[Zawgyi]

ေတာ္ဝင္မိသားစုေတြဟာ သူတုိ႔အားလပ္ခ်ိန္ကို ဘယ္လိုအက်ဳိးရွိရွိ ျဖတ္သန္းေလ့ရွိလဲ

ေတာ္ဝင္မိသားစုေတြဟာ အလုပ္အင္မတန္ မ်ားတဲ႔သူေတြျဖစ္တဲ႔အတြက္ သူတို႔အတြက္ အားလပ္ခ်ိန္ေတာင္မွ ရွိၾကရဲ႕လားမသိဘူးဆိုၿပီး ေတြးေတာမိၾကမွာပါ။ အားလပ္ခ်ိန္မရွိတဲ႔အတြက္ သူတို႔ရဲ႕ ဝါသနာေတြေကာကို ပံုေဖာ္ခြင့္ရရဲ႕လား လုပ္ခြင္႔ရရဲလားဆိုတာကလည္း စဥ္းစားစရာပါပဲ။ ဒါေပမယ္႔လည္း သူတို႔ကလည္း သာမန္လူေတြလို လူသားေတြျဖစ္တဲ႔အတြက္ သူတို႔မွ ကိုယ္ပိုင္ဝါသနာေတြေလးေတာ့ ရွိၾကပါတယ္။ ဥပမာအေနနဲ႔ဆို ၉၂ ႏွစ္အရြယ္ Queen Elizabeth ဘုရင္မႀကီးဟာ ၂၀၁၇ ခုနစ္တုန္းက အစည္းအေဝးေပါင္း ၃၀၀ နီးပါး ျပဳလုပ္ခဲ႔ရေသာ္လည္း သူမဟာ အားလပ္ခ်ိန္ သီးသန္႔ထားကာ စိတ္ဝင္စားမယ္႔ အရာေတြကို လုပ္ေဆာင္ၿပီး အပန္းေျဖေလ့ရွိပါတယ္။ ဘုရင္မႀကီးကပဲ အဲဒီလို အပန္းေျဖတတ္တာမ်ဳိးမဟုတ္ဘဲ ေတာ္ဝင္မိသားစုဝင္တုိင္းမွာ သူတို႔ရဲ႕ ကိုယ္ပိုင္ဝါသနာေတြရွိၾကၿပီး အဆိုပါ ဝါသနာေတြကို အခ်ိန္ေပးလုပ္ျခင္းျဖင္႔ တာဝန္ဝတၱရားေတြ ဖိအားေတြကေန လြတ္ေျမာက္ေအာင္ ေနထိုင္ေလ့ရွိၾကပါတယ္။ ဘယ္ေတာ္ဝင္မိသားစုဝင္ေတြက ဘယ္္လုိ ဝါသနာေတြ ျပဳလုပ္ၿပီး ဘယ္လုိစိတ္လက္အပန္းေျဖလဲဆိုတာကို ၾကည္႔လိုက္ၾကရေအာင္။

(၁) Prince Charles

Prince Wales လိုလူသိမ်ားၾကတဲ႔ Prince Charles မွာဆိုရင္ ဝါသနာေျမာက္ျမားစြာ ရွိပါတယ္။ သူဟာ အႏုပညာကို ဝါသနာထံုတဲ႔အတြက္ တစ္ခ်ိန္တုန္းက ကေလးစာအုပ္တစ္ခုျဖစ္တဲ့ The Legend Of Lochnagar ရဲ႕ ဒ႑ာရီဇာတ္လမ္းေတြကို ေရးသားခဲ႔ပါတယ္။ ဒါ့ေပမယ့္ သူအမွန္တကယ္ခံုမင္တဲ႔ ဝါသနာတစ္ခုကေတာ့ သူေနထိုင္ရာ Highgrove House ရဲ႕ ဥယ်ာဥ္ျခံကို ျပဳျပင္ထိန္းသိမ္း အလွဆင္ျခင္းပဲ ျဖစ္ပါတယ္။ ဥယ်ာဥ္ျခံျပဳျပင္ျခင္းကို ဘယ္ေလာက္ထိ ဝါသနာထံုလဲဆုိေတာ့ ျခံစည္းရုိးအလွဆင္ျခင္းအႏုပညာကိုေတာင္ ေလ့လာၿပီး Highgrove House ကို ေရွးမူမပ်က္ျဖစ္ေအာင္ သတိထားကာ အလွဆင္ထားတာကို ေတြ႔ရပါတယ္။

