[Zawgyi]

စားေသာက္ဆိုင္ေတြမွာ ေနာက္ဘယ္ေတာ့မွ ထပ္မေတြ႕ရေတာ့မယ္႔ အရာမ်ား

လူတိုင္းဟာ အစားအေသာက္ေကာင္းေကာင္းစားဖို႔နဲ႔ လွပတဲ႔ ဆိုင္အျပင္အဆင္ေတြကို ခံစားကာ စိတ္လက္အပန္းေျပေစဖို႔အတြက္ စားေသာက္ဆိုင္လွလွေကာင္းေကာင္းေလးေတြကို သြားေလ့ရွိၾကပါတယ္။ အဲလိုစားေသာက္ဆိုင္ေတြမွာ အျမဲလုိလုိ သြားေရာက္စားေသာက္ၾကၿပီး ေငြရွင္းကာ ျပန္ထြက္လာၾကေပမယ့္လည္း စားေသာက္ဆိုင္ထဲမွာ သိသိသာသာေျပာင္းလဲသြားတဲ႔ အေျပာင္းအလဲတခ်ဳိ႕ကိုေတာ့ လူအမ်ားစုက သတိမထားမိတတ္ၾကပါဘူး။ အဲလိုေျပာင္းလဲသြားတဲ႔ အေျပာင္းအလဲေတြထဲမွာ တခ်ဳိ႕အရာေတြက အလြန္ေကာင္းမြန္ၿပီး သဘာဝပတ္ဝန္းက်င္ပ်က္စီးမႈကိုလည္း ထိန္းသိမ္းကာကြယ္ရာ ေရာက္တာကို ေတြ႔ရပါတယ္။ အခုေဖာ္ျပေပးမယ့္အရာေတြကေတာ့ ေျပာင္းလဲသြားတဲ႔ အေျပာင္းအလဲေတြထဲကမွ စားေသာက္ဆိုင္ေတြမွာ ေနာက္ထပ္ ထပ္မေတြ႔ရေတာ့မယ္ အရာဝတၱဳေျခာက္မ်ဳိးအေၾကာင္း ျဖစ္ပါတယ္။

(၁) ပလတ္စတစ္ပိုက္မ်ား

စားေသာက္ဆိုင္မွာ အမ်ားဆံုးေတြ႔ရတာကေတာ့ ပလတ္စတစ္ပိုက္ေတြ ျဖစ္တယ္ဆိုတာ ဘယ္သူမွ ျငင္းႏုိင္မွာ မဟုတ္ပါဘူးေနာ္။ အေမရိကန္ရဲ႕ စီးပြားေရးအခ်က္အခ်ာက်တဲ႔ ကမ္းရုိးတန္းၿမိဳ႕က အစားအေသာက္ဝန္ေဆာင္မႈလုပ္ငန္းေတြမွာ ပလတ္စတစ္ပိုက္ေတြ အသံုးျပဳမႈကို တားျမစ္ထားတာကို ေတြ႔ရပါတယ္။ ၂၀၁၄ ခုနစ္ Public Library of Science ရဲ႕ ေလ့လာထုတ္ျပန္ခ်က္ေတြအရ ပလတ္စတစ္ပိုက္ တန္ေပါင္း၂၅၀၀၀၀ တန္ဟာ ပင္လယ္ထဲကို ေရာက္ရွ္ိလို႔ေနပါတယ္။ အဲလိုပလတ္စတစ္ပိုက္ေတြ ပင္လယ္ထဲကို ေမ်ာပါေရာက္ရွိလာမႈေၾကာင့္ သဘာဝပတ္ဝန္းက်င္ ပ်က္ဆီးယိုယြင္းမႈေတြ ျဖစ္ေပၚလာေစပါတယ္။ ဒါေၾကာင္႔မို႔ အခ်ဳိ႕ေသာစားေသာက္ဆိုင္ေတြက တျဖည္းျဖည္းနဲ႔ ပလတ္စတစ္ပိုက္ေတြကို ေလ်ာ့ခ်လာၿပီး ေနာက္ပိုင္းမွာ လံုးဝပေပ်ာက္သြားမယ့္အထိ စီမံကိန္းခ်ကာ သဘာဝပတ္ဝန္းက်င္ကို ထိန္းသိမ္းကာကြယ္ေနၾကပါတယ္။

