[Zawgyi]

ေတာ္ဝင္ကေလးငယ္မ်ား လိုက္နာရမယ့္ တင္းက်ပ္တဲ့ စည္းမ်ဥ္းစည္းကမ္းမ်ား

ေတာ္ဝင္မ်ဳိးႏြယ္ေတြဟာ ကမာၻ႔ေပၚမွာ မီဒီယာသမားေတြ ေစာင့္ၾကည့္တာ အျမဲလိုလုိခံရသလို စည္းမ်ဥ္းစည္းကမ္းေတြ အမ်ားႀကီးခ်မွတ္ထားလို႔ စည္းကမ္းေတာ္ေတာ္မ်ားမ်ားကိုလည္း ေတာ္ဝင္မိသားစုဝင္ေတြတိုင္း အတတ္ႏိုင္ဆံုး လုိက္နာေစာင့္ထိန္းရပါတယ္။ ေတာ္ဝင္မိသားစုဝင္ေတြတိုင္းလုိ႔ ဆိုတဲ႔ေနရာမွာ ေတာ္ဝင္ကေလးငယ္ေလးေတြ ျဖစ္ၾကတဲ့ Prince Charles နဲ႔ Princess Charlotte တို႔လို ေျမးေတာ္ေလးေတြပါ ပါဝင္ပါတယ္။ ကေလးငယ္ေလးေတြျဖစ္လို႔ အထူးသီးသန္႔ခံစားခြင့္ဆိုၿပီး မရွိသလို စည္းကမ္းဟာ စည္းကမ္းပဲမို႔ စည္းကမ္းကို လိုက္နာေစာင့္ထိန္းရပါတယ္။ Prince Charles နဲ႔ Princess Charlotte တို႔လို ေတာ္ဝင္ကေလးငယ္ေလးေတြ လိုက္နာရတဲ႔ စည္းမ်ဥ္းစည္းကမ္းတခ်ဳိ႕ကို ဗဟုသုတတိုးေစဖို႔ မွ်ေဝေပးလိုက္ပါတယ္။

(၁) ေပးသမွ် လက္ေဆာင္တုိင္းကို ပိုင္ဆိုင္ခြင့္မရပါဘူး

ျပည္သူလူထုေတြက ေတာ္ဝင္ကေလးေလးေတြကို ခ်စ္ခင္လို႔ ကာတြန္းရုပ္ျပစာအုပ္ေလးေတြ၊ ကေလးေလးေတြ အႀကိဳက္ အရုပ္ေလးေတြ လက္ေဆာင္ေပးရင္ေတာင္ ကေလးေတြက ရရွိတဲ႔ လက္ေဆာင္တိုင္းကို ပုိင္ဆိုင္ခြင့္မရွိသလို အရုပ္တိုင္းနဲ႔လည္း ေဆာ့ခြင္႔မရကာ စာအုပ္တိုင္းကိုလည္း ဖတ္ခြင့္မရပါဘူး။ Office Royal Policy အရ တာဝန္ရွိသူေတြ လက္ခံေပးထားတဲ့ ေရာက္ရွိလာသမွ် လက္ေဆာင္ေတြတုိင္းေတြကို ဘုရင္မႀကီး ပိုင္ဆိုင္ပါတယ္။ ဘုရင္မႀကီး ခြင့္ျပဳတဲ႔ လက္ေဆာင္ပစၥည္းေတြကိုမွ သက္ဆိုင္တဲ႔ ေတာ္ဝင္မိသားစုဝင္ေတြက ပိုင္ဆိုင္ခြင့္ ရရွိျခင္း ျဖစ္ပါတယ္။