Prince Charles gardening at Highgrove House

Prince Charles gardening at Highgrove House

(၂) Cornwall ၿမိဳ႕စားကေတာ္ Camilla

ကေလးေတြ စာတတ္ေျမာက္ေစဖို႔အတြက္ လႈံေဆာ္မႈ အမ်ားအျပားျပဳလုပ္ေနတဲ႔ Camilla ရဲ႕ဝါသနာကေတာ့ စာဖတ္ျခင္းနဲ႔ ပန္းခ်ီေရးဆဲြျခင္း ျဖစ္ပါတယ္။ ဒါ့အျပင္ သူမက သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းရတာကုိလည္း ခံုမင္ပါတယ္။ သူမ Balmoral မွာေနထိုင္တုန္းက Cornish ေက်းလက္ေဒသ လွပေစဖို႔အတြက္ တတ္ႏိုင္သမွ် သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းမႈျပဳလုပ္ၿပီး လွပအေအာင္ ေဖာ္ေဆာင္ခဲ႔ပါတယ္။ သူမက သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းရတာကုိ ခံုမင္တဲ႔အျပင္ ျမင္းစီးျခင္း၊ ငါးဖမ္းျခင္း၊ ေတာင္တက္ျခင္းနဲ႔ ႏွင္းေလွ်ာစီးျခင္း တို႔ကုိလည္း ျပဳလုပ္ရတာ ႀကိဳက္ႏွစ္သက္ပါတယ္။

Camilla reading book

Camilla reading book

(၃) Prince William

Prince William က Helicopter နဲ႔ပ်ံသန္းရတာကို ႀကိဳက္ႏွစ္သက္သူပါ။ ဘာေၾကာင္ ့ဒီလိုပ်ံသန္းရတာကို ႀကိဳက္ႏွစ္သက္လဲဆိုေတာ့ သူဟာ Norfolk ရဲ႕ ၿဗိတိသွ် ေလတပ္လူနာတင္ယာဥ္ဝန္ေဆာင္မႈမွာ ႏွစ္ေပါင္းမ်ားစြာ လုပ္ေဆာင္ခဲ႔တဲ႔အတြက္ေၾကာင္႔ ျဖစ္ပါတယ္။ ဒါ့အျပင္ ေကာလာဟလသတင္းမ်ားအရ သူဟာ ရုပ္ရွင္ၾကည္႔ရတာကို ႀကိဳက္ႏွစ္သက္ၿပီး သူ မၾကည့္မျဖစ္ ၾကည္႔ဖို႔ထည္႔ထားတဲ႔ စာရင္းထဲမွာေတာ့ ၾကည္႔ရႈမႈႏႈန္းျမင့္တဲ႔ Downton Abbey ရုပ္သံဇာတ္လမ္းတဲြလည္း ပါဝင္ပါတယ္။ ဒါ့ေပမယ္ သူရဲ႕စိတ္အားထက္သန္စြာ ျပဳလုပ္တဲ႔ ဝါသနာတစ္ခုေတာ့ အားကစားျပဳလုပ္ျခင္းပဲ ျဖစ္ပါတယ္။ သူျပဳလုပ္တဲ႔ အားကစားေတြကေတာ့ ေလွေလွာ္ျခင္း၊ ျမင္းစီးျခင္း၊ ေရခဲျပင္စကိတ္ေဆာ့ကစားျခင္း၊ တင္းနစ္ကစားျခင္း၊ စကိတ္စီးျခင္းနဲ႔ ပိုလုိကစားျခင္းေတြပဲ ျဖစ္ပါတယ္။ ဒီအားကစားေတြကေတာ့ ေတာ္ဝင္မင္းသားေတြ ျပဳလုပ္ေလ့ရွိတဲ႔ အားကစားအမ်ဳိးအစားေတြလည္း ျဖစ္ပါတယ္။

