အခရာပရိသတ် ပစ္စည်းကောင်းကြိုက်တတ်တဲ့ ကွီးတို့ရေ…နွေရာသီရောက်ပြီဆိုတော့ ရေကူးတဲ့ သူတွေ ကူးကြ၊ ကမ်းခြေခရီးထွက်တဲ့ သူတွေ ထွက်ကြ၊ ရေမကူးရင်တောင် ပူလွန်းလို့ ရေစိမ်တဲ့ သူတွေ ရှိလာပြီဆိုတော့ ရေစိုခံ Gadget လေးတွေလည်း လိုလာပြီပေါ့။

အရင်လို ရေဒီတိုင်းကြီး ကူးတာထက် ခုခေတ်က ရေအောက်ထဲ ဓာတ်ပုံရိုက်ချင်တယ်၊ ရေကူးရင်း သီချင်းနားထောင်ချင်တယ်တွေ ပိုလာပြီလေ။ ပြဿနာက အီလက်ထရောနစ်ပစ္စည်းတော်တော်များများဟာ ရေနဲ့ ထိရင် ပျက်စီးကြတာဆိုတော့ Waterproof တွေ ၊ Water-Resistant ဆိုတဲ့ ပစ္စည်းတွေ ရှာဝယ်ရတော့တာပဲ။ ဒီထဲကမှ အခရာက တွေ့မိသမျှ Gadget ကောင်းနိုးရာရာတွေအကြောင်းကို မျှဝေပေးလိုက်ပါတယ်။

 

1. Waterproof Speaker

a-waterproof-speaker

ရေကူးကန်နား၊ ရေတွေ စိုတဲ့ နေရာနား Speaker ထားရတယ်ဆိုတာ အတော်ကို မလွယ်တဲ့ ကိစ္စပါ။ ပုံမှန်ဆိုရင် ရေကူးကန်ထဲမှာ ရှိတုန်း သီချင်းကို ကျယ်ကျယ်လောင်လောင် ကြည်ကြည်လင်လင်လည်း ကြားချင်တယ်၊ ရေမစိုလောက်တဲ့ အကွာအဝေးလောက်မှာလည်း ထားရမယ်ဆိုတာ အတော်ကို မလွယ်တဲ့ ကိစ္စပါ။

JBL ရဲ့ Charge 3 speaker ကတော့ ရေစိုခံ Speaker တွေထဲက အကောင်းဆုံးတစ်ခုပါပဲ။ ရေထဲလုံးဝနီးပါးနစ်မြုပ်သွားတဲ့ အချိန်မှာတောင် Music က ဆက်လာနေဦးမှာ ဖြစ်ပြီး ရွေးချယ်စရာ အရောင်တောက်တောက်ပပ အမျိုးမျိုးလည်း ရှိတဲ့အတွက် မတော်တဆ ပျောက်ဆုံးခဲ့ရင်တောင် ရှာဖွေရလွယ်ကူစေပြီး အတော်ကို အဆင်ပြေစေပါတယ်။ JBL Charge 3 ကို Amazon မှာ $109 လောက်နဲ့ မှာယူရရှိနိုင်ပါတယ်။

 

2. Waterproof Headphones

waterproof-headphones

အပြေးသမားတွေ နားကြပ်လေးတပ်ပြီး ပျော်ပျော်ရွှင်ရွင်ပြေးနေနိုင်ကြတယ်ဆိုတာ တကယ်တော့ ဂီတရဲ့ စွမ်းအားကြောင့်လည်း ပါပါတယ်ခင်ဗျာ။ ဒါမျိုးကို ရေကူးရင်း နားဆင်ရရင်ရောလို့ တွေးကြည့်ဖူးပါသလား။ ဒါဆိုရင်တော့ waterproof headphones တစ်စုံဟာ နွေရာသီ ဝယ်ရမယ့် ပစ္စည်းစာရင်းထဲ ထည့်ရတော့မှာပါ။

ဒီအတွက် Swimbuds ရှိနေပါတယ်။ Swimbuds ဆိုတာ Waterproof Headphones Type ဖြစ်ပြီးတော့ နားကြပ်ခေါင်းပုံစံ ၄မျိုးနဲ့လာတဲ့အတွက် ခင်ဗျားနားနဲ့ ကိုက်ညီတဲ့ ပုံကိုရွေးချယ်တပ်ဆင်လို့ ရပါတယ်။ ပြီးတော့ Swimbuds ရဲ့ Air Seal ဟာလည်း အတော်ကို အရည်အသွေးမြင့်မြင့်ပြုလုပ်ထားတဲ့အတွက် တပ်ထားလိုက်ပြီဆိုတာနဲ့ နားထဲကို ရေဝင်စရာလည်း ဘာအကြောင်းမှ မရှိတော့ပါဘူး။

