[Zawgyi]

ေဘာလုံးေလာကကုိ အေျပာင္းအလဲျဖစ္ေစခဲ့တဲ့ နည္းဗ်ဴဟာမ်ား (၁)

ေဘာလုံးေလာကမွာ မဟာဗ်ဴဟာနဲ႔ ကစားကြက္ပုံစံ ( Strategies and Formations) ေတြဟာ အသစ္ေတြ ေပၚလာလုိက္၊ ကာလအေတာ္ၾကာရင္ ေပ်ာက္ကြက္သြားလုိက္နဲ႔ သံသရာ လည္ပတ္ေနတာပါ။ ဒါေပမဲ့ တခ်ိဳ႕နည္းဗ်ဴဟာေတြၾကေတာ့ ႏွစ္ေပါင္းမ်ားစြာ တည္တံ့ခဲ့သလုိ ေခတ္အလုိက္ ေဘာလုံးသမားေတြ၊ နည္းျပေတြဟ အဲဒီ နည္းဗ်ဴဟာကုိ ႏွစ္ႏွစ္ၿခိဳက္ၿခဳိက္ အသုံးျပဳခဲ့တာေတြလည္း ရွိပါတယ္။ တခ်ိဳ႕ Strategies ေတြဆုိရင္ အခုလက္ရွိအခ်ိန္အထိ ေဘာလုံးေလာကမွာ လႊမ္းမုိးမႈ ရွိေနဆဲပါပဲ။ အခုေဖာ္ျပမွာက ေဘာလုံးေလာကကုိ ႀကီးႀကီးမားမား ေျပာင္းလဲေစခဲ့တဲ့ နည္းဗ်ဴဟာအေၾကာင္း အပိုင္း(၁)ျဖစ္ပါတယ္ . . .

False-9-Tatic

False-9-Tatic

FALSE 9
‘False 9’ နည္းဗ်ဴဟာက ဒီဘက္ေခတ္မွာ ျပန္ေရပန္းစားေနေပမယ့္ ဒီနည္းဗ်ဴဟာက အရင္ႏွစ္ေပါင္းမ်ားစြာ ကတည္းက ရွိေနတာျဖစ္ပါတယ္။ အရင္ေခတ္တုန္းက ေဘာလုံးအသင္းတစ္သင္းမွာ ေနရာအလုိက္ ေက်ာနံပါတ္ေတြ သတ္မွတ္ေလ့ရွိၿပီး ဂိုးသမားက နံပါတ္(၁)၊ ေနာက္တနး္ေတြက (၂၊၃၊၄၊၅) စသျဖင့္ပါ။ ေက်ာနံပါတ္(၉)ဆုိတာက ပုံမွန္အတိုင္းဆုိရင္ တိုက္စစ္မွဴးစစ္စစ္ေတြ ၀တ္ဆင္ကစားတာျဖစ္တယ္။ ဒါေပမဲ့ ေက်ာနံပါတ္ (၉)၀တ္ၿပီး တိုက္စစ္မွဴးအျဖစ္ မကစားရရင္၊ Attacking Roel မွာ မကစားရရင္ သူ႔ကုိ ‘False 9’လုိ႔ သတ္မွတ္ခဲ့ၾကတယ္။ ပုိၿပီးထင္သာျမင္သာေအာင္ ေျပာရရင္ တိုက္စစ္မွဴးစစ္စစ္ေတြသာ ၀တ္ဆင္ရတဲ့ (၉၊ ၁၀)နံပါတ္ေတြနဲ႔ ကစားသမားဟာ တိုက္စစ္မွဴးေနရာမွာ မကစားတာပဲျဖစ္ပါတယ္ အဲဒီကစားသမားရဲ႕ အဓိက တာ၀န္ဟာ Penalty Box ထဲမွာ ေနရာယူဖုိ႔ မဟုတ္ဘဲ ကြင္းလယ္ကစားသမားေတြနဲ႔ ခ်ိတ္ဆက္ၿပီး ၿပိဳင္ဘက္ကြင္းဘက္ျခမ္းမွာ Space ေတြ ရွာႏုိင္ဖုိ႔ပဲျဖစ္ပါတယ္။ ‘False 9’ ကုိ ပထမဆုံး အသုံးျပဳခဲ့တာက ၾသစႀတီးယားအသင္းျဖစ္ၿပီး ၁၉၃၀ ၀န္းက်င္ကာလေတြမွာ အဲဒီနည္းဗ်ဴဟာေၾကာင့္ နာမည္ေက်ာ္ခဲ့သလုိ ‘False 9’အျဖစ္ ကစားခဲ့တဲ့ Matthias Sindelar လည္း လူသိမ်ားခဲ့တယ္။ ၁၉၅၀ ေက်ာ္ကာလေတြမွာ ဟန္ေဂရီအသင္းကလည္း အဲဒီနည္းဗ်ဴဟာကုိ အသုံးျပဳခဲ့ၿပီး ေအာင္ျမင္မႈေတြ ရယူခဲ့ဖူးတယ္။

