[Zawgyi]

စစ္တမ္းေကာက္ယူခ်က္အရေတာ့ အမ်ဳိးသမီးေတြဟာ သူတို႔ရဲ့ ဘ၀သက္တမ္းတစ္ေလွ်ာက္မွာ ဆံပင္ပံုစံကို အႀကိမ္ ၁၅၀ ေလာက္ေျပာင္းတယ္လုိ႔ ဆုိပါတယ္။ ဆံပင္ပံုစံေျပာင္းတဲ့အခါမွာ ဆံပင္အေရာင္ေျပာင္းျခင္းဟာလည္း အေရးပါတဲ့အစိတ္အပိုင္းတစ္ခုလည္း ျဖစ္ပါတယ္။ ပံုမွန္ဆိုးေနက် အသင့္သံုးဆံပင္အေရာင္ဆိုးေဆးေတြမွာ အႏၱရာယ္ျဖစ္ေစႏုိင္တဲ့ ဓာတုပစၥည္းေတြပါ၀င္တာေၾကာင့္ ဆိုးတဲ့အႀကိမ္ေရမ်ားလာတဲ့အခါ အေရျပားယားယံလာတာ၊ အသက္ရႈလမ္းေၾကာင္းဆိုင္ရာေရာဂါ၊ ကိုယ္ခံအားက်ဆင္းလာတာနဲ႔ ကင္ဆာျဖစ္ေစႏုိင္တဲ့အထိ အႏၱရာယ္ရွိပါတယ္။ ဆံပင္အလွဆင္တဲ့သူေတြ၊ ဆံသဆရာေတြဟာ အဲ့ဒီဆံပင္အေရာင္ဆိုးေဆးေတြေၾကာင့္ ဆီးအိတ္ကင္ဆာျဖစ္ႏုိင္ေျခပိုမ်ားၿပီး ကိုယ္ကိုယ္တိုင္ ဆံပင္ေဆးဆိုးတဲ့သူေတြအတြက္ကေတာ့ ေသြးကင္ဆာျဖစ္ပြားႏုိင္ေျခ ပိုမ်ားေစပါတယ္လို႔ ေလ့လာခ်က္ေတြက ဆိုပါတယ္။ ဒါေပမဲ႔  ဒီလုိအႏၱရာယ္ရွိတဲ့ဓာတုပစၥည္းေတြနဲ႔လဲ ထိေတြ႔မႈမရွိဘဲ အသက္ႀကီးလို႔ထြက္လာတဲ့ဆံပင္ျဖဴေတြနဲ႔ တျခားကိုယ္ႀကိဳက္ႏွစ္သက္တဲ့အေရာင္ေတြကို သဘာဝနည္းလမ္းေလးေတြ အသံုးျပဳၿပီး အေရာင္ဆိုးႏုိင္ပါတယ္။

သဘာဝနည္းလမ္းမ်ားနဲ႔ ဆံပင္အေရာင္ဆိုးျခင္း

သဘာဝနည္းလမ္းေတြနဲ႔အေရာင္ဆိုးျခင္ဟာ ဓာတုပစၥည္းေတြကိုသံုးသေလာက္ေတာ့ ၾကာရွည္ခံမွာ မဟုတ္ေပမယ့္ အႏၱရာယ္ေတာ့ ကင္းေစႏုိင္ပါတယ္။ ကုိယ္လိုခ်င္တဲ့အေရာင္မ်ဳိးရဖို႔အတြက္ေတာ့ အခ်ိန္တစ္ခုေပးဖို႔ေတာ့ လုိအပ္ပါတယ္။ ဆိုးထားတဲ့ဆံပင္အေရာင္ကို ပိုၿပီးေတာ့ၾကာရွည္ခံခ်င္တယ္ဆိုရင္ေတာ့ အေရာင္ဆိုးၿပီးတုိင္း ပန္းသီးရွာလကာရည္နဲ႔ေဆးေပးပါ။ ပန္းသီးရွာလကာရည္ထမင္းစားဇြန္းတစ္ဇြန္းကုိ ေရတစ္ခြက္နဲ႔ေရာၿပီး ေဆးေပးႏုိင္ပါတယ္။