Prince-William-flying-helicopters

Prince-William-flying-helicopters

(၄) Cambridge ၿမိဳ႕စားကေတာ္ Kate Middleton

ေန႔စဥ္သတင္းစာေတြမွာ ေတာ္ဝင္မိသားစုဝင္ေတြရဲ႕ ဓာတ္ပံုေတြဟာ ျပည္႔ႏွက္ေနပါတယ္။ Kate Middleton ဟာ မိသားစုဓာတ္ပံုေတြကို ကိုယ္တိုင္ရုိက္ကူးႏိုင္ၿပီး မိသားစုဓာတ္ပံုရုိက္ကူးထားမႈနဲ႔ ပတ္သက္ၿပီး ဆုရရွိထားသူလည္း ျဖစ္ပါတယ္။ သူမဟာ ဓာတ္ပံုဆရာအျဖစ္ ဂုဏ္သတင္းႀကီးမားသူ ျဖစ္ၿပီး သူမရဲ႕႔ဝါသနာကလည္း ဓာတ္ပံုရုိက္ကူးျခင္းပဲ ျဖစ္ပါတယ္။ သူမဟာ မၾကာခဏဆိုသလို Prince George ၊ Princess Charlotte နဲ႔ Prince Louis ရဲ႕ ပဲြအခမ္းအနားက ပံုေတြကို ဓာတ္ပံုဆရာရဲ႕ အကူအညီကို မယူဘဲ သူမကိုင္တိုင္ရုိက္ကူးကာ ထုတ္ျပေလ့ရွိသူ ျဖစ္ပါတယ္။

(၅) Prince Harry

Prince Harry က သူ႕အကို Prince William လိုမ်ဳိးပဲ ပိုလိုကစားရတာကို ႀကိဳက္ႏွစ္သက္သူျဖစ္ၿပီး အျခားအားကစားအမ်ဳိးအစားတစ္ခုုျဖစ္တဲ႔ Rugby ကစားရတာကိုလည္း ႏွစ္သက္သူ ျဖစ္ပါတယ္။ သူဟာ South Africa ႏိုင္ငံ Lesotho မွာေနထိုင္ခဲ႔စဥ္တုန္းက မိဘမဲ႔ AIDS ေရာဂါေဝဒနာသည္မ်ားရဲ႕ ဒုကၡေရာက္တာနဲ႔ စပ္လ်ဥ္းၿပီး စိုးရိမ္ပူပန္မႈေတြကို မီးေမွာင္းထိုးျပတဲ႔ မွတ္တမ္းရုပ္ရွင္ ရုိက္ကူးဖို႔ ႀကိဳးစားခဲ့တဲ႔အျပင္ ေနာက္ဆံုးမွာ HIV/AIDS ေရာဂါသည္ ကေလးငယ္ေတြအတြက္ ကိုယ္ပုိင္လူမႈကူညီမႈအသင္းကို တည္ေထာင္လိုက္ပါတယ္။ မွတ္တမ္းရုပ္ရွင္ရုိက္ကူးတဲ႔ ဝါသနာကို အေၾကာင္းျပဳၿပီး သူဟာ ေကာင္းမြန္ကုသိုလ္ျပဳလုပ္ရတာကိုပါ ခံုမင္လာခဲ႔ပါတယ္။ ဒါ့အျပင္ သူဟာ ဥယ်ာဥ္စိုက္ပ်ဳိးရတာကိုလည္း ဝါသနာပါတဲ႔အတြက္ အေဖရဲ႕ဝါသနာကိုေတာင္ အေမြဆက္ခံရရွိထားတယ္လို႔ ေျပာလို႔ရပါေသးတယ္။

Prince Harry play polo

Prince Harry play polo

(၆) Sussex ၿမိဳ႕စားကေတာ္ Meghan Markle

Meghan Markle ဟာ လက္ေရးလွေရးရတာ ဝါသနာပါၿပီး သူမဝါသနာပါတဲ႔ လက္ေရးလွေရးျခင္းကို Business Card ေတြနဲ႔ တျခား Artwork ေတြမွာ ေကာင္းေကာင္းအသံုးခ်ႏိုင္တဲ႔သူပါ။ ဒါ့အျပင္ သူမဟာ Paula Patton နဲ႔ Robin Thicke ရဲ႕မဂၤလာပဲြအတြက္ ဖိတ္စာကို ဒီဇုိင္းေရးဆဲြေပးခဲ႔ပါေသးတယ္။