Dont keep every gift

Dont keep every gift

(၂) ႏိုင္ငံျခားဘာသာစကားေတြ ေလ့လာသင္ယူရပါတယ္

ႏိုင္ငံကုိယ္စားျပဳရမယ့္ ကေလးငယ္ေလးေတြျဖစ္လို႔ ႏိုင္ငံရပ္ျခားကို သြားေရာက္လည္ပတ္တဲ႔အခါ ဘာသာစကားကို ေကာင္းေကာင္း ေျပာဆိုႏိုင္ဖို႔ လိုအပ္တဲ့အတြက္ ငယ္ရြယ္စဥ္ကေလးဘဝတည္းက ဘာသာစကားအမ်ဳိးစံုနဲ႔ အကၽြမ္းတဝင္ရွိေအာင္ ေလ့လာသင္ယူရပါတယ္။ ဘုရင္မႀကီး Queen Elizabeth II က ျပင္သစ္စကားကို ကၽြမ္းက်င္စြာ ေျပာဆိုႏိုင္သူျဖစ္ၿပီး မင္းသားႀကီး Charles နဲ႔ မင္းသား William က အနည္းဆံုး ဘာသာစကား ေျခာက္မ်ဳိး ေျပာဆိုႏိုင္ပါတယ္။ မင္းသား Harry ကေတာ့ ဒူဘုိင္းမွာေနတုန္းက Arabic စကားနဲ႔ မိန္႔ခြန္းေျပာတာကို ေတြ႔ဖူးပါတယ္။ ဒါေၾကာင့္မို႔ ငယ္ရြယ္တဲ႔ ေတာ္ဝင္ကေလးငယ္ေလးေတြကလည္း ေရွ႕လူႀကီးေတြ ေျခရာမီဖို႔အတြက္ ႏုိင္ငံျခားဘာသာစကားေတြကို ထမင္းစားေရေသာက္ေျပာႏိုင္ဖို႔ မျဖစ္မေန သင္ယူရပါတယ္။

Learn a foreign language

Learn a foreign language

(၃) ဂါဝရျပဳျခင္းနဲ႔ ႏႈတ္ဆက္ျခင္းအတတ္ပညာေတြကို သင္ယူရျခင္း

ေတာ္ဝင္မိသားစုဝင္ေတြထဲက အသက္အရြယ္ႀကီးသူေတြေတာင္ ဘုရင္မႀကီးနဲ႔ ေတြ႔ဆံုတဲ႔အခါ အရုိအေသဂါဝရျပဳရပါတယ္။ ေတာ္ဝင္ျမစ္ေတာ္ေတြ ျဖစ္ၾကတဲ႔ Prince George နဲ႔ Princess Charlotte တို႔ကလည္း ကေလးေတြ ျဖစ္ေပမယ့္လုိ႔ ေတာ္ဝင္မ်ဳိးႏြယ္ေတြ ျဖစ္ၾကတဲ့အတြက္ ဒီဂါဝရျပဳျခင္းနဲ႔ ႏႈတ္ဆက္ျခင္းအတတ္ပညာကို မတက္မျဖစ္ သင္ယူရမွာပါပဲ။ ေတာ္ဝင္ကေလးငယ္ေလးေတြကေတာ့ ကေလးအရြယ္ပဲ ရွိေသးလိုိ႔ စည္းမ်ဥ္းငါးခုကိုပဲ လိုက္နာရပါေသးတယ္။ Princess Charlotte က (၂) ႏွစ္အရြယ္ကတည္းက သံတမန္ေရးရာနဲ႔ ဂါဝရျပဳျခင္း အတတ္ပညာေတြကို ကၽြမ္းက်င္မႈရွိေနၿပီးျဖစ္ေၾကာင္း သတင္းေတြမွာ ေဝေဝဆာဆာ ေဖာ္ျပျခင္းခံရပါတယ္။

(၄) အမ်ဳိးသားကေလးငယ္ေလးေတြ ေဘာင္းဘီအတိုပဲ ဝတ္ရပါတယ္

ေတာ္ဝင္မိသားစုထဲက အမ်ဳိးသားကေလးငယ္ေလးေတြဟာ ရာသီဥတုေကာင္းတယ္ဆိုရင္ ေဘာင္းဘီအတိုပဲ ဝတ္ရၿပီး ရာသီဥတုေအးတယ္ဆိုရင္ ဆြယ္တာလို အေႏြးထည္တစ္ထပ္ ထပ္ဝတ္လို႔ရပါတယ္။ ၿဗိတိန္မွာ ငယ္ရြယ္တဲ႔ ေယာက်ာ္းေလးေတြ ေဘာင္းဘီအတုိဝတ္ျခင္းက High Class လူတန္းစား ျဖစ္တယ္ဆိုတာ ရည္ညႊန္းတဲ႔အတြက္ ေတာ္ဝင္မိသားစုက ငယ္ရြယ္တဲ့ ေယာက်ာ္းေလးေတြကို အသက္ရွစ္ႏွစ္အထိ ေဘာင္းဘီအတုိပဲ ဝတ္ဆင္ခိုင္းတဲ႔ စည္းမ်ဥ္္းကုိ ထုတ္ထားပါတယ္။