Matthias-Sindelar

Matthias-Sindelar

ေမာ္ဒန္ေဘာလုံးေလာကမွာေတာ့ ဒီနည္းဗ်ဴဟာကုိ ျပန္အသက္သြင္းခဲ့သူက ႐ုိးမားနည္းျပေဟာင္း စပယ္လက္တီ Spaletti ပါပဲ။ ၂၀၀၆-၀၇ ရာသီမွာ ေတာ့တီ Totti ကုိ ‘False 9’ ပုံစံကစားခဲ့ၿပီး ေအာင္ျမင္မႈရခဲ့တဲ့အတြက္ တျခားထိပ္သီးနည္းျပေတြပါ အဲဒီနည္းဗ်ဴဟာကုိ ျပန္လည္အသုံးခ်ခဲ့ၾကတယ္။

Totti

Totti

မန္ယူဂႏၳ၀င္နည္းျပႀကီး ဖာဂူဆန္ Alex Ferguson ဟာ ရြန္နီ Rooney ၊ တီဗက္ဇ္ Tevez ၊ စီေရာ္နယ္လ္ဒုိ Cristiano Ronaldo တို႔ (၃)ဦးကုိ Attacking Role ေနရာမွာ အသုံးျပဳခဲ့ေပမယ့္ တိုက္စစ္မွဴးစစ္စစ္ မဟုတ္တဲ့ Strikerless Formation ကုိ အသုံးျပဳခဲ့တယ္ဆုိတာ မန္ယူပရိသတ္ အားလုံးအသိျဖစ္ပါလိမ့္မယ္။

Tevez-Rooney-and-Ronaldo

Tevez-Rooney-and-Ronaldo

အာဆင္နယ္ဂႏၳ၀င္နည္းျပႀကီး အာစင္၀င္းဂါး Arsene Wenger လည္း ဗန္ပါစီ Van Persie ကုိ ‘False 9’ပုံစံ ကစားေစခဲ့ဖူးတယ္။ ဒါေပမဲ့ ‘False 9’ ေနရာမွာ အေကာင္းဆုံး အသုံးေတာ္ခံခဲ့တာက ဘာစီလုိနာတိုက္စစ္မွဴး မက္ဆီ Messi ပါ။ ဂြါဒီယုိလာ Guardiola လက္ထက္ ဘာစီလုိနာအသင္း အႀကီးအက်ယ္ ေအာင္ျမင္ခဲ့တာကလည္း မက္ဆီရဲ႕ စြမ္းေဆာင္ရည္ အမ်ားႀကီးပါတယ္။

Messi

Messi

မက္ဆီဟာ Attacking Role ျဖစ္ေပမယ့္ သူ႔တာ၀န္က ကြင္းလယ္အထိ ဆင္းၿပီး ေဘာလုံးယူ၊ တိက်ေသသပ္တဲ့ Passing ေတြနဲ႔ ၿပိဳင္ဘက္ခံစစ္လမ္းေၾကာင္းေတြကုိ ၿဖိဳခဲြ၊ အဲဒီမွာ လြတ္ထြက္သြားတဲ့ Space ေတြကုိ က်န္တဲ့ တိုက္စစ္ကစားသမားေတြက အသုံးခ်ႏုိင္ဖုိ႔ပါပဲ။ အဲဒီအခ်ိန္တုန္းက မက္ဆီအျပင္ အင္နီေယစတာ Iniesta လုိ ကစားသမားမ်ိဳးပါ ရွိေနေတာ့ ဘာစီလုိနာဟာ က်ားကုိ အေတာင္တပ္ေပးသလုိ ျဖစ္ခဲ့တယ္။

