[Zawgyi]

ဟုိတယ္မွာတည္းတဲ့့အခါ က်န္းမာေရးအတြက္ သတိထားရမယ္႔အရာမ်ား

အခုေနာက္ပိုင္း လူေတာ္ေတာ္မ်ားမ်ားက ရာသီဥတုမေရြး ခရီးထြက္ အပန္းေျဖလာၾကပါတယ္။ အျမဲခရီးသြားတတ္တဲ႔ ခရီးသြားေတြအေနနဲ႔ေတာ႔ ဟုိတယ္ေတြနဲ႔ ကင္းကြာလို႔မရပါဘူး။ ဟိုတယ္ေတြမွာတည္းခိုတဲ့အခါ ဟုိတယ္ေတြထဲမွာရွိတဲ႔ တခ်ဳိ႕ေသာအရာေတြက အခန္႔မသင့္ရင္ လူေတြကို နာမက်န္းျဖစ္ေစႏိုင္ပါတယ္။ ဟိုတယ္ထဲမွာရွိတဲ႔ ဘယ္လိုအရာေတြက တည္းခိုသူေတြကို ဖ်ားနာၿပီး နာမက်န္းျဖစ္ေစလဲဆိုတာကို ဗဟုသုတရေစဖို႔အတြက္ ေဖာ္ျပေပးလုိက္ပါတယ္။

TV Remote

ဟုိတယ္ခန္းတစ္ခန္းဟာ ကိုယ္႔အျပင္ အျခားလူေပါင္းမ်ားစြာ လာေရာက္တည္းခိုတဲ့ ေနရာျဖစ္တဲ့အတြက္ ကိုယ္မသိတဲ႔ အမ်ဳိးမ်ဳိးေသာလူေတြကလည္း ဟိုတယ္ခန္းထဲက TV Remote ကို ထိေတြ႕ကိုင္တြယ္ၾကမွာပါ။ ဒီလို လူအမ်ားစုထိေတြ႔ကုိင္တြယ္ထားတဲ႔ TV Remote ေတြမွာ မျမင္ရတဲ႔ ပိုးမႊားေတြလည္းရွိေနမွာ ေသခ်ာပါတယ္။ ဟိုတယ္သန္႔ရွင္းေရးနဲ႔ပတ္သက္ၿပိီး Travelmath က ေလ့လာတဲ႔အခါမွာ အသက္ရွဴလမ္းေၾကာင္းဆိုင္ရာနဲ႔ အစာအိမ္နဲ႔အူလမ္းေၾကာင္းဆိုင္ရာ ျပႆနာေတြ ျဖစ္ေပၚေစတဲ႔ အမ်ဳိးမ်ဳိးေသာ ဘက္တီရီးယားေတြကို ၾကယ္သံုးပြင္႔အဆင္႔ဟိုတယ္ေတြရွိ TV Remote ေတြမွာေတာင္ ေတြ႔ရတယ္လို႔ ဆိုထားပါတယ္။ ဒါေၾကာင္႔မို႔ TV Remote ေတြကို ထိေတြ႔ကိုင္တြယ္ၿပီးရင္ က်န္းမာေရးကို အေလးထားတဲ႔အေနနဲ႔ လက္ကိုဆပ္ျပာနဲ႔ ေသေသခ်ာခ်ာေဆးတာမ်ဳိး ျပဳလုပ္သင္႔ပါတယ္။

TV Remote

TV Remote

ဟိုတယ္ၾကမ္းျပင္နဲ႔ေကာ္ေဇာ

ဟိုတယ္ခန္းထဲရွိ ေကာ္ေဇာေတြ၊ ၾကမ္းျပင္ေတြကို အမ်ားစုက ဖုန္ေတြ၊ အညစ္အေၾကးေတြမရွိဘဲ သန္႔ရွင္းစင္ၾကယ္တယ္လုိ႔ ထင္မွတ္မွားတတ္ၾကပါတယ္။ အမွန္မွာေတာ့ ၾကမ္းျပင္ေတြ၊ ေကာ္ေဇာေတြကို သန္႔ရွင္းေရးလုပ္ထားေပမယ္႔ လူအမ်ားတည္းခိုအနားယူတဲ႔ ေနရာျဖစ္တဲ႔အတြက္ ေရာဂါပိုးအစံုရွိေနတတ္ပါတယ္။အဲလိုေရာဂါပိုးေတြထဲမွာမွ အစာအိမ္နဲ႔ အူလမ္းေၾကာင္းဆိုင္ရာ ေရာဂါေတြျဖစ္ပြားေစတဲ႔ ဘက္တီးရီးယားပိုးေတြ ေပါမ်ားစြာရွိေနတတ္ပါတယ္။ ဒါေၾကာင့္မို႔ ေရခ်ဳိးၿပီးတဲ႔အခါ မ်က္ႏွာသုတ္ပဝါေတြနဲ႔ အဝတ္အစားေတြကို ၾကမ္းျပင္ေပၚ ပစ္ခ်ၿပီး ျပန္အသံုးမျပဳဖုိ႔ သတိျပဳသင္႔ပါတယ္။

