[Unicode]

ေ႐ြးခ်ယ္လို႔ အေကာင္းဆုံး ေဒၚလာ ၃၀၀ ေအာက္ Windows Laptop ၇ မ်ိဳး

႐ုံးသုံး၊ ေက်ာင္းသုံးတြက္ပဲျဖစ္ျဖစ္ ေပါ့ေပါ့ပါးပါး ဂိမ္းကစားခ်င္လို႔ Laptop တစ္လုံးရွာေနတယ္၊ ဘယ္အမ်ိဳးစားေကာင္းၿပီး ေဈးနဲ႔ယွဥ္လိုက္ရင္ ဘာဝယ္ရမလဲ ေဝခြဲမရျဖစ္ေနရင္ အေကာင္းဆုံး Budget Laptop ၇ လုံးကို ေဖာ္ျပေပးလိုက္ပါတယ္။

1. Lenovo Ideapad 320: Fully Recommend

Lenovo ထုတ္ Ideapad ေတြက အၾကမ္းခံတယ္၊ ေပါ့လည္းေပ့ါတယ္၊ စြမ္းေဆာင္ရည္လည္းေကာင္းတဲ့ အခ်က္ေတြေၾကာင့္ လူႀကိဳက္မ်ားတဲ့ Mainstream Laptop တမ်ိဳးပါ။ ဒီ 320 ေမာ္ဒယ္မွာဆိုရင္ NumPad သီးသန႔္ ပါလာတဲ့အတြက္ စာရင္းတြက္ဖို႔ အဆင္သင့္ပါပဲ၊ ေနာက္ၿပီး ၁၅.၆ လက္မ ရွိတဲ့အတြက္ Screen ႀကီးႀကီးသုံးခ်င္သူအတြက္လည္း အံကိုက္ပါပဲ။ Resolution ကေတာ့ 1366×768 ရွိမယ္၊ USB 3.0 နဲ႔ 2.0 ေပါက္ေတြ ပါတယ္၊ Ethernet နဲ႔ HDMI ေပါက္ပါေသးတဲ့အတြက္ လိုအပ္သလို ခ်ိတ္ဆက္အသုံးျပဳလို႔ရေသးတယ္၊ အဲ့ဒါထက္ DVD Writer ပါပါေသးတာမလို႔ တကူးတက External DVD Writer ဝယ္သုံးေနဖို႔မလိုပါဘူး။

Lenovo IdeaPad 320

စြမ္းေဆာင္ရည္ပိုင္းမွာလည္း Microsoft Office နဲ႔ တျခား Software ေကာင္းေကာင္းသုံးႏိုင္တဲ့ အေနထား အျပည့္ဝရွိေနတယ္။ ဘာလို႔လဲဆို Dual Core Chip အမ်ိဳးစား Intel Celeron N3350 Processor ကို 4GB DDR3 RAM နဲ႔ တြဲဖက္ထားလို႔ပါ။ Graphics ကို Intel HD 500 သုံးေပးထားတာဆိုေတာ့ Entertainment အတြက္ Ready ပါပဲ။ Hard Disk ကလည္း 1TB အထိ သိမ္းလို႔ရတဲ့အတြက္ လုံေလာက္မႈရွိတယ္လို႔ ဆိုရပါမယ္။ ဒီလက္ေတာ့ရဲ႕ အားနည္းခ်က္တခုက တျခားေမာ္ဒယ္ေတြထက္စာရင္ ပိုထူတယ္၊ ပိုေလးတယ္၊ အေလးခ်ိန္ ၅ ေပါင္ေလာက္ရွိတယ္။ ဆက္တိုက္အသုံးျပဳရင္ ၄ နာရီေလာက္ပဲ ဘက္ထရီခံမယ့္ အားနည္းခ်က္ေလးေတာ့ ရွိပါတယ္။

2. Asus Vivobook E403NA: Fully Recommend

ထိုင္ဝမ္ႏိုင္ငံ အေျခစိုက္ Asus Laptop ေတြက ေပးရတဲ့ တန္ဖိုးနဲ႔ ကိုက္ညီတဲ့ စြမ္းေဆာင္ရည္နဲ႔ အၾကမ္းခံမႈေတြေၾကာင့္ နာမည္ႀကီးပါတယ္။ Vivobook ဆိုတာလည္း Asus Laptop ေတြထဲမွာ Budget ဖက္လည္း မေရာက္၊ ေဈးလည္းမႀကီးဘဲ Luxury က်က်သုံးႏိုင္တဲ့ ေမာ္ဒယ္အမ်ိဳးစားတခုပါ။ အေပၚက Lenovo နဲ႔ ယွဥ္လိုက္ရင္ Processor ၊ RAM နဲ႔ Connectivity အားလုံး အတူတူပဲဆိုမယ့္ Vivobook က Full HD Display ျဖစ္သြားပါၿပီ။ Screen Size က ၁၄ လက္မပဲ ရွိတာဆိုေတာ့ နည္းနည္းေသးသြားတာေပါ့ေနာ္၊ အဲ့အတြက္ေၾကာင့္လည္း NumPad ပါမလာေတာ့ပါဘူး။ ဒါမယ့္ ႐ိုး႐ိုး HD ထက္စာရင္ Resolution ပိုျမင့္သြားတဲ့အခ်က္က Pixel သိပ္သည္းဆ ပိုမ်ားလာမယ္၊ ႐ုပ္ထြက္ ပိုၾကည္သြားမယ္။ ဒါေၾကာင့္ Display ေကာင္း အေရာင္ထြက္လည္း စိုေျပတဲ့တြက္ Vivobook ေလးက ႐ုပ္ရွင္ၾကည့္ဖို႔တြက္ အေကာင္းဆုံး Budget ေလးပါ။

