[ZawGyi]

တစ္လ ၈ ေပါင္က်ေစမယ္႔ သခြားသီး Diet

ဝိတ္လည္းက်ခ်င္တယ္ အစားအေသာက္ Plan ကိုလည္းစနစ္တက်လိုက္မလုပ္ႏိုင္သူေတြအေနနဲ႔ ၾကက္ဥ Diet အသီးအႏွံ Diet လုပ္ေလ႔ရွိၾကပါတယ္။ အဲဒါေတြလုပ္ရတာ ရိုးအီလာျပီဆုိရင္ သခြားသီး Diet ရွိပါေသးတယ္။ သခြားသီးကိုတဂၽြတ္ဂၽြတ္စားရတာၾကိဳက္သူေတြဆိုရင္ သခြားသီး Diet နဲ႔အဆင္ေျပပါတယ္။ ဒီ Diet က တစ္ပတ္၊ ဆယ္ရက္ အတြင္းမွာ သိသိသာသာဝိတ္က်ေစမွာျဖစ္ပါတယ္။
လိုအပ္တာတစ္ခုက လမ္းညႊန္ထားတဲ႔အတုိင္း ကြက္တိကြက္က်လုပ္ဖုိ႔နဲ႔ ကိုယ္ခႏၶာကိုလႈပ္လႈပ္ရွားရွားေနဖို႔ပါပဲ။

HP Spectre

HP Spectre

HP Spectre အေၾကာင္း အေသးစိတ္သိရွိရန္

သခြားသီး Diet အတြက္ အဓိကလိုအပ္တာကေတာ႔ သခြားသီးပါပဲ။ အင္း…ရွင္းသြားတာပဲေနာ္ 😛

ကိုယ္႔ရဲ႕ မနက္စာ၊ ေန႔လယ္စာ၊ ညစာေတြမွာ သခြားသီးေတြကိုထည္႔စားေပးဖို႔ပါပဲ။ အေရးအၾကီးဆံုးက ဗိုက္ဆာတဲ႔အခ်ိန္တိုင္းသခြားသီးကို စားေပးရမွာပါ။

cucumber diet

cucumber diet

သခြားသီးက ခႏၶာကိုယ္တစ္ခုလံုးကိုတိုးတက္ေကာင္းမြန္ေစပါတယ္။ ဘာေၾကာင္႔လဲဆုိေတာ႔ ကိုယ္ခံအားကိုျမွင္႔တင္ေပးပါတယ္။ အူလမ္းေၾကာင္းကို ရွင္းေပးျပီး သန္႔စင္ေစပါတယ္။ သခြားသီးကခႏၶာကိုယ္ကို ေရဓာတ္ျပည္႔ဝေနဖုိ႔ကူညီေပးႏိုင္ပါေသးတယ္။
ျပီးေတာ႔ မေကာင္းတဲ႔အဆိပ္အေတာက္ေတြကိုလည္း ဖယ္ရွားေပးႏိုင္တဲ႔အတြက္အသားအေရကိုၾကည္လင္သန္႔ရွင္းေစျပီး ဝက္ျခံေတြကိုလည္းဖယ္ရွားေပးပါတယ္။

ကဲ…ဒီေတာ႔ သခြားသီး Diet စလုပ္ရေအာင္…

မနက္စာ- အဆီမပါ အခ်ိဳမပါ ဒိန္ခ်ဥ္နဲ႔ ၂၀၀ ဂရမ္သခြားသီးတစ္လံုး(လီွးထားပါ) ကိုေရာစားပါ။ တကယ္လုိ႔ဗိုက္မဝေသးရင္ သစ္ေတာ္သီး ၂ လံုး (သို႕) ပန္းသီး ၁ လံုး စားပါ။

