[Zawgyi]

အလုပ္ေနာက္ဆံုးေန႔မွာ ဒီအခ်က္ေတြကို ေသခ်ာေပါက္ လုပ္ျဖစ္ေအာင္လုပ္ပါ

လူေတာ္ေတာ္မ်ားမ်ားက အလုပ္လုပ္တဲ႔အခါမွာ First Impression ေကာင္းဖို႔ ေသေသခ်ာခ်ာေလး ႀကိဳးစားအားထုတ္ေလ့ရွိေပမယ့္လည္ဒ အလုပ္ထြက္ေတာ့မယ့္ ေနာက္ဆံုးေန႔ရက္ကိုေတာ့ အလုပ္ထြက္ေတာ့မွာပဲဆိုၿပီး အရမ္းႀကီး အဆင္ေျပေအာင္ ႀကိဳးစားအားထုတ္ေလ့မရွိၾကပါဘူး။ အမွန္ကေတာ့ အလုပ္ထြက္တဲ႔ေန႔က အလုပ္ဝင္တဲ႔ေန႔လုိပဲ အေရးႀကီးပါတယ္။ အလုပ္လည္းထြက္ေတာ့မွာျဖစ္တဲ႔အတြက္ ေကာင္းေကာင္းမြန္မြန္ခဲြခြာတာက အလုပ္လုပ္သူတိုင္း ထားရွိသင္႔တဲ႔ က်င့္ဝတ္ျဖစ္ပါတယ္။ တစ္ေယာက္ေယာက္က ကိုယ္႔ကို ဖဲ့ခဲ႔လို႔ အလုပ္ထြက္ရင္ေတာ့ ေနာက္ျပန္ေတြ႔ရေတာ့မွာ မဟုတ္ဘူးဆုိၿပီး ေျပာခ်င္တာ ေျပာလိုက္မယ္လို႔ မေတြးပါနဲ႔။ ကိုယ္ရဲ႕ဂုဏ္သိကၡာနဲ႔ က်င့္ဝတ္ကုိေစာင့္ထိန္းၿပီး အေကာင္းမြန္ဆံုး အလုပ္ေနာက္ဆံုးရက္ျဖစ္ေအာင္ ျပဳလုပ္ခဲ႔ပါ။ အဲဒီလို အေကာင္းမြန္ဆံုး အလုပ္ေနာက္ဆံုးရက္ျဖစ္ေအာင္ ဒီလိုအခ်က္ေတြထဲက အကုန္မဟုတ္ရင္ေတာင္ တခ်ဳိ႕တေလကိုေတာ့ လုပ္ျဖစ္ေအာင္လုပ္ခဲ႔ပါ။

(၁) လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ ႏႈတ္ဆက္ခဲ႔ပါ

လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ ေကာင္းမြန္တဲ႔ဆက္ဆံေရး နဂိုထဲကရွိခဲ႔ရင္ ဒီအဆင့္က အရမ္းကို လြယ္ကူလို႔ မလုပ္မျဖစ္လုပ္ပါ။ ကိုယ္နဲ႔အတူတူလုပ္ခဲ႔တဲ႔သူေတြနဲ႔ သီးသန္႔စားဝိုင္းေလးက်င္းပၿပီး ေကာင္းမြန္တဲ႔ ဆက္ဆံေရးကို အမွတ္ရစရာက်န္ရစ္ေအာင္ ျပဳလုပ္ၿပီး အဆံုးသတ္ခဲ႔ပါ။ အလုပ္တဲြလုပ္ခဲ႔တဲ႔ လူတစ္ေယာက္စီတုိင္းကို ကိုယ္နဲ႔အတူ ပူးေပါင္းၿပီး ေအာင္ေအာင္ျမင္ျမင္ေဆာင္ရြက္ေပးခဲ႔တဲ႔အတြက္ ေက်းဇူးတင္ေၾကာင္း ေျပာျဖစ္ေအာင္ ေျပာခဲ႔ပါ။