Toss your things on the floor

Toss your things on the floor

ေရခ်ဳိးခန္းေဘစင္

ဟုိတယ္ေတြမွာ မ်ားေသာအားျဖင္႔ ေရခ်ဳိးခန္းကေနထြက္တဲ႔အခါ သြားတိုက္၊ မ်က္ႏွာသစ္ဖို႔အတြက္ ေဘစင္လွလွေလးေတြရွိပါတယ္။ အဲဒီေဘစင္ေလးေတြက အရမ္းကိုေတာက္ေျပာင္ၿပီး ၾကည္လင္ေနတဲ႔အခါ သန္႔ရွင္းတယ္ထင္ၿပီး ကိုယ္ရဲ႕တစ္ကုိယ္ေရသံုးပစၥည္းေတြကို အဲဒီအေပၚမွာ တင္မိတတ္ၾကပါတယ္။ ေလ႔လာေတြ႕ရွိခ်က္ေတြအရ ဟုိတယ္အခန္းေတြထဲက ေရခ်ဳိးခန္းေဘစင္ေတြမွာေတာင္ ဘက္တီးရီးယားေတြ အမ်ားႀကီး စုျပံဳကပ္တြယ္ေနတာကို ေတြ႔ရွိရပါတယ္။ အဲလိုေနရာမ်ဳိးမွာ မ်က္ႏွာနဲ႔ထိေတြ႔ရတဲ႔ မိတ္ကပ္ဘရပ္ရွ္ေတြနဲ႔ သြားတိုက္တံေတြကိုသာ တင္ထားမိရင္ ဘက္တီးရီးယားေတြကို ပါးစပ္နဲ႔မ်က္ႏွာဆီကို အေရာက္ပို႔သလိုျဖစ္ေနမွာ အေသအခ်ာပါပဲ။

Bathroom Counter

Bathroom Counter

ဟုိတယ္တယ္လီဖုန္း

Room Service ေတြလုပ္ခိုင္းခ်င္လို႔ပဲျဖစ္ျဖစ္၊ ဟိုတယ္အခန္းနဲ႔ ပတ္သက္ၿပီး အဆင္မေျပတာေတြ ႀကံဳလာလို႔ပဲျဖစ္ျဖစ္ ဟိုတယ္ဝန္ထမ္းေတြဆီကို ဖုန္းဆက္ၿပီးေမးေတာ့မယ္ဆိုရင္ ဖုန္းမဆက္ခင္မွာ အရင္ဆံုးဖုန္းကို သန္႔ရွင္းေရးလုပ္ၿပီးမွ ကိုင္တြယ္သင့္ပါတယ္။ ဘာေၾကာင္႔လဲဆိုေတာ့ Travelmath ရဲ႕ေလ့လာေတြ႕ရွိခ်က္အရ ၾကယ္ငါးပြင္႔ဟုိတယ္ေတြရဲ႕ ဟိုတယ္ခန္းေတြထဲက တယ္လီဖုန္းေတြမွာေတာင္ အသက္ရွဴလမ္းေၾကာင္းနဲ႔ဆိုင္တဲ႔ ကူးစက္ေရာဂါေတြ ျဖစ္ေစႏိုင္တဲ့ ဘက္တီးရီးယားေတြ မ်ားစြာကပ္တြယ္ေနတယ္လုိ႔ သိရလုိ႔ပါ။ အကယ္၍ ဖုန္းကုိသန္္႔ရွင္းေရးလုပ္ဖို႔ အဆင္မေျပခဲ႔ရင္လည္း မ်က္ႏွာနဲ႔ဖုန္းကို အရမ္းကပ္ျပီး မေျပာမိေစဖို႔ သတိျပဳပါ။