Vivobook E403NA

ေနာက္ၿပီး USB Type-C ေပါက္ ပါေသးလို႔ Type-C Device ေတြနဲ႔ ခ်ိတ္ဆက္ႏိုင္ပါေသးတယ္။ GPU ကို Intel HD 500 ပဲ သုံးထားလို႔ ေပါ့ေပါ့ပါးပါး ဂိမ္းကစားဖို႔တြက္ အစဥ္ေျပပါတယ္။ ဒီလို Full HD Display လည္းပါ၊ ဘက္ထရီလည္း ၁၄ နာရီ ေလာက္ခံတယ္၊ Weight ၃ ေပါင္ပဲ ေလးတဲ့ Vivobook အားနည္းခ်က္တခုက 64GB eMMC Storage ပဲ ပါလာတာပါ။ ဆိုေတာ့ Windows တင္လိုက္မယ္၊ လိုအပ္တဲ့ Software ပဲ သြင္းထားမယ္ဆိုရင္ေတာင္ အမ်ားဆုံး 40GB ေလာက္ပဲ Usable ျဖစ္တာမလို႔ 256GB Storage ရွိတဲ့ SD Card ဒါမွမဟုတ္ External Hard Disk နဲ႔ တြဲသုံးဖို႔ လိုပါလိမ့္မယ္။

3. Lenovo 300E Convertible Laptop: Recommend

ေဒၚလာ ၃၀၀ ေအာက္ Budget ေတြထဲမွာ Touchscreen ပါတာ ရွားပါတယ္၊ Laptop နဲ႔ Tablet ႏွစ္မ်ိဳးလုံး သုံးႏိုင္တဲ့ Convertible အမ်ိဳးစားထဲကဆိုရင္ အနည္းဆုံး ေဒၚလာ ၆၀၀ ေလာက္ေပးသုံးရမွာပါ။ ဒါကို Lenovo က တန္ဖိုးနည္း Convertible 300E ေမာ္ဒယ္နဲ႔ ေခတ္သစ္စံခ်ိန္ ခ်ိဳးပစ္လိုက္ၿပီလို႔ ေျပာႏိုင္ပါၿပီ။ ဘာလို႔လဲဆို Laptop နဲ႔ Tablet ႏွစ္မ်ိဳးလုံး သုံးႏိုင္တယ္၊ ၁၁ လက္မ အ႐ြယ္စားရွိ IPS Display ကိုမွ 1366×768 Resolution နဲ႔ ထုတ္ထားတယ္။ Processor နဲ႔ RAM ေတြကလည္း လုပ္ငန္းသုံးဖို႔နဲ႔ ဂိမ္းကစားဖို႔ Ready ျဖစ္ေနတယ္။

Lenovo 300E Convertible

တခုပါပဲ သယ္လို႔သြားလို႔ ပိုအစဥ္ေျပသြားေအာင္ ထုတ္ထားတာဆိုေတာ့ ပလတ္စတစ္ ကိုယ္ထည္ျဖစ္သြားတယ္။ ဒါေၾကာင့္ သူ႔အစ္ကို Yoga ေမာ္ဒယ္လို Aluminum နဲ႔ Magnesium သတၱဳေလာက္ မမာႏိုင္ဘူး၊ Convertible လုပ္တဲ့အခါ သုံးထားတဲ့အထိန္းက မေတာ္တဆ က်ိဳးပဲ့လြယ္တယ္၊ ဒါေၾကာင့္မလို႔ အဖြင့္၊ အပိတ္လုပ္ရင္ ျဖစ္ျဖစ္၊ Tablet Mode ေျပာင္းသုံးရင္ျဖစ္ျဖစ္ ဂ႐ုတစိုက္ ကိုင္ရမယ့္ အေနထားရွိပါတယ္။ အားမရစရာ ေနာက္တခ်က္က Asus လို 64GB eMMC Storage သုံးထားတယ္။ ေနာက္ၿပီး ထူးထူးျခားျခား Windows 10 S ထည့္ထားတာဆိုေတာ့ Microsoft အျပင္ တျခား Software သုံးမရတဲ့ Limitation ေတာ့ ရွိႏိုင္ပါတယ္။