Euro-2012-Final-Spain-Tactic

Euro-2012-Final-Spain-Tactic

ယူ႐ုိ-၂၀၁၂ ဗုိလ္လုပဲြတုန္းက စပိန္အသင္းနည္းျပဒဲလ္ေဘာ့စေကး Del Bosque ဟာ တိုက္စစ္မွဴးစစ္စစ္ လုံး၀မပါဘဲ ကြင္းလယ္တိုက္စစ္ကစားသမား ဖာဘရီဂတ္စ္ Cesc Fabregas ကုိ ‘False 9’ ပုံစံ ကစားေစခဲ့တယ္။ ယူ႐ုိဗုိလ္လုပဲြလုိ အဓိက ႏုိင္ငံတကာၿပိဳင္ပဲြႀကီးမွာ ‘False 9’ နည္းဗ်ဴဟာ အသုံးျပဳခဲ့တဲ့ ဒဲလ္ေဘာ့စေကးရဲ႕ လုပ္ရပ္က အားလုံးကုိ အံ့အားသင့္ေစခဲ့ရေပမယ့္ အီတလီအသင္းကုိ (၄-၁)ဂုိးနဲ႔ အႏုိင္ယူၿပီး ရလဒ္ေကာင္းတစ္ခုရယူႏုိင္ခဲ့တယ္။

Euro-2012-Champion-Spain

Euro-2012-Champion-Spain

အခုေနာက္ပုိင္း ပရီးမီးယားလိဂ္မွာ ‘False 9’ နည္းဗ်ဴဟာ အသုံးျပဳမႈေတြကုိ ေတြ႕ရမွာျဖစ္ၿပီး ခ်ယ္လ္ဆီးနည္းျပေဟာင္း ကြန္တီ Conte ဟာ ေတာင္ပံကစားသမား ဟာဇက္ Hazard ကုိ ‘False 9’ အျဖစ္ ကစားေစခဲ့ဖူးပါတယ္။ ‘False 9’ နည္းဗ်ဴဟာ ထြက္ေပၚခဲ့တာက ႏွစ္ေပါင္းမ်ားစြာ ၾကာျမင့္ေနၿပီျဖစ္ေပမယ့္လည္း အခုအခ်ိန္အထိ ေဘာလုံးေလာကကုိ လႊမ္းမုိးထားႏုိင္ဆဲလုိ႔ ဆုိရမွာပါ . . .

REF:sportskeeda,thefalse9
Photo:the great change,Twitter,Protege Sports,SPORTbible,Special for World
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဘောလုံးလောကကို အပြောင်းအလဲဖြစ်စေခဲ့တဲ့ နည်းဗျူဟာများ (၁)

ဘောလုံးလောကမှာ မဟာဗျူဟာနဲ့ ကစားကွက်ပုံစံ ( Strategies and Formations) တွေဟာ အသစ်တွေ ပေါ်လာလိုက်၊ ကာလအတော်ကြာရင် ပျောက်ကွက်သွားလိုက်နဲ့ သံသရာ လည်ပတ်နေတာပါ။ ဒါပေမဲ့ တချို့နည်းဗျူဟာတွေကြတော့ နှစ်ပေါင်းများစွာ တည်တံ့ခဲ့သလို ခေတ်အလိုက် ဘောလုံးသမားတွေ၊ နည်းပြတွေဟ အဲဒီ နည်းဗျူဟာကို နှစ်နှစ်ခြိုက်ခြိုက် အသုံးပြုခဲ့တာတွေလည်း ရှိပါတယ်။ တချို့ Strategies တွေဆိုရင် အခုလက်ရှိအချိန်အထိ ဘောလုံးလောကမှာ လွှမ်းမိုးမှု ရှိနေဆဲပါပဲ။ အခုဖော်ပြမှာက ဘောလုံးလောကကို ကြီးကြီးမားမား ပြောင်းလဲစေခဲ့တဲ့ နည်းဗျူဟာအကြောင်း အပိုင်း(၁)ဖြစ်ပါတယ် . . .