Hotel Telephone

Hotel Telephone

အခန္းေလထုညစ္ညမ္းျခင္း

ခရီးသြားတဲ႔အခါတိုင္းမွာ ဖ်ားနာတတ္တဲ့လူမ်ဳိးလား။ အဲဒါဆိုရင္ေတာ့ ကား၊ ရထားနဲ႔ ေလယာဥ္ပ်ံေပၚမွာရွိတဲ႔ ဆီေခ်းန႔ံေတြနဲ႔ တခ်ဳိ႕ေသာဟုိတယ္ခန္းထဲက အနံ႔ေတြေၾကာင္႔ပါ။ ဒီအန႔ံေတြကခႏၶာကိုယ္ကို ထိခိုက္ေစၿပီး မအီမသာျဖစ္ကာ ဖ်ားနာမႈျဖစ္ေစႏိုင္ပါတယ္။ ေလဝင္ေလထြက္ ေကာင္းေကာင္းမရျခင္းက ဘက္တီးရီးယားေတြကို ပိုမိုေပါက္ပြားေစပါတယ္။ အခန္းတြင္းမွာ ဘက္တီးရီးယားေတြ ပိုမိုေပါက္ပြားလာတဲ႔အခါ ေခ်ာင္းဆိုးျခင္း၊ ခၽြဲကပ္ျခင္း၊ မ်က္စိေတြစပ္ၿပီး မ်က္ရည္ေတြက်လာျခင္း၊ ပင္ပန္းႏြယ္နယ္ျခင္း၊ မူးေနာက္ေနာက္ျဖစ္ျခင္း၊ ေခါင္းကိုက္ျခင္းနဲ႔ အသက္ရွဴက်ပ္ျခင္းစတဲ႔ ေဝဒနာေတြကို ခံစားရေစမွာပါ။ ဟိုတယ္ခန္းထဲမွာ အခ်ိန္ျဖဳန္းဖို႔ စဥ္းစားထားရင္ ျပတင္းေပါက္ေတြကို တတ္ႏိုင္သမွ် ဖြင့္ထားေပးပါ။ ဒါမွမဟုတ္ အဲကြန္းကို ေသခ်ာေလးဖြင့္ထားျပီး ေလေကာင္းေလသန္႔ရေအာင္ ျပဳလုပ္ပါ။

Air Quality is poor

Air Quality is poor

ဟိုတယ္သန္႔ရွင္းေရးပစၥည္းေတြေၾကာင္႔ အဆိပ္သင္႔ျခင္း

ဟိုတယ္က သန္႔ရွင္းေရးပစၥည္းကိရိယာေတြက စီးပြားေရးသံုးျဖစ္တဲ႔အတြက္ အိမ္ကသန္႔ရွင္းေရးပစၥည္းကိရိယာေတြရဲ႕ စံခ်ိန္စံညႊန္းလိုမ်ဳိး ရွိမွာမဟုတ္ပါဘူး။ ဟိုတယ္မွာသံုးတဲ႔ သန္႔ရွင္းေရးပစၥည္းေတြမွာ အေမႊးနံ႔ေတြမ်ားစြာပါျခင္းကလည္း အေမႊးနံ႔ေတြ၊ ဓာတုေဗဒပစၥည္းေတြနဲ႔ ဓာတ္မတည္႔သူေတြအတြက္ေတာ့ Allergy နဲ႔ ပန္းနာရပ္က်ပ္ေဝဒနာေတြခံစားရေစမွာပါ။

Cleaning Product

Cleaning Product

ဒါေၾကာင္႔ ဟိုတယ္မွာတည္းခုိျဖစ္ခ်ိန္တုိင္း ဒီအခ်က္ေတြကိုသတိထားဂရုစိုက္ေပးသင္႔ပါတယ္ေနာ္။

H.H(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ဟိုတယ်မှာတည်းတဲ့အခါ ကျန်းမာရေးအတွက် သတိထားရမယ့်အရာများ

အခုနောက်ပိုင်း လူတော်တော်များများက ရာသီဥတုမရွေး ခရီးထွက် အပန်းဖြေလာကြပါတယ်။ အမြဲခရီးသွားတတ်တဲ့ ခရီးသွားတွေအနေနဲ့တော့ ဟိုတယ်တွေနဲ့ ကင်းကွာလို့မရပါဘူး။ ဟိုတယ်တွေမှာတည်းခိုတဲ့အခါ ဟိုတယ်တွေထဲမှာရှိတဲ့ တချို့သောအရာတွေက အခန့်မသင့်ရင် လူတွေကို နာမကျန်းဖြစ်စေနိုင်ပါတယ်။ ဟိုတယ်ထဲမှာရှိတဲ့ ဘယ်လိုအရာတွေက တည်းခိုသူတွေကို ဖျားနာပြီး နာမကျန်းဖြစ်စေလဲဆိုတာကို ဗဟုသုတရစေဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