4.Dell Inspiron 5000 Series i3552-4042BLK: Fully Recommend

Dell Laptop အမ်ားစုက ေကာင္းမြန္တဲ့ TouchPad ပိုင္ဆိုင္ေလ့ရွိပါတယ္။ အနည္းဆုံး 2 Finger Multi-gesture Support လုပ္တာဆိုေတာ့ Mouse သပ္သပ္ တပ္ထားစရာ မလိုတဲ့အထိ  အစဥ္ေျပေျပ သုံးႏိုင္တဲ့ အားသာခ်က္ရွိတယ္။ ေနာက္ၿပီး တျခား Laptop ေတြထက္ အသံပိုစြာတယ္။ ဘာလို႔လဲဆိုေတာ့ ဒီ Budget Dell ေမာ္ဒယ္မွာေတာင္ MaxxAudio နည္းပညာ ပါလာလို႔ပါ။

Dell Inspiron i3552

ဒီ Inspiron ေမာ္ဒယ္မွာဆိုရင္ 1366×768 Resolution ပါဝင္တဲ့ ၁၅.၆ လက္မ Display သုံးထားပါတယ္။ ဝမ္းနည္းစရာ တခုက Asus ေမာ္ဒယ္လို IPS Panel မဟုတ္တဲ့အတြက္ Display Quality အသင့္တင့္ပဲ ရွိမွာပါ။ Processor ကို Intel Dual Core N3050 သုံးထားတယ္၊ RAM ကို 8GB အမ်ားဆုံး သုံးလို႔ရတဲ့ အားသာခ်က္ရွိၿပီး 4GB တခါထဲ ပါလာတယ္။ Storage ကို 500GB သုံးထားၿပီး ထူးထူးျခားျခား ဘက္ထရီ ၆ နာရီခြဲေလာက္ သုံးလို႔ရတဲ့ အားသာခ်က္ ရွိေနျပန္တယ္။ အဆိုး႐ြားဆုံး အခ်က္တခုက ဒီ Dell ကို လွမ္းရႈိးလိုက္ရင္ ေခတ္ေဟာင္း Laptop ၾကည့္ေနရသလိုပါပဲ၊ ဖင္ထူႀကီးနဲ႔ ေဘာ္ဒီႀကီးကလည္း အေလးႀကီး၊ သူ႔ Weight က ၇ ေပါင္ခြဲေလာက္ ရွိတာဆိုေတာ့ သယ္ရျပဳရတဲ့ ဒုကၡေတာ့ ရွိမွာပါ။

5. HP 15-BA009DX: Recommend

အေမရိကန္ ထိပ္တန္း ထုတ္ကုန္ပစၥည္း ေတြထဲက အထင္ကရ Hewlett-Packard (HP) ကေတာ့ အစဥ္လာနဲ႔ကို နာမည္ရွိတဲ့ ကုမၸဏီပါ။ ေနာက္ၿပီး Windows Laptop အားလုံးမွာ အထက္တန္း အက်ဆုံး၊ Luxury Standard အရွိဆုံး Spectre လို Laptop မ်ိဳးထုတ္ႏိုင္တဲ့အတြက္ ထိပ္ဆုံးကလည္း ဦးေဆာင္ေနတာပါ။ ဒါေပမယ့္ ဥေရာပနဲ႔ အာရွေဈးကြက္မွာ ေဈးႏႈန္းအမ်ိဳးမ်ိဳး ေရာင္းခ်ေနတဲ့ တျခား Brand ေတြေၾကာင့္ Budget Laptop ခ်ျပဖို႔ လိုလာခဲ့ပါၿပီ။ ဒါကို HP က ပါးပါးနပ္နပ္နဲ႔ပဲ တန္ဖိုးနည္း Laptop တလုံးကိုမွ Quad Core Processor နဲ႔ Graphics Card သပ္သပ္ပါတဲ့ HP 15-BA009DX ကို ခ်ျပထားပါတယ္။

HP 15-BA009DX

သူ႔ Screen Size က ၁၅ လက္မခြဲ ရွိတယ္၊ ႐ိုး႐ိုး HD Resolution ပဲ သုံးထားေပမယ့္ IPS နီးနီး ႐ုပ္ထြက္ေကာင္းတယ္၊ AMD ရဲ႕ A6 စီးရီး 7310U Processor ကို 4GB RAM နဲ႔ တြဲဖက္ထားတယ္။ ဒီလို Quad Core Processor ကို Radeon R4 Graphics နဲ႔ Run ထားတာေၾကာင့္ DOTA 2 နဲ႔ CS:GO ေကာင္းေကာင္း ကစားႏိုင္တဲ့ စြမ္းေဆာင္ရည္ ပိုင္ဆိုင္လာတယ္။ ဒီလို AMD သုံးထားလို႔ Intel ေလာက္မေကာင္းဘူး မထင္လိုက္ပါနဲ႔။ ဘာလို႔လဲဆို နာမည္ပဲ က်န္ေတာ့တဲ့ Intel က အခုဆိုရင္ AMD နည္းပညာေနာက္ အမွီ လိုက္ေနရလို႔ပါ။ ဆိုေတာ့ ဒီ HP ေလးက ႐ုံးသုံး၊ ေက်ာင္းသုံးအတြက္သာမက တန္ဖိုးနည္း Budget ေလးနဲ႔ ဂိမ္းကစားႏိုင္တဲ့ အားသာခ်က္ေတြ ပိုင္ဆိုင္ထားပါတယ္။ သူ႔ အားနည္းခ်က္ေလးေတြက နည္းနည္းေလးတယ္၊ Graphics Card ပါလာေတာ့ ဘက္ထရီသိပ္မခံတာမ်ိဳး ရွိႏိုင္ပါတယ္။ အခုခ်ိန္ 1TB Storage က Standard လို ျဖစ္လာတဲ့အခ်ိန္ 500GB ပဲပါလာတာက မဆိုစေလာက္နည္းေနတယ္လို႔ ခံစားရေစပါတယ္။