ဆံပင္အေရာင္ဆိုးဖို႔ သဘာဝပါ၀င္ပစၥည္းမ်ား

၁။ ေကာ္ဖီ

ဆံပင္ျဖဴေတြကိုေပ်ာက္ေစဖို႔ အမဲေရာင္ဆံပင္ေဆးဆိုးတဲ့အခါမွာ ေကာ္ဖီကအသံုးဝင္ပါ တယ္။ ဆံပင္ေပ်ာ႔ေဆးအနည္းငယ္ကို ေကာ္ဖီမႈန္႔ထမင္းစားဇြန္းႏွစ္ဇြန္းနဲ႔ေရာၿပီး ဦးေခါင္းေပၚမွာလိမ္းေပးပါ။ တစ္နာရီေလာက္ၾကာတဲ့အခါမွ ေရေဆးေပးပါ။ ပိုၿပီးၾကာရွည္ခံေအာင္ ပန္းသီးရွာလကာရည္နဲ႔ ေဆးေပးပါ။ အေရာင္ကိုပိုၿပီးခုိင္ၿမဲေစဖုိ႔ ဒီနည္းလမ္းအတိုင္း ႏွစ္ႀကိမ္ေလာက္ဆက္ၿပီး အသုံးျပဳေပးပါ။

၂။ လဖက္ရည္

ေကာ္ဖီလုိမ်ဳိးပဲလဖက္ရည္ကိုလည္း ဆံပင္ျဖဴေတြကို အမည္းေရာင္ဆိုးဖို႔အတြက္ သံုးႏုိင္ပါတယ္။ လဖက္ရည္ကို ေခါင္းမွာၾကာၾကာလိမ္းထားေလေလ အေရာင္ပိုရင့္ရင့္ကိုရေလေလပဲ ျဖစ္ပါတယ္။ လဖက္ရည္ကိုသံုးၿပီး ထပ္ကာထပ္ကာအေရာင္ဆိုးေပးျခင္းအားျဖင့္လည္း အေရာင္ပိုရင့္ေစပါတယ္။ ဖန္ခြက္ႏွစ္ခြက္စာေရထဲကို လဖက္ေျခာက္အထုပ္ငယ္ေလး ၃-၅ ထုပ္ခန္႔ထည့္ေပးပါ။ ဆံပင္ျဖဴေတြကို မည္းေစခ်င္တာဆိုရင္ေတာ့ ဆံပင္ေမႊးညွင္းေပါက္ေတြကိုပြင့္လာေစတဲ့ ကလ်ာဏီပင္(sage)ရဲ႕ အရြက္အနည္းငယ္ကိုလည္း လဖက္ရည္ထဲကို ထည့္ေပးႏုိင္ပါတယ္။ ေခါင္းေပၚမွာ တစ္နာရီေလာက္ လိမ္းထားေပးပါ။ အေရာင္ပိုရင့္ခ်င္ရင္ ပိုၿပီးၾကာၾကာထားေပးပါ။ ပိုၿပီးအေရာင္ကိုၾကာရွည္ခံေစခ်င္ရင္ေတာ့ ေရခ်ဳိးခန္းသံုးေခါင္းစြပ္ကို ေခါင္းမွာစြပ္ၿပီး မနက္ေရာက္မွ ေရေဆးႏုိင္ပါတယ္။

၃။ မုန္လာဥနီအရည္

မုန္လာဥနီအရည္ကိုအသံုးျပဳျခင္းအားျဖင့္ ဆံပင္ကို အနီေဖ်ာ႔ေရာင္ဆိုးႏုိင္ပါတယ္။ မုန္လာဥနီကို အရည္ညွစ္ယူၿပီး အရည္တစ္ခြက္ခန္႔ကို ဆံပင္ေတြေပၚမွာ လိမ္းေပးပါ။ တစ္ခ်ိန္တည္းမွာ ဆံသားေတြေပ်ာ႔ေပ်ာင္းလာေစဖို႔ မုန္လာဥနီအရည္ထဲကို အုန္းဆီအနည္းငယ္လည္း ထည့္ႏုိင္ပါတယ္။ လိမ္းၿပီးပါက ဆံပင္ကို ေရခ်ဳိးခန္းသံုးေခါင္းစြပ္နဲ႔ ဖံုးအုပ္ထားေပးၿပီး တစ္နာရီေလာက္ၾကာမွ ေရေဆးေပးပါ။ မုန္လာဥအနီရည္ဟာ အေရာင္စြန္းထင္းေစတဲ့အတြက္ အသားအေရနဲ႔ အဝတ္ေတြကို အေရာင္မစြန္းေစဖုိ႔ အကာအကြယ္တစ္ခုခုဝတ္ၿပီးမွ ဆိုးပါ။ ကိုယ္လုိခ်င္သေလာက္အေရာင္မရင့္ေသးရင္ ေနာက္ေန႔ေတြမွာ ထပ္ၿပီး ဒီနည္းအတုိင္း ဆိုးေပးႏုိင္ပါတယ္။

