[Zawgyi]
Elon Musk ဆိုတာ အခုအခ်ိန္မွာေတာ့ အေအာင္ျမင္ဆံုး လွ်ပ္စစ္ကား (EV) ေတြထုတ္လုပ္တဲ့ Telsa ကို ႀကီးၾကပ္ေနတာျဖစ္ပါတယ္။ ဒါေမပယ့္ Tesla ဆိုတာ ျဖစ္မလာခင္ Elon Musk က ဘာကားေတြကို စိီးေနခဲ့မလဲဆိုတာက တကယ္ကို စိတ္ဝင္စားဖို႔ေကာင္းပါတယ္။ အေၾကာင္းကေတာ့ အခု လက္ရွိ Tesla က ထုတ္ေနတဲ့ကားေတြက Musk စီးခဲ့တဲ့ ကားေတြကိုမွီျငမ္းကိုးကားၿပီး အေတြးသစ္နဲ႔ Design ဆြဲေပးထားတာေၾကာင့္ပါ။

Elon Musk ရဲ႕ ပထမဦးဆံုးကား

BMW 329i 1978 Model

Musk ရဲ႕ ပထမဦးဆံုးကားက ၁၉၇၈ ထုတ္ BMW 320i Model အေဟာင္းျဖစ္ၿပီး ၁၉၉၄ ခုႏွစ္မွာ $1,400 နဲ႔ ဝယ္ခဲ့ပါတယ္။ ကားအေဟာင္းျဖစ္တာေၾကာင့္ သူကိုင္တိုင္ပဲ ျပင္ရင္း ေမာင္းခဲ့တာ ၂ ႏွစ္ၾကာခဲ့ပါတယ္။ ေနာက္ဆံုးမွာေတာ့ အဲ့ဒီကားကို Musk ရဲ႕ ပထမဦးဆံုး ကုမၸဏီျဖစ္တဲ့ Zip2 က အလုပ္သင္ ဝန္ထမ္းတစ္ေယာက္ ေမာင္းေနတုန္းမွာ ဘီးတစ္လံုး ျပဳတ္ထြက္သြားတာေၾကာင့္ ဆက္ၿပီး မသံုးေတာ့တာလို႔ သိရပါတယ္။

Musk သေဘာက်တဲ့ ဂႏၷဝင္ကား

Jaguar E-Type 1967 Model

Musk ၁၇ ႏွစ္သားအ႐ြယ္က Classic Convertibles ဆိုတဲ့စာအုပ္ကို ရခဲ့ဖူးတယ္လို႔ ေျပာပါတယ္။ အဲ့ဒီ စာအုပ္ထဲမွာပါတဲ့ ဂႏၷဝင္ အမိုးဖြင့္ကားေတြထဲ Musk အႀကိဳက္ဆံုးကေတာ့ Jaguar E-Type ျဖစ္တယ္လို႔ သိရပါတယ္။ အဲ့ဒီအခ်ိန္က သူသာ အဲ့ဒီကားကို ဝယ္ႏိုင္မယ္ဆိုရင္ တစ္စီးေလာက္ ဝယ္ခ်င္တယ္လို႔ Musk က ေျပာပါေသးတယ္။ Jaguar E-Type ကလည္း တကယ္ကုိပဲ နာမည္ႀကီးခဲ့သလို ကိုယ္ပိုင္ဂုဏ္နဲ႔ သမိုင္းတြင္ခဲ့တဲ့ ဂႏၷဝင္ကားတစ္စီးျဖစ္ေနတာေၾကာင့္ Musk သေဘာက်တာ မဆန္းပါဘူး။

အဲ့ဒီေနာက္ပိုင္းမွာေတာ့ သူ႔နဲ႔ သူ႔ညီတြဲၿပီး တည္ေထာင္ခဲ့တဲ့ Zip2 Software ကုမၸဏီက Bonus $40,000 ရခဲ့တာေၾကာင့္ Jaguar E-Type 1967 Model ကုိ Musk ဝယ္ခဲ့ပါတယ္။ ဒါေပမယ့္လည္း Musk သိပ္ၿပီး မေပ်ာ္ခဲ့ရပါဘူး။ Jaguar က ခဏခဏ ပ်က္ေနတာေၾကာင့္ “အဲ့ဒီကားက ခဏခဏပ်က္ၿပီး ျပႆနာေပါင္းစံုလုပ္ၿပီး ဆိုးတဲ့ရည္းစားလိုပဲ” လို႔ Musk က ေျပာရတဲ့အထိပါပဲ။ အေရာင္းျပခန္းက ျပန္လာတဲ့လမ္းမွာ ပ်က္သြားေသးတယ္လို႔လည္း သိရပါတယ္။