6. Acer Aspire 1: Recommend

တ႐ုတ္ႏိုင္ငံ Brand တမ်ိဳးျဖစ္တဲ့ Acer မွာလည္း ေ႐ြးခ်ယ္စရာအခ်က္ေတြ အမ်ားႀကီး ရွိပါတယ္။ အခုေနာက္ပိုင္းမွာ ထုတ္လိုက္တဲ့ Laptop  အမ်ိဳးစားေတြအလိုက္ ပိုပါးလာေအာင္၊ ဒီဇိုင္းပိုင္း ပိုဆြဲေဆာင္မႈရွိေအာင္ Acer ေျပာင္းလဲလိုက္တဲ့အခ်က္က ကမာၻအပါးဆုံး Laptop အျဖစ္ Swift 7 ေမာ္ဒယ္ေတြ အသတ္မွတ္ခံရတဲ့အထိ ေအာင္ျမင္လာတဲ့ တ႐ုတ္ကုမၸဏီပါ။ ဒီလိုပဲ Aspire 1 မွာဆိုရင္လည္း Upper Model ေတြလို ပါးပါးလ်ပ္လ်ပ္ ကိုယ္ထည္ကို စြမ္းေဆာင္ရည္ျမင့္ အစိတ္ပိုင္းေတြနဲ႔ ဖြဲ႕စည္းထားပါတယ္။

Acer Aspire 1

ဒီ ေဒၚလာ ၃၀၀ တန္ Aspire 1 အားသာခ်က္တခုက ၁၄ လက္မ Display မွာ Full HD Resolution ပါလာတယ္။ အေပၚက Dual-core Celeron Chip ေတြထဲမွာမ Quad Core N4000 Processor သုံးလာလို႔ စြမ္းေဆာင္ပိုေကာင္းသြားတယ္။ RAM နဲ႔ Storage မွာေတာ့ ထုံးစံအတိုင္း 4G RAM နဲ႔ 64GB eMMC Storage ပဲ သုံးထားတာက အားမရာခ်င္စရာပါ။ ေနာက္ၿပီး Budget ဆိုေတာ့ ကိုယ္ထည္က ပလတ္စတစ္သား ျဖစ္ေနလို႔ ဝယ္ၿပီးသြားရင္ အၾကမ္းပတမ္း အသုံးမခံဘူးဆိုတဲ့ သေဘာပါ။ သူ႔ Weight ေလးက ၃ ေပါင္ေလာက္ပဲ ေလးတဲ့အတြက္ အေပၚ ေမာ္ဒယ္ေတြထက္ ပို Portable ဆန္ပါတယ္။ စိတ္မေကာင္းစရာအခ်က္က Vivobook ကို မယွဥ္ႏိုင္တဲ့ ဘက္ထရီသက္တမ္းပါ။ သုံးထားတဲ့ Quad Core Processor ေၾကာင့္လားမသိ Aspire 1 ေမာ္ဒယ္က ဆက္တိုက္သုံးရင္ ၆ နာရီပဲ ဘက္ထရီ အားခံပါတယ္။

7. HP 15-BS020WM 15.6″ Touchscreen Laptop: Editor’s Choice

ဒီ HP ေလးက ေဒၚလာ ၃၀၀ တန္ထဲမွာ စြမ္းေဆာင္ရည္ အေကာင္းဆုံး၊ ေဈးလည္းအတန္ဆုံး Budget Laptop တလုံးပါ။ ဘာလို႔လဲဆိုရင္ 15.6″ Display ကို Touch Support ေပးထားတယ္၊ အားလုံးထဲမွာ အေကာင္းဆုံး စြမ္းေဆာင္ရည္ ပိုင္ဆိုင္ထားတဲ့ Quad-core Pentium Processor သုံးထားတယ္။ RAM နဲ႔ Storage ပိုင္းမွာဆိုရင္လည္း 4GB နဲ႔ 500GB Hard Disk သုံးထားတာမလို႔ ႐ုံးသုံး၊ ေက်ာင္းသုံးအတြက္ ေဒတာသိမ္းဖို႔ေရာ Office လို Application မ်ိဳးနဲ႔ တျခား Software Run ဖို႔ ဘာအခက္ခဲမွ မရွိႏိုင္ပါဘူး။