TV Remote

ဟိုတယ်ခန်းတစ်ခန်းဟာ ကိုယ့်အပြင် အခြားလူပေါင်းများစွာ လာရောက်တည်းခိုတဲ့ နေရာဖြစ်တဲ့အတွက် ကိုယ်မသိတဲ့ အမျိုးမျိုးသောလူတွေကလည်း ဟိုတယ်ခန်းထဲက TV Remote ကို ထိတွေ့ကိုင်တွယ်ကြမှာပါ။ ဒီလို လူအများစုထိတွေ့ကိုင်တွယ်ထားတဲ့ TV Remote တွေမှာ မမြင်ရတဲ့ ပိုးမွှားတွေလည်းရှိနေမှာ သေချာပါတယ်။ ဟိုတယ်သန့်ရှင်းရေးနဲ့ပတ်သက်ပြီး Travelmath က လေ့လာတဲ့အခါမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာနဲ့ အစာအိမ်နဲ့အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်စေတဲ့ အမျိုးမျိုးသော ဘက်တီရီးယားတွေကို ကြယ်သုံးပွင့်အဆင့်ဟိုတယ်တွေရှိ TV Remote တွေမှာတောင် တွေ့ရတယ်လို့ ဆိုထားပါတယ်။ ဒါကြောင့်မို့ TV Remote တွေကို ထိတွေ့ကိုင်တွယ်ပြီးရင် ကျန်းမာရေးကို အလေးထားတဲ့အနေနဲ့ လက်ကိုဆပ်ပြာနဲ့ သေသေချာချာဆေးတာမျိုး ပြုလုပ်သင့်ပါတယ်။

TV Remote

TV Remote

ဟိုတယ်ကြမ်းပြင်နဲ့ကော်ဇော

ဟိုတယ်ခန်းထဲရှိ ကော်ဇောတွေ၊ ကြမ်းပြင်တွေကို အများစုက ဖုန်တွေ၊ အညစ်အကြေးတွေမရှိဘဲ သန့်ရှင်းစင်ကြယ်တယ်လို့ ထင်မှတ်မှားတတ်ကြပါတယ်။ အမှန်မှာတော့ ကြမ်းပြင်တွေ၊ ကော်ဇောတွေကို သန့်ရှင်းရေးလုပ်ထားပေမယ့် လူအများတည်းခိုအနားယူတဲ့ နေရာဖြစ်တဲ့အတွက် ရောဂါပိုးအစုံရှိနေတတ်ပါတယ်။အဲလိုရောဂါပိုးတွေထဲမှာမှ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်ပွားစေတဲ့ ဘက်တီးရီးယားပိုးတွေ ပေါများစွာရှိနေတတ်ပါတယ်။ ဒါကြောင့်မို့ ရေချိုးပြီးတဲ့အခါ မျက်နှာသုတ်ပဝါတွေနဲ့ အဝတ်အစားတွေကို ကြမ်းပြင်ပေါ် ပစ်ချပြီး ပြန်အသုံးမပြုဖို့ သတိပြုသင့်ပါတယ်။

Toss your things on the floor

Toss your things on the floor

ရေချိုးခန်းဘေစင်

ဟိုတယ်တွေမှာ များသောအားဖြင့် ရေချိုးခန်းကနေထွက်တဲ့အခါ သွားတိုက်၊ မျက်နှာသစ်ဖို့အတွက် ဘေစင်လှလှလေးတွေရှိပါတယ်။ အဲဒီဘေစင်လေးတွေက အရမ်းကိုတောက်ပြောင်ပြီး ကြည်လင်နေတဲ့အခါ သန့်ရှင်းတယ်ထင်ပြီး ကိုယ်ရဲ့တစ်ကိုယ်ရေသုံးပစ္စည်းတွေကို အဲဒီအပေါ်မှာ တင်မိတတ်ကြပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ဟိုတယ်အခန်းတွေထဲက ရေချိုးခန်းဘေစင်တွေမှာတောင် ဘက်တီးရီးယားတွေ အများကြီး စုပြုံကပ်တွယ်နေတာကို တွေ့ရှိရပါတယ်။ အဲလိုနေရာမျိုးမှာ မျက်နှာနဲ့ထိတွေ့ရတဲ့ မိတ်ကပ်ဘရပ်ရှ်တွေနဲ့ သွားတိုက်တံတွေကိုသာ တင်ထားမိရင် ဘက်တီးရီးယားတွေကို ပါးစပ်နဲ့မျက်နှာဆီကို အရောက်ပို့သလိုဖြစ်နေမှာ အသေအချာပါပဲ။