Plastic Straw

Plastic Straw

(၂) ေကာ္ဖီထည္႔တဲ႔ေဖာ့ဘူး

၂၀၅၀ ခုနစ္ေရာက္လာတဲ႔အခါမွာ ပင္လယ္ထဲမွာ ငါးနဲ႔ ေရေနတိရစာၦန္ေတြထက္ ပလတ္စတစ္အသံုးအေဆာင္ပစၥည္းေတြကို ပိုမိုေတြ႔ရေတာ့မွာ ျဖစ္ပါတယ္။ ပလတ္စတစ္နဲ႔အလားတူ ေဖာ့ဘူးေတြကလည္း စြန္႔႔ပစ္ပစၥည္းေတြအျဖစ္ ပင္လယ္ထဲကို ေရာက္ရွိလာတဲ႔အတြက္ ဥပေဒအသစ္တစ္ခုကို စီမံကိန္းခ်လုိက္ပါတယ္။ အဲဒါကေတာ့ ၿမိဳ႕နယ္၊ႏိုင္ငံ၊တုိင္းျပည္အသီးသီးမွာရွိတဲ႔ စားေသာက္ဆိုင္ေတြမွာ ေဖာ့ဘူးကဲ့သို႔ ေဖာ့နဲ႔ပတ္သက္တဲ႔ အသံုးအေဆာင္ပစၥည္းေတြနဲ႔ အစားအေသာက္ေတြကို ထည္႔သြင္းေရာင္းခ်ရင္ $1000 ဒဏ္ေၾကးေငြေကာက္ခံမယ္ဆိုတဲ႔ စည္းမ်ဥ္းသစ္ပဲ ျဖစ္ပါတယ္။ ဒါေၾကာင္႔မို႔ ေနာက္ပိုင္း စားေသာက္ဆိုင္ေတြမွာ ေဖာ့ဘူးေတြက တျဖည္းျဖည္းနဲ႔ ေပ်ာက္ကြယ္လာေတာ့မွာ ျဖစ္ပါတယ္။

Styrofoam Cup and Container

Styrofoam Cup and Container

(၃) ပလတ္စတစ္အိတ္မ်ား

စားေသာက္ဆိုင္ေတြ၊ ကုန္စံုဆိုင္ေတြ၊ ေစ်းဆိုင္ေတြနဲ႔ အျခားေသာစီးပြားေရးလုပ္ငန္းေတြမွာ ပလတ္စတစ္အိတ္ေတြကို အစားအေသာက္ေတြနဲ႔ အသံုးအေဆာင္ပစၥည္းေတြ သယ္ယူဖို႔အတြက္ အေျမာက္အျမားအသံုးျပဳၾကပါတယ္။ Boston နဲ႔ Washington D.C တို႔လုိ ၿမိဳ႕ျပေတြမွာ ပလတ္စတစ္အိတ္အေျမာက္အျမားသံုးစဲြမႈနဲ႔ ပတ္သက္ၿပီး အခြန္စည္းက်ပ္ျခင္းေတြနဲ႔ ကန္႔သတ္ျခင္းေတြ ျပဳလုပ္လာၾကပါတယ္။ California မွာလည္း ပလတ္စတစ္အိတ္အသံုးျပဳမႈကို တားျမစ္ပိတ္ပင္ထားတ့ဲ ဥပေဒေတြ ထုတ္ျပန္ကာ ပလတ္စတစ္အိတ္အသံုးျပဳမႈႏႈန္းကို ေလ်ာ့ခ်ေနၾကပါတယ္။ ဒီလိုဥပေဒေတြ၊ ကန္႔သတ္ခ်က္ေတြနဲ႔ ပလတ္စတစ္အိတ္အသံုးျပဳမႈႏႈန္းကို ေလ်ာ့ခ်လာတဲ႔အတြက္ စားေသာက္ဆိုင္ေတြမွာလည္း ေနာက္ပိုင္း ပလတ္စတစ္အိတ္ေတြနဲ႔ ဝယ္ယူလို႔ရေတာ့မွာ မဟုတ္ပါဘူး။