 

Musk စီးခဲ့တဲ့ McLaren F1

McLarean F1

Musk အေနနဲ႔ေတာ့ ဒီကားကို တကယ္ပဲ သေဘာက်ခဲ့ပါတယ္။ PayPal ကုမၸဏီကုိ ေရာင္းလိုက္ၿပီးေနာက္ပို္င္း McLaren F1 ကို ဝယ္စီးခဲ့ပါတယ္။ Musk က အဲ့ဒီကားကို ႏွစ္အၾကာႀကီးသံုးခဲ့တာျဖစ္ၿပီး မိုင္ေပါင္း ၁၁,၀၀၀ အထိေမာင္းခဲ့တယ္လို႔ ေျပာပါတယ္။ Los Angeles ကေန San Francisco အထိ ေမာင္းဖူးသလို ေန႔တိုင္းသံုးတဲ့ကားအျဖစ္ McLaren F1 က အခ်ိန္အေတာ္ၾကာ ရွိခဲ့ပါတယ္။

The route to LA to SF

PayPal ရဲ႕ Co-Founder ျဖစ္တဲ့ Peter Thiel နဲ႔ Musk တို႔ႏွစ္ေယာက္ California ျပည္နယ္၊ Sand Hill လမ္းမႀကီးေပၚမွာ ကားအတူေမာင္းေနရင္း Peter က ဒီကားဘာလုပ္လို႔ရလဲဆိုၿပီးေမးလိုက္ပါတယ္။ အဲ့ဒီအခ်ိန္ Musk က ဒီမွာၾကည့္လို႔ေျပာလိုက္ၿပီး ခ်က္ခ်င္းအရွိိန္တင္ရင္း လမ္းေပၚမွာ Lane ေျပာင္းေမာင္း လာတဲ့ေနာက္ ေရေက်ာ္တစ္ခုကိုျဖတ္မိတာေၾကာင့္ ကားက ေလထဲမွာလည္သြားၿပီး ေျမျပင္ေပၚ ျပန္က်တဲ့အခါ မွန္ေတြနဲ႔ ဘီးေတြက ေၾကသြားၿပီး ကားက ေတာ္ေတာ္ပ်က္စီးသြားခဲ့ပါတယ္။ ကံဆိုးတာကေတာ့ ကားကို Musk က အာမခံလုပ္မထားတာပါ။ အဲ့ဒီလိုျဖစ္သြားတာကေတာ့ ၂၀၀၀ ခုႏွစ္မွာပါ။

007 Elon Musk

Lotus Esprit

Lotus Esprit

Musk က James Bond ဇာတ္ကားတစ္ခုျဖစ္တဲ့ ‘The Spy Who Loved Me’ ထဲက Lotus Esprit ကိုလည္း ဝယ္ခဲ့ပါေသးတယ္။ Lotus Esprit ကေတာ့ ဇာတ္ကားထဲမွာ ေရငုတ္သေဘၤာအေသးအျဖစ္ ေျပာင္းလို႔ရေပမယ့္ အျပင္မွာေတာ့ တကယ္ေျပာင္းလုိ႔မရတာေၾကာင့္ Musk က သိပ္ေတာ့ သေဘာမက်ပါဘူး။ Lotus Esprit ကိုေတာ့ ၂၀၁၃ ခုႏွစ္ London ေလလံပြဲတစ္ကေန $997,000 နဲ႔ ဝယ္ခဲ့ပါတယ္။ အဲ့ဒီကားကုိေတာ့ Tesla Electric Powertrain ေျပာင္းတပ္ေပးၿပီး ေရငုတ္သေဘဘၤာအျဖစ္ တကယ္ေျပာင္းလို႔ရေအာင္ လုပ္ဦးမယ္လို႔ Musk ကေျပာထားပါတယ္။ အခုအခ်ိန္အထိေတာ့ ဘာသတင္းမွ ထပ္မသိရေသးပါဘူး။