အခုေဖာ္ျပေပးခဲ႔တာကေတာ့ ေတာင္ဝင္မိသားစုဝင္ေတြရဲ႕ ဝါသနာေတြျဖစ္ၿပီး သူတို႔ရဲ႕ဝါသနာေတြဟာ သူတုိ႔အေပၚ ေကာင္းက်ဳိးမ်ားစြာ ျဖစ္ထြန္းေစတာကိုလည္း ေတြ႔ရပါတယ္။ ပရိတ္သတ္ႀကီးမွာေကာ အက်ဳိးျဖစ္ထြန္းေစတဲ႔ ဝါသနာမ်ဳိး ပိုင္ဆိုင္ထားၾကၿပီးၿပီလား။ မပိုင္ဆိုင္ထားေသးဖူးဆိုရင္ အခုခ်ိန္ကစၿပီး ကုိယ့္ကုိ အက်ဳိးျဖစ္ထြန္းေစမယ့္ ဝါသနာေလးေတြကို ပ်ဳိးေထာင္ထားလုိက္ၾကရေအာင္ေနာ္။

H.H(Akhayar)

www.akhayar.com

[Unicode]

တော်ဝင်မိသားစုတွေဟာ သူတို့အားလပ်ချိန်ကို ဘယ်လိုအကျိုးရှိရှိ ဖြတ်သန်းလေ့ရှိလဲ

တော်ဝင်မိသားစုတွေဟာ အလုပ်အင်မတန် များတဲ့သူတွေဖြစ်တဲ့အတွက် သူတို့အတွက် အားလပ်ချိန်တောင်မှ ရှိကြရဲ့လားမသိဘူးဆိုပြီး တွေးတောမိကြမှာပါ။ အားလပ်ချိန်မရှိတဲ့အတွက် သူတို့ရဲ့ ဝါသနာတွေကောကို ပုံဖော်ခွင့်ရရဲ့လား လုပ်ခွင့်ရရဲလားဆိုတာကလည်း စဉ်းစားစရာပါပဲ။ ဒါပေမယ့်လည်း သူတို့ကလည်း သာမန်လူတွေလို လူသားတွေဖြစ်တဲ့အတွက် သူတို့မှ ကိုယ်ပိုင်ဝါသနာတွေလေးတော့ ရှိကြပါတယ်။ ဥပမာအနေနဲ့ဆို ၉၂ နှစ်အရွယ် Queen Elizabeth ဘုရင်မကြီးဟာ ၂၀၁၇ ခုနစ်တုန်းက အစည်းအဝေးပေါင်း ၃၀၀ နီးပါး ပြုလုပ်ခဲ့ရသော်လည်း သူမဟာ အားလပ်ချိန် သီးသန့်ထားကာ စိတ်ဝင်စားမယ့် အရာတွေကို လုပ်ဆောင်ပြီး အပန်းဖြေလေ့ရှိပါတယ်။ ဘုရင်မကြီးကပဲ အဲဒီလို အပန်းဖြေတတ်တာမျိုးမဟုတ်ဘဲ တော်ဝင်မိသားစုဝင်တိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင်ဝါသနာတွေရှိကြပြီး အဆိုပါ ဝါသနာတွေကို အချိန်ပေးလုပ်ခြင်းဖြင့် တာဝန်ဝတ္တရားတွေ ဖိအားတွေကနေ လွတ်မြောက်အောင် နေထိုင်လေ့ရှိကြပါတယ်။ ဘယ်တော်ဝင်မိသားစုဝင်တွေက ဘယ်လို ဝါသနာတွေ ပြုလုပ်ပြီး ဘယ်လိုစိတ်လက်အပန်းဖြေလဲဆိုတာကို ကြည့်လိုက်ကြရအောင်။

(၁) Prince Charles

Prince Wales လိုလူသိများကြတဲ့ Prince Charles မှာဆိုရင် ဝါသနာမြောက်မြားစွာ ရှိပါတယ်။ သူဟာ အနုပညာကို ဝါသနာထုံတဲ့အတွက် တစ်ချိန်တုန်းက ကလေးစာအုပ်တစ်ခုဖြစ်တဲ့ The Legend Of Lochnagar ရဲ့ ဒဏ္ဍာရီဇာတ်လမ်းတွေကို ရေးသားခဲ့ပါတယ်။ ဒါ့ပေမယ့် သူအမှန်တကယ်ခုံမင်တဲ့ ဝါသနာတစ်ခုကတော့ သူနေထိုင်ရာ Highgrove House ရဲ့ ဥယျာဉ်ခြံကို ပြုပြင်ထိန်းသိမ်း အလှဆင်ခြင်းပဲ ဖြစ်ပါတယ်။ ဥယျာဉ်ခြံပြုပြင်ခြင်းကို ဘယ်လောက်ထိ ဝါသနာထုံလဲဆိုတော့ ခြံစည်းရိုးအလှဆင်ခြင်းအနုပညာကိုတောင် လေ့လာပြီး Highgrove House ကို ရှေးမူမပျက်ဖြစ်အောင် သတိထားကာ အလှဆင်ထားတာကို တွေ့ရပါတယ်။