Say personal goodbyes to coworkers

Say personal goodbyes to coworkers

(၂) သူေဌးနဲ႔သီးသန္႔ေတြ႔ၿပီး ေက်းဇူးတင္ေၾကာင္းေျပာပါ

Exit Interview ရွိမရွိကေတာ့ ကုမၸဏီေတြေပၚမွာ မူတည္ပါတယ္။ တခ်ဳိ႕ကုမၸဏီေတြကေတာ့ အလုပ္ထြက္တဲ႔အခါမွာေတာ့ Exit Interview ေျဖခိုင္းတာမ်ုဳိးရွိပါတယ္။ Exit Interview က HR ဘက္က အလုပ္ထြက္တဲ႔အခါမွာ ဘာေၾကာင့္ထြက္ရတာလဲနဲ႔ အလုပ္မွာအဆင္ေျပမႈရွိမရွိ ေမးျမန္းတာမ်ဳိး ျပဳလုပ္တာပါ။ အကယ္၍ Exit Interview လုပ္ၿပီး ေမးျမန္းျခင္းမရွိခဲ႔ဘူးဆိုရင္ အလုပ္ထြက္တဲ့အခါမွာ သူေဌးကို အခ်ိန္ေပးၿပီး ေက်းဇူးတင္ေၾကာင္း တခုတ္တရ ေျပာေပးပါ။ အကယ္၍ Exit Interview ရွိခဲ႔ရင္လည္း စိတ္ထဲမွာ ဘယ္လိုမွ မသတ္မွတ္ဘဲ ေကာင္းမြန္ၿပီး အျပဳသေဘာေဆာင္တဲ႔ ေမးျမန္းျခင္းလို႔ ေတြးေတာလိုက္ပါ။

(၃) Contact List ေတြကို စုေဆာင္္းထားပါ

အလုပ္ထြက္ပါတယ္ဆုိကာမွ Contact list ေတြကို ဘာလုပ္ဖို႔ စုေဆာင္းထားရမွာလဲလုိ႔ ျပန္ေမးစရာရွိပါတယ္။ ေနာက္ပုိင္း LinkedIn ေပၚမွာ အလုပ္သစ္ေတြ ေလွ်ာက္တဲ႔အခါမွာ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ သူေဌးဆီကေန လိုအပ္ရင္ Recommendation ေရးေပးဖို႔အတြက္ အဆက္အသြယ္ကေတာ့ မျဖစ္မေနလုပ္ဖို႔ လုိအပ္ပါတယ္။ ဒါေၾကာင့္မို႔ အနာဂတ္မွာ အသံုးခ်ဖို႔အတြက္ အလုပ္မထြက္ခင္တည္းက ေသခ်ာစုေဆာင္းထားသင့္ပါတယ္။

(၄) ကြန္ပ်ဴတာထဲက Personal Data ေတြ ရွင္းလင္းခဲ႔ပါ

ရုံးကေနထြက္မယ့္ ေနာက္ဆံုးေန႔က်ရင္ ကိုယ္အသံုးျပဳခဲ႔တဲ႔ ကြန္ပ်ဳတာထဲက Personal Data ေတြရွိခဲ႔ရင္ အကုန္လံုး ဖ်က္ခဲ႔ဖို႔ မေမ့ပါနဲ႔။ Personal Data ေတြမရွင္းလင္းခင္မွာ အနာဂတ္မွာ အသံုးဝင္ႏိုင္ေခ်ရွိတဲ့ အလုပ္နဲ႔ဆိုင္တဲ့ Document ေတြ၊ File ေတြနဲ႔ အေရးႀကီးတဲ႔ Email ေတြကို ေသေသခ်ာခ်ာ သိမ္းဆည္းထားပါ။ မလိုအပ္ေတာ့တဲ႔ Personal Document ေတြကိုေတာ့ ရွင္းလင္းၿပီး Browser History ေတြကုိလည္း ဖ်က္ပစ္ကာ ကြန္ပ်ဴတာကို ရွင္းရွင္းလင္းလင္းျဖစ္ေအာင္ ထားခဲ့ေပးပါ။

Wipe personal information from your computer

Wipe personal information from your computer

(၅) အခင္မင္အရင္ႏွီးဆံုးလုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ ေနာက္ဆံုး ေနလည္စာ စုစားပါ

