[Zawgyi]

ပရီးမီးယားလိဂ္မွာ လက္ရိွေစ်းကြက္ေပါက္ေစ်း အမ်ားဆံုးကစားသမားက ဘယ္သူျဖစ္မလဲ

ေဘာလံုးေလာကဟာ တိုးတက္ေျပာင္းလဲလာတာနဲ႔ အမွ်ကစားသမားေတြရဲ႕ တန္ေၾကးေတြဟာလည္း ျမင္႔တက္လာခဲ႔ပါတယ္။ ကစားသမားေတြရဲ႕ တန္ေၾကးဟာ အၿမဲတမ္းတက္ေနတဲ႔ အရာျဖစ္ေပမယ္႔ ဒီဘက္ေခတ္အေရာက္မွာေတာ႔ တန္ေၾကးေတြဟာ အဆမတန္ျမင္႔တက္လာခဲ႔ပါတယ္။ ကစားသမားတစ္ဦးဟာ ေျခစြမ္းနည္းနည္းေလာက္ျပလိုက္တာနဲ႔ သူရဲ႕တန္ေၾကးဟာ ေပါင္သန္း(၅၀)နဲ႔ အထက္ကိုေရာက္ရိွလာခဲ႔တာပါ။ ဒီလိုမ်ိဳးေစ်းကြက္ဟာ ေပါက္ကြဲလြယ္ေနေပမယ္႔ တန္ဖိုးၾကီး အေျပာင္းအေရႊ႕ေတြကိုေတာ႔ ျမင္ေတြ႕ေနရဆဲပဲျဖစ္ပါတယ္။ အခု Akhayar Sports ပရိသတ္ေတြအတြက္ ကမၻာ႔အေကာင္းဆံုးလိဂ္ျပိဳင္ပြဲတစ္ခုျဖစ္တဲ႔ ပရီးမီးယားလိဂ္ရဲ႕ လက္ရိွေစ်းကြက္ေပါက္ေစ်း အမ်ားဆံုးထိပ္ဆံုး(၆)ဦးကို ေဖာ္ျပေပးလိုက္ပါတယ္။

(၆) အယ္လီ Ali

Ali

Ali

စပါးအသင္းရဲ႕ လူငယ္ကစားသမား အယ္လီ Ali ကို အဂၤလန္ရဲ႕ အေကာင္းဆံုးလူငယ္ကစားသမားတစ္ဦးလို႔ ေခါင္းစဥ္တပ္ရမွာပါ။ အယ္လီဟာ ၂၀၁၅ – ၂၀၁၆ နဲ႔ ၂၀၁၆ – ၂၀၁၇ ေဘာလံုးရာသီ(၂)ရာသီဆက္ PFA Young Player of the Year ဆုကိုရရိွခဲ႔သူပါ။ အယ္လီရဲ႕ လက္ရိွတန္ေၾကးဟာ ေပါင္သန္း(၉၀)ရိွပါတယ္။

(၅) လူကာကူ Lukaku

Lukaku

Lukaku

မန္ယူအသင္းရဲ႕ တိုက္စစ္မႈး လူကာကူ Lukaku ဟာလည္း လက္ရိွပရီးမီးယားလိဂ္ရဲ႕ တန္ေၾကးအျမင္႔ဆံုး ကစားသမားေတြထဲမွာ ပါ၀င္ေနပါတယ္။ ကစားသမားဘ၀ တစ္ေလွ်ာက္ လက္ရိွအခ်ိန္ထိ ပရီးမီးယားလိဂ္သြင္းဂိုး (၁၀၅)ဂိုးထိ သြင္းယူထားတဲ႔ လူကာကူရဲ႕တန္ေၾကးဟာ ေပါင္သန္း(၉၀)ရိွပါတယ္။

(၄) ဟာဇက္ Hazard

Hazard

Hazard

ဟာဇက္ Hazard ဟာကမၻာ႔ အေကာင္းဆံုးကစားသမား စာရင္း၀င္လာျပီျဖစ္သလို ရီးယဲလ္အသင္းနဲ႔လည္း သတင္းေတြထြက္ေပၚေနသူပဲျဖစ္ပါတယ္။ ဟာဇက္ အေနနဲ႔ ဒီစာရင္းမွာပါ၀င္လာတာဟာ သိပ္ျပီးမထူးဆန္းဘူးလို႔ ပဲေျပာရမွာပါ။ ဟာဇက္ရဲ႕ လက္ရိွတန္ေၾကးဟာ ေပါင္(၁၀၈)သန္းျဖစ္ပါတယ္။

(၃) ဟယ္ရီကိန္း Harry Kane

Harry-Kane

Harry-Kane

ရီးယဲလ္အသင္း လိုခ်င္ေနတဲ႔ စပါးအသင္းတိုက္စစ္မႈး ဟယ္ရီကိန္း Harry Kane ဟာလည္း ဒီစာရင္းထဲမွာပါ၀င္ေနပါတယ္။ အဆံုးသတ္ပိုင္းေကာင္းမြန္တဲ႔ ဟယ္ရီကိန္းရဲ႕ လက္ရိွတန္ေၾကးကေတာ႔ ေပါင္(၁၃၅)သန္းပဲျဖစ္ပါတယ္။

