[ZawGyi]

အဆီစုေနတဲ႔ ခႏၶာကိုယ္အစိတ္အပိုင္းေပၚလိုက္ျပီး အဆီခ်မယ္

လူေတြက ဝတာခ်င္းတူတူ မတူတာေတြလည္းရွိပါေသးတယ္။ အဲဒါကေတာ႔တစ္ေယာက္နဲ႔တစ္ေယာက္ ဝတဲ႔ေနရာ အဆီတက္တဲ႔အစိတ္အပိုင္းေတြ မတူတာပါပဲ။ ဒါေၾကာင္႔ လူေတြမွာအမ်ားစုၾကံဳရတဲ႔ အဆီတက္ေလ႔ရွိတဲ႔ ခႏၶာကိုယ္အစိတ္အပိုင္း ၆ မ်ိဳးနဲ႔ ပတ္သက္ျပီး မွ်ေဝေပးလိုပါတယ္။ ဘယ္အစိတ္အပိုင္းမွာ အဆီတက္ရင္ ဘယ္လုိေနထိုင္စားေသာက္ျပီး ေလ်ွာ႔ရမလဲဆိုတာကို သိႏိုင္ပါလိမ္႔မယ္။

၁) Upper Body Obesity

လူတစ္ေယာက္ဟာ အစားအေသာက္မ်ားမ်ားစားျပီး ကိုယ္လက္လႈပ္ရွားမႈနည္းေနရင္ ခႏၶာကိုယ္အေပၚပိုင္းမွာ အဆီပိုစုေနတတ္ပါတယ္။ ဒီလိုခႏၶာကိုယ္မ်ိဳးဟာ သၾကားေလွ်ာ႔စားျပီး တစ္ေန႔ကိုနာရီဝက္မျဖစ္မေနေလ႔က်င္႔ခန္း လုပ္ေပးသင္႔ပါတယ္။ Cardio ေလ႔က်င္႔ခန္းေတြက ခႏၶာကိုယ္အစိတ္အပိုင္းအားလံုးမွာရွိတဲ႔အဆီေတြကိုက်ေစတာအမွန္ပါ။ Upper Body Obesity သမားေတြအေနနဲ႔ စက္ဘီးစီးျခင္း၊ ေျပးျခင္း ၊ ေရကူးျခင္းနဲ႔ ခပ္ရြရြေျပးျခင္း (Jogging) တုိ႔ကို လုပ္ေဆာင္သင္႔ပါတယ္။

၂) Stomach – Centered Obesity

ဒီအစိတ္အပိုင္းမွာ အဆီမ်ားေနျခင္းဟာ စိတ္ဖိစီးမႈ ၊ စိတ္ရႈပ္ေထြးမႈ ၊ စိတ္ဓာတ္က်မႈေတြေၾကာင္႔ ျဖစ္ပါတယ္။ Relax ျဖစ္ေအာင္ ဂရုတစိုက္ေနထိုင္မႈေတြအျပင္ ကိုယ္လက္လႈပ္ရွားမႈေလ႔က်င္႔ခန္းေတြကိုပါတြဲလုပ္ေပးပါ။ ခါးေလ႔က်င္႔ခန္း၊ ဗိုက္ေလ႔က်င္႔ခန္း၊ အိပ္ထမတင္အျပင္ ေျပးျခင္း၊ စက္ဘီးစီးျခင္းေတြကို လုပ္ေဆာင္သင္႔ပါတယ္။

၃) Lower Body Obesity

ခႏၶာကိုယ္ေအာက္ပိုင္းအဆီမ်ားျခင္းက အမ်ိဳးသမီးေတြမွာ ျဖစ္ႏိုင္ေျခပိုမ်ားပါတယ္။ ဒီအစိတ္အပို္င္းမွာ အဆီေတြမ်ားေနရင္ ေအာက္ပိုင္းအတြက္အေလးေပးတဲ႔ေလ႔က်င္႔ခန္းမ်ိဳးနဲ႔ Cardio Workout ေတြမ်ားမ်ား လုပ္ေပးသင္႔ပါတယ္။

၄) Swollen Stomach Obesity

ဗိုက္ရႊဲဗိုက္ပူေနျခင္းဟာ အယ္္လ္ကိုေဟာေသာက္သံုးမႈမ်ားျခင္းနဲ႔ အသက္ရွဴျခင္းဆိုင္ရာ ျပႆနာေတြရွိေနတာေၾကာင္႔ ျဖစ္ပါတယ္။ အရက္ဘီယာျဖတ္ျပီး အသက္ရွဴေလ႔က်င္႔ခန္းမွန္မွန္ျပဳလုပ္ေပးဖို႔လိုပါတယ္။ ေယာဂ ေလ႔က်င္႔ခန္းေတြ လုပ္ေပးသင္႔ပါတယ္။

