[Zawgyi]

တစ္စုံတစ္ေယာက္ ကုိ ခ်စ္မိေနတဲ့အခါ ျဖစ္လာႏုိင္တဲ့ အျပဳအမူမ်ား

“ရင္ခုန္ရင္ အခ်စ္ပဲေလ”….ဆုိတဲ့ ထူးအိမ္သင္ ဆုိထားတဲ့ သီခ်င္းသံစဥ္ေလးအတုိင္း အခ်စ္ဆုိတာက ရင္ထဲက အလုိလုိ ၿဖစ္တည္လာတဲ့ ခံစားခ်က္မုိ႕ လုပ္ယူဖန္တီးလုိ႕ရတဲ့ အရာတစ္ခုမဟုတ္မွန္း ပရိသတ္ေတြလည္းခံစားဖူးၾကမွာပါ။
ဘယ္လုိပဲၿဖစ္ေနပါေစ လူတစ္ဦး နဲ႕ တစ္ဦး အခ်စ္နဲ႕ပတ္သက္ၿပီး ခံယူခ်က္ေတြကြဲၿပားရင္သာ ကြဲျပားႏုိင္ေပမယ့္ ဒီထဲက အခ်က္ေလးေတြအတုိင္းခံစားေနရၿပီဆုိရင္ လူတစ္ေယာက္ကုိ တကယ္ခ်စ္မိေနၿပီဆုိတာ ေသခ်ာပါတယ္။
(၁) တစ္စုံတစ္ေယာက္ကုိခ်စ္မိေနတဲ့အခါ သူနဲ႕ ပတ္သက္ၿပီး ကုိယ္မလုပ္ႏုိင္တဲ့ အလုပ္ ၊၀ါသနာမပါတဲ့အလုပ္ျဖစ္ေနလည္း အကူအညီေတာင္းတဲ့အခါ အားတက္သေရာနဲ႕ ကူညီေပးခ်င္လာတတ္ပါတယ္။

(၂) အသံအေနအထားကအစ အရင္ကနဲ႕မတူပဲ ေၿပာင္းလဲေနမယ္။ အထူးသၿဖင့္ အမ်ိဳးသမီးေတြကေတာ့ သူတုိ႕တကယ္ခ်စ္တဲ့သူနဲ႕စကားေျပာတဲ့ အခါ သာမန္ထက္ပုိၿပီး ေလယူေလသိမ္းအသံအေနထားက အစ သိသိသာသာ ႏူးညံ့ညင္သာလာတယ္လုိ႕ ေလ့လာမႈတစ္ခုမွာ ေဖာ္ျပထားပါတယ္။

(၃ )စိတ္ကူးထဲမွာ က်ိတ္ခုိက္ေနရတဲ့သူနဲ႕ အမွတ္မထင္ ျပံဳးျပလုိက္တာမ်ိဴး ၊ အႀကည့္ခ်င္းဆုံတဲ့အခါ ရွက္ကုိးရွက္ကန္းၿဖစ္ၿပီး ရွက္ေသြးျဖာသြားမိတဲ့ အခုိက္အတန္႕ေလးေတြရွိႏုိင္ပါတယ္။ ေခတ္မီစိတ္ပညာရွင္ေတြ ေလ့လာခ်က္အရ လူအမ်ားစုဟာ သူတုိ႕တကယ္ခ်စ္တဲ့သူအေၾကာင္း ေျပာမိတဲ့အခါ မ်က္ႏွာေတြနီရဲလာၿပီး ရွက္ေသြးၿဖာတဲ့အမူအရာ တစ္မ်ိဳးကုိ ေတြ႕ရတယ္လုိ႕ ဆုိပါတယ္။


(၄)အထူးသျဖင့္ အမ်ဳိးသားေတြက သူတုိ႕ခ်စ္မိေနတဲ့သူနဲ႕ ေတြ႕တဲ့အခါ အရင္ကထက္ပုိၿပီး စိတ္ေရာကုိယ္ပါ သန္မာလာတတ္ပါတယ္။ သူတုိ႕ Crush ေနတဲ့ေကာင္မေလးရဲ႕ မႏုိင္မနင္းျဖစ္ေနတဲ့ ေစ်း၀ယ္ပစၥည္းေတြကူသယ္ေပးတာမ်ိဳး ေက်ာင္းစာအုပ္ေတြကူကုိင္ေပးတာမ်ိဳးစတာေတြအၿပင္ သူတုိ႕ခ်စ္ေနတဲ့မိန္းကေလး ၀မ္းနည္းအားငယ္ေနတဲ့အခါမွာလည္း စိတ္ေရာကိုယ္ပါ မားမားမတ္မတ္ရပ္တည္ေပးခ်င္စိတ္ေတြၿဖစ္ေပၚလာၾကပါတယ္။