HP 15-BS020WM

ဒီလို ျပည့္စုံေနတာကိုမွ Accu-Type Keyboad နဲ႔ NumPad ပါေသးလို႔ စာစီ၊ စာ႐ိုက္တြက္ အေကာင္းဆုံး Budget ေလးပါပဲ။ ေနာက္ၿပီး Intel HD 630 Graphics သုံးထားလို႔ DOTA 2 လို ဂိမ္းမ်ိဳးကို 1366×768 Resolution မွာ Medium Setting နဲ႔ ေကာင္းေကာင္း ကစားႏိုင္မယ္။ အဲ့ဒါထက္ USB နဲ႔ HDMI Port ေတြအျပင္ Memory Card Slot လည္းပါေသးလို႔ ဘယ္လိုပဲ ခ်ိတ္ဆက္အသုံးျပဳရပါေစ၊ စိတ္အေႏွာက္ယွက္ မရွိႏိုင္ပါဘူး။ ဒါ့အျပင္ DVD Writer လည္းပါေသးလို႔ ဒီ HP ေလးက ေဈးႏႈန္းလည္းသင့္ ႐ုံးသုံး၊ ေက်ာင္းသုံးအတြက္ အေကာင္းဆုံး Budget Laptop ဆိုရင္မမွားပါဘူး။

2B (Akhayar)
www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ရွေးချယ်လို့ အကောင်းဆုံး ဒေါ်လာ ၃၀၀ အောက် Windows Laptop ၇ မျိုး

ရုံးသုံး၊ ကျောင်းသုံးတွက်ပဲဖြစ်ဖြစ် ပေါ့ပေါ့ပါးပါး ဂိမ်းကစားချင်လို့ Laptop တစ်လုံးရှာနေတယ်၊ ဘယ်အမျိုးစားကောင်းပြီး ဈေးနဲ့ယှဉ်လိုက်ရင် ဘာဝယ်ရမလဲ ဝေခွဲမရဖြစ်နေရင် အကောင်းဆုံး Budget Laptop ၇ လုံးကို ဖော်ပြပေးလိုက်ပါတယ်။

1. Lenovo Ideapad 320: Fully Recommend

Lenovo ထုတ် Ideapad တွေက အကြမ်းခံတယ်၊ ပေါ့လည်းပေ့ါတယ်၊ စွမ်းဆောင်ရည်လည်းကောင်းတဲ့ အချက်တွေကြောင့် လူကြိုက်များတဲ့ Mainstream Laptop တမျိုးပါ။ ဒီ 320 မော်ဒယ်မှာဆိုရင် NumPad သီးသန့် ပါလာတဲ့အတွက် စာရင်းတွက်ဖို့ အဆင်သင့်ပါပဲ၊ နောက်ပြီး ၁၅.၆ လက်မ ရှိတဲ့အတွက် Screen ကြီးကြီးသုံးချင်သူအတွက်လည်း အံကိုက်ပါပဲ။ Resolution ကတော့ 1366×768 ရှိမယ်၊ USB 3.0 နဲ့ 2.0 ပေါက်တွေ ပါတယ်၊ Ethernet နဲ့ HDMI ပေါက်ပါသေးတဲ့အတွက် လိုအပ်သလို ချိတ်ဆက်အသုံးပြုလို့ရသေးတယ်၊ အဲ့ဒါထက် DVD Writer ပါပါသေးတာမလို့ တကူးတက External DVD Writer ဝယ်သုံးနေဖို့မလိုပါဘူး။

Lenovo IdeaPad 320

စွမ်းဆောင်ရည်ပိုင်းမှာလည်း Microsoft Office နဲ့ တခြား Software ကောင်းကောင်းသုံးနိုင်တဲ့ အနေထား အပြည့်ဝရှိနေတယ်။ ဘာလို့လဲဆို Dual Core Chip အမျိုးစား Intel Celeron N3350 Processor ကို 4GB DDR3 RAM နဲ့ တွဲဖက်ထားလို့ပါ။ Graphics ကို Intel HD 500 သုံးပေးထားတာဆိုတော့ Entertainment အတွက် Ready ပါပဲ။ Hard Disk ကလည်း 1TB အထိ သိမ်းလို့ရတဲ့အတွက် လုံလောက်မှုရှိတယ်လို့ ဆိုရပါမယ်။ ဒီလက်တော့ရဲ့ အားနည်းချက်တခုက တခြားမော်ဒယ်တွေထက်စာရင် ပိုထူတယ်၊ ပိုလေးတယ်၊ အလေးချိန် ၅ ပေါင်လောက်ရှိတယ်။ ဆက်တိုက်အသုံးပြုရင် ၄ နာရီလောက်ပဲ ဘက်ထရီခံမယ့် အားနည်းချက်လေးတော့ ရှိပါတယ်။