၅) Lower Legs Obesity

အမ်ိဳးသမီးေတြအေနနဲ႔ ခႏၶာကိုယ္ေအာက္ပိုင္းမွာအဆီပိုမ်ားေနျခင္းအျပင္ ေျခေထာက္မွာပါအဆီေတြမ်ားေနျခင္းဟာ ကိုယ္ဝန္ေဆာင္ရျခင္း ၊ ကေလးမီးဖြားရျခင္းေတြနဲ႔ စပ္ဆိုင္ပါတယ္။ Water Aerobics က ေျခေထာက္ကအဆီေတြကို အဓိကဖယ္ရွားေပးႏိုင္ပါတယ္။ ေရထဲမွာ ေအရိုးဗစ္ေလ႔က်င္႔ခန္းလုပ္ေပးျခင္းက ခႏၶာကိုယ္ကိုေဖာ႔ထားေပး ပင္႔ထားေပးတာမို႔ ဝလြန္းတဲ႔သူေတြ ဒူးမခံႏိုင္သူေတြအေနနဲ႔ ဒီေလ႔က်င္႔ခန္းကိုေရြးခ်ယ္ႏိုင္ပါတယ္။

၆) Upper Back Fat

ေရွ႕ဘက္မွာဗိုက္ပူေနရံုတင္မက ေနာက္ေက်ာဘက္ ခါးတစ္ဝိုက္မွာပါအဆီေတြစုေနျခင္းဟာ အစားအေသာက္နဲ႔ဆိုင္ပါတယ္။ သၾကားေရွာင္ျပီး အသီးအႏွံအသီးအရြက္မ်ားမ်ားစားေပးပါ။ ေန႔စဥ္ကိုယ္လက္လႈပ္ရွားမႈ ေလ႔က်င္႔ခန္းလုပ္ေပးဖို႔လုိပါတယ္။ အေလးတံုးသံုးျပီး လက္ေကြးဆန္႔ရတဲ႔ေလ႔က်င္႔ခန္းေတြ လက္ေျမွာက္လက္ခ်ေလ႔က်င္႔ခန္းေတြ လုပ္ရပါမယ္။

ဒီလို အဆီစုတဲ႔အပိုင္းကိုေသေသခ်ာခ်ာသိျပီး အစားအေသာက္အေနအထိုင္ေျပာင္းလဲေပးတာက သင္႔ခႏၶာကိုယ္Shapeကို အျမန္ဆံုးနဲ႔ အသိသာဆံုးေျပာင္းလဲႏိုင္ေစမွာပါ။

ဂ်ဴဂ်ဴး(အခရာ)

www.akhayar.com

[Unicode]

အဆီစုနေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းပေါ်လိုက်ပြီး အဆီချမယ်

လူတွေက ဝတာချင်းတူတူ မတူတာတွေလည်းရှိပါသေးတယ်။ အဲဒါကတော့တစ်ယောက်နဲ့တစ်ယောက် ဝတဲ့နေရာ အဆီတက်တဲ့အစိတ်အပိုင်းတွေ မတူတာပါပဲ။ ဒါကြောင့် လူတွေမှာအများစုကြုံရတဲ့ အဆီတက်လေ့ရှိတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း ၆ မျိုးနဲ့ ပတ်သက်ပြီး မျှဝေပေးလိုပါတယ်။ ဘယ်အစိတ်အပိုင်းမှာ အဆီတက်ရင် ဘယ်လိုနေထိုင်စားသောက်ပြီး လျှော့ရမလဲဆိုတာကို သိနိုင်ပါလိမ့်မယ်။

၁) Upper Body Obesity

လူတစ်ယောက်ဟာ အစားအသောက်များများစားပြီး ကိုယ်လက်လှုပ်ရှားမှုနည်းနေရင် ခန္ဓာကိုယ်အပေါ်ပိုင်းမှာ အဆီပိုစုနေတတ်ပါတယ်။ ဒီလိုခန္ဓာကိုယ်မျိုးဟာ သကြားလျှော့စားပြီး တစ်နေ့ကိုနာရီဝက်မဖြစ်မနေလေ့ကျင့်ခန်း လုပ်ပေးသင့်ပါတယ်။ Cardio လေ့ကျင့်ခန်းတွေက ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးမှာရှိတဲ့အဆီတွေကိုကျစေတာအမှန်ပါ။ Upper Body Obesity သမားတွေအနေနဲ့ စက်ဘီးစီးခြင်း၊ ပြေးခြင်း ၊ ရေကူးခြင်းနဲ့ ခပ်ရွရွပြေးခြင်း (Jogging) တို့ကို လုပ်ဆောင်သင့်ပါတယ်။

