အချိန်အားရှိတဲ့အခါ ကိုယ့်ရဲ့ တွေးခေါ်ပုံ၊ ပြုမူလုပ်ဆောင်ပုံတွေကို ဘယ်အရာတွေက ထိန်းချုပ်နေလဲလို့ တွေးမိတတ်ကြပါတယ်။ ငါဘာဖြစ်လို့ ဒီလို လုပ်လိုက်မိတာလဲ၊ ငါဘာဖြစ်လို့ ဒီလို ဆုံးဖြတ်မိတာလဲ စသဖြင့်ပေါ့။ ဒီတစ်ခါတော့ ထူးဆန်းတဲ့ စိတ်ပညာဆိုင်ရာအချက်လေးတွေက ကျွန်တော်တို့ရဲ့ တွေးခေါ်ပုံကို ပြောင်းစေတာကို မျှဝေချင်ပါတယ်။

The Anchoring Effect

ဒါကတော့ လူတွေဟာ တစ်ခုခုကို တန်ဖိုးဖြတ်တဲ့အခါ မူလဈေးနှုန်းနဲ့ ယှဉ်ပြီး ဆုံးဖြတ်ကြတာ မျိုးပါ။ ဒါမျိုးကို အရောင်းပိုင်းတွေ၊ စတိုးဆိုင်တွေမှာ သုံးပြီး အကျီတစ်ထည်ကို ၁၅,၀၀၀ မို့ ဈေးကြီးတယ်ဆိုပြီး မဝယ်ပေမယ့် မူလဈေးနှုန်း ၅၀,၀၀၀ က လျှော့ထားမယ်ဆိုရင်တော့ ဝယ်ဖြစ်ဖို့ များသွားပါပြီ။ ဒီဈေးက ဒီဈေးပေမယ့် အခွင့်အလမ်းကြီးတစ်ခုကို လက်လွတ်တော့မယ်လို့ ထင်နေတဲ့စိတ်က ဝယ်ဖြစ်အောင် စွမ်းဆောင်ပေးတာပါ။

The Paradox of Choice

ဒါကတော့ ရွေးချယ်စရာများလာလေလေ၊ နောက်ဆုံးရွေးချယ်မှုနဲ့ ပက်သက်ပြီး စိတ်ကျေနပ်မှုက နည်းလေလေဖြစ်တတ်ပါတယ်။ ရွေးစရာတွေ များလွန်းတော့ ဟုန်တတ်သလို ရွေးပြီးသွားတဲ့အခါတောင်မှ ဟိုဟာလေး ယူလိုက်မိရင် အကောင်းသား၊ ဒီဟာလေး ရွေးလိုက်ရမှာလို့ ဖြစ်တတ်တာမျိုးပါ။ နောက်ဆုံးရွေးချယ်မှုက မှန်ကန်နေရင်တောင် ရွေးချယ်စရာများခဲ့ရင် မပျော်မရွှင်ဖြစ်စေပါတယ်။

Clustering Illusion

Pratfall Effect

စုံတွဲနှစ်ယောက်လမ်းလျှောက်လာရင်း တစ်ယောက်ယောက်က အပေါက်ကျွံကျတာတို့၊ ခြေခေါက်လဲတာတို့ ဖြစ်တယ်ဆိုပါစို့။ ဘေးလူတွေ အမြင်မှာတော့ “တော်တော်နမော်နမဲ့နိုင်တာပဲ” လို့ ထင်နိုင်ပေမယ့် ချစ်သူချင်းအမြင်မှာတော့ ဒီလို အမှားလေးတွေ၊ အလွဲလေးတွေကမှ ဆွဲဆောင်မှုရှိတာပါတဲ့။ ပြီးပြည့်စုံမှုဟာ တစ်ခါတလေပျင်းစရာကောင်းပြီး အမှားလေးတွေကမှ ပိုပြီး လူသားဆန်စေပါတယ်တဲ့။ ဒါကြောင့် ကိုယ်သဘောကျနေတဲ့ လူရှေ့မှာ တလွဲတွေ လုပ်မိရင် အရမ်းစိတ်မပျက်ပါနဲ့။

Survivorship Bias

The Fear of Beauty

ဒါကတော့ ကားစီးတာတို့၊ စာသင်ခန်းထဲ၊ အလုပ်မှာ ကြုံရတဲ့အခြေအနေတစ်မျိုးဖြစ်ပြီး ချောတဲ့သူဘေးမှာ ကပ်မထိုင်ချင်တာပါ။ ရထားပေါ်မှာ ချောတဲ့ ကောင်လေး၊ ကောင်မလေးနား ကပ်မထိုင်ချင်တဲ့ ဆိုက်ကို တချို့က ရှိပါတယ်။ ထိုင်ရတဲ့သူတွေဟာလည်း သူများထက်ပို စိတ်ဖိစီးမှုများတယ်လို့ ဆိုပါတယ်။ တကယ်အမှန်ကတော့ ချောတဲ့သူဘေးမှာ ထိုင်တဲ့အတွက် အာရုံရောစိုက်ခံရမှု၊ ကိုယ်နဲ့ သူနဲ့ နှိုင်းယှဉ်မှာကို ကြောက်ရွံ့မှုတို့ကြောင့် ဖြစ်ပါတယ်။

ဒါကြောင့် ဒီလို အချက်လေးတွေက ကိုယ့်ရဲ့ တွေးခေါ်ပုံကို သက်ရောက်စေပါတယ်။ ပရိသတ်ကြီးရော ဒီထဲက တစ်ချက်လောက် ခံစားဖူးကြတယ်မလား။
Yoe Lu (Akhayar)
Source : Bright Side