Boys should wear shorts

Boys should wear shorts

(၅) အေရာင္ေတာက္ေတာက္ လက္သည္းနီ ဘယ္ေတာ့မွမဆိုးရ

ေတာ္ဝင္မ်ဳိးႏြယ္ မိန္းကေလးငယ္ေတြအေနနဲ႔လည္း ကေလးငယ္ေလးေတြျဖစ္လုိ႔ လက္သည္းနီအေရာင္ေတာက္ေတာက္ ဆိုးခြင့္ရမယ္လို႔ မထင္ပါနဲ႔ေနာ္။ တခ်ုဳိ႕ကေလးေလးေတြဟာ အေရာင္ေတာက္ေတာက္ လက္သည္းနီေလးေတြ၊ တလက္လက္ပါတဲ႔ လက္သည္းနီေတြကို ကေလးသဘာဝအရ ႀကိဳက္တတ္ၾကေသာ္လည္း Princess Charlotte ေလးနဲ႔ ဝမ္းကဲြညီမေလးေတြကေတာ့ ဒီလိုဟာေလးေတြကို ေဆာ့ကစားတဲ႔အေနနဲ႔ေတာင္ ဆိုးခြင္ရရွိၾကမွာ မဟုတ္ပါဘူး။ ဘုရင္မႀကီး Elizabeth II ကလည္း သူမရဲ႕လက္သည္းကုိ သဘာဝအတုိုင္းပဲ ထားရွိရတာ ႀကိဳက္ႏွစ္သက္ၿပီး တျခားေတာ္ဝင္အမ်ဳိးသမီးေတြကလည္း အလားတူပဲ ျဖစ္ၾကပါတယ္။

Never wear bright nail polish

Never wear bright nail polish

(၆) တျခား ထီးနန္းအရုိက္အရာဆက္ခံမယ္သူေတြနဲ႔ ခရီးအတူတူမသြားရ

နားလည္ေအာင္ ေျပာရမယ္ဆိုရင္ Prince George နဲ႔ Princess Charlotte တို႔ဟာ သူတို႔ရဲ႕ဖခင္နဲ႔အတူ ခရီးသြားခြင့္ မရွိပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ Prince William က နန္းတတ္ဖုိ႔ ဒုတိယေနရာမွာရွိၿပီး သူ႔သား George ကေတာ့ တတိယေနရာမွာရွိကာ သူ႔သမီး Charlotte ေလးက စတုတၳေနရာမွာ ရွိေနတဲ႔အတြက္ အတူတကြ ခရီးသြားခြင့္ မရပါဘူး။ ထီးနန္းဆက္ဆံရမယ့္ မ်ိဳးဆက္ေတြက ဘယ္ေတာ့မွ အတူတူ ခရီးမသြားၾကရပါဘူး။ ခရီးတူတူသြားခြင့္မရတဲ႔ အေၾကာင္းအရင္းကေတာ့  လုပ္ၾကံမႈပဲျဖစ္ျဖစ္ ဒါမွမဟုတ္ မေတာ္တဆမႈတစ္ခုခုျဖစ္လာရင္ ထီးနန္းမ်ိဳးဆက္ေပ်ာက္သြားမွာစုိးတဲ့အတြက္ေၾကာင့္ ျဖစ္ပါတယ္။ ဒါေပမယ့္ ကံေကာင္းတာတစ္ခုက ဘုရင္မႀကီး ခြင့္ျပဳရင္ေတာ့ မိသားစုခရီး အတူသြားခြင့္ရရွိမွာပါ။ ေကာလာဟလေတြအရ အတူတကြ ခရီးသြားတဲ႔အခါမွာလည္း အေဖနဲ႔ သားသမီးေတြ ေလယာဥ္ကို အတူတကြမစီးဘဲ ခဲြစီးသြားၾကပါတယ္လို႔ ေျပာၾကပါတယ္။