(၅)ေနာက္တစ္ခ်က္ကေတာ့ မ်က္လုံးအၾကည့္ေတြက အစသိသာေနတာမ်ိဳးပါ။ ကုိယ္ Crush ေနတဲ့သူကုိ ႀကည့္တဲ့မ်က္၀န္းရိပ္က တၿခားသာမန္လူေတြထက္ကုိပုိၿပီး ေလးေလးနက္နက္ပုံစံျဖစ္ေနတတ္ပါတယ္။ သိပၸံပညာရွင္ေတြေၿပာပုံအရဆုိရင္ မ်က္လုံးအႀကည့္ေတြဆုိတာ ရင္ထဲကခံစားခ်က္ေတြကေနတစ္ဆင့္ ပုံေဖာ္ျဖစ္တည္လာတယ္လုိ႕ ဆုိပါတယ္။


(၆)တစ္စုံတစ္ေယာက္ကုိ ခ်စ္မိတဲ့အခါ ခံစားခ်က္ေတြပြင့္ထြက္ၿပီး ငုိမိၾကပါတယ္။ အထူးသျဖင့္ အမ်ဳိးသမီးေတြမွာ ေတြ႕ရမ်ားေပမယ့္ အမ်ိဳးသားေတြလည္း တကယ္နက္နက္နဲနဲခံစားလာရတဲ့အခါ ငုိမိၾကတာကုိ ေတြ႕ဖူးၾကမယ္လုိ႕ ထင္ပါတယ္။ ကုိယ္ခ်စ္တဲ့သူနဲ႕ပတ္သက္ၿပီး အဆင္မေျပတဲ့အခါ ၊ မေတြ႕ရတဲ့အခါ ၊ သူတစ္ခုခုျဖစ္ရင္ ကုိယ္ပါစိတ္ပူျပီး ေဆာက္တည္ရာမရျဖစ္တတ္ၾကပါတယ္။ အမ်ိဳးသမီးေတြကေတာ့ သူတို႕ခ်စ္တဲ့သူနဲ႕ အဆင္မေျပတဲ့အခါ အားရပါးရ ငုိတတ္ၾကပါတယ္။


ပရိသတ္ေတြေရာ…Crush ေနတဲ့သူရွိၿပီလား..ရွိလာၿပီဆုိရင္ေတာ့ သင္သူ႕ကုိ ခ်စ္မိေနတာေသခ်ာသေလာက္ပါပဲ။ ခ်စ္တဲ့သူတုိင္း သက္ဆုံးတုိင္ေပါင္းဖက္ခြင့္ရၾကပါေစေနာ္။

Stella(Akhayar)

www.Akhayar.com 

 

[Unicode]

တစ်စုံတစ်ယောက် ကို ချစ်မိနေတဲ့အခါ ဖြစ်လာနိုင်တဲ့ အပြုအမူများ

“ရင်ခုန်ရင် အချစ်ပဲလေ”….ဆိုတဲ့ ထူးအိမ်သင် ဆိုထားတဲ့ သီချင်းသံစဉ်လေးအတိုင်း အချစ်ဆိုတာက ရင်ထဲက အလိုလို ဖြစ်တည်လာတဲ့ ခံစားချက်မို့ လုပ်ယူဖန်တီးလို့ရတဲ့ အရာတစ်ခုမဟုတ်မှန်း ပရိသတ်တွေလည်းခံစားဖူးကြမှာပါ။
ဘယ်လိုပဲဖြစ်နေပါစေ လူတစ်ဦး နဲ့ တစ်ဦး အချစ်နဲ့ပတ်သက်ပြီး ခံယူချက်တွေကွဲပြားရင်သာ ကွဲပြားနိုင်ပေမယ့် ဒီထဲက အချက်လေးတွေအတိုင်းခံစားနေရပြီဆိုရင် လူတစ်ယောက်ကို တကယ်ချစ်မိနေပြီဆိုတာ သေချာပါတယ်။
(၁) တစ်စုံတစ်ယောက်ကိုချစ်မိနေတဲ့အခါ သူနဲ့ ပတ်သက်ပြီး ကိုယ်မလုပ်နိုင်တဲ့ အလုပ် ၊ဝါသနာမပါတဲ့အလုပ်ဖြစ်နေလည်း အကူအညီတောင်းတဲ့အခါ အားတက်သရောနဲ့ ကူညီပေးချင်လာတတ်ပါတယ်။