False-9-Tatic

False-9-Tatic

FALSE 9
‘False 9’ နည်းဗျူဟာက ဒီဘက်ခေတ်မှာ ပြန်ရေပန်းစားနေပေမယ့် ဒီနည်းဗျူဟာက အရင်နှစ်ပေါင်းများစွာ ကတည်းက ရှိနေတာဖြစ်ပါတယ်။ အရင်ခေတ်တုန်းက ဘောလုံးအသင်းတစ်သင်းမှာ နေရာအလိုက် ကျောနံပါတ်တွေ သတ်မှတ်လေ့ရှိပြီး ဂိုးသမားက နံပါတ်(၁)၊ နောက်တန်းတွေက (၂၊၃၊၄၊၅) စသဖြင့်ပါ။ ကျောနံပါတ်(၉)ဆိုတာက ပုံမှန်အတိုင်းဆိုရင် တိုက်စစ်မှူးစစ်စစ်တွေ ဝတ်ဆင်ကစားတာဖြစ်တယ်။ ဒါပေမဲ့ ကျောနံပါတ် (၉)ဝတ်ပြီး တိုက်စစ်မှူးအဖြစ် မကစားရရင်၊ Attacking Roel မှာ မကစားရရင် သူ့ကို ‘False 9’လို့ သတ်မှတ်ခဲ့ကြတယ်။ ပိုပြီးထင်သာမြင်သာအောင် ပြောရရင် တိုက်စစ်မှူးစစ်စစ်တွေသာ ဝတ်ဆင်ရတဲ့ (၉၊ ၁၀)နံပါတ်တွေနဲ့ ကစားသမားဟာ တိုက်စစ်မှူးနေရာမှာ မကစားတာပဲဖြစ်ပါတယ် အဲဒီကစားသမားရဲ့ အဓိက တာဝန်ဟာ Penalty Box ထဲမှာ နေရာယူဖို့ မဟုတ်ဘဲ ကွင်းလယ်ကစားသမားတွေနဲ့ ချိတ်ဆက်ပြီး ပြိုင်ဘက်ကွင်းဘက်ခြမ်းမှာ Space တွေ ရှာနိုင်ဖို့ပဲဖြစ်ပါတယ်။ ‘False 9’ ကို ပထမဆုံး အသုံးပြုခဲ့တာက သြစတြီးယားအသင်းဖြစ်ပြီး ၁၉၃၀ ဝန်းကျင်ကာလတွေမှာ အဲဒီနည်းဗျူဟာကြောင့် နာမည်ကျော်ခဲ့သလို ‘False 9’အဖြစ် ကစားခဲ့တဲ့ Matthias Sindelar လည်း လူသိများခဲ့တယ်။ ၁၉၅၀ ကျော်ကာလတွေမှာ ဟန်ဂေရီအသင်းကလည်း အဲဒီနည်းဗျူဟာကို အသုံးပြုခဲ့ပြီး အောင်မြင်မှုတွေ ရယူခဲ့ဖူးတယ်။

Matthias-Sindelar

Matthias-Sindelar

မော်ဒန်ဘောလုံးလောကမှာတော့ ဒီနည်းဗျူဟာကို ပြန်အသက်သွင်းခဲ့သူက ရိုးမားနည်းပြဟောင်း စပယ်လက်တီ Spaletti ပါပဲ။ ၂၀၀၆-၀၇ ရာသီမှာ တော့တီ Totti ကို ‘False 9’ ပုံစံကစားခဲ့ပြီး အောင်မြင်မှုရခဲ့တဲ့အတွက် တခြားထိပ်သီးနည်းပြတွေပါ အဲဒီနည်းဗျူဟာကို ပြန်လည်အသုံးချခဲ့ကြတယ်။

Totti

Totti

မန်ယူဂန္ထဝင်နည်းပြကြီး ဖာဂူဆန် Alex Ferguson ဟာ ရွန်နီ Rooney ၊ တီဗက်ဇ် Tevez ၊ စီရော်နယ်လ်ဒို Cristiano Ronaldo တို့ (၃)ဦးကို Attacking Role နေရာမှာ အသုံးပြုခဲ့ပေမယ့် တိုက်စစ်မှူးစစ်စစ် မဟုတ်တဲ့ Strikerless Formation ကို အသုံးပြုခဲ့တယ်ဆိုတာ မန်ယူပရိသတ် အားလုံးအသိဖြစ်ပါလိမ့်မယ်။