Plastic Bag

Plastic Bag

(၄)ပလတ္စတစ္အသံုးအေဆာင္ပစၥည္းမ်ား

ပလတ္စတစ္ပိုက္အသံုးျပဳမႈကို တားျမစ္တဲ႔လႈပ္ရွားမႈက ၂၀၁၈ မွာ အရွိန္အဟုန္ႀကီးစြာနဲ႔ ျပဳလုပ္လာကာ ေအာင္ျမင္မႈရရွိလာတဲ႔အတြက္ ေနာက္တစ္ဆင္႔အေနနဲ႔ တစ္ခါသံုးပလတ္စတစ္ဘူးေတြကိုပါ ေလ်ာ့ခ်ဖို႔ ျပဳလုပ္လာၾကပါတယ္။ ယခုအခ်ိန္မွာေတာ့ စားေသာက္ဆိုင္အမ်ားစုေတြမွာ အစားအေသာက္ေတြထည္႔သြင္းတဲ့အခါ တစ္ခါသံုးပလတ္စတစ္ဘူးေတြကို ေရွာင္ရွားကာ တျခားေသာ က်န္းမာေရးနဲ႔ ညီညႊတ္တဲ႔ အရာေတြနဲ႔ ထည္႔သြင္းေရာင္းခ်ဖို႔ စီမံကိန္းေတြ ျပဳလုပ္လာၾကပါၿပီ။

Plastic Utensils

Plastic Utensils

(၅) အဆီမ်ားတဲ့အစားအစာ

ဆယ္စုနစ္အေတာအတြင္းမွာ စားသံုးသူေတြဟာ က်န္းမာေရးနဲ႔ညီညႊတ္ေအာင္ေနလာတာနဲ႔အမွ် အဆီမ်ားတဲ့အစားအစာေတြ စားသံုးမႈဟာ သိသိသာသာနဲ႔ ေလ်ာ့က်လာပါတယ္။ ၂၀၁၅ ခုနစ္ ဇြန္လ ၁၅ ရက္မွာ အေမရိကန္ျပည္ေထာင္စုရဲ႕ FDA က အစားအစာေတြထဲမွာ အဆီမ်ားတဲ႔ ပါဝင္ပစၥည္းေတြနဲ႔ ဟင္းခ်က္အဆီေတြ ထည္႔သြင္းမခ်က္ျပဳတ္ဖို႔ကို တားျမစ္္ပိတ္ပင္လိုက္ပါတယ္။ အဲလိုတားျမစ္ပိတ္ပင္လိုက္တာနဲ႔အမွ် FDA က အစားအေသာက္ထုတ္လုပ္သူနဲ႔ စားေသာက္ဆိုင္ေတြကို အစားအစာေတြထဲမွာရွိတဲ႔ အဆီေတြကို ဖယ္ရွားဖို႔အတြက္ အခ်ိန္ ၃ ႏွစ္ ေပးခဲ့ပါတယ္။ ခန္႔မွန္းေျခအရေတာ့ ေနာက္လာမယ့္ႏွစ္ကာလအနည္းငယ္ေရာက္ရင္  စားေသာက္ဆိုင္ေတြမွာ က်န္းမာေရးနဲ႔ မညီညႊတ္တဲ့အစားအစာေတြကို သိပ္မေတြ႔ျမင္ရေတာ့ဘဲ က်န္းမာေရးနဲ႔ ညီညႊတ္တဲ့ အစားအစာေတြကို ပိုမိုေတြ႔ျမင္ရေတာ့မွာ ျဖစ္ပါတယ္။

Trans Fat

Trans Fat

(၆) Cigarettes နဲ႔ E-Cigarettes

ႏိုင္ငံေတြရဲ႕ ျပည္နယ္ေတာ္ေတာ္မ်ားမ်ားမွာရွိတဲ႔ စားေသာက္ဆိုင္ေတြမွာ Cigarettes နဲ႔ E-Cigarettes ေတြေသာက္သံုးျခင္းကို တားျမစ္ထားပါတယ္။ ဒါ့အျပင္ အမ်ားျပည္သူပိုင္ေနရာေတြမွာ ေဆးရြက္ႀကီးပါတဲ႔အရာဝတၱဳမ်ား ေသာက္သံုးျခင္း၊ ေဆးျပင္းလိပ္၊ Cigarettes (သို႔) ေဆးတံေသာက္သံုးျခင္းေတြကိုလည္း တင္းတင္းက်ပ္က်ပ္ တားျမစ္လိုက္ပါၿပီ။ အရင္ကေတာ့ E-cigarettes ေသာက္သံုးလို႔ ရေပမယ့္ အခုခ်ိန္မွာေတာ့ တားျမစ္ထားတဲ့ စာရင္းထဲကို ဝင္သြားပါၿပီ။