(၂) ဆာလာ Salah

Salah

Salah

ျပီးခဲ႔တဲ႔ ေဘာလံုးရာသီက အေကာင္းဆံုးေျခစြမ္းေတြျပသခဲ႔တဲ႔ လီဗာပူးလ္ ကစားသမား ဆာလာ Salah ရဲ႕ တန္ေၾကးဟာလည္း တရိွန္ထိုးျမင္႔တက္လာခဲ႔ပါတယ္။ လက္ရိွမွာေတာ႔ ဆာလာဟာ ေျခစြမ္းျပသႏိုင္ဖို႔ ႐ုန္းကန္ေနရတဲ႔ ဆာလာရဲ႕ တန္ေၾကးဟာလည္း ေပါင္(၁၃၅ )သန္းပဲျဖစ္ပါတယ္။

(၁) ဒီဘ႐ုိင္းနား De Bruyne

De-Bruyne

De-Bruyne

ေကာင္းမြန္တဲ႔ ကန္ခ်က္ ၊ ေဘာလံုး ျဖတ္တင္ေပးပို႔မႈနဲ႔  ေဘာလံုးျဖန္႔ေ၀မႈ စတဲ႔ အရည္အခ်င္းေကာင္းေတြနဲ႔ ျပည္႔စံုသူ မန္စီးတီးကြင္းလယ္လူ ဒီဘ႐ုိင္းနား De Bruyne ဟာ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုးကြင္းလယ္ကစားသမား တစ္ဦးပါ။ ဒီဘ႐ုိင္းနားရဲ႕ လက္ရိွတန္ေၾကးဟာလည္း ေပါင္(၁၃၅ )သန္းပဲျဖစ္ပါတယ္။

ဒီစာရင္းကို Sportskeeda အားကစား၀က္ဆိုက္ဘ္ ကေဖာ္ျပခဲ႔တာျဖစ္ျပီး ဒီကစားသမားေတြရဲ႕ လက္ရိွအသက္အရြယ္ ၊ ေစ်းကြက္ေပါက္ေၾကး နဲ႔ စြမ္းေဆာင္ရည္ေတြ အေပၚအေျခခံျပီးတြက္ခ်က္ထားတာျဖစ္ပါတယ္။ ဒီစာရင္းက ပရိသတ္ေတြရဲ႕ အျမင္နဲ႔ ကိုက္ညီရဲ႕လားဆိုတာကို ေျပာျပခဲ႔ပါဦး …

Ref: Sportskeeda
Photo: Premier League , The Times , Goal.com 
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ပရီးမီးယားလိဂ်မှာ လက်ရှိဈေးကွက်ပေါက်ဈေး အများဆုံးကစားသမားက ဘယ်သူဖြစ်မလဲ

ဘောလုံးလောကဟာ တိုးတက်ပြောင်းလဲလာတာနဲ့ အမျှကစားသမားတွေရဲ့ တန်ကြေးတွေဟာလည်း မြင့်တက်လာခဲ့ပါတယ်။ ကစားသမားတွေရဲ့ တန်ကြေးဟာ အမြဲတမ်းတက်နေတဲ့ အရာဖြစ်ပေမယ့် ဒီဘက်ခေတ်အရောက်မှာတော့ တန်ကြေးတွေဟာ အဆမတန်မြင့်တက်လာခဲ့ပါတယ်။ ကစားသမားတစ်ဦးဟာ ခြေစွမ်းနည်းနည်းလောက်ပြလိုက်တာနဲ့ သူရဲ့တန်ကြေးဟာ ပေါင်သန်း(၅၀)နဲ့ အထက်ကိုရောက်ရှိလာခဲ့တာပါ။ ဒီလိုမျိုးဈေးကွက်ဟာ ပေါက်ကွဲလွယ်နေပေမယ့် တန်ဖိုးကြီး အပြောင်းအရွှေ့တွေကိုတော့ မြင်တွေ့နေရဆဲပဲဖြစ်ပါတယ်။ အခု Akhayar Sports ပရိသတ်တွေအတွက် ကမ္ဘာ့အကောင်းဆုံးလိဂ်ပြိုင်ပွဲတစ်ခုဖြစ်တဲ့ ပရီးမီးယားလိဂ်ရဲ့ လက်ရှိဈေးကွက်ပေါက်ဈေး အများဆုံးထိပ်ဆုံး(၆)ဦးကို ဖော်ပြပေးလိုက်ပါတယ်။