အလုပ္လုပ္တဲ႔ ေနာက္ဆံုးေန႔ရက္ျဖစ္တဲ႔အတြက္ အရင္ႏွီးဆံုးလုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ ေန႔လည္စာစုစားၿပီး စကားစျမည္ေျပာကာ ခင္မင္မႈေတြမျပတ္ဖို႔ တည္ေဆာက္ခဲ႔သင္႔ပါတယ္။ လုပ္ေဖာ္ကုိင္ဖက္ေတြနဲ႔ စကားစျမည္ေျပာဆိုကာ ေန႔လယ္စာ စားျခင္းက ေကာင္းမြန္တဲ႔ စိတ္ကူးျဖစ္တယ္လို႔ အလုပ္အကိုင္နဲ႔ ပတ္သက္ၿပီး အၾကံေပးသူ Taylor က ေျပာပါတယ္။ အလုပ္ထြက္မယ္႔လူက လူတစ္စုကို စီမံရတဲ့သူဆိုရင္ ဒီလို ထမင္းစားေပးျခင္းအားျဖင္႔ ရင္ႏွီးေဖာ္ေရြမႈေတြနဲ႔ ကုိယ္ရဲ႕စိတ္ရင္းေတြကို သူတို႔စိတ္ထဲမွာ စဲြက်န္ရစ္ေနမွာ ျဖစ္ပါတယ္။

(၆) လက္လဲႊယူမယ္႔ အဖဲြ႔ဆီိကုိ စာရြက္စာတမ္းေတြ ေသခ်ာ လဲႊေျပာင္းေပးပါ

ကိုယ္ထြက္သြားရင္ ကုိယ္ရဲ႕အလုပ္ေတြကို ဆက္လက္လုပ္ကိုင္မယ္႔အဖဲြ႔ဆီကို အကူးအေျပာင္းအတြင္း ေခ်ာေမြ႔ေစဖို႔အတြက္ သိသင္႔သိထိုက္တဲ႔ အခ်က္အလက္ေတြကို မွတ္စုေရးၿပီး လဲြေျပာင္းေပးတာက Professional ဆန္တဲ႔သူေတြ လုပ္တဲ႔ အျပဳအမူေကာင္းပါ။

Write final notes or transition documents for the next team

Write final notes or transition documents for the next team

ကဲ….ဒီေလာက္ဆိုရင္ အလုပ္ေနာက္ဆံုးေန႔မွာ ဘယ္လို Professional က်က် အေကာင္းမြန္ဆံုး အလုပ္ေနာက္ဆံုးေန႔ရက္ျဖစ္ေအာင္ ျပဳလုပ္ရမယ္ဆိုတာ ေကာင္းေကာင္းသိသြားၿပီလို႔ ထင္ပါတယ္။ Professional ဆန္ဆန္အလုပ္ထြက္ကာ ကိုယ္ရဲ႕ဂုဏ္သတင္းကို ေနာက္အလုုပ္ထိ သယ္ေဆာင္သြားႏိုင္ၾကပါေစ။

H.H(Akhayar)

www.akhayar.com

[Unicode]

အလုပ်နောက်ဆုံးနေ့မှာ ဒီအချက်တွေကို သေချာပေါက် လုပ်ဖြစ်အောင်လုပ်ပါ

လူတော်တော်များများက အလုပ်လုပ်တဲ့အခါမှာ First Impression ကောင်းဖို့ သေသေချာချာလေး ကြိုးစားအားထုတ်လေ့ရှိပေမယ့်လည်ဒ အလုပ်ထွက်တော့မယ့် နောက်ဆုံးနေ့ရက်ကိုတော့ အလုပ်ထွက်တော့မှာပဲဆိုပြီး အရမ်းကြီး အဆင်ပြေအောင် ကြိုးစားအားထုတ်လေ့မရှိကြပါဘူး။ အမှန်ကတော့ အလုပ်ထွက်တဲ့နေ့က အလုပ်ဝင်တဲ့နေ့လိုပဲ အရေးကြီးပါတယ်။ အလုပ်လည်းထွက်တော့မှာဖြစ်တဲ့အတွက် ကောင်းကောင်းမွန်မွန်ခွဲခွာတာက အလုပ်လုပ်သူတိုင်း ထားရှိသင့်တဲ့ ကျင့်ဝတ်ဖြစ်ပါတယ်။ တစ်ယောက်ယောက်က ကိုယ့်ကို ဖဲ့ခဲ့လို့ အလုပ်ထွက်ရင်တော့ နောက်ပြန်တွေ့ရတော့မှာ မဟုတ်ဘူးဆိုပြီး ပြောချင်တာ ပြောလိုက်မယ်လို့ မတွေးပါနဲ့။ ကိုယ်ရဲ့ဂုဏ်သိက္ခာနဲ့ ကျင့်ဝတ်ကိုစောင့်ထိန်းပြီး အကောင်းမွန်ဆုံး အလုပ်နောက်ဆုံးရက်ဖြစ်အောင် ပြုလုပ်ခဲ့ပါ။ အဲဒီလို အကောင်းမွန်ဆုံး အလုပ်နောက်ဆုံးရက်ဖြစ်အောင် ဒီလိုအချက်တွေထဲက အကုန်မဟုတ်ရင်တောင် တချို့တလေကိုတော့ လုပ်ဖြစ်အောင်လုပ်ခဲ့ပါ။