Cigarette

Cigarette

အခုေဖာ္ျပထားတာကေတာ့ ပတ္ဝန္းက်င္ပ်က္စီးမႈကုိ ထိန္းသိမ္းကာကြယ္ႏိုင္ဖို႔အတြက္ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာရွိတဲ့ စားေသာက္ဆိုင္အမ်ားစုမွာ အသံုးမျပဳရေတာ့မယ့္ အရာေလးေတြအေၾကာင္းပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးသိတဲ႔ စားေသာက္ဆိုင္မွာ မေတြ႔ရေတာ့တဲ႔အရာေလးေတြရွိရင္ ဗဟုသုတတိုးေစဖို႔အတြက္ ျပန္လည္မွ်ေဝေပးသြားပါအံုးေနာ္။

H.H(Akhayar)

www.akhayar.com

[Unicode]

စားသောက်ဆိုင်တွေမှာ နောက်ဘယ်တော့မှ ထပ်မတွေ့ရတော့မယ့် အရာများ

လူတိုင်းဟာ အစားအသောက်ကောင်းကောင်းစားဖို့နဲ့ လှပတဲ့ ဆိုင်အပြင်အဆင်တွေကို ခံစားကာ စိတ်လက်အပန်းပြေစေဖို့အတွက် စားသောက်ဆိုင်လှလှကောင်းကောင်းလေးတွေကို သွားလေ့ရှိကြပါတယ်။ အဲလိုစားသောက်ဆိုင်တွေမှာ အမြဲလိုလို သွားရောက်စားသောက်ကြပြီး ငွေရှင်းကာ ပြန်ထွက်လာကြပေမယ့်လည်း စားသောက်ဆိုင်ထဲမှာ သိသိသာသာပြောင်းလဲသွားတဲ့ အပြောင်းအလဲတချို့ကိုတော့ လူအများစုက သတိမထားမိတတ်ကြပါဘူး။ အဲလိုပြောင်းလဲသွားတဲ့ အပြောင်းအလဲတွေထဲမှာ တချို့အရာတွေက အလွန်ကောင်းမွန်ပြီး သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကိုလည်း ထိန်းသိမ်းကာကွယ်ရာ ရောက်တာကို တွေ့ရပါတယ်။ အခုဖော်ပြပေးမယ့်အရာတွေကတော့ ပြောင်းလဲသွားတဲ့ အပြောင်းအလဲတွေထဲကမှ စားသောက်ဆိုင်တွေမှာ နောက်ထပ် ထပ်မတွေ့ရတော့မယ် အရာဝတ္တုခြောက်မျိုးအကြောင်း ဖြစ်ပါတယ်။

(၁) ပလတ်စတစ်ပိုက်များ

စားသောက်ဆိုင်မှာ အများဆုံးတွေ့ရတာကတော့ ပလတ်စတစ်ပိုက်တွေ ဖြစ်တယ်ဆိုတာ ဘယ်သူမှ ငြင်းနိုင်မှာ မဟုတ်ပါဘူးနော်။ အမေရိကန်ရဲ့ စီးပွားရေးအချက်အချာကျတဲ့ ကမ်းရိုးတန်းမြို့က အစားအသောက်ဝန်ဆောင်မှုလုပ်ငန်းတွေမှာ ပလတ်စတစ်ပိုက်တွေ အသုံးပြုမှုကို တားမြစ်ထားတာကို တွေ့ရပါတယ်။ ၂၀၁၄ ခုနစ် Public Library of Science ရဲ့ လေ့လာထုတ်ပြန်ချက်တွေအရ ပလတ်စတစ်ပိုက် တန်ပေါင်း၂၅၀၀၀၀ တန်ဟာ ပင်လယ်ထဲကို ရောက်ရှိလို့နေပါတယ်။ အဲလိုပလတ်စတစ်ပိုက်တွေ ပင်လယ်ထဲကို မျောပါရောက်ရှိလာမှုကြောင့် သဘာဝပတ်ဝန်းကျင် ပျက်ဆီးယိုယွင်းမှုတွေ ဖြစ်ပေါ်လာစေပါတယ်။ ဒါကြောင့်မို့ အချို့သောစားသောက်ဆိုင်တွေက တဖြည်းဖြည်းနဲ့ ပလတ်စတစ်ပိုက်တွေကို လျော့ချလာပြီး နောက်ပိုင်းမှာ လုံးဝပပျောက်သွားမယ့်အထိ စီမံကိန်းချကာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်နေကြပါတယ်။