2. Asus Vivobook E403NA: Fully Recommend

ထိုင်ဝမ်နိုင်ငံ အခြေစိုက် Asus Laptop တွေက ပေးရတဲ့ တန်ဖိုးနဲ့ ကိုက်ညီတဲ့ စွမ်းဆောင်ရည်နဲ့ အကြမ်းခံမှုတွေကြောင့် နာမည်ကြီးပါတယ်။ Vivobook ဆိုတာလည်း Asus Laptop တွေထဲမှာ Budget ဖက်လည်း မရောက်၊ ဈေးလည်းမကြီးဘဲ Luxury ကျကျသုံးနိုင်တဲ့ မော်ဒယ်အမျိုးစားတခုပါ။ အပေါ်က Lenovo နဲ့ ယှဉ်လိုက်ရင် Processor ၊ RAM နဲ့ Connectivity အားလုံး အတူတူပဲဆိုမယ့် Vivobook က Full HD Display ဖြစ်သွားပါပြီ။ Screen Size က ၁၄ လက်မပဲ ရှိတာဆိုတော့ နည်းနည်းသေးသွားတာပေါ့နော်၊ အဲ့အတွက်ကြောင့်လည်း NumPad ပါမလာတော့ပါဘူး။ ဒါမယ့် ရိုးရိုး HD ထက်စာရင် Resolution ပိုမြင့်သွားတဲ့အချက်က Pixel သိပ်သည်းဆ ပိုများလာမယ်၊ ရုပ်ထွက် ပိုကြည်သွားမယ်။ ဒါကြောင့် Display ကောင်း အရောင်ထွက်လည်း စိုပြေတဲ့တွက် Vivobook လေးက ရုပ်ရှင်ကြည့်ဖို့တွက် အကောင်းဆုံး Budget လေးပါ။

Vivobook E403NA

နောက်ပြီး USB Type-C ပေါက် ပါသေးလို့ Type-C Device တွေနဲ့ ချိတ်ဆက်နိုင်ပါသေးတယ်။ GPU ကို Intel HD 500 ပဲ သုံးထားလို့ ပေါ့ပေါ့ပါးပါး ဂိမ်းကစားဖို့တွက် အစဉ်ပြေပါတယ်။ ဒီလို Full HD Display လည်းပါ၊ ဘက်ထရီလည်း ၁၄ နာရီ လောက်ခံတယ်၊ Weight ၃ ပေါင်ပဲ လေးတဲ့ Vivobook အားနည်းချက်တခုက 64GB eMMC Storage ပဲ ပါလာတာပါ။ ဆိုတော့ Windows တင်လိုက်မယ်၊ လိုအပ်တဲ့ Software ပဲ သွင်းထားမယ်ဆိုရင်တောင် အများဆုံး 40GB လောက်ပဲ Usable ဖြစ်တာမလို့ 256GB Storage ရှိတဲ့ SD Card ဒါမှမဟုတ် External Hard Disk နဲ့ တွဲသုံးဖို့ လိုပါလိမ့်မယ်။

3. Lenovo 300E Convertible Laptop: Recommend

ဒေါ်လာ ၃၀၀ အောက် Budget တွေထဲမှာ Touchscreen ပါတာ ရှားပါတယ်၊ Laptop နဲ့ Tablet နှစ်မျိုးလုံး သုံးနိုင်တဲ့ Convertible အမျိုးစားထဲကဆိုရင် အနည်းဆုံး ဒေါ်လာ ၆၀၀ လောက်ပေးသုံးရမှာပါ။ ဒါကို Lenovo က တန်ဖိုးနည်း Convertible 300E မော်ဒယ်နဲ့ ခေတ်သစ်စံချိန် ချိုးပစ်လိုက်ပြီလို့ ပြောနိုင်ပါပြီ။ ဘာလို့လဲဆို Laptop နဲ့ Tablet နှစ်မျိုးလုံး သုံးနိုင်တယ်၊ ၁၁ လက်မ အရွယ်စားရှိ IPS Display ကိုမှ 1366×768 Resolution နဲ့ ထုတ်ထားတယ်။ Processor နဲ့ RAM တွေကလည်း လုပ်ငန်းသုံးဖို့နဲ့ ဂိမ်းကစားဖို့ Ready ဖြစ်နေတယ်။

Lenovo 300E Convertible

တခုပါပဲ သယ်လို့သွားလို့ ပိုအစဉ်ပြေသွားအောင် ထုတ်ထားတာဆိုတော့ ပလတ်စတစ် ကိုယ်ထည်ဖြစ်သွားတယ်။ ဒါကြောင့် သူ့အစ်ကို Yoga မော်ဒယ်လို Aluminum နဲ့ Magnesium သတ္တုလောက် မမာနိုင်ဘူး၊ Convertible လုပ်တဲ့အခါ သုံးထားတဲ့အထိန်းက မတော်တဆ ကျိုးပဲ့လွယ်တယ်၊ ဒါကြောင့်မလို့ အဖွင့်၊ အပိတ်လုပ်ရင် ဖြစ်ဖြစ်၊ Tablet Mode ပြောင်းသုံးရင်ဖြစ်ဖြစ် ဂရုတစိုက် ကိုင်ရမယ့် အနေထားရှိပါတယ်။ အားမရစရာ နောက်တချက်က Asus လို 64GB eMMC Storage သုံးထားတယ်။ နောက်ပြီး ထူးထူးခြားခြား Windows 10 S ထည့်ထားတာဆိုတော့ Microsoft အပြင် တခြား Software သုံးမရတဲ့ Limitation တော့ ရှိနိုင်ပါတယ်။