Musk ရဲ႕ SUV

Audi Q7

Audi Q7

Musk က American ကားေတြကို ႀကိဳက္ပံုမရပါဘူး။ စီးဖို႔ေ႐ြးတဲ့ကားေတြက ျပင္ပႏိုင္ငံေတြက ကားေတြခ်ည္းျဖစ္ေနတာေၾကာင့္ပါ။ SUV ကိုေတာ့ Audi ရဲ႕ Q7 ကို ေ႐ြးထားတယ္ဆိုတာ သိရပါတယ္။ အဲ့တာကလည္း လြန္ခဲ့တဲ့ ၂၀၁၂ ခုႏွစ္က Musk ရဲ႕ အိမ္မွာ ရပ္ထားတာကို ေတြ႕ရတာေၾကာင့္ပါ။ Musk ေျပာတာကေတာ့ SUV ကားေတြက ခံုသံုးတန္းပါၿပီး ေနာက္ဆံုးတန္းကို တက္ရတာက ေတာ္ေတာ္ကို ခက္ခဲတဲ့ကိစၥတစ္ခုျဖစ္ေနတယ္လို႔ေျပာပါတယ္။ သူစီးေနတဲ့ Q7 ဆိုရင္ ေတာ္ေတာ္စိတ္ပ်က္စရာေကာင္းေၾကာင္း၊ ေနာက္ဆံုးခံုကို တက္ဖို႔ဆိုရင္ လူေကာင္ေသးတဲ့ ေတာင္တက္သမားတစ္ေယာက္ျဖစ္ေနမွာကို တက္ရတာ အဆင္ေျပမယ္လို႔ Musk က ေျပာခဲ့ပါတယ္။

အဲ့ဒီလိုကေန Musk က Telsa Model X မွာ ေနာက္တံခါးေတြကို ဖြင့္ရလြယ္ၿပီး အတက္၊ အဆင္း လြယ္ေအာင္ Design ဆြဲဖို႔ စိတ္ကူးရခဲ့တာပါ။ Model X ကားေတြရဲ႕ ေနာက္တံခါးေတြက Falcon Wing Doors ဆိုတဲ့ နာမည္အတိုင္း အေတာင္ပံေတြလို ျဖန္႔သလိုဖြင့္လို႔ရတာေၾကာင့္ က်ဥ္းတဲ့ Car Parking လိုမ်ိဳးမွာေတာင္ ေကာင္းေကာင္းဖြင့္လို႔ရပါတယ္။

ေနာက္ထပ္ Sports Car ႏွစ္စီး

Porsche 911

Porsche 911

Elon Musk က Sports ကားေတြကို ပိုၿပီး သေဘာက်ပံုရပါတယ္။ ၂၀၁၂ ခုႏွစ္မွာပဲ Musk ရဲ႕အိမ္မွာ Porsche 911 တစ္စီးကို ေတြ႔ရပါတယ္။ ဒါေပမယ့္ Porsche နဲ႔ ပတ္သက္လို႔ေတာ့ Musk က ဘာမွေျပာထားတာမ်ိဳးမရွိပါဘူး။ Musk ရဲ႕ ဒုတိယေျမာက္ BMW အေနနဲ႔ BMW M5 တစ္စီးကိုလည္း ပိုင္ဆိုင္ထားေသးတယ္လို႔ သိရပါတယ္။ M5 ကေတာ့ သာမန္ M5 မဟုတ္ဘဲ Hamann Motorsport က ျပန္ၿပီး Tuning လုပ္ေပးထားတာျဖစ္ပါတယ္။

Hamann BMW M5

Musk အေနနဲ႔ေတာ့ အခု ထုတ္ေနတဲ့ Tesla ေတြအေပၚ Design ပိုင္းမွာ အေမရိကန္မဆန္လြန္းသလို ေႏွးေကြးတဲ့ကားေတြအေနနဲ႔လည္း တစ္စီးမွ စာရင္းမဝင္ေအာင္ ထုတ္ေနတာေတြ႕ရပါတယ္။ Tesla ရဲ႕ တစ္ခုတည္းေသာ Sports အဆန္ဆံုးကားကေတာ့ Roadster ပါ။ က်န္တဲ့ Tesla ကားေတြျဖစ္တဲ့ Model S ၊ Model 3 နဲ႔ Model X ေတြကေတာ့ Sports Car စာရင္းထဲမဝင္ေပမယ့္ ေစ်းကြက္ထဲမွာ ဝယ္လို႔ရတဲ့ Sports Car ေတြ၊ Super Sports Car ေတြအျပင္ Hypercar တခ်ိဳ႕ကိုပါ ယွဥ္ၿပီး ၿပိဳင္ေမာင္းႏိုင္ေလာက္ေအာင္ကို ျမန္ပါတယ္။ Roadster ကေတာ့ ရပ္ေနတာကေန တစ္နာရီ မိုင္ ၆၀ အျမန္ႏႈန္းကို ေရာက္ေအာင္ေမာင္းဖို႔ အခ်ိန္ ၁.၉ စကၠန္႔ပဲ လိုပါတယ္။ အားအျပည့္သြင္းထားရင္ေတာ့ မိုင္ ၆၂၀ ဆက္တိုက္ ေမာင္းႏိုင္မယ္လို႔ ေၾကညာထားပါတယ္။