Plastic Straw

Plastic Straw

(၂) ကော်ဖီထည့်တဲ့ဖော့ဘူး

၂၀၅၀ ခုနစ်ရောက်လာတဲ့အခါမှာ ပင်လယ်ထဲမှာ ငါးနဲ့ ရေနေတိရစ္ဆာန်တွေထက် ပလတ်စတစ်အသုံးအဆောင်ပစ္စည်းတွေကို ပိုမိုတွေ့ရတော့မှာ ဖြစ်ပါတယ်။ ပလတ်စတစ်နဲ့အလားတူ ဖော့ဘူးတွေကလည်း စွန့့်ပစ်ပစ္စည်းတွေအဖြစ် ပင်လယ်ထဲကို ရောက်ရှိလာတဲ့အတွက် ဥပဒေအသစ်တစ်ခုကို စီမံကိန်းချလိုက်ပါတယ်။ အဲဒါကတော့ မြို့နယ်၊နိုင်ငံ၊တိုင်းပြည်အသီးသီးမှာရှိတဲ့ စားသောက်ဆိုင်တွေမှာ ဖော့ဘူးကဲ့သို့ ဖော့နဲ့ပတ်သက်တဲ့ အသုံးအဆောင်ပစ္စည်းတွေနဲ့ အစားအသောက်တွေကို ထည့်သွင်းရောင်းချရင် $1000 ဒဏ်ကြေးငွေကောက်ခံမယ်ဆိုတဲ့ စည်းမျဉ်းသစ်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ နောက်ပိုင်း စားသောက်ဆိုင်တွေမှာ ဖော့ဘူးတွေက တဖြည်းဖြည်းနဲ့ ပျောက်ကွယ်လာတော့မှာ ဖြစ်ပါတယ်။

Styrofoam Cup and Container

Styrofoam Cup and Container

(၃) ပလတ်စတစ်အိတ်များ

စားသောက်ဆိုင်တွေ၊ ကုန်စုံဆိုင်တွေ၊ ဈေးဆိုင်တွေနဲ့ အခြားသောစီးပွားရေးလုပ်ငန်းတွေမှာ ပလတ်စတစ်အိတ်တွေကို အစားအသောက်တွေနဲ့ အသုံးအဆောင်ပစ္စည်းတွေ သယ်ယူဖို့အတွက် အမြောက်အမြားအသုံးပြုကြပါတယ်။ Boston နဲ့ Washington D.C တို့လို မြို့ပြတွေမှာ ပလတ်စတစ်အိတ်အမြောက်အမြားသုံးစွဲမှုနဲ့ ပတ်သက်ပြီး အခွန်စည်းကျပ်ခြင်းတွေနဲ့ ကန့်သတ်ခြင်းတွေ ပြုလုပ်လာကြပါတယ်။ California မှာလည်း ပလတ်စတစ်အိတ်အသုံးပြုမှုကို တားမြစ်ပိတ်ပင်ထားတဲ့ ဥပဒေတွေ ထုတ်ပြန်ကာ ပလတ်စတစ်အိတ်အသုံးပြုမှုနှုန်းကို လျော့ချနေကြပါတယ်။ ဒီလိုဥပဒေတွေ၊ ကန့်သတ်ချက်တွေနဲ့ ပလတ်စတစ်အိတ်အသုံးပြုမှုနှုန်းကို လျော့ချလာတဲ့အတွက် စားသောက်ဆိုင်တွေမှာလည်း နောက်ပိုင်း ပလတ်စတစ်အိတ်တွေနဲ့ ဝယ်ယူလို့ရတော့မှာ မဟုတ်ပါဘူး။