Don’t travel with another direct heir

Don’t travel with another direct heir

ေတာ္ဝင္မ်ဴိးႏြယ္ရဲ႕ကေလးေတြျဖစ္တဲ႔အတြက္ သာမန္ကေလးငယ္ေတြလို လြတ္လပ္ခြင့္ရရွိဖို႔က မလြယ္ကူသလို ကေလးအခြင့္အေရးတခ်ဳိ႕လည္း ဆံုးရႈံးတယ္လို႔ေတာင္ ေျပာလို႔ရပါတယ္။ ဒါေပမယ့္ မိဘကို ေရြးခ်ယ္ခြင့္မရတဲ႔ သူတုိ႔ေလးေတြကေတာ့ သူတို႔ရဲ႕တာဝန္ေတြ၊ စည္းမ်ဥ္းေတြကို ကေလးဘဝကတည္းက တည္ႏုိင္ေအာင္ ႀကိဳးစားေဆာင္ရြက္သြားၾကရမွာကေတာ့ အေသအခ်ာပါပဲ။

H.H(Akhayar)

www.akhayar.com

[Unicode]

တော်ဝင်ကလေးငယ်များ လိုက်နာရမယ့် တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းများ

တော်ဝင်မျိုးနွယ်တွေဟာ ကမ္ဘာ့ပေါ်မှာ မီဒီယာသမားတွေ စောင့်ကြည့်တာ အမြဲလိုလိုခံရသလို စည်းမျဉ်းစည်းကမ်းတွေ အများကြီးချမှတ်ထားလို့ စည်းကမ်းတော်တော်များများကိုလည်း တော်ဝင်မိသားစုဝင်တွေတိုင်း အတတ်နိုင်ဆုံး လိုက်နာစောင့်ထိန်းရပါတယ်။ တော်ဝင်မိသားစုဝင်တွေတိုင်းလို့ ဆိုတဲ့နေရာမှာ တော်ဝင်ကလေးငယ်လေးတွေ ဖြစ်ကြတဲ့ Prince Charles နဲ့ Princess Charlotte တို့လို မြေးတော်လေးတွေပါ ပါဝင်ပါတယ်။ ကလေးငယ်လေးတွေဖြစ်လို့ အထူးသီးသန့်ခံစားခွင့်ဆိုပြီး မရှိသလို စည်းကမ်းဟာ စည်းကမ်းပဲမို့ စည်းကမ်းကို လိုက်နာစောင့်ထိန်းရပါတယ်။ Prince Charles နဲ့ Princess Charlotte တို့လို တော်ဝင်ကလေးငယ်လေးတွေ လိုက်နာရတဲ့ စည်းမျဉ်းစည်းကမ်းတချို့ကို ဗဟုသုတတိုးစေဖို့ မျှဝေပေးလိုက်ပါတယ်။

(၁) ပေးသမျှ လက်ဆောင်တိုင်းကို ပိုင်ဆိုင်ခွင့်မရပါဘူး

ပြည်သူလူထုတွေက တော်ဝင်ကလေးလေးတွေကို ချစ်ခင်လို့ ကာတွန်းရုပ်ပြစာအုပ်လေးတွေ၊ ကလေးလေးတွေ အကြိုက် အရုပ်လေးတွေ လက်ဆောင်ပေးရင်တောင် ကလေးတွေက ရရှိတဲ့ လက်ဆောင်တိုင်းကို ပိုင်ဆိုင်ခွင့်မရှိသလို အရုပ်တိုင်းနဲ့လည်း ဆော့ခွင့်မရကာ စာအုပ်တိုင်းကိုလည်း ဖတ်ခွင့်မရပါဘူး။ Office Royal Policy အရ တာဝန်ရှိသူတွေ လက်ခံပေးထားတဲ့ ရောက်ရှိလာသမျှ လက်ဆောင်တွေတိုင်းတွေကို ဘုရင်မကြီး ပိုင်ဆိုင်ပါတယ်။ ဘုရင်မကြီး ခွင့်ပြုတဲ့ လက်ဆောင်ပစ္စည်းတွေကိုမှ သက်ဆိုင်တဲ့ တော်ဝင်မိသားစုဝင်တွေက ပိုင်ဆိုင်ခွင့် ရရှိခြင်း ဖြစ်ပါတယ်။