cucumber-salad

cucumber-salad

ေန႔လယ္စာ – ေပါင္မုန္႔ေျခာက္တစ္ခ်ပ္နဲ႔ သခြားသီးသုပ္တစ္ပန္းကန္(သခြားသီးကို ရခိုင္သုပ္ပဲသုပ္သုပ္၊ ကခ်င္သုပ္ပဲသုပ္သုပ္၊ သံပရာရည္ေလးနဲ႔ပဲသုပ္သုပ္ အရသာရွိသလိုသုပ္စားႏိုင္ပါတယ္။)
(ဒါမွမဟုတ္) အာလူး ၂ လံုး(ျပဳတ္ျပဳတ္ ကင္ကင္ၾကိဳက္သလုိစားပါ)၊ ေသာက္စရာအေနနဲ႔ သၾကားမပါတဲ႔ လက္ဖက္ရည္၊ ေကာ္ဖီေတြကိုေသာက္ႏိုင္ပါတယ္။ ဂ်ံဳၾကမ္းေပါင္မုန္႔ႏွစ္ခ်ပ္သံုးခ်ပ္နဲ႔ သခြားသီးတစ္လံုး စားရပါမယ္။

သြားေရစာ – သြားေရစာစားမယ္ဆုိရင္ အသီးအႏွံမ်ိဳးစံုကိုလွီးျပီးေရာေႏွာစားႏိုင္ပါတယ္။

cucumber-shake

cucumber-shake

သခြားသီး Shake – မနက္စာ၊ ေန႔လယ္စာ၊ ညစာေတြၾကားမွာ သခြားသီး Shake လုပ္ေသာက္ႏိုင္ပါတယ္။ နည္းမ်ားမေရြး ၾကိဳက္သေလာက္ေသာက္သံုးႏိုင္ပါတယ္။

သခြားသီး Shake ျပဳလုပ္ပံု

– ပန္းသီး – ၁ လံုး
– ဟင္းႏုနယ္ – လက္တစ္ဆုပ္
– ဂ်င္း – ၁လႊာ
– သခြားသီး – ၁ လံုး

ဒါေတြကိုေရာေႏွာျပီး Blender နဲ႔ၾကိတ္ပါ။ အပ်စ္အၾကဲအတြက္ စိတ္ၾကိဳက္ေရေရာပါ။ အေစ႔အဆံေလးနည္းနည္းေရာထည္႔ျပီးေသာက္ႏိုင္ပါျပီ။ ဒီေဖ်ာ္ရည္မွာ သတၱဳဓာတ္ေတြ၊ ဗီတာမင္A ၊ မဂၢနီဆီယမ္၊ အမွ်င္ဓာတ္၊ဗီတာမင္ K၊ ဗီတာမင္ C ၊ ကယ္လ္ဆီယမ္၊ ဗီတာမင္ B ၊ သံဓာတ္၊ ဗီတာမင္ E တုိ႔အျပည္႔အဝပါဝင္ပါတယ္။

ညစာ – ညစာအတြက္ အမ်ားၾကီးျပင္ဆင္စရာမလုိပါဘူး။ ကိုယ္ၾကိဳက္တဲ႔အသီးအႏွံေတြကို ၃၀၀ ဂရမ္ဝယ္ျပီး Fruit Salad လုပ္စားရံုပါပဲ။

အေကာင္းဆံုးကေတာ႔ ဒီ Plan အတိုင္းတစ္ပတ္စားဖုိ႔ပါ။ ၾကိဳးစားၾကည္႔ပါေနာ္။

Acer Predator Helios 300

Acer Predator Helios 300

Acer Predator Helios 300 အေၾကာင္း အေသးစိတ္သိရွိရန္ 

ဒီအတုိင္းလိုက္စားႏိုင္တဲ႔သူေတြကေတာ႔ တခ်ိဳ႕က တစ္ပတ္ ၄ ေပါင္ တခ်ိဳ႕က တစ္လ ၈ ေပါင္ထိက်ပါတယ္တဲ႔။ ၃ လမွာ ၃၄ေပါင္က်သြားသူေတြလည္းရွိပါတယ္။ ဒါက အစာစားခ်င္စိတ္ကိုထိန္းခ်ဳပ္ႏိုင္မႈနဲ႔ လႈပ္လႈပ္ရွားရွားသြားလာေနထိုင္မႈေတြနဲ႔လည္း သက္ဆုိင္ပါေသးတယ္။ ကဲ…သခြားသီးၾကိဳက္သူေတြ ေထြလီကာလီျပင္ဆင္ဖုိ႔အခ်ိန္မရသူေတြအေနနဲ႔ ဒီ Diet ကိုစမ္းၾကည္႔လုိက္ပါဦးေနာ္။