(၂) အသံအနေအထားကအစ အရင်ကနဲ့မတူပဲ ပြောင်းလဲနေမယ်။ အထူးသဖြင့် အမျိုးသမီးတွေကတော့ သူတို့တကယ်ချစ်တဲ့သူနဲ့စကားပြောတဲ့ အခါ သာမန်ထက်ပိုပြီး လေယူလေသိမ်းအသံအနေထားက အစ သိသိသာသာ နူးညံ့ညင်သာလာတယ်လို့ လေ့လာမှုတစ်ခုမှာ ဖော်ပြထားပါတယ်။

(၃ )စိတ်ကူးထဲမှာ ကျိတ်ခိုက်နေရတဲ့သူနဲ့ အမှတ်မထင် ပြုံးပြလိုက်တာမျိူး ၊ အကြည့်ချင်းဆုံတဲ့အခါ ရှက်ကိုးရှက်ကန်းဖြစ်ပြီး ရှက်သွေးဖြာသွားမိတဲ့ အခိုက်အတန့်လေးတွေရှိနိုင်ပါတယ်။ ခေတ်မီစိတ်ပညာရှင်တွေ လေ့လာချက်အရ လူအများစုဟာ သူတို့တကယ်ချစ်တဲ့သူအကြောင်း ပြောမိတဲ့အခါ မျက်နှာတွေနီရဲလာပြီး ရှက်သွေးဖြာတဲ့အမူအရာ တစ်မျိုးကို တွေ့ရတယ်လို့ ဆိုပါတယ်။


(၄)အထူးသဖြင့် အမျိုးသားတွေက သူတို့ချစ်မိနေတဲ့သူနဲ့ တွေ့တဲ့အခါ အရင်ကထက်ပိုပြီး စိတ်ရောကိုယ်ပါ သန်မာလာတတ်ပါတယ်။ သူတို့ Crush နေတဲ့ကောင်မလေးရဲ့ မနိုင်မနင်းဖြစ်နေတဲ့ ဈေးဝယ်ပစ္စည်းတွေကူသယ်ပေးတာမျိုး ကျောင်းစာအုပ်တွေကူကိုင်ပေးတာမျိုးစတာတွေအပြင် သူတို့ချစ်နေတဲ့မိန်းကလေး ဝမ်းနည်းအားငယ်နေတဲ့အခါမှာလည်း စိတ်ရောကိုယ်ပါ မားမားမတ်မတ်ရပ်တည်ပေးချင်စိတ်တွေဖြစ်ပေါ်လာကြပါတယ်။

(၅)နောက်တစ်ချက်ကတော့ မျက်လုံးအကြည့်တွေက အစသိသာနေတာမျိုးပါ။ ကိုယ် Crush နေတဲ့သူကို ကြည့်တဲ့မျက်ဝန်းရိပ်က တခြားသာမန်လူတွေထက်ကိုပိုပြီး လေးလေးနက်နက်ပုံစံဖြစ်နေတတ်ပါတယ်။ သိပ္ပံပညာရှင်တွေပြောပုံအရဆိုရင် မျက်လုံးအကြည့်တွေဆိုတာ ရင်ထဲကခံစားချက်တွေကနေတစ်ဆင့် ပုံဖော်ဖြစ်တည်လာတယ်လို့ ဆိုပါတယ်။

(၆)တစ်စုံတစ်ယောက်ကို ချစ်မိတဲ့အခါ ခံစားချက်တွေပွင့်ထွက်ပြီး ငိုမိကြပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေမှာ တွေ့ရများပေမယ့် အမျိုးသားတွေလည်း တကယ်နက်နက်နဲနဲခံစားလာရတဲ့အခါ ငိုမိကြတာကို တွေ့ဖူးကြမယ်လို့ ထင်ပါတယ်။ ကိုယ်ချစ်တဲ့သူနဲ့ပတ်သက်ပြီး အဆင်မပြေတဲ့အခါ ၊ မတွေ့ရတဲ့အခါ ၊ သူတစ်ခုခုဖြစ်ရင် ကိုယ်ပါစိတ်ပူပြီး ဆောက်တည်ရာမရဖြစ်တတ်ကြပါတယ်။ အမျိုးသမီးတွေကတော့ သူတို့ချစ်တဲ့သူနဲ့ အဆင်မပြေတဲ့အခါ အားရပါးရ ငိုတတ်ကြပါတယ်။

ပရိသတ်တွေရော…Crush နေတဲ့သူရှိပြီလား..ရှိလာပြီဆိုရင်တော့ သင်သူ့ကို ချစ်မိနေတာသေချာသလောက်ပါပဲ။ ချစ်တဲ့သူတိုင်း သက်ဆုံးတိုင်ပေါင်းဖက်ခွင့်ရကြပါစေနော်။

Stella (Akhayar)

www.Akhayar.com