Dont keep every gift

Dont keep every gift

(၂) နိုင်ငံခြားဘာသာစကားတွေ လေ့လာသင်ယူရပါတယ်

နိုင်ငံကိုယ်စားပြုရမယ့် ကလေးငယ်လေးတွေဖြစ်လို့ နိုင်ငံရပ်ခြားကို သွားရောက်လည်ပတ်တဲ့အခါ ဘာသာစကားကို ကောင်းကောင်း ပြောဆိုနိုင်ဖို့ လိုအပ်တဲ့အတွက် ငယ်ရွယ်စဉ်ကလေးဘဝတည်းက ဘာသာစကားအမျိုးစုံနဲ့ အကျွမ်းတဝင်ရှိအောင် လေ့လာသင်ယူရပါတယ်။ ဘုရင်မကြီး Queen Elizabeth II က ပြင်သစ်စကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သူဖြစ်ပြီး မင်းသားကြီး Charles နဲ့ မင်းသား William က အနည်းဆုံး ဘာသာစကား ခြောက်မျိုး ပြောဆိုနိုင်ပါတယ်။ မင်းသား Harry ကတော့ ဒူဘိုင်းမှာနေတုန်းက Arabic စကားနဲ့ မိန့်ခွန်းပြောတာကို တွေ့ဖူးပါတယ်။ ဒါကြောင့်မို့ ငယ်ရွယ်တဲ့ တော်ဝင်ကလေးငယ်လေးတွေကလည်း ရှေ့လူကြီးတွေ ခြေရာမီဖို့အတွက် နိုင်ငံခြားဘာသာစကားတွေကို ထမင်းစားရေသောက်ပြောနိုင်ဖို့ မဖြစ်မနေ သင်ယူရပါတယ်။

Learn a foreign language

Learn a foreign language

(၃) ဂါဝရပြုခြင်းနဲ့ နှုတ်ဆက်ခြင်းအတတ်ပညာတွေကို သင်ယူရခြင်း

တော်ဝင်မိသားစုဝင်တွေထဲက အသက်အရွယ်ကြီးသူတွေတောင် ဘုရင်မကြီးနဲ့ တွေ့ဆုံတဲ့အခါ အရိုအသေဂါဝရပြုရပါတယ်။ တော်ဝင်မြစ်တော်တွေ ဖြစ်ကြတဲ့ Prince George နဲ့ Princess Charlotte တို့ကလည်း ကလေးတွေ ဖြစ်ပေမယ့်လို့ တော်ဝင်မျိုးနွယ်တွေ ဖြစ်ကြတဲ့အတွက် ဒီဂါဝရပြုခြင်းနဲ့ နှုတ်ဆက်ခြင်းအတတ်ပညာကို မတက်မဖြစ် သင်ယူရမှာပါပဲ။ တော်ဝင်ကလေးငယ်လေးတွေကတော့ ကလေးအရွယ်ပဲ ရှိသေးလို့ စည်းမျဉ်းငါးခုကိုပဲ လိုက်နာရပါသေးတယ်။ Princess Charlotte က (၂) နှစ်အရွယ်ကတည်းက သံတမန်ရေးရာနဲ့ ဂါဝရပြုခြင်း အတတ်ပညာတွေကို ကျွမ်းကျင်မှုရှိနေပြီးဖြစ်ကြောင်း သတင်းတွေမှာ ဝေဝေဆာဆာ ဖော်ပြခြင်းခံရပါတယ်။

(၄) အမျိုးသားကလေးငယ်လေးတွေ ဘောင်းဘီအတိုပဲ ဝတ်ရပါတယ်

တော်ဝင်မိသားစုထဲက အမျိုးသားကလေးငယ်လေးတွေဟာ ရာသီဥတုကောင်းတယ်ဆိုရင် ဘောင်းဘီအတိုပဲ ဝတ်ရပြီး ရာသီဥတုအေးတယ်ဆိုရင် ဆွယ်တာလို အနွေးထည်တစ်ထပ် ထပ်ဝတ်လို့ရပါတယ်။ ဗြိတိန်မှာ ငယ်ရွယ်တဲ့ ယောကျာ်းလေးတွေ ဘောင်းဘီအတိုဝတ်ခြင်းက High Class လူတန်းစား ဖြစ်တယ်ဆိုတာ ရည်ညွှန်းတဲ့အတွက် တော်ဝင်မိသားစုက ငယ်ရွယ်တဲ့ ယောကျာ်းလေးတွေကို အသက်ရှစ်နှစ်အထိ ဘောင်းဘီအတိုပဲ ဝတ်ဆင်ခိုင်းတဲ့ စည်းမျဉ်းကို ထုတ်ထားပါတယ်။