၄။ ဒန္းပင္

ဒန္းရြက္မွာ သဘာဝအေရာင္စြန္းထင္းေစတဲ့ အာနိသင္ရွိတာေၾကာင့္ ေရွးေခတ္ကတည္းက လက္သည္းေတြ၊ ဆံပင္ ႏွင္႔ အသားအေရစတာေတြကို အေရာင္ဆိုးဖို႔ အသုံးျပဳခဲ့ၾကတာပဲ ျဖစ္ပါတယ္။ ဒန္းရြက္ကိုအသံုးျပဳမယ္ဆိုရင္ေတာ့ အနီေရာင္နဲ႔ လိေမၼာ္ေရာင္စပ္ထားတဲ့ ဆံပင္အေရာင္ကိုရရွိေစမွာပဲျဖစ္ပါတယ္။ ဒန္းရြက္ကိုအေျခာက္ခံၿပီး ႀကိတ္ထားတဲ့အမႈန္႔ခြက္တစ္ခြက္စာကို သံပုရာရည္ခြက္ႏွစ္ခြက္စာနဲ႔ ေရာေမႊပါ။ အေရာင္ပိုၿပီးပ်ံ႕ႏွံ႔ေစဖို႔ ရွာလကာရည္အနည္းငယ္ကိုလည္း ထည့္ႏုိင္ပါတယ္။ ေလးနာရီကေန ေျခာက္နာရီအထိ ခြက္ထဲထည့္ထားေပးပါ။ ၿပီးတဲ့အခါမွာေတာ့ ဆံသားေတြေပၚကိုလိမ္းၿပီး ေခါင္းၿဖီးေပးပါ။ ေခါင္းကိုေရခ်ဳိးခန္းသံုးေခါင္းစြပ္နဲ႔ ႏွစ္နာရီမွ သံုးနာရီခန္႔အထိ အုပ္ထားေပးပါ။ ၿပီးမွ ေရေဆးေပးပါ။

၅။ သံပုရာရည္

သံပုရာရည္ကေတာ့ ဆံသားအေရာင္ေတြကို ေတာက္ေျပာင္ေစမွာပါ။ သံပုရာသီးကေန အရည္ညွစ္ၿပီး ဆံသားေတြေပၚမွာလိမ္းၿပီး ေခါင္းၿဖီးေပးပါ။ ေနေရာင္ျခည္ထဲမွာဆိုရင္ေတာ့ ဆံပင္ေတြေတာက္ေျပာင္တာကို ပိုၿပီးသတိထားမိမွာပါ။

၆။ သစ္ခ်သီးအခြံ

အညိဳရင့္ေရာင္ဆံသားကိုလိုခ်င္တယ္ဆိုရင္ေတာ့ သစ္ခ်သီး (walnut)အခြံက အေကာင္းဆံုးျဖစ္ပါလိမ့္မယ္။ သစ္ခ်သီးအခြံကိုႀကိတ္ခြဲၿပီး နာရီဝက္ေလာက္ ျပဳတ္ေပးပါ။ ျပဳတ္ရည္ကို အေအးခံၿပီး ေခါင္းေပၚကို လိမ္းေပးပါ။ သစ္ခ်သီးအခြံအရည္ဟာလည္း စြန္းထင္းေစတဲ့အတြက္ အေရာင္ဆိုးတဲ့ ေနရာမွာ သတိထားဖို႔ေတာ႔ လိုပါတယ္။

www.akhayar.com

[Unicode]

