မိန်းကလေးတွေရဲ့ အဝတ်အစားဗီရိုတွေထဲမှာ ခပ်မိုက်မိုက် အဝတ်အစားတွေနဲ့ တန်ဖိုးကြီး အဝတ်အစားတွေ အများကြီး ရှိချင်မှ ရှိပါလိမ့်မယ်။ ဒါပေမယ့် အဖြူရောင်တီရှပ်တစ်ထည်တော့ မိန်းကလေးတိုင်းလိုလိုမှာ ရှိကြပါလိမ့်မယ်။ အကျီင်္ဒီဇိုင်းပုံစံ မြောက်မြားစွာရှိတဲ့အထဲမှာမှ အဖြူရောင်ရှပ်အကျီင်္ကိုတော့ အမျိုးသမီးတိုင်းလိုလိုက ပေါ့ပေါ့ပါးပါးနဲ့ အထာကျတဲ့ ဖက်ရှင်ကို ဖန်တီးနိုင်လို့ ကြိုက်နှစ်သက်ကြပါတယ်။ အဲလိုအဖြူရောင်သန့်သန့် တီရှပ်တစ်ထည်ရှိရုံနဲ့တင် တခြားသော ဘယ်လိုဒီဇိုင်းလေးတွေနဲ့မဆို ခပ်မိုက်မိုက်ဒီဇိုင်း၊ ချစ်စဖွယ်ဒီဇိုင်းနဲ့ မိန်းမဆန်တဲ့ ဒီဇိုင်း အစရှိသဖြင့် ဒီဇိုင်းမျိုးစုံ ဖန်တီးကာ ဝတ်ဆင်နိုင်စေဖို့အတွက် ဝတ်ဆင်ပုံဝတ်ဆင်နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

White Tee နဲ့ Denim

အဖြူရောင် Plain T-shirt နဲ့ Boyfriend Fit Jeans ကို တွဲဖက်ဝတ်ဆင်ခြင်းက ဘယ်တော့မှမရိုးသွားစေဘဲ စတိုင်လ်ကျသူမှန်း သိသာစေတဲ့ ဖက်ရှင်မျိုး ဖြစ်ပါတယ်။ ဒီအတိုင်းလေးဝတ်ရတာ အရမ်းရိုးရှင်းတယ်လို့ ခံစားရရင်တော့ အရောင်နဲ့ အိတ်ကြီးကြီးတစ်လုံးကို ကိုင်ဆောင်ကာ ဆန်းသစ်အောင် ပြုလုပ်လို့ ရပါတယ်။

White Tee and Denim

White Tee and Denim

White Tee နဲ့ Leather

အဖြူရောင်တီရှပ်ကို Leather Jcaket ထပ်ပြီးပဲဝတ်ဝတ်၊ Leather Pant နဲ့ပဲ ဝတ်ဝတ်၊ Leather Skirt နဲ့ပဲဝတ်ဝတ် ရဲရင့်ပြတ်သားတဲ့အသွင်အပြင် နဲ့ အဂေါ်ကြီးဂေါ်သွားမှာ သေချာပါတယ်။ အဖြူရောင်တီရှပ်နဲ့ Leather တွဲဖက်ဝတ်ဆင်ခြင်းက ကြမ်းတမ်းမှုနဲ့ နူးညံမှုကို ရောစပ်ထားတဲ့ ဆန့်ကျင်ဘက်ဖက်ရှင်ပုံစံမျိုး ဖြစ်နေသော်လည်း ရဲရင့်ထည်ဝါတဲ့ အသွင်အပြင်ကိုတော့ ရရှိပိုင်ဆိုင်စေပါတယ်။