ပြီးတော့ သူ့ရဲ့ အားသာချက်က နားကြပ်ကြိုးတိုတဲ့အတွက် ရေကူးရာမှာ အနှောက်အယှက်မဖြစ်စေဘူးပေါ့။ ဒါပေမယ့် ခင်ဗျားက Music player ကို ခါးနားလောက်မှာ ချိတ်ဆွဲပြီးမှ နားထောင်ချင်ပါတယ်ဆိုရင်လည်း သုံးပေ ရှည်တဲ့ နားကြပ်ကြိုးအပိုတစ်ချောင်းကို ထည့်ပေးထားတဲ့အတွက် ဘာမှ ပူစရာမရှိတော့ပါဘူး။

Swimbuds Sport Waterproof Headphones ကိုတော့ $40~$70 ကြားနဲ့ Amazon မှာ ရရှိနိုင်ပါတယ်။

 

3. Waterproof Phone Case

waterproof phone case

ကျွန်တော်အပါအဝင် လူတော်တော်များများအတွက်တော့ ဖုန်းဆိုတာ ဘဝရဲ့ အရေးအပါဆုံး နည်းပညာပစ္စည်းတွေထဲက တစ်ခုနဲ့ အသုံးအများဆုံး ပစ္စည်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ကံဆိုးစွာပဲ ဖုန်းတော်တော်များများဟာလည်း ရေနဲ့ ဓာတ်မတည့်ပဲ ကမ်းခြေ၊ ရေကူးကန်သွားမယ်ဆို ဝေးဝေးထားခဲ့ရတာ များပါတယ်။

ဒီအခက်အခဲတွေအတွက် Lifeproof ရဲ့ FRE ဆိုတဲ့ ရေစိုခံဖုန်း Cover/ Case က ကူညီနိုင်ပါတယ်။ ဒီ Cover ဟာ အများဆုံး ခြောက်ပေလောက်ရှိတဲ့ ရေထဲမှာ တစ်နာရီလောက်ထိ ဖုန်းကို လုံခြုံအောင်၊ မပျက်စီးအောင် ကာကွယ်ပေးထားနိုင်ပါတယ်။ Plastic အမာနဲ့ ပြုလုပ်ထားပြီး ရေကူးသမားတွေ၊ Beach သွားရတာ ကြိုက်တဲ့ သူတွေကတော့ ယူကို ယူသွားရမယ့် Gadget တစ်ခုထဲမှာ ပါပါတယ် ခင်ဗျာ။ Lifeproof Fre iPhone 7  နဲ့ iPhone 7 Plus Waterproof Case ကို $50 ကနေ $ 65 လောက်နဲ့ Amazon မှာ ရရှိနိုင်ပါတယ်။

 

4. Waterproof MP3 Player

a-waterproof-mp3-player

ဖုန်းတွေဟာ တဖြည်းဖြည်း ရေစိုခံဖြစ်ဖို့ နီးစပ်လာသလို ရေစိုခံဖုန်း Cover တွေလည်း တစ်နေ့တခြားများများလာပေမယ့် ရေထဲမှာ သီချင်းနားထောင်ဖို့ဆိုရင်တော့ MP3 Player အသေးလေးကသာ ဖုန်းထက် ပိုပြီး သင့်တော်ပါတယ်။

တကယ်တော့ MP3 Player ဆိုတာကို ဖုန်းပေါ်က Music App တွေက အစားထိုးခဲ့တာ ကြာပါပြီ။ ဒါပေမယ့် ဒီ Waterproof iPod Shuffle လေးကတော့ ခုလို အခြေအနေမျိုးမှာ အသုံးဝင်နေဆဲပါပဲ။ Storage အများကြီးမပါပေမယ့် Screen မျက်နှာပြင်ပေါ်မှာ Playlist မပြနိုင်ပေမယ့် သီချင်း ဒါမှမဟုတ် Audio Books နဲ့ Podcasts တွေ ရာချီပြီး ထည့်နေနိုင်ဆဲပါ။ အပေါ်က ပြောခဲ့တဲ့ Swimbuds လေးနဲ့ဆိုရင်တော့ ဒါလေးက ကွက်တိပါပဲ။ Underwater Audio Waterproof iPod Shuffle ကိုတော့ $125 လောက်နဲ့ Amazon မှာ ရရှိနိုင်ပါတယ်။

 

You May Also Like : “နားကြပ်ကောင်းမှ သီချင်းကောင်းမှာနော်

 

5. Underwater Camera

gopro-hero4-session

ဒီနှစ်နွေရာသီမှာ ရေလည်းကူးရင်း၊ ခင်ဗျားတို့ရဲ့ ပျော်ရွှင်ကြည်နူးနေတဲ့ ပုံရိပ်တွေကိုလည်း မှတ်တမ်းတင်ထားချင်တယ်ဆိုရင်တော့ Camera ကောင်းကောင်းတစ်လုံးရှိဖို့ လိုနေပြီပေါ့ဗျာ။

ဒီအတွက် Go Pro ရဲ့ Hero Session Camera ရှိပါတယ်၊ သူက ပေါ့ပါးပြီး ရေအောက်အနက် ၃၃ ပေအထိ ရေစိုခံပါတယ်။ Session Camera မှာ ရိုးရှင်းတဲ့ One-button Design ဖြစ်ပြီး ဓာတ်ပုံတွေကိုရော၊ Video တွေပါ လွယ်ကူစွာ ရိုက်နိုင်ပါတယ်။