သဘာဝနည်းလမ်းတွေနဲ့အရောင်ဆိုးခြင်ဟာ ဓာတုပစ္စည်းတွေကိုသုံးသလောက်တော့ ကြာရှည်ခံမှာ မဟုတ်ပေမယ့် အန္တရာယ်တော့ ကင်းစေနိုင်ပါတယ်။ ကိုယ်လိုချင်တဲ့အရောင်မျိုးရဖို့အတွက်တော့ အချိန်တစ်ခုပေးဖို့တော့ လိုအပ်ပါတယ်။ ဆိုးထားတဲ့ဆံပင်အရောင်ကို ပိုပြီးတော့ကြာရှည်ခံချင်တယ်ဆိုရင်တော့ အရောင်ဆိုးပြီးတိုင်း ပန်းသီးရှာလကာရည်နဲ့ဆေးပေးပါ။ ပန်းသီးရှာလကာရည်ထမင်းစားဇွန်းတစ်ဇွန်းကို ရေတစ်ခွက်နဲ့ရောပြီး ဆေးပေးနိုင်ပါတယ်။

ဆံပင်အရောင်ဆိုးဖို့ သဘာဝပါဝင်ပစ္စည်းများ

၁။ ကော်ဖီ

ဆံပင်ဖြူတွေကိုပျောက်စေဖို့ အမဲရောင်ဆံပင်ဆေးဆိုးတဲ့အခါမှာ ကော်ဖီက အသုံးဝင်ပါ တယ်။ ဆံပင်ပျော့ဆေးအနည်းငယ်ကို ကော်ဖီမှုန့်ထမင်းစားဇွန်းနှစ်ဇွန်းနဲ့ရောပြီး ဦးခေါင်းပေါ်မှာလိမ်းပေးပါ။ တစ်နာရီလောက်ကြာတဲ့အခါမှ ရေဆေးပေးပါ။ ပိုပြီးကြာရှည်ခံအောင် ပန်းသီးရှာလကာရည်နဲ့ ဆေးပေးပါ။ အရောင်ကိုပိုပြီးခိုင်မြဲစေဖို့ ဒီနည်းလမ်းအတိုင်း နှစ်ကြိမ်လောက်ဆက်ပြီး အသုံးပြုပေးပါ။

၂။ လဖက်ရည်

ကော်ဖီလိုမျိုးပဲလဖက်ရည်ကိုလည်း ဆံပင်ဖြူတွေကို အမည်းရာင်ဆိုးဖို့အတွက် သုံးနိုင်ပါတယ်။ လဖက်ရည်ကို ခေါင်းမှာကြာကြာလိမ်းထားလေလေ အရောင်ပိုရင့်ရင့်ကိုရလေလေပဲ ဖြစ်ပါတယ်။ လဖက်ရည်ကိုသုံးပြီး ထပ်ကာထပ်ကာအရောင်ဆိုးပေးခြင်းအားဖြင့်လည်း အရောင်ပိုရင့်စေပါတယ်။ ဖန်ခွက်နှစ်ခွက်စာရေထဲကို လဖက်ခြောက်အထုပ်ငယ်လေး ၃-၅ ထုပ်ခန့်ထည့်ပေးပါ။ ဆံပင်ဖြူတွေကို မည်းစေချင်တာဆိုရင်တော့ ဆံပင်မွှေးညှင်းပေါက်တွေကိုပွင့်လာစေတဲ့ ကလျာဏီပင်(sage)ရဲ့ အရွက်အနည်းငယ်ကိုလည်း လဖက်ရည်ထဲကို ထည့်ပေးနိုင်ပါတယ်။ ခေါင်းပေါ်မှာ တစ်နာရီလောက် လိမ်းထားပေးပါ။ အရောင်ပိုရင့်ချင်ရင် ပိုပြီးကြာကြာထားပေးပါ။ ပိုပြီးအရောင်ကိုကြာရှည်ခံစေချင်ရင်တော့ ရေချိုးခန်းသုံးခေါင်းစွပ်ကို ခေါင်းမှာစွပ်ပြီး မနက်ရောက်မှ ရေဆေးနိုင်ပါတယ်။