Prince Charles gardening at Highgrove House

Prince Charles gardening at Highgrove House

(၂) Cornwall မြို့စားကတော် Camilla

ကလေးတွေ စာတတ်မြောက်စေဖို့အတွက် လှုံဆော်မှု အများအပြားပြုလုပ်နေတဲ့ Camilla ရဲ့ဝါသနာကတော့ စာဖတ်ခြင်းနဲ့ ပန်းချီရေးဆွဲခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် သူမက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရတာကိုလည်း ခုံမင်ပါတယ်။ သူမ Balmoral မှာနေထိုင်တုန်းက Cornish ကျေးလက်ဒေသ လှပစေဖို့အတွက် တတ်နိုင်သမျှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုပြုလုပ်ပြီး လှပအအောင် ဖော်ဆောင်ခဲ့ပါတယ်။ သူမက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရတာကို ခုံမင်တဲ့အပြင် မြင်းစီးခြင်း၊ ငါးဖမ်းခြင်း၊ တောင်တက်ခြင်းနဲ့ နှင်းလျှောစီးခြင်း တို့ကိုလည်း ပြုလုပ်ရတာ ကြိုက်နှစ်သက်ပါတယ်။

Camilla reading book

Camilla reading book

(၃) Prince William

Prince William က Helicopter နဲ့ပျံသန်းရတာကို ကြိုက်နှစ်သက်သူပါ။ ဘာကြောင့်ဒီလိုပျံသန်းရတာကို ကြိုက်နှစ်သက်လဲဆိုတော့ သူဟာ Norfolk ရဲ့ ဗြိတိသျှ လေတပ်လူနာတင်ယာဉ်ဝန်ဆောင်မှုမှာ နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် ကောလာဟလသတင်းများအရ သူဟာ ရုပ်ရှင်ကြည့်ရတာကို ကြိုက်နှစ်သက်ပြီး သူ မကြည့်မဖြစ် ကြည့်ဖို့ထည့်ထားတဲ့ စာရင်းထဲမှာတော့ ကြည့်ရှုမှုနှုန်းမြင့်တဲ့ Downton Abbey ရုပ်သံဇာတ်လမ်းတွဲလည်း ပါဝင်ပါတယ်။ ဒါ့ပေမယ် သူရဲ့စိတ်အားထက်သန်စွာ ပြုလုပ်တဲ့ ဝါသနာတစ်ခုတော့ အားကစားပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်။ သူပြုလုပ်တဲ့ အားကစားတွေကတော့ လှေလှော်ခြင်း၊ မြင်းစီးခြင်း၊ ရေခဲပြင်စကိတ်ဆော့ကစားခြင်း၊ တင်းနစ်ကစားခြင်း၊ စကိတ်စီးခြင်းနဲ့ ပိုလိုကစားခြင်းတွေပဲ ဖြစ်ပါတယ်။ ဒီအားကစားတွေကတော့ တော်ဝင်မင်းသားတွေ ပြုလုပ်လေ့ရှိတဲ့ အားကစားအမျိုးအစားတွေလည်း ဖြစ်ပါတယ်။