(၁) လုပ်ဖော်ကိုင်ဖက်တွေနဲ့ နှုတ်ဆက်ခဲ့ပါ

လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး နဂိုထဲကရှိခဲ့ရင် ဒီအဆင့်က အရမ်းကို လွယ်ကူလို့ မလုပ်မဖြစ်လုပ်ပါ။ ကိုယ်နဲ့အတူတူလုပ်ခဲ့တဲ့သူတွေနဲ့ သီးသန့်စားဝိုင်းလေးကျင်းပပြီး ကောင်းမွန်တဲ့ ဆက်ဆံရေးကို အမှတ်ရစရာကျန်ရစ်အောင် ပြုလုပ်ပြီး အဆုံးသတ်ခဲ့ပါ။ အလုပ်တွဲလုပ်ခဲ့တဲ့ လူတစ်ယောက်စီတိုင်းကို ကိုယ်နဲ့အတူ ပူးပေါင်းပြီး အောင်အောင်မြင်မြင်ဆောင်ရွက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောဖြစ်အောင် ပြောခဲ့ပါ။

Say personal goodbyes to coworkers

Say personal goodbyes to coworkers

(၂) သူဌေးနဲ့သီးသန့်တွေ့ပြီး ကျေးဇူးတင်ကြောင်းပြောပါ

Exit Interview ရှိမရှိကတော့ ကုမ္ပဏီတွေပေါ်မှာ မူတည်ပါတယ်။ တချို့ကုမ္ပဏီတွေကတော့ အလုပ်ထွက်တဲ့အခါမှာတော့ Exit Interview ဖြေခိုင်းတာမျိုုးရှိပါတယ်။ Exit Interview က HR ဘက်က အလုပ်ထွက်တဲ့အခါမှာ ဘာကြောင့်ထွက်ရတာလဲနဲ့ အလုပ်မှာအဆင်ပြေမှုရှိမရှိ မေးမြန်းတာမျိုး ပြုလုပ်တာပါ။ အကယ်၍ Exit Interview လုပ်ပြီး မေးမြန်းခြင်းမရှိခဲ့ဘူးဆိုရင် အလုပ်ထွက်တဲ့အခါမှာ သူဌေးကို အချိန်ပေးပြီး ကျေးဇူးတင်ကြောင်း တခုတ်တရ ပြောပေးပါ။ အကယ်၍ Exit Interview ရှိခဲ့ရင်လည်း စိတ်ထဲမှာ ဘယ်လိုမှ မသတ်မှတ်ဘဲ ကောင်းမွန်ပြီး အပြုသဘောဆောင်တဲ့ မေးမြန်းခြင်းလို့ တွေးတောလိုက်ပါ။

(၃) Contact List တွေကို စုဆောင်းထားပါ

အလုပ်ထွက်ပါတယ်ဆိုကာမှ Contact list တွေကို ဘာလုပ်ဖို့ စုဆောင်းထားရမှာလဲလို့ ပြန်မေးစရာရှိပါတယ်။ နောက်ပိုင်း LinkedIn ပေါ်မှာ အလုပ်သစ်တွေ လျှောက်တဲ့အခါမှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ သူဌေးဆီကနေ လိုအပ်ရင် Recommendation ရေးပေးဖို့အတွက် အဆက်အသွယ်ကတော့ မဖြစ်မနေလုပ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့်မို့ အနာဂတ်မှာ အသုံးချဖို့အတွက် အလုပ်မထွက်ခင်တည်းက သေချာစုဆောင်းထားသင့်ပါတယ်။