၂) Stomach – Centered Obesity

ဒီအစိတ်အပိုင်းမှာ အဆီများနေခြင်းဟာ စိတ်ဖိစီးမှု ၊ စိတ်ရှုပ်ထွေးမှု ၊ စိတ်ဓာတ်ကျမှုတွေကြောင့် ဖြစ်ပါတယ်။ Relax ဖြစ်အောင် ဂရုတစိုက်နေထိုင်မှုတွေအပြင် ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းတွေကိုပါတွဲလုပ်ပေးပါ။ ခါးလေ့ကျင့်ခန်း၊ ဗိုက်လေ့ကျင့်ခန်း၊ အိပ်ထမတင်အပြင် ပြေးခြင်း၊ စက်ဘီးစီးခြင်းတွေကို လုပ်ဆောင်သင့်ပါတယ်။

၃) Lower Body Obesity

ခန္ဓာကိုယ်အောက်ပိုင်းအဆီများခြင်းက အမျိုးသမီးတွေမှာ ဖြစ်နိုင်ခြေပိုများပါတယ်။ ဒီအစိတ်အပိုင်းမှာ အဆီတွေများနေရင် အောက်ပိုင်းအတွက်အလေးပေးတဲ့လေ့ကျင့်ခန်းမျိုးနဲ့ Cardio Workout တွေများများ လုပ်ပေးသင့်ပါတယ်။

၄) Swollen Stomach Obesity

ဗိုက်ရွှဲဗိုက်ပူနေခြင်းဟာ အယ်လ်ကိုဟောသောက်သုံးမှုများခြင်းနဲ့ အသက်ရှူခြင်းဆိုင်ရာ ပြဿနာတွေရှိနေတာကြောင့် ဖြစ်ပါတယ်။ အရက်ဘီယာဖြတ်ပြီး အသက်ရှူလေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ပေးဖို့လိုပါတယ်။ ယောဂ လေ့ကျင့်ခန်းတွေ လုပ်ပေးသင့်ပါတယ်။

၅) Lower Legs Obesity

အမျိုးသမီးတွေအနေနဲ့ ခန္ဓာကိုယ်အောက်ပိုင်းမှာအဆီပိုများနေခြင်းအပြင် ခြေထောက်မှာပါအဆီတွေများနေခြင်းဟာ ကိုယ်ဝန်ဆောင်ရခြင်း ၊ ကလေးမီးဖွားရခြင်းတွေနဲ့ စပ်ဆိုင်ပါတယ်။ Water Aerobics က ခြေထောက်ကအဆီတွေကို အဓိကဖယ်ရှားပေးနိုင်ပါတယ်။ ရေထဲမှာ အေရိုးဗစ်လေ့ကျင့်ခန်းလုပ်ပေးခြင်းက ခန္ဓာကိုယ်ကိုဖော့ထားပေး ပင့်ထားပေးတာမို့ ဝလွန်းတဲ့သူတွေ ဒူးမခံနိုင်သူတွေအနေနဲ့ ဒီလေ့ကျင့်ခန်းကိုရွေးချယ်နိုင်ပါတယ်။

၆) Upper Back Fat

ရှေ့ဘက်မှာဗိုက်ပူနေရုံတင်မက နောက်ကျောဘက် ခါးတစ်ဝိုက်မှာပါအဆီတွေစုနေခြင်းဟာ အစားအသောက်နဲ့ဆိုင်ပါတယ်။ သကြားရှောင်ပြီး အသီးအနှံအသီးအရွက်များများစားပေးပါ။ နေ့စဉ်ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းလုပ်ပေးဖို့လိုပါတယ်။ အလေးတုံးသုံးပြီး လက်ကွေးဆန့်ရတဲ့လေ့ကျင့်ခန်းတွေ လက်မြှောက်လက်ချလေ့ကျင့်ခန်းတွေ လုပ်ရပါမယ်။

ဒီလို အဆီစုတဲ့အပိုင်းကိုသေသေချာချာသိပြီး အစားအသောက်အနေအထိုင်ပြောင်းလဲပေးတာက သင့်ခန္ဓာကိုယ်Shapeကို အမြန်ဆုံးနဲ့ အသိသာဆုံးပြောင်းလဲနိုင်စေမှာပါ။

ဂျူဂျူး(အခရာ)

www.akhayar.com