Prince-William-flying-helicopters

Prince-William-flying-helicopters

(၄) Cambridge မြို့စားကတော် Kate Middleton

နေ့စဉ်သတင်းစာတွေမှာ တော်ဝင်မိသားစုဝင်တွေရဲ့ ဓာတ်ပုံတွေဟာ ပြည့်နှက်နေပါတယ်။ Kate Middleton ဟာ မိသားစုဓာတ်ပုံတွေကို ကိုယ်တိုင်ရိုက်ကူးနိုင်ပြီး မိသားစုဓာတ်ပုံရိုက်ကူးထားမှုနဲ့ ပတ်သက်ပြီး ဆုရရှိထားသူလည်း ဖြစ်ပါတယ်။ သူမဟာ ဓာတ်ပုံဆရာအဖြစ် ဂုဏ်သတင်းကြီးမားသူ ဖြစ်ပြီး သူမရဲ့ဝါသနာကလည်း ဓာတ်ပုံရိုက်ကူးခြင်းပဲ ဖြစ်ပါတယ်။ သူမဟာ မကြာခဏဆိုသလို Prince George ၊ Princess Charlotte နဲ့ Prince Louis ရဲ့ ပွဲအခမ်းအနားက ပုံတွေကို ဓာတ်ပုံဆရာရဲ့ အကူအညီကို မယူဘဲ သူမကိုင်တိုင်ရိုက်ကူးကာ ထုတ်ပြလေ့ရှိသူ ဖြစ်ပါတယ်။

(၅) Prince Harry

Prince Harry က သူ့အကို Prince William လိုမျိုးပဲ ပိုလိုကစားရတာကို ကြိုက်နှစ်သက်သူဖြစ်ပြီး အခြားအားကစားအမျိုးအစားတစ်ခုဖြစ်တဲ့ Rugby ကစားရတာကိုလည်း နှစ်သက်သူ ဖြစ်ပါတယ်။ သူဟာ South Africa နိုင်ငံ Lesotho မှာနေထိုင်ခဲ့စဉ်တုန်းက မိဘမဲ့ AIDS ရောဂါဝေဒနာသည်များရဲ့ ဒုက္ခရောက်တာနဲ့ စပ်လျဉ်းပြီး စိုးရိမ်ပူပန်မှုတွေကို မီးမှောင်းထိုးပြတဲ့ မှတ်တမ်းရုပ်ရှင် ရိုက်ကူးဖို့ ကြိုးစားခဲ့တဲ့အပြင် နောက်ဆုံးမှာ HIV/AIDS ရောဂါသည် ကလေးငယ်တွေအတွက် ကိုယ်ပိုင်လူမှုကူညီမှုအသင်းကို တည်ထောင်လိုက်ပါတယ်။ မှတ်တမ်းရုပ်ရှင်ရိုက်ကူးတဲ့ ဝါသနာကို အကြောင်းပြုပြီး သူဟာ ကောင်းမွန်ကုသိုလ်ပြုလုပ်ရတာကိုပါ ခုံမင်လာခဲ့ပါတယ်။ ဒါ့အပြင် သူဟာ ဥယျာဉ်စိုက်ပျိုးရတာကိုလည်း ဝါသနာပါတဲ့အတွက် အဖေရဲ့ဝါသနာကိုတောင် အမွေဆက်ခံရရှိထားတယ်လို့ ပြောလို့ရပါသေးတယ်။

Prince Harry play polo

Prince Harry play polo

(၆) Sussex မြို့စားကတော် Meghan Markle

Meghan Markle ဟာ လက်ရေးလှရေးရတာ ဝါသနာပါပြီး သူမဝါသနာပါတဲ့ လက်ရေးလှရေးခြင်းကို Business Card တွေနဲ့ တခြား Artwork တွေမှာ ကောင်းကောင်းအသုံးချနိုင်တဲ့သူပါ။ ဒါ့အပြင် သူမဟာ Paula Patton နဲ့ Robin Thicke ရဲ့မင်္ဂလာပွဲအတွက် ဖိတ်စာကို ဒီဇိုင်းရေးဆွဲပေးခဲ့ပါသေးတယ်။

အခုဖော်ပြပေးခဲ့တာကတော့ တောင်ဝင်မိသားစုဝင်တွေရဲ့ ဝါသနာတွေဖြစ်ပြီး သူတို့ရဲ့ဝါသနာတွေဟာ သူတို့အပေါ် ကောင်းကျိုးများစွာ ဖြစ်ထွန်းစေတာကိုလည်း တွေ့ရပါတယ်။ ပရိတ်သတ်ကြီးမှာကော အကျိုးဖြစ်ထွန်းစေတဲ့ ဝါသနာမျိုး ပိုင်ဆိုင်ထားကြပြီးပြီလား။ မပိုင်ဆိုင်ထားသေးဖူးဆိုရင် အခုချိန်ကစပြီး ကိုယ့်ကို အကျိုးဖြစ်ထွန်းစေမယ့် ဝါသနာလေးတွေကို ပျိုးထောင်ထားလိုက်ကြရအောင်နော်။

H.H(Akhayar)

www.akhayar.com