[Zawgyi]



Travel Agent


ရှေ့နေ




Admin တွေ


သိပ္ပံပညာရှင်တွေ



မားကက်တင်းနဲ့ PR တွေ





Ref# www.brightside.me

ဂျူဂျူး(အခရာ)

www.akhayar.com

[Unicode]

“ငါတော့ ဒီအလုပ်ရောက်မှ ဝလာတယ်” “ကျောင်းတုန်းကပိန်ပိန်လေးနော် ခုဘယ်လိုဖြစ်သွားတာတုန်း”  ဆိုတာမျိုးတွေ ကြားဖူးကြမှာပါ။ ကိုယ်ရွေးချယ်လိုက်တဲ့ တချို့သောအလုပ်တွေက စားချိန် အိပ်ချိန်မမှန်တာတွေ စိတ်ဖိစီးမှုများလွန်းတာတွေကြောင့် ဝဖီးလာတတ်ကြပါတယ်။

အခုဖော်ပြပေးမယ့် အလုပ်တွေကတော့ လူကိုဝစေတဲ့အလုပ်တွေထဲ ထိပ်ဆုံးကရှိနေတာတွေပါ။

Travel Agent

သွားလာလှုပ်ရှားနေရတဲ့အလုပ်ဆိုပြီး ဝိတ်တက်စရာမရှိပါဘူး မထင်လေနဲ့။ လုံးဝမှားသွားပါလိမ့်မယ်။ Customer တစ်ယောက်ချင်းစီရဲ့ လိုအပ်ချက်ကိုဖြည့်ဆည်းရတယ် ၊ စိတ်ဖိစီးမှုတွေများတယ် ၊ အိပ်ချိန် စားချိန်မမှန်ဘူး ၊ ကောင်းကောင်းမနားရဘူး ၊ Complain ဘယ်လိုတက်လာမလဲ ကြောက်နေရတယ် စတဲ့ စတဲ့ အချက်တွေကြောင့် ဒီအလုပ်လုပ်ကိုင်သူတွေဟာ ဝလာတတ်ပါတယ်။

ရှေ့နေ

ရှေ့နေအလုပ်ဟာ စဉ်းစားတွေးတောရတာတွေ ၊ စိတ်ဖိစီးမှုတွေ ၊ ဖိအားတွေ များလွန်းတာကြောင့် သင့်တော်တဲ့အားကစားမလုပ်ဘူးဆိုရင် အရွယ်လည်းကျ ဝလည်းဝလာတတ်တယ်လို့ ဆိုပါတယ်။ စားချိန် နားချိန် သတိပြုပေးဖို့လိုပါတယ်။

ဗိသုကာပညာရှင် ၊ ဒီဇိုင်နာ ၊ အနုပညာလက်ရာဖန်တီးသူ

Graphic Designer တွေ ၊ ဗိသုကာပညာရှင်တွေ ၊ Artist အနေနဲ့ ရပ်တည်တဲ့သူတွေဟာ လျှောက်သွားလျှောက်လာနေရတာမျိုးမရှိဘဲ ထိုင်ပြီးဦးနှောက်သုံးလုပ်နေရတာပါ။ သူတို့တွေဟာကိုယ်လက်လှုပ်ရှားမှုနည်းတာကြောင့် အချိန်ကြာလာတာနဲ့အမျှ ဝလာတတ်ပါတယ်။

Admin တွေ

ရုံးက Admin တွေထိုင်နေရတယ်ဆိုပြီး သက်သာမယ်လို့မထင်လိုက်လေနဲ့။ သူတို့တွေမှာ နေ့စဉ်လို စိတ်ဖိစီးမှုတွေရှိပါတယ်။ ကွန်ပျူတာရှေ့ထိုင်ပြီး နေ့လယ်စာစားဖို့ မအားလပ်တာတွေမျိုးတွေရှိကြတာမို့ သူတို့ကိုယ်အလေးချိန် တိုးတိုးလာတာကို အပြစ်မဆိုသာပါဘူး။

သိပ္ပံပညာရှင်တွေ

သိပ္ပံပညာရှင်ကြီး ဖြစ်ချင်လှချည့်ဆိုပြီး အားသာချက်တွေပဲ တွေးမနေနဲ့ဦးနော်။ အလုပ်ထဲစိတ်နစ်သွားချိန်ကျ စားဖို့သောက်ဖို့မေ့သွားတာမျိုးတွေ မုချဖြစ်ကြတယ်တဲ့။ စားချိန် အိပ်ချိန်မမှန်တာတွေက သူတို့ကိုဝလာစေပါတယ်။ NASA မှာတော့ အလုပ်ချိန်အတွင်းကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့ အထူးတိုက်တွန်းအားပေးတယ်လို့ဆိုပါတယ်။

မားကက်တင်းနဲ့ PR တွေ

Marketing သမားတွေက သွားလာရတာမှန်ပေမယ့် သူတို့က ဝတာထက်ပိုဆိုးပါတယ်။ အစည်းအဝေးတွေ ၊ Client နဲ့ချိန်းဆိုထားတဲ့အချိန်တွေကြားမှာ စားချိန်မမှန်ဘဲ အစာအိမ်ရောဂါရလာတတ်ပါတယ်။ ဖြစ်သလို စားလိုက်ရတာတွေကြောင့် ဝဖို့အခွင့်အလမ်းများပြားနေတာပါ။

IT သမားတွေ ၊ Content သမားတွေ

IT Professional အဖြစ်ရပ်တည်မယ်ဆိုရင်တော့ Gym တစ်ခုခုမှာ Member ဝင်မှဖြစ်တော့မယ်လို့သာ တွေးထားပေတော့။ ကွန်ပျူတာရှေ့ထိုင်ပြီး နေ့ည မသိ လုပ်နေရတဲ့ ဒီအလုပ်က သုံးလလောက်နဲ့ ဖက်တီးတစ်ယောက်ဖြစ်သွားစေနိုင်ပါတယ်။ Website နဲ့ Page တွေမှာ စာတွေရေးနေရတဲ့ Content သမားတွေဟာလည်း အထိုင်များသူတွေဖြစ်တာမို့ အညောင်းမိလာ ဝလာတတ်ပါတယ်။

ဒီတော့ ဒီအလုပ်တွေကိုရွေးမယ်ဆိုရင် ကျန်းမာရေးကိုပိုဂရုစိုက်ဖို့ ကိုယ်လက်လှုပ်ရှားမှုအတွက် သီးသန့်အချိန်ပေးဖို့ စဉ်းစားထားသင့်ပါတယ်နော်။

Ref# www.brightside.me

ဂျူဂျူး(အခရာ)

www.akhayar.com