4.Dell Inspiron 5000 Series i3552-4042BLK: Fully Recommend

Dell Laptop အများစုက ကောင်းမွန်တဲ့ TouchPad ပိုင်ဆိုင်လေ့ရှိပါတယ်။ အနည်းဆုံး 2 Finger Multi-gesture Support လုပ်တာဆိုတော့ Mouse သပ်သပ် တပ်ထားစရာ မလိုတဲ့အထိ  အစဉ်ပြေပြေ သုံးနိုင်တဲ့ အားသာချက်ရှိတယ်။ နောက်ပြီး တခြား Laptop တွေထက် အသံပိုစွာတယ်။ ဘာလို့လဲဆိုတော့ ဒီ Budget Dell မော်ဒယ်မှာတောင် MaxxAudio နည်းပညာ ပါလာလို့ပါ။

Dell Inspiron i3552

ဒီ Inspiron မော်ဒယ်မှာဆိုရင် 1366×768 Resolution ပါဝင်တဲ့ ၁၅.၆ လက်မ Display သုံးထားပါတယ်။ ဝမ်းနည်းစရာ တခုက Asus မော်ဒယ်လို IPS Panel မဟုတ်တဲ့အတွက် Display Quality အသင့်တင့်ပဲ ရှိမှာပါ။ Processor ကို Intel Dual Core N3050 သုံးထားတယ်၊ RAM ကို 8GB အများဆုံး သုံးလို့ရတဲ့ အားသာချက်ရှိပြီး 4GB တခါထဲ ပါလာတယ်။ Storage ကို 500GB သုံးထားပြီး ထူးထူးခြားခြား ဘက်ထရီ ၆ နာရီခွဲလောက် သုံးလို့ရတဲ့ အားသာချက် ရှိနေပြန်တယ်။ အဆိုးရွားဆုံး အချက်တခုက ဒီ Dell ကို လှမ်းရှိုးလိုက်ရင် ခေတ်ဟောင်း Laptop ကြည့်နေရသလိုပါပဲ၊ ဖင်ထူကြီးနဲ့ ဘော်ဒီကြီးကလည်း အလေးကြီး၊ သူ့ Weight က ၇ ပေါင်ခွဲလောက် ရှိတာဆိုတော့ သယ်ရပြုရတဲ့ ဒုက္ခတော့ ရှိမှာပါ။

5. HP 15-BA009DX: Recommend

အမေရိကန် ထိပ်တန်း ထုတ်ကုန်ပစ္စည်း တွေထဲက အထင်ကရ Hewlett-Packard (HP) ကတော့ အစဉ်လာနဲ့ကို နာမည်ရှိတဲ့ ကုမ္ပဏီပါ။ နောက်ပြီး Windows Laptop အားလုံးမှာ အထက်တန်း အကျဆုံး၊ Luxury Standard အရှိဆုံး Spectre လို Laptop မျိုးထုတ်နိုင်တဲ့အတွက် ထိပ်ဆုံးကလည်း ဦးဆောင်နေတာပါ။ ဒါပေမယ့် ဥရောပနဲ့ အာရှဈေးကွက်မှာ ဈေးနှုန်းအမျိုးမျိုး ရောင်းချနေတဲ့ တခြား Brand တွေကြောင့် Budget Laptop ချပြဖို့ လိုလာခဲ့ပါပြီ။ ဒါကို HP က ပါးပါးနပ်နပ်နဲ့ပဲ တန်ဖိုးနည်း Laptop တလုံးကိုမှ Quad Core Processor နဲ့ Graphics Card သပ်သပ်ပါတဲ့ HP 15-BA009DX ကို ချပြထားပါတယ်။

HP 15-BA009DX

သူ့ Screen Size က ၁၅ လက်မခွဲ ရှိတယ်၊ ရိုးရိုး HD Resolution ပဲ သုံးထားပေမယ့် IPS နီးနီး ရုပ်ထွက်ကောင်းတယ်၊ AMD ရဲ့ A6 စီးရီး 7310U Processor ကို 4GB RAM နဲ့ တွဲဖက်ထားတယ်။ ဒီလို Quad Core Processor ကို Radeon R4 Graphics နဲ့ Run ထားတာကြောင့် DOTA 2 နဲ့ CS:GO ကောင်းကောင်း ကစားနိုင်တဲ့ စွမ်းဆောင်ရည် ပိုင်ဆိုင်လာတယ်။ ဒီလို AMD သုံးထားလို့ Intel လောက်မကောင်းဘူး မထင်လိုက်ပါနဲ့။ ဘာလို့လဲဆို နာမည်ပဲ ကျန်တော့တဲ့ Intel က အခုဆိုရင် AMD နည်းပညာနောက် အမှီ လိုက်နေရလို့ပါ။ ဆိုတော့ ဒီ HP လေးက ရုံးသုံး၊ ကျောင်းသုံးအတွက်သာမက တန်ဖိုးနည်း Budget လေးနဲ့ ဂိမ်းကစားနိုင်တဲ့ အားသာချက်တွေ ပိုင်ဆိုင်ထားပါတယ်။ သူ့ အားနည်းချက်လေးတွေက နည်းနည်းလေးတယ်၊ Graphics Card ပါလာတော့ ဘက်ထရီသိပ်မခံတာမျိုး ရှိနိုင်ပါတယ်။ အခုချိန် 1TB Storage က Standard လို ဖြစ်လာတဲ့အချိန် 500GB ပဲပါလာတာက မဆိုစလောက်နည်းနေတယ်လို့ ခံစားရစေပါတယ်။