ကျွန်တော်တို့ အများစုက ဓာတ်ပုံရိုက်ရင် ဖုန်းနဲ့သာ ရိုက်လေ့များပေမယ့် တကယ့်စွန့်စားခန်း၊ တောလမ်း၊ ရေလမ်းခရီးသွားမယ်ဆိုရင်တော့ ခင်ဗျားရဲ့ ဖုန်းအကောင်းစားဟာ ကွဲရှနိုင်မှာမို့ မသုံးတာ ကောင်းပါတယ်။ အဲဒီအစား Go Pro ရဲ့ Hero Session ကိုသာ ခင်ဗျားရဲ့ စက်ဘီး ဒါမှမဟုတ် Helmet မှာ တပ်ဆင်ပြီး တခြားသူငယ်ချင်းတွေကို ကိုယ့်စွန့်စားခန်းတွေရဲ့ First Person View ကိုသာ ပတ်ကြွားလိုက်ပါတော့။ Go Pro- Hero Session ရဲ့ ဈေးကတော့ Amazon မှာ $149 လောက်ပေါက်ပါတယ်။

6. Waterproof Fitness Tracker

a-waterproof-fitness-tracker

Apple Watch ဟာ Waterproof ဖြစ်ပြီးတော့ ရေကူးကန် ဒါမှ မဟုတ် ရေချိုးတဲ့ အချိန်အဆင်ပြေတယ်ဆိုပေမယ့် ရေအောက်မှာ လုပ်မယ့် စွန့်စားခန်းတွေအတွက် ရိုးရှင်းပေါ့ပါးပြီး Fitness ကို တကယ်အဓိကထားတဲ့ လက်ပတ်ကို ရွေးချယ်မယ်ဆိုရင်တော့ Garmin Vivosmart က ပိုပြီးကောင်းတဲ့ ရွေးချယ်မှုဖြစ်ပါလိမ့်မယ်။

အနက်ပေ ၁၅၀ ထိရေစိုခံပြီး ရေငုပ်ခြင်းနဲ့ Deep Diving တွေထိလုပ်ဖို့ ဆုံးဖြတ်ထားတယ်ဆိုရင်တော့ ဒီဟာက အသင့်တော်ဆုံးပါပဲ။ Garmin Vivosmart HR Activity Tracker ကိုတော့ $100 လောက်နဲ့ Amazon မှာ ရရှိနိုင်ပါတယ်။

 

7. အခြားရေစိုမခံတဲ့ ပစ္စည်းတွေအတွက် ရေစိုခံအိတ်

protection-for-your-non-waterproof-devices

ရေစိုခံဖုန်း Cover၊ နားကြပ်၊ Speaker တွေ၊ MP3 Player တွေ ရှိပြီပဲ ထားပါဦး၊ ခင်ဗျားရဲ့ တခြား ရေစိုမခံတဲ့ ပစ္စည်းတွေကိုလည်း ပစ်ထားခဲ့လို့မှ မရတာ။ ဒီတော့ တခြားအီလက်ထရောနစ်ပစ္စည်းတွေ၊ ခင်ဗျားရဲ့ အဝတ်အစားတွေအတွက် ခြောက်သွေ့လုံခြုံစေမယ့် အိတ်တစ်ခုလိုလာပါပြီ။

SakGear ရဲ့ DrySak ကတော့ ဒီအတွက် ရည်ရွယ်ပြီး ထူထဲတဲ့ Vinyl အသားနဲ့ အိတ်ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဒီရေစိုခံ၊ ရာသီဥတုအကြမ်းခံတဲ့ အိတ်ဟာ ခင်ဗျားပစ္စည်းတွေကို ညစ်ပတ်ပေရေခြင်းဘေးမှ ကာကွယ်ပေးနိုင်သလို ပိုက်ဆံ၊ ပိုက်ဆံအိတ်နဲ့ သော့လို ပစ္စည်းတွေ အတွက် သက်သက်ရှေ့အိတ်တစ်ခုလည်း ပါတဲ့ အတွက် တစ်ခုခုလိုတဲ့အခါ အိတ်တစ်ခုလုံး မွှေနှောက်နေစရာမလိုသလို အိတ်တစ်ခုလုံးသွန်မှောက်ချပြီး ရှာဖွေနေစရာ မလိုတော့ဘူးပေါ့။

DrySak Waterproof Dry Bag ကိုတော့ $20.95 နဲ့ Amazon မှာ ရရှိနိုင်ပါတယ်။

 

Gadget ကောင်းကောင်းကြိုက်တဲ့ ကွီးတို့လည်း Beach ခရီးစဉ်တွေ၊ ရေကူးသွားတဲ့ အခါ ဒါမျိုး Gadget အလန်းလေးတွေ ကိုင်ပြီး အကျိုးရှိရှိနဲ့ စတိုင်လည်း ထုတ်လို့ ရတာပေါ့ဗျာ။

 

ရိုးလူ (အခရာ)

www.akhayar.com
R
ef : Business Insider