[Zawgyi]
ခုနစ်ရက်အတွင်း အလျင်အမြန် ၀ိတ်ကျစေမယ့် သခွားသီး Diet Plan
မနက်စာ
Cucumber Diet
Cucumber Diet
နေ့လည်စာ
Baked Potato
Baked Potato
Cucumber Detox Water
Cucumber Detox Water
ညစာ
Su Yi Htet (Akhayar)
[Unicode]
ခုနစ်ရက်အတွင်း အလျင်အမြန် ဝိတ်ကျစေမယ့် သခွားသီး Diet
ဝိတ်ကျစေမယ့် Diet Plan တွေအများကြီးရှိပေမယ့် တစ်ခါတရံမှာ တချို့ Diet Plan တွေက လိုက်လုပ်ဖို့ ခက်ခဲပါတယ်။ Diet Plan တွေက လိုက်လုပ်ရတာ နည်းနည်း ကရိကထများသလို တစ်ခါတလေမှာ အချိန်လည်း တော်တော်ပေးရတယ်လေ။ ဒါပေမယ့် အခုပြောပြမယ့် Cucumber Diet ကတော့ အချိန်လည်း သိပ်မပေးရသလို လိုက်လုပ်ရလွယ်ကူတာမို့ လျင်လျင်မြန်မြန် ဝိတ်ချချင်တဲ့သူတွေအတွက် တကယ်ကို အဆင်ပြေမှာပါ။ သခွားသီးမှာဆိုရင် ဗီတာမင် သတ္တုဓာတ်တွေနဲ့ အာဟာရဓာတ်တွေ ပြည့်ဝသလို ဗီတာမင် စီ၊ ဗီတာမင် အီး၊ ဗီတာမင် ဘီ၊ သံဓာတ်နဲ့ ကယ်လ်ဆီယမ်ဓာတ်တွေ ပါဝင်ပြီးသားဖြစ်ပါတယ်။ ဒါ့အပြင်
အမျှင်ဓာတ်မြင့်မားစွာပါဝင်သလို အဲဒီပါဝင်နှုန်းက ခန္ဓာကိုယ်က အညစ်အကြေး အဆိပ်အတောက်တွေ ဖယ်ရှားနိုင်တဲ့အပြင် အသားအရေကို ကြည်လင်သန့်စင်စေပါတယ်။ ခန္ဓာကိုယ်က တစ်နေ့မှာ ကယ်လိုရီ ၁၀၀၀ စားသုံးပေးတိုင်း အမျှင်ဓာတ် ၅၀ ဂရမ် လိုအပ်တာမို့ သခွားသီးဖျော်ရည်သောက်တာ၊ သခွားသီးစားပေးတာတို့ လုပ်ရင်းနဲ့ ဝိတ်ချလို့ရပြီပေါ့။
မနက်စာ
မနက်စာကိုစားနေကျ ပုံစံမဟုတ်တော့ဘဲ ပါးပါးလှီးထားတဲ့ သခွားသီး ၂၀၀ ဂရမ်ကို အဆီနည်းတဲ့ ဒိန်ချဉ်နဲ့ ရောစပ်ပြီး စားသုံးပေးရမှာပါ။ ဒိန်ချဉ်နဲ့ စားရမှာဆိုတော့ စစချင်းစားရတာ နည်းနည်းတော့ ခက်ခဲပါလိမ့်မယ်။ အချိန်ကြာလို့ ထပ်ပြီး ဗိုက်ဆာလာတယ်ဆိုရင် ပန်းသီး ဒါမှမဟုတ် သစ်တော်သီးနည်းနည်း စားပေးလို့ရပါတယ်။
Cucumber Diet
Cucumber Diet
နေ့လည်စာ
နေ့လည်စာကိုတော့ ထမင်းအစား ပေါင်မုန့်တစ်ချပ်နဲ့ ပါးပါးလှီးထားတဲ့ သခွားသီး ပန်းကန်တစ်ချပ်စာ အပြည့် စားပေးရမှာဖြစ်ပါတယ်။ ဒါ့အပြင် အာလူးပြုတ် သို့မဟုတ် အာလူးဖုတ်ကို နှစ်လုံးထိ စားပေးလို့ရပြီးတော့ အချိုမပါတဲ့ လက်ဖက်ရည် ဒါမှမဟုတ် ကော်ဖီတစ်ခွက် သောက်နိုင်ပါတယ်။ ထမင်းကိုတော့ လုံးဝစားလို့မရပါဘူး။
Baked Potato
Baked Potato
အကယ်လို့ နေ့လည်စာကို အပေါ်မှာပြောထားတဲ့အတိုင်း မစားပေးနိုင်ဘူးဆိုရင် တူနာငါးသေတ္တာတစ်ခွက်ကို သခွားသီးနဲ့ ရောစားလို့ရပါတယ်။ အရမ်းဗိုက်ဆာတတ်တဲ့သူဆိုရင်တော့ ကြက်ဥပြုတ်ထပ်စားလို့ရပါတယ်။
Cucumber Detox Water
Cucumber Detox Water
ညစာ
ညစာကိုတော့ ပါးပါးလှီးထားတဲ့ သခွားသီး ၃၀၀ ဂရမ်ပြည့်အောင်စားပေးဖို့ လိုအပ်ပြီးတော့ သခွားသီး၊ ပူစီနံနဲ့ သံပရာသီးရောထားတဲ့ Detox Water ကို အချိန်ရရင် ရသလိုသောက်ပေးသင့်ပါတယ်။
ဒီ Plan ကို နေ့စဉ်ရက်ဆက် တပတ်တိတိလုပ်ပေးမယ်ဆိုရင် သိသိသာသာကို ဝိတ်ကျတာ တွေ့ရပါလိမ့်မယ်။ သခွားသီးက ကယ်လိုရီနည်းတဲ့အြိပင် ဗိုက်ပြည့်လွယ်ပြီး အသားအရေအတွက်လည်း အရမ်းကို ကောင်းမွန်တာမို့ အသားလည်းလှ၊ ဝိတ်လည်းကျ တစ်ချက်ခုတ် နှစ်ချက်ပြတ် Plan ပါပဲ။ ဇွဲရှိရှိနဲ့သာ လုပ်ဖို့ လိုပါမယ်နော်။
Su Yi Htet (Akhayar)