Plastic Bag

Plastic Bag

(၄)ပလတ်စတစ်အသုံးအဆောင်ပစ္စည်းများ

ပလတ်စတစ်ပိုက်အသုံးပြုမှုကို တားမြစ်တဲ့လှုပ်ရှားမှုက ၂၀၁၈ မှာ အရှိန်အဟုန်ကြီးစွာနဲ့ ပြုလုပ်လာကာ အောင်မြင်မှုရရှိလာတဲ့အတွက် နောက်တစ်ဆင့်အနေနဲ့ တစ်ခါသုံးပလတ်စတစ်ဘူးတွေကိုပါ လျော့ချဖို့ ပြုလုပ်လာကြပါတယ်။ ယခုအချိန်မှာတော့ စားသောက်ဆိုင်အများစုတွေမှာ အစားအသောက်တွေထည့်သွင်းတဲ့အခါ တစ်ခါသုံးပလတ်စတစ်ဘူးတွေကို ရှောင်ရှားကာ တခြားသော ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အရာတွေနဲ့ ထည့်သွင်းရောင်းချဖို့ စီမံကိန်းတွေ ပြုလုပ်လာကြပါပြီ။

Plastic Utensils

Plastic Utensils

(၅) အဆီများတဲ့အစားအစာ

ဆယ်စုနစ်အတောအတွင်းမှာ စားသုံးသူတွေဟာ ကျန်းမာရေးနဲ့ညီညွှတ်အောင်နေလာတာနဲ့အမျှ အဆီများတဲ့အစားအစာတွေ စားသုံးမှုဟာ သိသိသာသာနဲ့ လျော့ကျလာပါတယ်။ ၂၀၁၅ ခုနစ် ဇွန်လ ၁၅ ရက်မှာ အမေရိကန်ပြည်ထောင်စုရဲ့ FDA က အစားအစာတွေထဲမှာ အဆီများတဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဟင်းချက်အဆီတွေ ထည့်သွင်းမချက်ပြုတ်ဖို့ကို တားမြစ်ပိတ်ပင်လိုက်ပါတယ်။ အဲလိုတားမြစ်ပိတ်ပင်လိုက်တာနဲ့အမျှ FDA က အစားအသောက်ထုတ်လုပ်သူနဲ့ စားသောက်ဆိုင်တွေကို အစားအစာတွေထဲမှာရှိတဲ့ အဆီတွေကို ဖယ်ရှားဖို့အတွက် အချိန် ၃ နှစ် ပေးခဲ့ပါတယ်။ ခန့်မှန်းခြေအရတော့ နောက်လာမယ့်နှစ်ကာလအနည်းငယ်ရောက်ရင်  စားသောက်ဆိုင်တွေမှာ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့အစားအစာတွေကို သိပ်မတွေ့မြင်ရတော့ဘဲ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာတွေကို ပိုမိုတွေ့မြင်ရတော့မှာ ဖြစ်ပါတယ်။

Trans Fat

Trans Fat

(၆) Cigarettes နဲ့ E-Cigarettes

နိုင်ငံတွေရဲ့ ပြည်နယ်တော်တော်များများမှာရှိတဲ့ စားသောက်ဆိုင်တွေမှာ Cigarettes နဲ့ E-Cigarettes တွေသောက်သုံးခြင်းကို တားမြစ်ထားပါတယ်။ ဒါ့အပြင် အများပြည်သူပိုင်နေရာတွေမှာ ဆေးရွက်ကြီးပါတဲ့အရာဝတ္တုများ သောက်သုံးခြင်း၊ ဆေးပြင်းလိပ်၊ Cigarettes (သို့) ဆေးတံသောက်သုံးခြင်းတွေကိုလည်း တင်းတင်းကျပ်ကျပ် တားမြစ်လိုက်ပါပြီ။ အရင်ကတော့ E-cigarettes သောက်သုံးလို့ ရပေမယ့် အခုချိန်မှာတော့ တားမြစ်ထားတဲ့ စာရင်းထဲကို ဝင်သွားပါပြီ။

Cigarette

Cigarette

အခုဖော်ပြထားတာကတော့ ပတ်ဝန်းကျင်ပျက်စီးမှုကို ထိန်းသိမ်းကာကွယ်နိုင်ဖို့အတွက် နိုင်ငံတော်တော်များများမှာရှိတဲ့ စားသောက်ဆိုင်အများစုမှာ အသုံးမပြုရတော့မယ့် အရာလေးတွေအကြောင်းပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးသိတဲ့ စားသောက်ဆိုင်မှာ မတွေ့ရတော့တဲ့အရာလေးတွေရှိရင် ဗဟုသုတတိုးစေဖို့အတွက် ပြန်လည်မျှဝေပေးသွားပါအုံးနော်။

H.H(Akhayar)

www.akhayar.com