(၆) အယ်လီ Ali

Ali

Ali

စပါးအသင်းရဲ့ လူငယ်ကစားသမား အယ်လီ Ali ကို အင်္ဂလန်ရဲ့ အကောင်းဆုံးလူငယ်ကစားသမားတစ်ဦးလို့ ခေါင်းစဉ်တပ်ရမှာပါ။ အယ်လီဟာ ၂၀၁၅ – ၂၀၁၆ နဲ့ ၂၀၁၆ – ၂၀၁၇ ဘောလုံးရာသီ(၂)ရာသီဆက် PFA Young Player of the Year ဆုကိုရရှိခဲ့သူပါ။ အယ်လီရဲ့ လက်ရှိတန်ကြေးဟာ ပေါင်သန်း(၉၀)ရှိပါတယ်။

(၅) လူကာကူ Lukaku

Lukaku

Lukaku

မန်ယူအသင်းရဲ့ တိုက်စစ်မှုး လူကာကူ Lukaku ဟာလည်း လက်ရှိပရီးမီးယားလိဂ်ရဲ့ တန်ကြေးအမြင့်ဆုံး ကစားသမားတွေထဲမှာ ပါဝင်နေပါတယ်။ ကစားသမားဘ၀ တစ်လျှောက် လက်ရှိအချိန်ထိ ပရီးမီးယားလိဂ်သွင်းဂိုး (၁၀၅)ဂိုးထိ သွင်းယူထားတဲ့ လူကာကူရဲ့တန်ကြေးဟာ ပေါင်သန်း(၉၀)ရှိပါတယ်။

(၄) ဟာဇက် Hazard

Hazard

Hazard

ဟာဇက် Hazard ဟာကမ္ဘာ့ အကောင်းဆုံးကစားသမား စာရင်းဝင်လာပြီဖြစ်သလို ရီးယဲလ်အသင်းနဲ့လည်း သတင်းတွေထွက်ပေါ်နေသူပဲဖြစ်ပါတယ်။ ဟာဇက် အနေနဲ့ ဒီစာရင်းမှာပါဝင်လာတာဟာ သိပ်ပြီးမထူးဆန်းဘူးလို့ ပဲပြောရမှာပါ။ ဟာဇက်ရဲ့ လက်ရှိတန်ကြေးဟာ ပေါင်(၁၀၈)သန်းဖြစ်ပါတယ်။

(၃) ဟယ်ရီကိန်း Harry Kane

Harry-Kane

Harry-Kane

ရီးယဲလ်အသင်း လိုချင်နေတဲ့ စပါးအသင်းတိုက်စစ်မှုး ဟယ်ရီကိန်း Harry Kane ဟာလည်း ဒီစာရင်းထဲမှာပါဝင်နေပါတယ်။ အဆုံးသတ်ပိုင်းကောင်းမွန်တဲ့ ဟယ်ရီကိန်းရဲ့ လက်ရှိတန်ကြေးကတော့ ပေါင်(၁၃၅)သန်းပဲဖြစ်ပါတယ်။

(၂) ဆာလာ Salah

Salah

Salah

ပြီးခဲ့တဲ့ ဘောလုံးရာသီက အကောင်းဆုံးခြေစွမ်းတွေပြသခဲ့တဲ့ လီဗာပူးလ် ကစားသမား ဆာလာ Salah ရဲ့ တန်ကြေးဟာလည်း တရှိန်ထိုးမြင့်တက်လာခဲ့ပါတယ်။ လက်ရှိမှာတော့ ဆာလာဟာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရတဲ့ ဆာလာရဲ့ တန်ကြေးဟာလည်း ပေါင်(၁၃၅ )သန်းပဲဖြစ်ပါတယ်။

(၁) ဒီဘရိုင်းနား De Bruyne

De-Bruyne

De-Bruyne

ကောင်းမွန်တဲ့ ကန်ချက် ၊ ဘောလုံး ဖြတ်တင်ပေးပို့မှုနဲ့  ဘောလုံးဖြန့်ဝေမှု စတဲ့ အရည်အချင်းကောင်းတွေနဲ့ ပြည့်စုံသူ မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းနား De Bruyne ဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကွင်းလယ်ကစားသမား တစ်ဦးပါ။ ဒီဘရိုင်းနားရဲ့ လက်ရှိတန်ကြေးဟာလည်း ပေါင်(၁၃၅ )သန်းပဲဖြစ်ပါတယ်။

ဒီစာရင်းကို Sportskeeda အားကစားဝက်ဆိုက်ဘ် ကဖော်ပြခဲ့တာဖြစ်ပြီး ဒီကစားသမားတွေရဲ့ လက်ရှိအသက်အရွယ် ၊ ဈေးကွက်ပေါက်ကြေး နဲ့ စွမ်းဆောင်ရည်တွေ အပေါ်အခြေခံပြီးတွက်ချက်ထားတာဖြစ်ပါတယ်။ ဒီစာရင်းက ပရိသတ်တွေရဲ့ အမြင်နဲ့ ကိုက်ညီရဲ့လားဆိုတာကို ပြောပြခဲ့ပါဦး …

Ref: Sportskeeda
Photo: Premier League , The Times , Goal.com 
Ko Kyue(Akhayar)
www.akhayar.com