Ref: Business Insider | Forbes | CNBC

Min Than Htike (Akhayar)

www.akhayar.com

[Unicode]

တစ်ချိန်က Elon Musk ပိုင်ခဲ့တဲ့ ကား ၇ စီးက ဘာတွေဖြစ်မလဲ

Musk on Stage with Tesla Roadster

Elon Musk ဆိုတာ အခုအချိန်မှာတော့ အအောင်မြင်ဆုံး လျှပ်စစ်ကား (EV) တွေထုတ်လုပ်တဲ့ Telsa ကို ကြီးကြပ်နေတာဖြစ်ပါတယ်။ ဒါမေပယ့် Tesla ဆိုတာ ဖြစ်မလာခင် Elon Musk က ဘာကားတွေကို စီးနေခဲ့မလဲဆိုတာက တကယ်ကို စိတ်ဝင်စားဖို့ကောင်းပါတယ်။ အကြောင်းကတော့ အခု လက်ရှိ Tesla က ထုတ်နေတဲ့ကားတွေက Musk စီးခဲ့တဲ့ ကားတွေကိုမှီငြမ်းကိုးကားပြီး အတွေးသစ်နဲ့ Design ဆွဲပေးထားတာကြောင့်ပါ။

Elon Musk ရဲ့ ပထမဦးဆုံးကား

BMW 329i 1978 Model

Musk ရဲ့ ပထမဦးဆုံးကားက ၁၉၇၈ ထုတ် BMW 320i Model အဟောင်းဖြစ်ပြီး ၁၉၉၄ ခုနှစ်မှာ $1,400 နဲ့ ဝယ်ခဲ့ပါတယ်။ ကားအဟောင်းဖြစ်တာကြောင့် သူကိုင်တိုင်ပဲ ပြင်ရင်း မောင်းခဲ့တာ ၂ နှစ်ကြာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အဲ့ဒီကားကို Musk ရဲ့ ပထမဦးဆုံး ကုမ္ပဏီဖြစ်တဲ့ Zip2 က အလုပ်သင် ဝန်ထမ်းတစ်ယောက် မောင်းနေတုန်းမှာ ဘီးတစ်လုံး ပြုတ်ထွက်သွားတာကြောင့် ဆက်ပြီး မသုံးတော့တာလို့ သိရပါတယ်။

Musk သဘောကျတဲ့ ဂန္နဝင်ကား

Jaguar E-Type 1967 Model

Musk ၁၇ နှစ်သားအရွယ်က Classic Convertibles ဆိုတဲ့စာအုပ်ကို ရခဲ့ဖူးတယ်လို့ ပြောပါတယ်။ အဲ့ဒီ စာအုပ်ထဲမှာပါတဲ့ ဂန္နဝင် အမိုးဖွင့်ကားတွေထဲ Musk အကြိုက်ဆုံးကတော့ Jaguar E-Type ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအချိန်က သူသာ အဲ့ဒီကားကို ဝယ်နိုင်မယ်ဆိုရင် တစ်စီးလောက် ဝယ်ချင်တယ်လို့ Musk က ပြောပါသေးတယ်။ Jaguar E-Type ကလည်း တကယ်ကိုပဲ နာမည်ကြီးခဲ့သလို ကိုယ်ပိုင်ဂုဏ်နဲ့ သမိုင်းတွင်ခဲ့တဲ့ ဂန္နဝင်ကားတစ်စီးဖြစ်နေတာကြောင့် Musk သဘောကျတာ မဆန်းပါဘူး။

အဲ့ဒီနောက်ပိုင်းမှာတော့ သူ့နဲ့ သူ့ညီတွဲပြီး တည်ထောင်ခဲ့တဲ့ Zip2 Software ကုမ္ပဏီက Bonus $40,000 ရခဲ့တာကြောင့် Jaguar E-Type 1967 Model ကို Musk ဝယ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း Musk သိပ်ပြီး မပျော်ခဲ့ရပါဘူး။ Jaguar က ခဏခဏ ပျက်နေတာကြောင့် “အဲ့ဒီကားက ခဏခဏပျက်ပြီး ပြဿနာပေါင်းစုံလုပ်ပြီး ဆိုးတဲ့ရည်းစားလိုပဲ” လို့ Musk က ပြောရတဲ့အထိပါပဲ။ အရောင်းပြခန်းက ပြန်လာတဲ့လမ်းမှာ ပျက်သွားသေးတယ်လို့လည်း သိရပါတယ်။