White Tee and Leather

White Tee and Leather

White Tee နဲ့ White Jean

အဖြူရောင်ကို အဖြူရောင်နဲ့ တွဲဖက်ဝတ်ဆင်ဖို့ကို အမျိုးသမီးတော်တော်များများ ကြောက်ကြပါတယ်။ ဝတ်လိုက်ရင် လိုက်ဖက်မှုမရှိမှာကို စိုးရိမ်ပြီး သိပ်မဝတ်ရဲကြတဲ့ အတွဲအစပ်မျိုးပါ။ အမှန်မှာတော့ အပေါ်အောက် အဖြူဝတ်ဆင်ခြင်းက ဝတ်ဆင်သူကို ရှင်းသန့်သစ်လွင်သွားစေပြီး ကြည့်ရသူကိုလည်း မျက်စိအေးစေပါတယ်။ အဖြူရောင်တွေချည်းပဲ ဖြစ်နေလို့ အနည်းငယ် ဆန်းသစ်ချင်တယ်ဆိုရင်တော့ လက်ပတ်နာရီကြီးကြီးလေး၊ နားကွင်းကြီးကြီးလေးတွေ၊ ခါးပတ်ကြီးကြီးလေးတွေနဲ့ တွဲဖက်ဝတ်ဆင်ကာ မရိုးမဆန်း ဖက်ရှင်ကို ဖန်တီးလို့ ရပါတယ်။

White Tee and White Jean

White Tee and White Jean

White Tee နဲ့ Skirt

အဖြူရောင်တီရှပ်ကို Maxi Skirt နဲ့ တွဲဖက်ဝတ်ဆင်ခြင်းက ရိုးရိုးရှင်းရှင်း နူးနူးညံညံနဲ့ လူငယ်ဆန်တဲ့ပုံစံကို ရရှိစေပါတယ်။ ဗြောင် Maxi Skirt ၊ အစင်းကြား Maxi Skirt ၊ အတွန့်အဖက်ပုံစံ Maxi Skirt ၊ ပန်းပွင့်ပုံ Maxi Skit အစရှိသဖြင့် ဘယ်လို Maxi Skirt မျိုးနဲ့မဆို လိုက်ဖက်မှုရှိကာ ချစ်ဖို့ကောင်းပြီး လွတ်လပ်ပေါ့ပါးတဲ့ အသွင်အပြင်ကို ရရှိစေပါတယ်။

White Tee and Skirt

White Tee and Skirt

သေးငယ်တဲ့ Accessory လေးများ

White Tee နဲ့ Black Jean ချည်းပဲ ဝတ်ဆင်လို့ ရိုးရှင်းတယ်လို့ ထင်ရင်တော့ Rose Gold လိုမျိုးအသေးစား လက်ဝတ်ရတနာလေးတွေနဲ့လည်း တွဲဖက်ကာ ဝတ်ဆင်ကြည့်လို့ ရပါတယ်။ White Tee ကို ဆွဲကြိုးပါးပါးမျှင်မျှင်လေးတွေ၊ ချစ်စဖွယ်လက်ကောက်လေးတွေ၊ လက်စွပ်လေးတွေနဲ့ ဖက်ရှင်ကျကျ ထပ်ပေါင်းဝတ်ဆင်ကာ မရိုးမဆန်းနဲ့ လန်းအောင် ဖန်တီးလို့ ရပါတယ်။

White Tee and Simplicity

White Tee and Simplicity

White Tee နဲ့ Blazer

White Tee လေးတွေအပေါ် Blazer လေးတွေ ထပ်ပြီး ဝတ်ဆင်ခြင်းကလည်း ပြီးပြည့်စုံတဲ့ ဖက်ရှင်ကို အချိန်ခဏလေးအတွင်းမှာ ရရှိပိုင်ဆိုင်စေမှာပါ။

White Tee and Blazer

White Tee and Blazer

ကိုယ်ရဲ့ဘီရိုထဲမှာ အဖြူရောင်တီရှပ်လေးရှိရုံနဲ့တင် ဖက်ရှင်ဒီဇိုင်း အမျိုးမျိုးဖန်တီးနိုင်တဲ့အတွက် အမျိုးသမီးတိုင်း ဖက်ရှင်ကို ခေါင်းစားခံပြီး မစဉ်းစားချင်ဘူးဆိုရင်တော့ အဖြူရောင်တီရှပ်လေးတွေသာ ဝယ်ယူပြီး ထည့်သွင်းထားလိုက်တော့နော်။

H.H(Akhayar)

www.akhayar.com