(၄) ကွန်ပျူတာထဲက Personal Data တွေ ရှင်းလင်းခဲ့ပါ

ရုံးကနေထွက်မယ့် နောက်ဆုံးနေ့ကျရင် ကိုယ်အသုံးပြုခဲ့တဲ့ ကွန်ပျုတာထဲက Personal Data တွေရှိခဲ့ရင် အကုန်လုံး ဖျက်ခဲ့ဖို့ မမေ့ပါနဲ့။ Personal Data တွေမရှင်းလင်းခင်မှာ အနာဂတ်မှာ အသုံးဝင်နိုင်ချေရှိတဲ့ အလုပ်နဲ့ဆိုင်တဲ့ Document တွေ၊ File တွေနဲ့ အရေးကြီးတဲ့ Email တွေကို သေသေချာချာ သိမ်းဆည်းထားပါ။ မလိုအပ်တော့တဲ့ Personal Document တွေကိုတော့ ရှင်းလင်းပြီး Browser History တွေကိုလည်း ဖျက်ပစ်ကာ ကွန်ပျူတာကို ရှင်းရှင်းလင်းလင်းဖြစ်အောင် ထားခဲ့ပေးပါ။

Wipe personal information from your computer

Wipe personal information from your computer

(၅) အခင်မင်အရင်နှီးဆုံးလုပ်ဖော်ကိုင်ဖက်တွေနဲ့ နောက်ဆုံး နေလည်စာ စုစားပါ

အလုပ်လုပ်တဲ့ နောက်ဆုံးနေ့ရက်ဖြစ်တဲ့အတွက် အရင်နှီးဆုံးလုပ်ဖော်ကိုင်ဖက်တွေနဲ့ နေ့လည်စာစုစားပြီး စကားစမြည်ပြောကာ ခင်မင်မှုတွေမပြတ်ဖို့ တည်ဆောက်ခဲ့သင့်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားစမြည်ပြောဆိုကာ နေ့လယ်စာ စားခြင်းက ကောင်းမွန်တဲ့ စိတ်ကူးဖြစ်တယ်လို့ အလုပ်အကိုင်နဲ့ ပတ်သက်ပြီး အကြံပေးသူ Taylor က ပြောပါတယ်။ အလုပ်ထွက်မယ့်လူက လူတစ်စုကို စီမံရတဲ့သူဆိုရင် ဒီလို ထမင်းစားပေးခြင်းအားဖြင့် ရင်နှီးဖော်ရွေမှုတွေနဲ့ ကိုယ်ရဲ့စိတ်ရင်းတွေကို သူတို့စိတ်ထဲမှာ စွဲကျန်ရစ်နေမှာ ဖြစ်ပါတယ်။

(၆) လက်လွဲှယူမယ့် အဖွဲ့ဆီကို စာရွက်စာတမ်းတွေ သေချာ လွဲှပြောင်းပေးပါ

ကိုယ်ထွက်သွားရင် ကိုယ်ရဲ့အလုပ်တွေကို ဆက်လက်လုပ်ကိုင်မယ့်အဖွဲ့ဆီကို အကူးအပြောင်းအတွင်း ချောမွေ့စေဖို့အတွက် သိသင့်သိထိုက်တဲ့ အချက်အလက်တွေကို မှတ်စုရေးပြီး လွဲပြောင်းပေးတာက Professional ဆန်တဲ့သူတွေ လုပ်တဲ့ အပြုအမူကောင်းပါ။

Write final notes or transition documents for the next team

Write final notes or transition documents for the next team

ကဲ….ဒီလောက်ဆိုရင် အလုပ်နောက်ဆုံးနေ့မှာ ဘယ်လို Professional ကျကျ အကောင်းမွန်ဆုံး အလုပ်နောက်ဆုံးနေ့ရက်ဖြစ်အောင် ပြုလုပ်ရမယ်ဆိုတာ ကောင်းကောင်းသိသွားပြီလို့ ထင်ပါတယ်။ Professional ဆန်ဆန်အလုပ်ထွက်ကာ ကိုယ်ရဲ့ဂုဏ်သတင်းကို နောက်အလုပ်ထိ သယ်ဆောင်သွားနိုင်ကြပါစေ။

H.H(Akhayar)

www.akhayar.com