Tevez-Rooney-and-Ronaldo

Tevez-Rooney-and-Ronaldo

အာဆင်နယ်ဂန္ထဝင်နည်းပြကြီး အာစင်ဝင်းဂါး Arsene Wenger လည်း ဗန်ပါစီ Van Persie ကို ‘False 9’ပုံစံ ကစားစေခဲ့ဖူးတယ်။ ဒါပေမဲ့ ‘False 9’ နေရာမှာ အကောင်းဆုံး အသုံးတော်ခံခဲ့တာက ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ Messi ပါ။ ဂွါဒီယိုလာ Guardiola လက်ထက် ဘာစီလိုနာအသင်း အကြီးအကျယ် အောင်မြင်ခဲ့တာကလည်း မက်ဆီရဲ့ စွမ်းဆောင်ရည် အများကြီးပါတယ်။

Messi

Messi

မက်ဆီဟာ Attacking Role ဖြစ်ပေမယ့် သူ့တာဝန်က ကွင်းလယ်အထိ ဆင်းပြီး ဘောလုံးယူ၊ တိကျသေသပ်တဲ့ Passing တွေနဲ့ ပြိုင်ဘက်ခံစစ်လမ်းကြောင်းတွေကို ဖြိုခွဲ၊ အဲဒီမှာ လွတ်ထွက်သွားတဲ့ Space တွေကို ကျန်တဲ့ တိုက်စစ်ကစားသမားတွေက အသုံးချနိုင်ဖို့ပါပဲ။ အဲဒီအချိန်တုန်းက မက်ဆီအပြင် အင်နီယေစတာ Iniesta လို ကစားသမားမျိုးပါ ရှိနေတော့ ဘာစီလိုနာဟာ ကျားကို အတောင်တပ်ပေးသလို ဖြစ်ခဲ့တယ်။

Euro-2012-Final-Spain-Tactic

Euro-2012-Final-Spain-Tactic

ယူရို-၂၀၁၂ ဗိုလ်လုပွဲတုန်းက စပိန်အသင်းနည်းပြဒဲလ်ဘော့စကေး Del Bosque ဟာ တိုက်စစ်မှူးစစ်စစ် လုံးဝမပါဘဲ ကွင်းလယ်တိုက်စစ်ကစားသမား ဖာဘရီဂတ်စ် Cesc Fabregas ကို ‘False 9’ ပုံစံ ကစားစေခဲ့တယ်။ ယူရိုဗိုလ်လုပွဲလို အဓိက နိုင်ငံတကာပြိုင်ပွဲကြီးမှာ ‘False 9’ နည်းဗျူဟာ အသုံးပြုခဲ့တဲ့ ဒဲလ်ဘော့စကေးရဲ့ လုပ်ရပ်က အားလုံးကို အံ့အားသင့်စေခဲ့ရပေမယ့် အီတလီအသင်းကို (၄-၁)ဂိုးနဲ့ အနိုင်ယူပြီး ရလဒ်ကောင်းတစ်ခုရယူနိုင်ခဲ့တယ်။

Euro-2012-Champion-Spain

Euro-2012-Champion-Spain

အခုနောက်ပိုင်း ပရီးမီးယားလိဂ်မှာ ‘False 9’ နည်းဗျူဟာ အသုံးပြုမှုတွေကို တွေ့ရမှာဖြစ်ပြီး ချယ်လ်ဆီးနည်းပြဟောင်း ကွန်တီ Conte ဟာ တောင်ပံကစားသမား ဟာဇက် Hazard ကို ‘False 9’ အဖြစ် ကစားစေခဲ့ဖူးပါတယ်။ ‘False 9’ နည်းဗျူဟာ ထွက်ပေါ်ခဲ့တာက နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ပေမယ့်လည်း အခုအချိန်အထိ ဘောလုံးလောကကို လွှမ်းမိုးထားနိုင်ဆဲလို့ ဆိုရမှာပါ . . .

REF:sportskeeda,thefalse9
Photo:the great change,Twitter,Protege Sports,SPORTbible,Special for World
Naing Linn(Akhayar)
www.akhayar.com