၃။ မုန်လာဥနီအရည်

မုန်လာဥနီအရည်ကိုအသုံးပြုခြင်းအားဖြင့် ဆံပင်ကို အနီဖျော့ရောင်ဆိုးနိုင်ပါတယ်။ မုန်လာဥနီကို အရည်ညှစ်ယူပြီး အရည်တစ်ခွက်ခန့်ကို ဆံပင်တွေပေါ်မှာ လိမ်းပေးပါ။ တစ်ချိန်တည်းမှာ ဆံသားတွေပျော့ပျောင်းလာစေဖို့ မုန်လာဥနီအရည်ထဲကို အုန်းဆီအနည်းငယ်လည်း ထည့်နိုင်ပါတယ်။ လိမ်းပြီးပါက ဆံပင်ကို ရေချိုးခန်းသုံးခေါင်းစွပ်နဲ့ ဖုံးအုပ်ထားပေးပြီး တစ်နာရီလောက်ကြာမှ ရေဆေးပေးပါ။ မုန်လာဥအနီရည်ဟာ အရောင်စွန်းထင်းစေတဲ့အတွက် အသားအရေနဲ့ အဝတ်တွေကို အရောင်မစွန်းစေဖို့ အကာအကွယ်တစ်ခုခုဝတ်ပြီးမှ ဆိုးပါ။ ကိုယ်လိုချင်သလောက်အရောင်မရင့်သေးရင် နောက်နေ့တွေမှာ ထပ်ပြီး ဒီနည်းအတိုင်း ဆိုးပေးနိုင်ပါတယ်။

၄။ ဒန်းပင်

ဒန်းရွက်မှာ သဘာဝအရောင်စွန်းထင်းစေတဲ့ အာနိသင်ရှိတာကြောင့် ရှေးခေတ်ကတည်းက လက်သည်းတွေ၊ ဆံပင် နှင့် အသားအရေစတာတွေကို အရောင်ဆိုးဖို့ အသုံးပြုခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒန်းရွက်ကိုအသုံးပြုမယ်ဆိုရင်တော့ အနီရောင်နဲ့ လိမ္မော်ရောင်စပ်ထားတဲ့ ဆံပင်အရောင်ကိုရရှိစေမှာပဲဖြစ်ပါတယ်။ ဒန်းရွက်ကိုအခြောက်ခံပြီး ကြိတ်ထားတဲ့အမှုန့်ခွက်တစ်ခွက်စာကို သံပုရာရည်ခွက်နှစ်ခွက်စာနဲ့ ရောမွှေပါ။ အရောင်ပိုပြီးပျံ့နှံ့စေဖို့ ရှာလကာရည်အနည်းငယ်ကိုလည်း ထည့်နိုင်ပါတယ်။ လေးနာရီကနေ ခြောက်နာရီအထိ ခွက်ထဲထည့်ထားပေးပါ။ ပြီးတဲ့အခါမှာတော့ ဆံသားတွေပေါ်ကိုလိမ်းပြီး ခေါင်းဖြီးပေးပါ။ ခေါင်းကိုရေချိုးခန်းသုံးခေါင်းစွပ်နဲ့ နှစ်နာရီမှ သုံးနာရီခန့်အထိ အုပ်ထားပေးပါ။ ပြီးမှ ရေဆေးပေးပါ။

၅။ သံပုရာရည်

သံပုရာရည်ကတော့ ဆံသားအရောင်တွေကို တောက်ပြောင်စေမှာပါ။ သံပုရာသီးကနေ အရည်ညှစ်ပြီး ဆံသားတွေပေါ်မှာလိမ်းပြီး ခေါင်းဖြီးပေးပါ။ နေရောင်ခြည်ထဲမှာဆိုရင်တော့ ဆံပင်တွေတောက်ပြောင်တာကို ပိုပြီးသတိထားမိမှာပါ။

၆။ သစ်ချသီးအခွံ

အညိုရင့်ရောင်ဆံသားကိုလိုချင်တယ်ဆိုရင်တော့ သစ်ချသီး (walnut)အခွံက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ သစ်ချသီးအခွံကိုကြိတ်ခွဲပြီး နာရီဝက်လောက် ပြုတ်ပေးပါ။ ပြုတ်ရည်ကို အအေးခံပြီး ခေါင်းပေါ်ကို လိမ်းပေးပါ။ သစ်ချသီးအခွံအရည်ဟာလည်း စွန်းထင်းစေတဲ့အတွက် အရောင်ဆိုးတဲ့ နေရာမှာ သတိထားဖို့တော့ လိုပါတယ်။

www.akhayar.com