Boys should wear shorts

Boys should wear shorts

(၅) အရောင်တောက်တောက် လက်သည်းနီ ဘယ်တော့မှမဆိုးရ

တော်ဝင်မျိုးနွယ် မိန်းကလေးငယ်တွေအနေနဲ့လည်း ကလေးငယ်လေးတွေဖြစ်လို့ လက်သည်းနီအရောင်တောက်တောက် ဆိုးခွင့်ရမယ်လို့ မထင်ပါနဲ့နော်။ တချိုု့ကလေးလေးတွေဟာ အရောင်တောက်တောက် လက်သည်းနီလေးတွေ၊ တလက်လက်ပါတဲ့ လက်သည်းနီတွေကို ကလေးသဘာဝအရ ကြိုက်တတ်ကြသော်လည်း Princess Charlotte လေးနဲ့ ဝမ်းကွဲညီမလေးတွေကတော့ ဒီလိုဟာလေးတွေကို ဆော့ကစားတဲ့အနေနဲ့တောင် ဆိုးခွင်ရရှိကြမှာ မဟုတ်ပါဘူး။ ဘုရင်မကြီး Elizabeth II ကလည်း သူမရဲ့လက်သည်းကို သဘာဝအတိုင်းပဲ ထားရှိရတာ ကြိုက်နှစ်သက်ပြီး တခြားတော်ဝင်အမျိုးသမီးတွေကလည်း အလားတူပဲ ဖြစ်ကြပါတယ်။

Never wear bright nail polish

Never wear bright nail polish

(၆) တခြား ထီးနန်းအရိုက်အရာဆက်ခံမယ်သူတွေနဲ့ ခရီးအတူတူမသွားရ

နားလည်အောင် ပြောရမယ်ဆိုရင် Prince George နဲ့ Princess Charlotte တို့ဟာ သူတို့ရဲ့ဖခင်နဲ့အတူ ခရီးသွားခွင့် မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ Prince William က နန်းတတ်ဖို့ ဒုတိယနေရာမှာရှိပြီး သူ့သား George ကတော့ တတိယနေရာမှာရှိကာ သူ့သမီး Charlotte လေးက စတုတ္ထနေရာမှာ ရှိနေတဲ့အတွက် အတူတကွ ခရီးသွားခွင့် မရပါဘူး။ ထီးနန်းဆက်ဆံရမယ့် မျိုးဆက်တွေက ဘယ်တော့မှ အတူတူ ခရီးမသွားကြရပါဘူး။ ခရီးတူတူသွားခွင့်မရတဲ့ အကြောင်းအရင်းကတော့  လုပ်ကြံမှုပဲဖြစ်ဖြစ် ဒါမှမဟုတ် မတော်တဆမှုတစ်ခုခုဖြစ်လာရင် ထီးနန်းမျိုးဆက်ပျောက်သွားမှာစိုးတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် ကံကောင်းတာတစ်ခုက ဘုရင်မကြီး ခွင့်ပြုရင်တော့ မိသားစုခရီး အတူသွားခွင့်ရရှိမှာပါ။ ကောလာဟလတွေအရ အတူတကွ ခရီးသွားတဲ့အခါမှာလည်း အဖေနဲ့ သားသမီးတွေ လေယာဉ်ကို အတူတကွမစီးဘဲ ခွဲစီးသွားကြပါတယ်လို့ ပြောကြပါတယ်။

Don’t travel with another direct heir

Don’t travel with another direct heir

တော်ဝင်မျိူးနွယ်ရဲ့ကလေးတွေဖြစ်တဲ့အတွက် သာမန်ကလေးငယ်တွေလို လွတ်လပ်ခွင့်ရရှိဖို့က မလွယ်ကူသလို ကလေးအခွင့်အရေးတချို့လည်း ဆုံးရှုံးတယ်လို့တောင် ပြောလို့ရပါတယ်။ ဒါပေမယ့် မိဘကို ရွေးချယ်ခွင့်မရတဲ့ သူတို့လေးတွေကတော့ သူတို့ရဲ့တာဝန်တွေ၊ စည်းမျဉ်းတွေကို ကလေးဘဝကတည်းက တည်နိုင်အောင် ကြိုးစားဆောင်ရွက်သွားကြရမှာကတော့ အသေအချာပါပဲ။

H.H(Akhayar)

www.akhayar.com