[Zawgyi]

ဘာလုပ်ရမှန်းမသိ ပျင်းနေပြီဆိုရင် အချိန်ဖြုန်းဖို့ အကောင်းဆုံး Websites (၇) ခု

အင်တာနက်ဆိုတာ ရှာစရာ၊ ဖွေစရာအများကြီးဆိုပေမယ့် တစ်ခါတလေကျ ကြည့်ချင်တာ ကုန်သွားပြီး ဘာလုပ်လို့ လုပ်ရမှန်းမသိတဲ့ အခိုက်အတန့်တွေ ကြုံခဲ့ဖူးမှာပါ။ ဥပမာ တစ်နေရာမှာ တန်းစီစောင့်ဆိုင်းနေတာပဲဖြစ်ဖြစ်၊ ပျင်းပြီး ဘာလုပ်ရမှန်းမသိဘူး ဖြစ်နေရင် ဖြစ်ဖြစ် ဒီ Websites တွေက အချိန်ကုန်မြန်အောင် ကူညီပေးမှာပါ။

Eyebleach.me

သတင်းတွေ ဖတ်၊ အပျက်သဘောတွေ ခေါင်းထဲဝင် စိတ်တွေရှုပ်နေပြီဆိုရင် ဒီတိုင်းချစ်စရာကောင်းတဲ့ ပုံလေးတွေ ကြည့်ဖို့၊ ဦးနှောက်ဆေးဖို့ လိုအပ်နေပါပြီ။ ဒီဆိုက်ဒ်မှာတော့ ထူးခြားခေါင်းလေးစရာတွေ ရှိမှာ မဟုတ်ဘဲ ချစ်စရာ ခွေးလေးတွေ ၊ ကြောင်လေးတွေနဲ့ သဘာဝရှုခင်းပုံတွေသာ တစ်ပုံပြီး တစ်ပုံပြပေးမှာမို့ Website လေးနဲ့ ခေါင်းဆေးလိုက်ပါဦး။

Pointerpointer.com

ဒီ Website ကတော့ အပျော်လေးပါပဲ။ ဘာလုပ်ရမှန်းမသိရင် ဒီ Site ကို ဖွင့်ပြီး Pointer ထောက်လိုက်ပါ။ ကိုယ်ထောက်လိုက်တဲ့ Pointer ပေါ် လိုက်ပြီး လက်ညှိုးလိုက်ထိုးနေတဲ့ လူပုံတွေကို ပျော်စရာအနေနဲ့ တွေ့ရမှာပါ။

Wikipedia ရဲ့ Conspiracy Theories

ဒီထက်မကအားနေရင်တော့ ပေါက်ပေါက်ရှာရှာ၊ နက်နက်နဲနဲတွေ တွေးတောအဖြေရှာချင်မှာပါ။ ဒါဆိုရင်တော့ Wikipedia မှာ Conspiracy Theories List ရှိနေပါတယ်။ မလေးရှားလေကြောင်းလိုင်း MH370 ကိစ္စကအစ Freemasonry အကြောင်းအထိ မွှေရင် မွှေနောက်သလို ဦးနှောက်အလုပ်ပေးစရာတွေ တွ့ရှိဖတ်ရှုနိုင်ပါတယ်။

Staggeringbeauty.com

အာရုံနောက်ကျိလို့ ဝုန်းဒိုင်းကြဲချင်တယ်ဆိုရင် Staggering Beauty ကို ဝင်ပြီး ကခုန်နေတဲ့ တီကောင်လေးနဲ့ ဆော့လိုက်ပါဦးဗျာ။ ပျော်ရတယ်ဆိုပေမယ့် Flashing Images တွေပါလို့ နည်းနည်းတော့ မူးပါလိမ့်မယ်လို့ ကြိုတင်သတိပေးပါရစေ။

Reddit.com/r/nosleep/

ဒီတစ်ခုကတော့ Reddit မှာရှိတဲ့ သရဲဇာတ်လမ်းတွေကြိုက်သူတွေအတွက်ဖြစ်ပြီး လူပေါင်း ၁၂ သန်းနီးပါးလောက် Subscribe လုပ်ထားတာမို့ ဖြုံလောက်စရာပါ။ ဒီ Site မှာဆိုရင် အရမ်းမိုက်တဲ့ သရဲပုံပြင်၊ ဇာတ်လမ်းတွေက ဆွဲဆောင်သွားမှာ ဖြစ်ပြီး အချိန်ကုန်မြန်စေမှာ ဖြစ်ပါတယ်။

Sanger.dk

ဒီကောင်လေးကတော့ အပျော်ပေါ့။ ခွေးလည်း ချစ်တတ်ရင်၊ စိတ်လည်း နောက်နေရင် Site ကိုသာ ဖွင့်လိုက်ပါ။ Pug လေးက Screen ကို တစ်နေ့လုံး၊ တစ်ညလုံး လျက်နေတာကို တွေ့ရမှာ ဖြစ်ပြီး ချစ်စရာ မျက်စိအညောင်းပြေလေးဖြစ်တာပေါ့။

Escapemotions.com

ဖန်တီးနိုင်စွမ်းတွေ ခန်းနေပြီဆိုရင်  လုပ်လက်စအလုပ်တွေ ခဏပစ်ချပြီး ဒီ Website လေး ခဏဖွင့်ပြီး ဟိုခြစ်၊ ဒီခြစ် လျှောက်လုပ်ကြည့်လို့ ရပါသေးတယ်။ အရောင်စုံ မီးတောက်တွေကို ပုံဆွဲခြစ်ပြီး Stress တွေ ဖြေကြပါစို့ရဲ့။

ကဲ! အချိန်တွေပို ၊ စိတ်တွေရှုပ်နေရင် အခုပဲ ဒီ Websites တွေဆီ ပြေးသွားလိုက်ကြပါစို့။

Yoe Lu  (Akhayar)

www.akhayar.com

Ref : Mashable

[Unicode]