခဲ့တယ္။ နည္းျပဘ၀မွာလည္း ဘာစီလုိနာအသင္းနဲ႔အတူ ၂၀၀၅-၀၆ ရာသီမွာ ခ်န္ပီယံလိဂ္ဖလား ရယူႏုိင္ခဲ့ပါတယ္။

Player – UEFA Champions League: 1994–95 (Ajax)၊ European Cup (2): 1988–89, 1989–90 (AC Milan)
Coach – UEFA Champions League: 2005–06 (Barcelona)

ပရိသတ္ႀကီးေရ .. ခ်န္ပီယံလိဂ္ဖလားကုိ ကစားသမားဘ၀နဲ႔ နည္းျပအျဖစ္ ရယူႏုိင္ခဲ့သူ (၇)ဦးထဲက (၄)ဦးကုိ အပုိင္း(၁)အေနနဲ႔ ေဖာ္ျပလုိက္ပါတယ္။ က်န္တဲ့သူေတြကုိလည္း ဆက္လက္ေဖာ္ျပသြားမွာပါ . . .

REF:sportskeeda
Photo:thesefootballtimes,Soccer, football or whatever,Goal.com
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ချန်ပီယံလိဂ်ဖလားကို ကစားသမား/နည်းပြအဖြစ်ပါ ရယူခဲ့သူများ (၁)

ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့ရင် ကစားသမားတစ်ဦးအတွက် ကြီးမားတဲ့ အောင်မြင်မှု၊ တစ်ကြိမ်မက ရယူနိုင်ခဲ့ရင် ဂန္ထဝင်အဖြစ် သတ်မှတ်ခံရမယ်။ ကစားသမားဘဝမှာသာမက နည်းပြဘဝမှာပါ ချန်ပီယံလိဂ် ဖလား ရခဲ့ရင်တော့ Greatest စာရင်းထဲမှာ ထည့်ရတော့မယ်။ ချန်ပီယံလိဂ်ကို ကစားသမားဘဝမှာသာမက နည်းပြအဖြစ် ရယူနိုင်ခဲ့သူတွေဆိုတာက လက်ချိုးရေလို့ရပြီး စုစုပေါင်း (၇)ယောက်သာ ရှိပါသေးတယ်။ အဲဒီလို သမိုင်းဝင် မှတ်တိုင် စိုက်ထူခဲ့သူတွေက ဘယ်သူတွေများလဲ . .

၁. ဇီဒန်း Zidane

Zidane

Zidane

သူ့ခေတ်သူ့အခါမှတော့ အကောင်းဆုံးလို့ ပြောရမယ့်သူက ဇီဒန်းပါပဲ။ ၂၀၀၁-၀၂ ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ လှပတဲ့ Volley ကန်ချက်နဲ့ ရီးယဲလ်အသင်းအတွက် အနိုင်ဂိုးသွင်းခဲ့သူ ဇီဒန်းဟာ ချန်ပီယံလိဂ်ဖလားကို ကစားသမားဘဝမှာ (၁)ကြိမ်၊ နည်းပြဘဝမှာ (၃)ကြိမ်ဆက် ရယူခဲ့ပြီး ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် စံချိန်ဖြစ်ခဲ့တယ်။

Player – UEFA Champions League: 2001–02 (Real Madrid)
Coach – UEFA Champions League: 2015–16, 2016–17, 2017–18 (Real Madrid)

၂. အန်ဆယ်လော့တီ Ancelotti

Ancelotti

Ancelotti

ချန်ပီယံလိဂ်ဖလားကို ကစားသမား/နည်းပြဘဝမှာ (၅)ကြိမ်အထိ ရယူခဲ့သူဖြစ်ပါတယ်။ အေစီမီလန်အသင်းရဲ့ ဂန္ထဝင် ကွင်းလယ်လူအဖြစ်သာမက ဂန္ထဝင်နည်းပြအဖြစ် မှတ်တမ်းဝင်ထားတဲ့ အန်ဆယ်လော့တီဟာ ချန်ပီယံလိဂ် (ဥရောပဖလား)ကို အေစီမီလန်ကစားသမားဘဝမှာ (၂)ကြိမ်၊ နည်းပြဘဝမှာ အေစီမီလန်နဲ့ (၂)ကြိမ်၊ ရီးယဲလ်အသင်းနဲ့(၁)ကြိမ် ရရှိခဲ့တယ်။

Player – European Cup: 1988–89, 1989–90 (AC Milan)
Coach – UEFA Champions League: 2002–03, 2006–07 (AC Milan)

၃. မီဂွယ်လ်မူနော့ဇ် Miguel Munoz

Miguel-Munoz

Miguel-Munoz

ဥရောပဘောလုံးလောကကို ရီးယဲလ်အသင်း စတင်လွှမ်းမိုးခဲ့တဲ့ ၁၉၅၀ ကာလတွေမှာ မီဂွယ်လ်မူနော့ဇ်က ရီးယဲလ်အသင်းရဲ့ အဓိက အခန်းကဏ္ဍမှာ ပါဝင်ခဲ့တယ်။ ဥရောပဖလား(ချန်ပီယံလိဂ်)မှာ ပြိုင်ပွဲရဲ့ပထမဆုံးဂိုးကို သွင်းယူခဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ မီဂွယ်လ်မူနော့ဇ်ဟာ ကစားသမားဘမှာ ရီးယဲလ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကို (၃)ကြိမ်ဆက် ရယူခဲ့သလို နည်းပြဘဝမှာလည်း ရီးယဲလ်အသင်းနဲ့ (၂)ကြိမ် ရယူခဲ့တယ်။

Player – European Cup: 1955–56, 1956–57, 1957–58 (Real Madrid)
Coach – European Cup: 1959–60, 1965–66 (Real Madrid)

၄. ရီကတ် Rijkaard

Rijkaard

Rijkaard

ရီကတ်ဟာ ဒတ်ချ်ဘောလုံးသမိုင်းမှာ အောင်မြင်မှု အများဆုံးကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပြီး ကစားသမားဘဝမှာ အေဂျက်စ်၊ အေစီမီလန်အသင်းတွေနဲ့အတူ ချန်ပီယံလိဂ်(ဥရောပဖလား) (၃)ကြိမ်အပါအဝင် ဆုဖလား(၂၂)ခုအထိ ရယူခဲ့တယ်။ နည်းပြဘဝမှာလည်း ဘာစီလိုနာအသင်းနဲ့အတူ ၂၀၀၅-၀၆ ရာသီမှာ ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့ပါတယ်။

Player – UEFA Champions League: 1994–95 (Ajax)၊ European Cup (2): 1988–89, 1989–90 (AC Milan)
Coach – UEFA Champions League: 2005–06 (Barcelona)

ပရိသတ်ကြီးရေ .. ချန်ပီယံလိဂ်ဖလားကို ကစားသမားဘဝနဲ့ နည်းပြအဖြစ် ရယူနိုင်ခဲ့သူ (၇)ဦးထဲက (၄)ဦးကို အပိုင်း(၁)အနေနဲ့ ဖော်ပြလိုက်ပါတယ်။ ကျန်တဲ့သူတွေကိုလည်း ဆက်လက်ဖော်ပြသွားမှာပါ . . .

REF:sportskeeda
Photo:thesefootballtimes,Soccer, football or whatever,Goal.com
Naing Linn(Akhayar)
www.akhayar.com