6. Acer Aspire 1: Recommend

တရုတ်နိုင်ငံ Brand တမျိုးဖြစ်တဲ့ Acer မှာလည်း ရွေးချယ်စရာအချက်တွေ အများကြီး ရှိပါတယ်။ အခုနောက်ပိုင်းမှာ ထုတ်လိုက်တဲ့ Laptop  အမျိုးစားတွေအလိုက် ပိုပါးလာအောင်၊ ဒီဇိုင်းပိုင်း ပိုဆွဲဆောင်မှုရှိအောင် Acer ပြောင်းလဲလိုက်တဲ့အချက်က ကမ္ဘာအပါးဆုံး Laptop အဖြစ် Swift 7 မော်ဒယ်တွေ အသတ်မှတ်ခံရတဲ့အထိ အောင်မြင်လာတဲ့ တရုတ်ကုမ္ပဏီပါ။ ဒီလိုပဲ Aspire 1 မှာဆိုရင်လည်း Upper Model တွေလို ပါးပါးလျပ်လျပ် ကိုယ်ထည်ကို စွမ်းဆောင်ရည်မြင့် အစိတ်ပိုင်းတွေနဲ့ ဖွဲ့စည်းထားပါတယ်။

Acer Aspire 1

ဒီ ဒေါ်လာ ၃၀၀ တန် Aspire 1 အားသာချက်တခုက ၁၄ လက်မ Display မှာ Full HD Resolution ပါလာတယ်။ အပေါ်က Dual-core Celeron Chip တွေထဲမှာမ Quad Core N4000 Processor သုံးလာလို့ စွမ်းဆောင်ပိုကောင်းသွားတယ်။ RAM နဲ့ Storage မှာတော့ ထုံးစံအတိုင်း 4G RAM နဲ့ 64GB eMMC Storage ပဲ သုံးထားတာက အားမရာချင်စရာပါ။ နောက်ပြီး Budget ဆိုတော့ ကိုယ်ထည်က ပလတ်စတစ်သား ဖြစ်နေလို့ ဝယ်ပြီးသွားရင် အကြမ်းပတမ်း အသုံးမခံဘူးဆိုတဲ့ သဘောပါ။ သူ့ Weight လေးက ၃ ပေါင်လောက်ပဲ လေးတဲ့အတွက် အပေါ် မော်ဒယ်တွေထက် ပို Portable ဆန်ပါတယ်။ စိတ်မကောင်းစရာအချက်က Vivobook ကို မယှဉ်နိုင်တဲ့ ဘက်ထရီသက်တမ်းပါ။ သုံးထားတဲ့ Quad Core Processor ကြောင့်လားမသိ Aspire 1 မော်ဒယ်က ဆက်တိုက်သုံးရင် ၆ နာရီပဲ ဘက်ထရီ အားခံပါတယ်။

7. HP 15-BS020WM 15.6″ Touchscreen Laptop: Editor’s Choice

ဒီ HP လေးက ဒေါ်လာ ၃၀၀ တန်ထဲမှာ စွမ်းဆောင်ရည် အကောင်းဆုံး၊ ဈေးလည်းအတန်ဆုံး Budget Laptop တလုံးပါ။ ဘာလို့လဲဆိုရင် 15.6″ Display ကို Touch Support ပေးထားတယ်၊ အားလုံးထဲမှာ အကောင်းဆုံး စွမ်းဆောင်ရည် ပိုင်ဆိုင်ထားတဲ့ Quad-core Pentium Processor သုံးထားတယ်။ RAM နဲ့ Storage ပိုင်းမှာဆိုရင်လည်း 4GB နဲ့ 500GB Hard Disk သုံးထားတာမလို့ ရုံးသုံး၊ ကျောင်းသုံးအတွက် ဒေတာသိမ်းဖို့ရော Office လို Application မျိုးနဲ့ တခြား Software Run ဖို့ ဘာအခက်ခဲမှ မရှိနိုင်ပါဘူး။

HP 15-BS020WM

ဒီလို ပြည့်စုံနေတာကိုမှ Accu-Type Keyboad နဲ့ NumPad ပါသေးလို့ စာစီ၊ စာရိုက်တွက် အကောင်းဆုံး Budget လေးပါပဲ။ နောက်ပြီး Intel HD 630 Graphics သုံးထားလို့ DOTA 2 လို ဂိမ်းမျိုးကို 1366×768 Resolution မှာ Medium Setting နဲ့ ကောင်းကောင်း ကစားနိုင်မယ်။ အဲ့ဒါထက် USB နဲ့ HDMI Port တွေအပြင် Memory Card Slot လည်းပါသေးလို့ ဘယ်လိုပဲ ချိတ်ဆက်အသုံးပြုရပါစေ၊ စိတ်အနှောက်ယှက် မရှိနိုင်ပါဘူး။ ဒါ့အပြင် DVD Writer လည်းပါသေးလို့ ဒီ HP လေးက ဈေးနှုန်းလည်းသင့် ရုံးသုံး၊ ကျောင်းသုံးအတွက် အကောင်းဆုံး Budget Laptop ဆိုရင်မမှားပါဘူး။

2B (Akhayar)
www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။