ဂ်ဴဂ်ဴး(Akhayar)

www.akhayar.com

[Unicode]

တစ်လ ၈ ပေါင်ကျစေမယ့် သခွားသီး Diet

ဝိတ်လည်းကျချင်တယ် အစားအသောက် Plan ကိုလည်းစနစ်တကျလိုက်မလုပ်နိုင်သူတွေအနေနဲ့ ကြက်ဥ Diet အသီးအနှံ Diet လုပ်လေ့ရှိကြပါတယ်။ အဲဒါတွေလုပ်ရတာ ရိုးအီလာပြီဆိုရင် သခွားသီး Diet ရှိပါသေးတယ်။ သခွားသီးကိုတဂျွတ်ဂျွတ်စားရတာကြိုက်သူတွေဆိုရင် သခွားသီး Diet နဲ့အဆင်ပြေပါတယ်။ ဒီ Diet က တစ်ပတ်၊ ဆယ်ရက် အတွင်းမှာ သိသိသာသာဝိတ်ကျစေမှာဖြစ်ပါတယ်။
လိုအပ်တာတစ်ခုက လမ်းညွှန်ထားတဲ့အတိုင်း ကွက်တိကွက်ကျလုပ်ဖို့နဲ့ ကိုယ်ခန္ဓာကိုလှုပ်လှုပ်ရှားရှားနေဖို့ပါပဲ။

HP Spectre

HP Spectre

HP Spectre အကြောင်း အသေးစိတ်သိရှိရန်

သခွားသီး Diet အတွက် အဓိကလိုအပ်တာကတော့ သခွားသီးပါပဲ။ အင်း…ရှင်းသွားတာပဲနော် 😛

ကိုယ့်ရဲ့ မနက်စာ၊ နေ့လယ်စာ၊ ညစာတွေမှာ သခွားသီးတွေကိုထည့်စားပေးဖို့ပါပဲ။ အရေးအကြီးဆုံးက ဗိုက်ဆာတဲ့အချိန်တိုင်းသခွားသီးကို စားပေးရမှာပါ။

cucumber diet

cucumber diet

သခွားသီးက ခန္ဓာကိုယ်တစ်ခုလုံးကိုတိုးတက်ကောင်းမွန်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်ခံအားကိုမြှင့်တင်ပေးပါတယ်။ အူလမ်းကြောင်းကို ရှင်းပေးပြီး သန့်စင်စေပါတယ်။ သခွားသီးကခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝနေဖို့ကူညီပေးနိုင်ပါသေးတယ်။
ပြီးတော့ မကောင်းတဲ့အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်တဲ့အတွက်အသားအရေကိုကြည်လင်သန့်ရှင်းစေပြီး ဝက်ခြံတွေကိုလည်းဖယ်ရှားပေးပါတယ်။

ကဲ…ဒီတော့ သခွားသီး Diet စလုပ်ရအောင်…

မနက်စာ- အဆီမပါ အချိုမပါ ဒိန်ချဉ်နဲ့ ၂၀၀ ဂရမ်သခွားသီးတစ်လုံး(လှီးထားပါ) ကိုရောစားပါ။ တကယ်လို့ဗိုက်မဝသေးရင် သစ်တော်သီး ၂ လုံး (သို့) ပန်းသီး ၁ လုံး စားပါ။