Bathroom Counter

Bathroom Counter

ဟိုတယ်တယ်လီဖုန်း

Room Service တွေလုပ်ခိုင်းချင်လို့ပဲဖြစ်ဖြစ်၊ ဟိုတယ်အခန်းနဲ့ ပတ်သက်ပြီး အဆင်မပြေတာတွေ ကြုံလာလို့ပဲဖြစ်ဖြစ် ဟိုတယ်ဝန်ထမ်းတွေဆီကို ဖုန်းဆက်ပြီးမေးတော့မယ်ဆိုရင် ဖုန်းမဆက်ခင်မှာ အရင်ဆုံးဖုန်းကို သန့်ရှင်းရေးလုပ်ပြီးမှ ကိုင်တွယ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Travelmath ရဲ့လေ့လာတွေ့ရှိချက်အရ ကြယ်ငါးပွင့်ဟိုတယ်တွေရဲ့ ဟိုတယ်ခန်းတွေထဲက တယ်လီဖုန်းတွေမှာတောင် အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ ကူးစက်ရောဂါတွေ ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေ များစွာကပ်တွယ်နေတယ်လို့ သိရလို့ပါ။ အကယ်၍ ဖုန်းကိုသန့််ရှင်းရေးလုပ်ဖို့ အဆင်မပြေခဲ့ရင်လည်း မျက်နှာနဲ့ဖုန်းကို အရမ်းကပ်ပြီး မပြောမိစေဖို့ သတိပြုပါ။

Hotel Telephone

Hotel Telephone

အခန်းလေထုညစ်ညမ်းခြင်း

ခရီးသွားတဲ့အခါတိုင်းမှာ ဖျားနာတတ်တဲ့လူမျိုးလား။ အဲဒါဆိုရင်တော့ ကား၊ ရထားနဲ့ လေယာဉ်ပျံပေါ်မှာရှိတဲ့ ဆီချေးနံ့တွေနဲ့ တချို့သောဟိုတယ်ခန်းထဲက အနံ့တွေကြောင့်ပါ။ ဒီအနံ့တွေကခန္ဓာကိုယ်ကို ထိခိုက်စေပြီး မအီမသာဖြစ်ကာ ဖျားနာမှုဖြစ်စေနိုင်ပါတယ်။ လေဝင်လေထွက် ကောင်းကောင်းမရခြင်းက ဘက်တီးရီးယားတွေကို ပိုမိုပေါက်ပွားစေပါတယ်။ အခန်းတွင်းမှာ ဘက်တီးရီးယားတွေ ပိုမိုပေါက်ပွားလာတဲ့အခါ ချောင်းဆိုးခြင်း၊ ချွဲကပ်ခြင်း၊ မျက်စိတွေစပ်ပြီး မျက်ရည်တွေကျလာခြင်း၊ ပင်ပန်းနွယ်နယ်ခြင်း၊ မူးနောက်နောက်ဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ အသက်ရှူကျပ်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရစေမှာပါ။ ဟိုတယ်ခန်းထဲမှာ အချိန်ဖြုန်းဖို့ စဉ်းစားထားရင် ပြတင်းပေါက်တွေကို တတ်နိုင်သမျှ ဖွင့်ထားပေးပါ။ ဒါမှမဟုတ် အဲကွန်းကို သေချာလေးဖွင့်ထားပြီး လေကောင်းလေသန့်ရအောင် ပြုလုပ်ပါ။

Air Quality is poor

Air Quality is poor

ဟိုတယ်သန့်ရှင်းရေးပစ္စည်းတွေကြောင့် အဆိပ်သင့်ခြင်း

ဟိုတယ်က သန့်ရှင်းရေးပစ္စည်းကိရိယာတွေက စီးပွားရေးသုံးဖြစ်တဲ့အတွက် အိမ်ကသန့်ရှင်းရေးပစ္စည်းကိရိယာတွေရဲ့ စံချိန်စံညွှန်းလိုမျိုး ရှိမှာမဟုတ်ပါဘူး။ ဟိုတယ်မှာသုံးတဲ့ သန့်ရှင်းရေးပစ္စည်းတွေမှာ အမွှေးနံ့တွေများစွာပါခြင်းကလည်း အမွှေးနံ့တွေ၊ ဓာတုဗေဒပစ္စည်းတွေနဲ့ ဓာတ်မတည့်သူတွေအတွက်တော့ Allergy နဲ့ ပန်းနာရပ်ကျပ်ဝေဒနာတွေခံစားရစေမှာပါ။

Cleaning Product

Cleaning Product

ဒါကြောင့် ဟိုတယ်မှာတည်းခိုဖြစ်ချိန်တိုင်း ဒီအချက်တွေကိုသတိထားဂရုစိုက်ပေးသင့်ပါတယ်နော်။

H.H(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။