 

Musk စီးခဲ့တဲ့ McLaren F1

McLarean F1

Musk အနေနဲ့တော့ ဒီကားကို တကယ်ပဲ သဘောကျခဲ့ပါတယ်။ PayPal ကုမ္ပဏီကို ရောင်းလိုက်ပြီးနောက်ပိုင်း McLaren F1 ကို ဝယ်စီးခဲ့ပါတယ်။ Musk က အဲ့ဒီကားကို နှစ်အကြာကြီးသုံးခဲ့တာဖြစ်ပြီး မိုင်ပေါင်း ၁၁,၀၀၀ အထိမောင်းခဲ့တယ်လို့ ပြောပါတယ်။ Los Angeles ကနေ San Francisco အထိ မောင်းဖူးသလို နေ့တိုင်းသုံးတဲ့ကားအဖြစ် McLaren F1 က အချိန်အတော်ကြာ ရှိခဲ့ပါတယ်။

The route to LA to SF

PayPal ရဲ့ Co-Founder ဖြစ်တဲ့ Peter Thiel နဲ့ Musk တို့နှစ်ယောက် California ပြည်နယ်၊ Sand Hill လမ်းမကြီးပေါ်မှာ ကားအတူမောင်းနေရင်း Peter က ဒီကားဘာလုပ်လို့ရလဲဆိုပြီးမေးလိုက်ပါတယ်။ အဲ့ဒီအချိန် Musk က ဒီမှာကြည့်လို့ပြောလိုက်ပြီး ချက်ချင်းအရှိန်တင်ရင်း လမ်းပေါ်မှာ Lane ပြောင်းမောင်း လာတဲ့နောက် ရေကျော်တစ်ခုကိုဖြတ်မိတာကြောင့် ကားက လေထဲမှာလည်သွားပြီး မြေပြင်ပေါ် ပြန်ကျတဲ့အခါ မှန်တွေနဲ့ ဘီးတွေက ကြေသွားပြီး ကားက တော်တော်ပျက်စီးသွားခဲ့ပါတယ်။ ကံဆိုးတာကတော့ ကားကို Musk က အာမခံလုပ်မထားတာပါ။ အဲ့ဒီလိုဖြစ်သွားတာကတော့ ၂၀၀၀ ခုနှစ်မှာပါ။

007 Elon Musk

Lotus Esprit

Lotus Esprit

Musk က James Bond ဇာတ်ကားတစ်ခုဖြစ်တဲ့ ‘The Spy Who Loved Me’ ထဲက Lotus Esprit ကိုလည်း ဝယ်ခဲ့ပါသေးတယ်။ Lotus Esprit ကတော့ ဇာတ်ကားထဲမှာ ရေငုတ်သင်္ဘောအသေးအဖြစ် ပြောင်းလို့ရပေမယ့် အပြင်မှာတော့ တကယ်ပြောင်းလို့မရတာကြောင့် Musk က သိပ်တော့ သဘောမကျပါဘူး။ Lotus Esprit ကိုတော့ ၂၀၁၃ ခုနှစ် London လေလံပွဲတစ်ကနေ $997,000 နဲ့ ဝယ်ခဲ့ပါတယ်။ အဲ့ဒီကားကိုတော့ Tesla Electric Powertrain ပြောင်းတပ်ပေးပြီး ရေငုတ်သဘေင်္ဘာအဖြစ် တကယ်ပြောင်းလို့ရအောင် လုပ်ဦးမယ်လို့ Musk ကပြောထားပါတယ်။ အခုအချိန်အထိတော့ ဘာသတင်းမှ ထပ်မသိရသေးပါဘူး။