cucumber-salad

cucumber-salad

နေ့လယ်စာ – ပေါင်မုန့်ခြောက်တစ်ချပ်နဲ့ သခွားသီးသုပ်တစ်ပန်းကန်(သခွားသီးကို ရခိုင်သုပ်ပဲသုပ်သုပ်၊ ကချင်သုပ်ပဲသုပ်သုပ်၊ သံပရာရည်လေးနဲ့ပဲသုပ်သုပ် အရသာရှိသလိုသုပ်စားနိုင်ပါတယ်။)
(ဒါမှမဟုတ်) အာလူး ၂ လုံး(ပြုတ်ပြုတ် ကင်ကင်ကြိုက်သလိုစားပါ)၊ သောက်စရာအနေနဲ့ သကြားမပါတဲ့ လက်ဖက်ရည်၊ ကော်ဖီတွေကိုသောက်နိုင်ပါတယ်။ ဂျုံကြမ်းပေါင်မုန့်နှစ်ချပ်သုံးချပ်နဲ့ သခွားသီးတစ်လုံး စားရပါမယ်။

သွားရေစာ – သွားရေစာစားမယ်ဆိုရင် အသီးအနှံမျိုးစုံကိုလှီးပြီးရောနှောစားနိုင်ပါတယ်။

cucumber-shake

cucumber-shake

သခွားသီး Shake – မနက်စာ၊ နေ့လယ်စာ၊ ညစာတွေကြားမှာ သခွားသီး Shake လုပ်သောက်နိုင်ပါတယ်။ နည်းများမရွေး ကြိုက်သလောက်သောက်သုံးနိုင်ပါတယ်။

သခွားသီး Shake ပြုလုပ်ပုံ

– ပန်းသီး – ၁ လုံး
– ဟင်းနုနယ် – လက်တစ်ဆုပ်
– ဂျင်း – ၁လွှာ
– သခွားသီး – ၁ လုံး

ဒါတွေကိုရောနှောပြီး Blender နဲ့ကြိတ်ပါ။ အပျစ်အကြဲအတွက် စိတ်ကြိုက်ရေရောပါ။ အစေ့အဆံလေးနည်းနည်းရောထည့်ပြီးသောက်နိုင်ပါပြီ။ ဒီဖျော်ရည်မှာ သတ္တုဓာတ်တွေ၊ ဗီတာမင်A ၊ မဂ္ဂနီဆီယမ်၊ အမျှင်ဓာတ်၊ဗီတာမင် K၊ ဗီတာမင် C ၊ ကယ်လ်ဆီယမ်၊ ဗီတာမင် B ၊ သံဓာတ်၊ ဗီတာမင် E တို့အပြည့်အဝပါဝင်ပါတယ်။

ညစာ – ညစာအတွက် အများကြီးပြင်ဆင်စရာမလိုပါဘူး။ ကိုယ်ကြိုက်တဲ့အသီးအနှံတွေကို ၃၀၀ ဂရမ်ဝယ်ပြီး Fruit Salad လုပ်စားရုံပါပဲ။

အကောင်းဆုံးကတော့ ဒီ Plan အတိုင်းတစ်ပတ်စားဖို့ပါ။ ကြိုးစားကြည့်ပါနော်။

Acer Predator Helios 300

Acer Predator Helios 300

Acer Predator Helios 300 အကြောင်း အသေးစိတ်သိရှိရန် 

ဒီအတိုင်းလိုက်စားနိုင်တဲ့သူတွေကတော့ တချို့က တစ်ပတ် ၄ ပေါင် တချို့က တစ်လ ၈ ပေါင်ထိကျပါတယ်တဲ့။ ၃ လမှာ ၃၄ပေါင်ကျသွားသူတွေလည်းရှိပါတယ်။ ဒါက အစာစားချင်စိတ်ကိုထိန်းချုပ်နိုင်မှုနဲ့ လှုပ်လှုပ်ရှားရှားသွားလာနေထိုင်မှုတွေနဲ့လည်း သက်ဆိုင်ပါသေးတယ်။ ကဲ…သခွားသီးကြိုက်သူတွေ ထွေလီကာလီပြင်ဆင်ဖို့အချိန်မရသူတွေအနေနဲ့ ဒီ Diet ကိုစမ်းကြည့်လိုက်ပါဦးနော်။

ဂျူဂျူး(Akhayar)

www.akhayar.com