Musk ရဲ့ SUV

Audi Q7

Audi Q7

Musk က American ကားတွေကို ကြိုက်ပုံမရပါဘူး။ စီးဖို့ရွေးတဲ့ကားတွေက ပြင်ပနိုင်ငံတွေက ကားတွေချည်းဖြစ်နေတာကြောင့်ပါ။ SUV ကိုတော့ Audi ရဲ့ Q7 ကို ရွေးထားတယ်ဆိုတာ သိရပါတယ်။ အဲ့တာကလည်း လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်က Musk ရဲ့ အိမ်မှာ ရပ်ထားတာကို တွေ့ရတာကြောင့်ပါ။ Musk ပြောတာကတော့ SUV ကားတွေက ခုံသုံးတန်းပါပြီး နောက်ဆုံးတန်းကို တက်ရတာက တော်တော်ကို ခက်ခဲတဲ့ကိစ္စတစ်ခုဖြစ်နေတယ်လို့ပြောပါတယ်။ သူစီးနေတဲ့ Q7 ဆိုရင် တော်တော်စိတ်ပျက်စရာကောင်းကြောင်း၊ နောက်ဆုံးခုံကို တက်ဖို့ဆိုရင် လူကောင်သေးတဲ့ တောင်တက်သမားတစ်ယောက်ဖြစ်နေမှာကို တက်ရတာ အဆင်ပြေမယ်လို့ Musk က ပြောခဲ့ပါတယ်။

အဲ့ဒီလိုကနေ Musk က Telsa Model X မှာ နောက်တံခါးတွေကို ဖွင့်ရလွယ်ပြီး အတက်၊ အဆင်း လွယ်အောင် Design ဆွဲဖို့ စိတ်ကူးရခဲ့တာပါ။ Model X ကားတွေရဲ့ နောက်တံခါးတွေက Falcon Wing Doors ဆိုတဲ့ နာမည်အတိုင်း အတောင်ပံတွေလို ဖြန့်သလိုဖွင့်လို့ရတာကြောင့် ကျဉ်းတဲ့ Car Parking လိုမျိုးမှာတောင် ကောင်းကောင်းဖွင့်လို့ရပါတယ်။

နောက်ထပ် Sports Car နှစ်စီး

Porsche 911

Porsche 911

Elon Musk က Sports ကားတွေကို ပိုပြီး သဘောကျပုံရပါတယ်။ ၂၀၁၂ ခုနှစ်မှာပဲ Musk ရဲ့အိမ်မှာ Porsche 911 တစ်စီးကို တွေ့ရပါတယ်။ ဒါပေမယ့် Porsche နဲ့ ပတ်သက်လို့တော့ Musk က ဘာမှပြောထားတာမျိုးမရှိပါဘူး။ Musk ရဲ့ ဒုတိယမြောက် BMW အနေနဲ့ BMW M5 တစ်စီးကိုလည်း ပိုင်ဆိုင်ထားသေးတယ်လို့ သိရပါတယ်။ M5 ကတော့ သာမန် M5 မဟုတ်ဘဲ Hamann Motorsport က ပြန်ပြီး Tuning လုပ်ပေးထားတာဖြစ်ပါတယ်။

Hamann BMW M5

Musk အနေနဲ့တော့ အခု ထုတ်နေတဲ့ Tesla တွေအပေါ် Design ပိုင်းမှာ အမေရိကန်မဆန်လွန်းသလို နှေးကွေးတဲ့ကားတွေအနေနဲ့လည်း တစ်စီးမှ စာရင်းမဝင်အောင် ထုတ်နေတာတွေ့ရပါတယ်။ Tesla ရဲ့ တစ်ခုတည်းသော Sports အဆန်ဆုံးကားကတော့ Roadster ပါ။ ကျန်တဲ့ Tesla ကားတွေဖြစ်တဲ့ Model S ၊ Model 3 နဲ့ Model X တွေကတော့ Sports Car စာရင်းထဲမဝင်ပေမယ့် ဈေးကွက်ထဲမှာ ဝယ်လို့ရတဲ့ Sports Car တွေ၊ Super Sports Car တွေအပြင် Hypercar တချို့ကိုပါ ယှဉ်ပြီး ပြိုင်မောင်းနိုင်လောက်အောင်ကို မြန်ပါတယ်။ Roadster ကတော့ ရပ်နေတာကနေ တစ်နာရီ မိုင် ၆၀ အမြန်နှုန်းကို ရောက်အောင်မောင်းဖို့ အချိန် ၁.၉ စက္ကန့်ပဲ လိုပါတယ်။ အားအပြည့်သွင်းထားရင်တော့ မိုင် ၆၂၀ ဆက်တိုက် မောင်းနိုင်မယ်လို့ ကြေညာထားပါတယ်။

Ref: Business Insider | Forbes | CNBC

Min Than Htike (Akhayar)

www.akhayar.com